အသက်အရွယ်ကြီးမြင့်လာတာနဲ့အမျှ အရေပြားအခြေအနေဟာ တဖြည်းဖြည်းပြောင်းလဲလာပါတယ်။ ငယ်ရွယ်နုနယ်တဲ့ ကလေးတစ်ယောက်ရဲ့ အသားအရေနဲ့ အသက် ၆၀ အရွယ် လူကြီးတစ်ယောက်ရဲ့အသားအရေကွာခြားချက်ကို သိသိသာသာမြင်တွေ့ရနိုင်ပါတယ်။ အသက်ကြီးလာတဲ့အခါ အရေပြားပါးလာပြီး ခြောက်သွေ့လာတဲ့အပြင် ကော်လဂျင်ထုတ်လုပ်မှု လျော့နည်းလာတာကြောင့် အရေပြားတင်းအားလည်း ကျဆင်းလာပြီး လျော့တိလျော့ရဲဖြစ်လာစေနိုင်ပါတယ်။ နေလောင်ဒဏ်၊ လေထုညစ်ညမ်းမှုတွေနဲ့ မကောင်းတဲ့အမူအကျင့်တွေကြောင့်လည်း အရေပြားလျော့တွဲတာ ပိုဆိုးလာစေနိုင်ပါတယ်။
အသက်အရွယ်ရလာလို့ အရေပြားလျော့တွဲလာဟာ သဘာဝဖြစ်ပါတယ်။ ဒါပေမဲ့ စောစီးစွာအရေပြားလျော့တွဲတာမျိုး မဖြစ်လာအောင် နေထိုင်မှုပုံစံတွေနဲ့ ထိန်းသိမ်းထားနိုင်ပါတယ်။ အရေပြားလျော့တွဲတာကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကတော့ –
၁။ ရေဓာတ်ပြည့်ဝပါစေ
ရေဓာတ်ပြည့်ဝစွာရရှိဖို့က ခန္ဓာကိုယ်ကျန်းမာရေးအတွက်ရော အသားအရေအလှအပအတွက်ပါ လွန်စွာအရေးပါပါတယ်။ ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်တိုင်းအတွက် ရေဓာတ်ပြည့်ဝနေဖို့လိုပါတယ်။ ရေများများသောက်ခြင်းဖြင့် အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ခြင်း၊ ကိုယ်တွင်းအပူချိန်ထိန်းညှိပေးခြင်း စတာတွေအပြင် အသားအရေကိုလည်း တင်းရင်းစိုပြည်လာစေနိုင်ပါတယ်။
၂။ နေလောင်ဒဏ်မခံရအောင် ကာကွယ်ပါ
နေလောင်ဒဏ်ဟာ အသားအရေကို များစွာပျက်စီးစေနိုင်ပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်လာစေပါတယ်။ ဒါကြောင့် နေပူတဲ့အပြင်ထွက်မယ်ဆိုရင် SPF 30 မှ 50 လောက်ထိပါဝင်တဲ့ Sunscreen ကို နေ့စဥ်မပျက်မကွက်လိမ်းပေးဖို့လိုပါတယ်။ Sunscreen ပုံမှန်အသုံးပြုပေးခြင်းအားဖြင့် အရွယ်မတိုင်ခင် အရေပြားလျော့တွဲလာတာကို သိသိသာသာ လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။
၃။ Moisturizers ပုံမှန်လိမ်းပေးပါ
Moisturizers ပုံမှန်လိမ်းပေးခြင်းအားဖြင့် အသားအရေကို ရေဓာတ်နဲ့အာဟာရဓာတ်တွေ ပြည့်ဝစေပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ အရေပြားခြောက်သွေ့မှုပိုများလာတာကြောင့် Moisturizers သုံးပေးဖို့ ပိုမိုလိုအပ်လာပါတယ်။ အထူးသဖြင့် Hyaluronic Acid နဲ့ Vitamin C ပါဝင်တဲ့ Moisturizers တွေဟာ အရေပြားလျော့တွဲလာတာကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။
၄။ အိပ်တဲ့အခါ ပက်လက်အနေအထားအိပ်ပေးပါ
မှောက်လျက်အိပ်တာဟာ မျက်နှာအရေပြားပေါ် အားပိုမိုသက်ရောက်တာကြောင့် အသားအရေကို လျင်မြန်စွာ လျော့တွဲလာစေနိုင်ပါတယ်။ ဒါကြောင့် အိပ်တဲ့အခါ ပက်လက်အနေအထားဖြင့်အိပ်ပေးခြင်းဖြင့် အရေပြားလျော့တွဲမှုကို ကာကွယ်ပေးနိုင်ပါတယ်။
၅။ ဗီတာမင်ကြွယ်ဝတဲ့အစားအစာတွေစားသုံးပါ
မိမိအသားအရေကောင်း၊ မကောင်းဟာ စားသုံးလိုက်တဲ့ အစားအစာတွေပေါ် များစွာမူတည်နေပါတယ်။ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာတွေစားခြင်းဟာ အရွယ်မတိုင်ခင် အရေပြားလျော့တွဲလာစေနိုင်ပါတယ်။ Antioxidants များစွာပါဝင်တဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေစားခြင်းအားဖြင့် အရေပြားတင်းရင်းစေနိုင်ပြီး အသားအရေပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်သလို အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကိုလည်း တားဆီးပေးနိုင်ပါတယ်။ အသားအရေလှပစေနိုင်တဲ့ အစားအစာတွေကတော့ လက်ဖက်စိမ်း၊ သံလွင်ဆီ၊ ထောပတ်သီး၊ ပန်းစိမ်း၊ ငရုတ်ပွ၊ မုန်လာဥနီ နဲ့ရွှေဖရုံသီး စတာတွေပဲ ဖြစ်ပါတယ်။
၆။ ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်ခြင်းဟာ ကော်လဂျင်တွေကို ပျက်စီးစေနိုင်ပြီး အသားအရေတင်းရင်းမှုကိုလည်း လျော့ကျစေနိုင်ပါတယ်။ ဆေးလိပ်မှာပါဝင်တဲ့ နီကိုတင်းဓာတ်ဟာသွေးကြောတွေကို ကျဥ်းသွားစေပြီး အရေပြားဆီသို့ လိုအပ်တဲ့ အောက်ဆီဂျင်တွေ လုံလောက်အောင် မပို့နိုင်အောင် တားဆီးပစ်ပါတယ်။ ဒါ့ပြင် ဆေးလိပ်သောက်နေစဥ် ပါးစပ်အနေအထားကလည်း အရေးအကြောင်းတွေကို ပေါ်လာစေနိုင်ပါတယ်။ဒါကြောင့် အသားအရေလျော့တွဲတာကို ကာကွယ်ချင်တယ်ဆိုရင်တော့ ဆေးလိပ်သောက်ခြင်းကို အမြန်ဆုံးဖြတ်တောက်သင့်ပါတယ်။
၇။ စိတ်ဖိစီးမှုတွေကို လျော့ချပါ
စိတ်ဖိစီးမှုများခြင်းဟာလည်း ရုပ်ကိုအိုမင်းရင့်ရော်စေနိုင်တဲ့ အကြောင်းရင်းတစ်ချက်ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေအတတ်နိုင်ဆုံးလျှော့ချနိုင်ဖို့ တရားထိုင်တာ၊ သီချင်းနားထောင်တာ၊ ယောဂကျင့်တာစသဖြင့် မိမိစိတ်ပါရာကို အချိန်ပေးလုပ်ဆောင်သင့်ပါတယ်။
ဒီလိုနေ့စဥ်အမူအကျင့်ကောင်းတွေကို လိုက်နာကျင့်သုံးမယ်ဆိုရင် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာ၊ အသားအရေလျော့တွဲတာတွေကို လျှော့ချလာနိုင်မှာဖြစ်ပါတယ်။ ဒါ့ပြင် အသားအရေလျော့တွဲတာကို အမြန်ဆုံးသက်သာစေနိုင်ဖို့ Bio-oil အသားအရေထိန်းသိမ်းမှုအဆီကို နေ့စဥ်ပုံမှန်လိမ်းပေးနိုင်ပါတယ်။
Bio-oilကို ၁၀၀ရာခိုင်နှုန်းသဘာဝပစ္စည်းတွေဖြစ်တဲ့ အသီးအရွက်အဆီတွေ၊ အပင်တွေကနေရရှိတဲ့အဆီအနှစ်တွေ၊ ဗီတာမင်တွေနဲ့ သဘာဝဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားပါတယ်။ Bio-oilကို ပုံမှန်လိမ်းပေးခြင်းဖြင့် အသားအရေအိုမင်းရင့်ရောင့်မှုကို တားဆီးပေးနိုင်တဲ့အပြင် အမာရွတ်များ၊ အကြောပြတ်ရာများ၊ အရေပြားအရောင်မညီညာမှုနဲ့ အသားအရေခြောက်သွေ့မှုတွေကို သက်သာစေနိုင်ပါတယ်။
သဘာဝပစ္စည်းတွေနဲ့သာ ထုတ်လုပ်ထားတာကြောင့် အရေပြားဓာတ်မတည့်မှုဖြစ်တတ်သူများနဲ့ ထိခိုက်လွယ်သောအသားအရေပိုင်ရှင်တွေအတွက်လည်း အထူးသင့်လျော်ပါတယ်။ အလွယ်တကူအရေပြားတွင်းသို့ စိမ့်ဝင်နိုင်ပြီးစေးကပ်မှုလည်းမရှိတာကြောင့် လိမ်းရလွယ်ကူစေပါတယ်။ အသားအရေကိုရေဓါတ်ဖြည့်တင်းပေးနိုင်ပြီး စိုပြေဝင်းပလာစေတာကြောင့် အန္တရာယ်ကင်းရှင်းပြီး လိမ်းရအဆင်ပြေလွယ်ကူတဲ့ Bio-oil အဆီကို တစ်နေ့ ၂ကြိမ်ခန့် ပုံမှန်လိမ်းပေးသင့်ပါတယ်။
Author: Dr. Aye Myat