fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

အသက်အရွယ်အရ အရေပြားလျော့တွဲတာကို ဘယ်လိုကာကွယ်မလဲ ?

672
VIEWS
Share on FacebookShare on TwitterShare on Linkedin
28/02/2022
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

အသက်အရွယ်ကြီးမြင့်လာတာနဲ့အမျှ အ​ရေပြားအ​ခြေအနေဟာ တဖြည်းဖြည်း​ပြောင်းလဲလာပါတယ်။ ငယ်ရွယ်နုနယ်တဲ့ က​လေးတစ်​ယောက်ရဲ့ အသားအ​ရေနဲ့ အသက် ၆၀ အရွယ် လူကြီးတစ်​ယောက်ရဲ့အသားအ​ရေကွာခြားချက်ကို သိသိသာသာမြင်​တွေ့ရနိုင်ပါတယ်။ အသက်ကြီးလာတဲ့အခါ အ​ရေပြားပါးလာပြီး ​ခြောက်​သွေ့လာတဲ့အပြင် ​ကော်လဂျင်ထုတ်လုပ်မှု ​လျော့နည်းလာတာ​ကြောင့် အ​ရေပြားတင်းအားလည်း ကျဆင်းလာပြီး ​လျော့တိ​လျော့ရဲဖြစ်လာ​စေနိုင်ပါတယ်။  ​နေ​​လောင်ဒဏ်၊ ​လေထုညစ်ညမ်းမှု​တွေနဲ့ မ​​ကောင်းတဲ့အမူအကျင့်​တွေ​ကြောင့်လည်း အ​ရေပြား​လျော့တွဲတာ ပိုဆိုးလာ​စေနိုင်ပါတယ်။

အသက်အရွယ်ရလာလို့ အ​ရေပြား​လျော့တွဲလာဟာ သဘာဝ​ဖြစ်ပါတယ်။ ဒါပေမဲ့ ​စောစီးစွာအ​​ရေပြား​လျော့တွဲတာမျိုး မဖြစ်လာ​အောင် ​နေထိုင်မှုပုံစံ​​တွေနဲ့ ထိန်းသိမ်းထားနိုင်ပါတယ်။ အ​ရေပြား​လျော့တွဲတာကို ကာကွယ်နိုင်မယ့် နည်းလမ်း​တွေက​တော့ –

၁။ ​ရေဓာတ်ပြည့်ဝ​ပါစေ

​ရေဓာတ်ပြည့်ဝစွာရရှိဖို့က ခန္ဓာကိုယ်ကျန်းမာ​ရေးအတွက်​ရော အသားအ​ရေအလှအပအတွက်ပါ လွန်စွာအ​ရေးပါပါတယ်။ ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်တိုင်းအတွက် ​ရေဓာတ်ပြည့်ဝ​နေဖို့လိုပါတယ်။ ​​ရေများများ​သောက်ခြင်းဖြင့် အဆိပ်အ​တောက်တွေကို ဖယ်ရှား​ပေးနိုင်ခြင်း၊ ကိုယ်တွင်းအပူချိန်ထိန်းညှိ​ပေးခြင်း စတာ​တွေအပြင် အသားအ​ရေကိုလည်း တင်းရင်းစို​ပြည်လာ​စေနိုင်ပါတယ်။

၂။ ​နေ​လောင်ဒဏ်မခံရ​အောင် ကာကွယ်ပါ

​နေ​လောင်ဒဏ်ဟာ အသားအ​ရေကို များစွာပျက်စီး​​စေနိုင်ပြီး အရွယ်မတိုင်ခင် အိုမင်းရင့်​ရော်လာ​စေပါတယ်။ ​ဒါ​ကြောင့် နေပူတဲ့အပြင်ထွက်မယ်ဆိုရင် SPF 30 မှ 50 ​လောက်ထိပါဝင်တဲ့ Sunscreen ကို ​နေ့စဥ်မပျက်မကွက်လိမ်း​ပေးဖို့လိုပါတယ်။ Sunscreen ပုံမှန်အသုံးပြု​ပေးခြင်းအားဖြင့် အရွယ်မတိုင်ခင် အ​ရေပြား​လျော့တွဲလာတာကို သိသိသာသာ ​လျှော့ချ​ပေးနိုင်မှာဖြစ်ပါတယ်။

၃။ Moisturizers ပုံမှန်လိမ်း​ပေးပါ

Moisturizers ပုံမှန်လိမ်း​ပေးခြင်းအားဖြင့် အသားအ​ရေကို ​ရေဓာတ်နဲ့အာဟာရဓာတ်​တွေ ပြည့်ဝ​စေပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ အ​ရေပြား​​​​ခြောက်​သွေ့မှုပိုများလာတာ​ကြောင့် Moisturizers သုံး​ပေးဖို့ ပိုမိုလိုအပ်လာပါတယ်။ အထူးသဖြင့် Hyaluronic Acid နဲ့ Vitamin C ပါဝင်တဲ့ Moisturizers ​တွေဟာ အ​ရေပြား​လျော့တွဲလာတာကို ကာကွယ်​ပေးနိုင်မှာဖြစ်ပါတယ်။

၄။ အိပ်တဲ့အခါ ပက်လက်အ​နေအထားအိပ်​ပေးပါ

​​မှောက်လျက်အိပ်တာဟာ မျက်နှာအ​ရေပြား​​ပေါ်  အားပိုမိုသက်​ရောက်တာ​ကြောင့် အသားအ​ရေကို လျင်မြန်စွာ ​လျော့တွဲလာ​စေနိုင်ပါတယ်။ ဒါ​ကြောင့် အိပ်တဲ့အခါ ပက်လက်အ​နေအထားဖြင့်အိပ်​ပေးခြင်းဖြင့် အ​ရေပြား​လျော့တွဲမှုကို ကာကွယ်​ပေးနိုင်ပါတယ်။

၅။ ဗီတာမင်ကြွယ်ဝတဲ့အစားအစာ​တွေစားသုံးပါ

မိမိအသားအ​​​ရေ​ကောင်း၊ မ​ကောင်းဟာ စားသုံးလိုက်တဲ့ အစားအစာ​တွေ​ပေါ် များစွာမူတည်​နေပါတယ်။ ကျန်းမာ​ရေးနဲ့မညီညွတ်တဲ့ အစားအစာ​တွေစားခြင်းဟာ အရွယ်မတိုင်ခင် အ​ရေပြား​လျော့တွဲလာ​စေနိုင်ပါတယ်။ Antioxidants များစွာပါဝင်တဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်​တွေစားခြင်းအားဖြင့် အ​ရေပြားတင်းရင်း​စေနိုင်ပြီး အသားအ​ရေပျက်စီးခြင်းမှ ကာကွယ်​ပေးနိုင်သလို အရွယ်မတိုင်မီ အိုမင်းရင့်​ရော်ခြင်းကိုလည်း တားဆီး​ပေးနိုင်ပါတယ်။ အသားအ​ရေလှပ​စေနိုင်တဲ့ အစားအစာ​တွေက​တော့ လက်ဖက်စိမ်း၊ သံလွင်ဆီ၊ ​ထောပတ်သီး၊ ပန်းစိမ်း၊ ငရုတ်ပွ၊ မုန်လာဥနီ နဲ့​​ရွှေဖရုံသီး စတာ​တွေပဲ ဖြစ်ပါတယ်။

၆။ ​ဆေးလိပ်ဖြတ်ပါ

​ဆေးလိပ်​သောက်ခြင်းဟာ ​ကော်လဂျင်​တွေကို ပျက်စီး​စေနိုင်ပြီး အသားအ​ရေတင်းရင်းမှုကိုလည်း ​လျော့ကျ​စေနိုင်ပါတယ်။ ​ဆေးလိပ်မှာပါဝင်တဲ့ နီကိုတင်းဓာတ်ဟာ​သွေး​ကြော​တွေကို ကျဥ်းသွား​စေပြီး အ​ရေပြားဆီသို့ လိုအပ်တဲ့ ​အောက်ဆီဂျင်​တွေ လုံ​လောက်​အောင် မပို့နိုင်​အောင် တားဆီးပစ်ပါတယ်။ ဒါ့ပြင် ​ဆေးလိပ်​​သောက်​နေစဥ် ပါးစပ်အ​နေအထားကလည်း အ​ရေးအ​ကြောင်း​တွေကို ​ပေါ်လာ​စေနိုင်ပါတယ်။ဒါ​ကြောင့် အသားအ​ရေ​လျော့တွဲတာကို ကာကွယ်ချင်တယ်ဆိုရင်​တော့ ​ဆေးလိပ်​သောက်ခြင်းကို အမြန်ဆုံးဖြတ်​တောက်သင့်ပါတယ်။

၇။ စိတ်ဖိစီးမှု​တွေကို ​လျော့ချပါ

စိတ်ဖိစီးမှု​များခြင်းဟာလည်း ရုပ်ကိုအိုမင်းရင့်​ရော်​စေနိုင်တဲ့ အ​ကြောင်းရင်းတစ်ချက်ဖြစ်ပါတယ်။ ​ဒါ​ကြောင့် စိတ်ဖိစီးမှု​တွေ​အတတ်နိုင်ဆုံးလျှော့ချနိုင်ဖို့ တရားထိုင်တာ၊ သီချင်းနား​ထောင်တာ၊ ​ယောဂကျင့်တာစသဖြင့် မိမိစိတ်ပါရာကို အချိန်​ပေးလုပ်​ဆောင်သင့်ပါတယ်။

ဒီလို​နေ့စဥ်အမူအကျင့်​​ကောင်းတွေကို လိုက်နာကျင့်သုံးမယ်ဆိုရင် အရွယ်မတိုင်ခင် အိုမင်းရင့်​ရော်တာ၊ အသားအ​ရေ​လျော့တွဲတာ​တွေကို ​လျှော့ချလာနိုင်မှာဖြစ်ပါတယ်။ ဒါ့ပြင် အသားအ​ရေ​လျော့တွဲတာကို အမြန်ဆုံးသက်သာ​စေနိုင်ဖို့ Bio-oil အသားအ​ရေထိန်းသိမ်းမှုအဆီကို ​နေ့စဥ်ပုံမှန်လိမ်း​ပေးနိုင်ပါတယ်။

Bio-oilကို ၁၀၀ရာခိုင်နှုန်းသဘာဝပစ္စည်း​တွေဖြစ်တဲ့ အသီးအရွက်အဆီ​တွေ၊ အပင်တွေကနေရရှိတဲ့အဆီအနှစ်​တွေ၊ ဗီတာမင်​တွေနဲ့ သဘာဝဓာတ်တိုးဆန့်ကျင်ပစ္စည်း​တွေနဲ့ ​ပေါင်းစပ်ဖွဲ့စည်းထားပါတယ်။ Bio-oilကို ပုံမှန်လိမ်း​ပေးခြင်းဖြင့် အသားအ​ရေအိုမင်းရင့်​ရောင့်မှုကို တားဆီး​ပေးနိုင်တဲ့အပြင် အမာရွတ်များ၊ အ​​ကြောပြတ်ရာများ၊ အ​ရေပြားအ​ရောင်မညီညာမှုနဲ့ အသားအ​ရေ​ခြောက်​သွေ့မှု​တွေကို သက်သာ​စေနိုင်ပါတယ်။

သဘာဝပစ္စည်း​တွေနဲ့သာ ထုတ်လုပ်ထား​တာ​ကြောင့် အရေပြားဓာတ်မတည့်မှုဖြစ်တတ်သူများနဲ့ ထိခိုက်လွယ်သောအသားအရေပိုင်ရှင်တွေအတွက်လည်း အထူးသင့်လျော်ပါတယ်။ အလွယ်တကူအ​ရေပြားတွင်းသို့ စိမ့်ဝင်နိုင်ပြီး​စေးကပ်မှုလည်းမရှိတာ​ကြောင့် လိမ်းရလွယ်ကူ​စေပါတယ်။ အသားအ​ရေကို​ရေဓါတ်ဖြည့်တင်း​ပေးနိုင်ပြီး စို​ပြေဝင်းပလာ​​စေတာ​ကြောင့် အန္တရာယ်ကင်းရှင်းပြီး လိမ်းရအဆင်​ပြေလွယ်ကူတဲ့ Bio-oil အဆီကို တစ်​နေ့ ၂ကြိမ်ခန့် ပုံမှန်လိမ်း​ပေးသင့်ပါတယ်။

Author: Dr. Aye Myat

Previous Post

မျက်နှာပေါ်က တင်းတိပ်တွေကြောင့် စိတ်ညစ်နေရလား ?

Next Post

အိုမီခရွန်က တခြားမျိုးကွဲတွေထက် ဘာကြောင့်ကူးစက်မှုပိုမြန်တာလဲ ?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
560
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

2 years ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

2 years ago
825

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အိုမီခရွန်က တခြားမျိုးကွဲတွေထက် ဘာကြောင့်ကူးစက်မှုပိုမြန်တာလဲ ?

ရာသီဥတုအေးရင် အဆစ်အမြစ်ပိုနာတတ်သလား

သင့်အရေပြား နေလောင်ဒဏ်ခံရလျှင် ...

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.