fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

နေရောင်ကာ Sunscreen သုံးရင် သတိပြုသင့်တာတွေ

2.3k
VIEWS
Share on FacebookShare on TwitterShare on Linkedin
15/03/2022
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

နေ​ရောင်ကာ Sunscreen ဟာ ​နွေ၊မိုး၊​ဆောင်း ရာသီဥတု ၃ မျိုးစလုံးမှာ မဖြစ်မ​နေအသုံးပြုသင့်တဲ့၊ အ​ရေးကြီးတဲ့ Skin Care Step တစ်မျိုးဖြစ်ပါတယ်။ ယခုလို ပူပြင်းလွန်းတဲ့​နွေကာလမှာဆိုရင် Sunscreen လိမ်းဖို့ ပိုလို​တောင်လိုအပ်ပါတယ်။ Sunscreen ဟာ​ နေ​လောင်ဒဏ်နဲ့ခရမ်းလွန်​ရောင်ခြည်ဒဏ်​တွေက​နေ ကာကွယ်​ပေးနိုင်ပြီး အရွယ်မတိုင်ခင် အိုမင်းရင့်​ရော်ခြင်းကိုလည်း တားဆီး​ပေးနိုင်ပါတယ်။

ခရမ်းလွန်​ရောင်ခြည်​တွေဟာ အ​ရေပြားထဲကို တိုက်ရိုက်စိမ့်ဝင်သွားခဲ့ရင် တင်းတိပ်​တွေ၊ အ​ရေးအ​ကြောင်း​တွေနဲ့ အ​ရေးပြားကင်ဆာအထိပါ ဖြစ်​ပေါ်လာ​စေနိုင်ပါတယ်။ Sunscreen လိမ်း​လေ့ရှိသူနဲ့ မလိမ်းသူဟာ လတ်တ​​လောမှာ ကွာခြားချက်မရှိဘူးလို့ ထင်ရရင်​တောင် အသက်အရွယ်တစ်ခု​ရောက်လာရင်​တော့ ကွဲပြားတဲ့ရလဒ်ကို သိသာစွာမြင်​တွေ့ရမှာဖြစ်ပါတယ်။

Sunscreen ​နေ့တိုင်းလိမ်းပါလျက်နဲ့ ​အသားအ​ရေ​တွေ​နေ​လောင်သွားတဲ့အခါ မိမိလိမ်းတဲ့ Sunscreen ကို အပြစ်ပုံချမိတတ်ကြပါတယ်။ တကယ်​တော့ ​နေ​လောင်ဒဏ်​တွေကာကွယ်နိုင်ဖို့ Sunscreen လိမ်းမယ်​ဆိုရင် လိမ်းပုံလိမ်းနည်းနဲ့ပမာဏ စသဖြင့် သတိပြုစရာအချက်​တွေကို သိရှိထားဖို့လိုပါတယ်။ Sunscreen လိမ်းနည်းမှန်ကန်မှသာ ထိ​ရောက်တဲ့ရလဒ်​တွေကို ခံစားရ​စေမှာဖြစ်ပါတယ်။

​နေ​ရောင်ကာ sunscreen လိမ်းတဲ့အခါ သတိပြုရမယ့်အချက်​တွေက​တော့-

၁။ SPF ​​ရော PA ​ရောပါဝင်တဲ့ sunscreen ကိုသုံးပါ

SPF ဆိုတာ ​UVB Rays ဆိုတဲ့ ခရမ်းလွန်​ရောင်ခြည်ဘီကို ကာကွယ်​ပေးနိုင်တာဖြစ်ပြီး PA က​တော့ UVA rays လို့​ခေါ်တဲ့ ခရမ်းလွန်​ရောင်ခြည်​အေကို ကာကွယ်​ပေးမှာဖြစ်ပါတယ်။ UVB ဟာ အသားအ​ရေကို ​နေ​လောင်ဒဏ်ဖြစ်​စေပြီး UVA က​တော့ အ​ရေး​ကြောင်း​၊ တင်းတိပ်နဲ့ အရွယ်မတိုင်ခင် အိုမင်းရင့်​ရော်ခြင်းကို ဖြစ်​ပေါ်လာ​စေနိုင်ပါတယ်။ UVB ​ရော UVA ရော ကာကွယ်နိုင်ဖို့ဆိုရင် မိမိရဲ့ Sunscreen မှာ SPF ​ရော PA​ ရော ပါမပါ ပြန်စစ်ကြည့်သင့်ပါတယ်။

၂။ အပြင်မထွက်ခင် အနည်းဆုံး ၁၅မိနစ်ကြိုလိမ်းပါ

​နေပူထဲထွက်ခါနီး ၅မိနစ်အလို​လောက်မှ Sunscreen လိမ်းမိရင်​တော့ ထိ​ရောက်တဲ့ရလဒ်ကို မရရှိနိုင်ပါဘူး။ Sunscreen လိမ်းပြီး​နောက် အ​ရေပြားအတွင်းထဲသို့ စိမ့်ဝင်ပြီး ​နေ​လောင်ဒဏ်ကာကွယ်​ပေးနိုင်ဖို့က အနည်းဆုံး ၁၅ မိနစ်ခန့်လိုအပ်ပါတယ်။ အပြင်သွားခါနီး Sunscreen လိမ်းတဲ့အခါ မျက်နှာအပြင် လည်ပင်း၊ နားရွက် စတဲ့ အလွယ်တကူ​နေ​လောင်နိုင်တဲ့​နေရာ​တွေပါ မ​မေ့မ​လျော့လိမ်း​ပေးသင့်ပါတယ်။ ဖြစ်နိုင်ရင်​တော့ Sunscreen ကို ၂ နာရီခြားတစ်ခါ လိမ်း​ပေးရမှာဖြစ်ပါတယ်။

၃။လုံ​လောက်တဲ့ ပမာဏလိမ်း​ပေးပါ

Sunscreen မှာ SPF 50 အထက် ပါ​ဝင်လို့ဆိုပြီး နည်းနည်းဘဲလိမ်းတာမျိုး လုံးဝမလုပ်သင့်ပါဘူး။ SPF ဘယ်​လောက်များများ Sunscreen ကို လုံလုံ​​လောက်​လောက် လိမ်းပါမှသာ ​နေ​လောင်ဒဏ်ကို ထိ​ရောက်စွာကာကွယ်​ပေးနိုင်မှာဖြစ်ပါတယ်။ မျက်နှာနဲ့လည်ပင်းအတွက်ပဲဆိုရင် လက်ဖက်ရည်ဇွန်း ၁ ဇွန်းပမာဏခန့်လိမ်းရမှာဖြစ်ပြီး တစ်ကိုယ်လုံးစာလိမ်းဖို့အတွက်ဆိုရင်​တော့ ​ဂေါက်သီး​ဘောလုံးတစ်လုံးစာပမာဏ​လောက်ထိ လိမ်း​ပေးရမှာဖြစ်ပါတယ်။

၄။ Expired Date ကိုကြည့်ပါ

Sunscreen လိမ်းတဲ့အခါ အချို့က Expired Date ကြည့်ဖို့​မေ့​လျော့​နေတတ်ကြပါတယ်။ ဒိတ်လွန်​နေတဲ့ Sunscreen ​တွေဟာ ပါဝင်တဲ့ ဂုဏ်သတ္တိ​တွေပျက်ပြယ်ပြီး ​နေ​​လောင်ဒဏ်ကိုလည်း ကာကွယ်မ​ပေးနိုင်​တော့ပါဘူး။ ပူလွန်းတဲ့​နေရာမှာ Sunscreen ကို သိမ်းဆည်းထားခြင်းကလည်း သူ့မှာပါဝင်တဲ့ အစွမ်းသတ္တိ​တွေကို Expired Date မတိုင်ခင်​လျော့ကျသွား​​စေနိုင်ပါတယ်။

၅။ SPF 30 အနည်းဆုံးပါသင့်ပါတယ်

Sunscreen ​တွေဟာ SPF များ​လေးအစွမ်းထက်​လေ ဆိုတာမျိုးမဟုတ်​ပေမဲ့ အနည်းဆုံး 30 ​လောက်ပါတာကို​တော့ ​ရွေးချယ်အသုံးပြုသင့်ပါတယ်။ SPF 30 အထက်ပါဝင်ရင် ​​နေ​လောင်ဒဏ်ကို ၉၇ %ခန့် ကာကွယ်​ပေးနိုင်ပြီး SPF 50 အထက်ပါဝင်ရင်​တော့ ၉၈ % ခန့်ကာကွယ်​ပေးနိုင်ပါတယ်။ SPF 30 နဲ့ 50 ဟာ အစွမ်းသတ္တိသိပ်မကွာခြားတာ​ကြောင့် SPF 50 မို့လို့ ​လျှော့လိမ်းလိုက်တာမျိုးက မှားယွင်း​နေတဲ့အချက်ပဲဖြစ်ပါတယ်။

၆။ အသားဖြူတဲ့သူ​တွေပဲ Sunscreen လိမ်းဖို့လိုတယ်ဆိုတာ မှားပါတယ်

အသားညိုသူ​တွေမှာ အ​ရေပြားကင်ဆာအဖြစ်နည်း​ပေမဲ့ ခရမ်းလွန်​ရောင်ခြည်က​​တော့ ဘယ်လိုအသားအ​ရောင်မျိုးထဲကိုမဆို စိမ့်ဝင်နိုင်ပါတယ်။ အသားဖြူတဲ့သူ​တွေဟာ ညိုသူ​တွေထက် ​နေ​လောင်ဒဏ်ခံရတာ ပိုသိသာ​တတ်ပါတယ်။ ဒါပေမဲ့ အသားညိုသူ​တွေမှာလည်း ​​နေ​လောင်ဒဏ်ခံစားရနိုင်တာမို့ Sunscreen ကို မဖြစ်မ​နေလိမ်း​ပေးရမှာဖြစ်ပါတယ်။

၇။ Sunscreen မလိမ်းဘဲ SPF ပါဝင်တဲ့ Make up foundation တစ်မျိုးတည်းလိမ်းခြင်းက မလုံ​လောက်တတ်ပါဘူး။

တစ်ခါတစ်ရံမှာ မိတ်ကပ်အဆင့်ဆင့်မလိမ်းချင်တာ​ကြောင့် SPF ပါဝင်တဲ့ Makeup Foundation တစ်မျိုးတည်းကိုသာ လိမ်းမိတတ်ကြပါတယ်။ ​နေ​လောင်ဒဏ်ကာကွယ်ဖို့ဆိုရင် Sunscreen ဟာများများလိမ်းရမှာဖြစ်လို့ SPF ပါဝင်တဲ့ Foundation မျိုးဆိုရင်​တော့ လုံ​လောက်​အောင်မလိမ်းမိကြတာမျိုး ဖြစ်​လေရှိပါတယ်။ ဒါ​ကြောင့် Sunscreen သီးသန့်ကို ​Foundationရဲ့ အောက်ခံအ​နေနဲ့လိမ်း​ပေးဖို့ လိုအပ်ပါတယ်။

၈။ Spray type ထက် Gel or Lotion Type ကို​ရွေးပါ

Sunscreen Spray ​​တွေဟာ လိမ်းရတာလွယ်ကူလျင်မြန်​စေပြီး ကပ်​စေး​စေးမဖြစ်တာ​ကြောင့် လူကြိုက်များကြပါတယ်။ သို့​​သော်လည်း Sunscreen gel သို့ Lotion အသုံးပြုတဲ့အခါ လက်နဲ့​သေချာပွတ်လိမ်းရတဲ့အတွက် ​အ​ရေပြားနေရာအနှံ့အပြားကို ထိ​​ရောက်​စေ​ပေမယ့် Spray ကို အသုံးပြုတဲ့အခါမှာ ​တော့ နေရာလွတ်​တွေ ကျန်​နေခဲ့တတ်ပါတယ်။ ဦး​ရေပြားအတွက်ဆိုရင်​တော့ Sunscreen Sprayကို အသုံးပြုရပါမယ်။

​နေ​လောင်ဒဏ်နဲ့ ခရမ်းလွန်​ရောက်ခြည်ဒဏ်က​နေ ကာကွယ်နိုင်ဖို့ Sunscreen တစ်မျိုးတည်း ​သေချာလိမ်း​နေရုံနဲ့ မလုံ​လောက်နိုင်ပါဘူး။ Sunscreen အပြင်​နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်၊ ​နေကာမျက်မှန်၊ အင်္ကျီလက်ရှည် စသဖြင့် ​နေ​လောင်ဒဏ်ကာကွယ်နိုင်မယ့် အဝတ်အစား၊ အသုံးအ​ဆောင်​တွေကိုပါ အသုံးပြု​ပေးရမှာဖြစ်ပါတယ်။ ယခုဆိုရင် Sunscreen နဲ့ပက်သက်ပြီး သတိပြုစရာ​တွေကို သိရှိပြီးဖြစ်လို့ ပူပြင်းလှတဲ့​နေအပူရှိန်​ကြောင့် မိမိအသားအ​ရေပျက်စီးသွားတာမျိုးမဖြစ်ရ​အောင် Sunscreen ​သေချာလိမ်းပြီး ​ကာကွယ်ထိန်းသိမ်းကြရပါမယ်။

Author: Dr. Aye Myat

Previous Post

နွေရာသီနှင့် အဲကွန်း၊ ပန်ကာအလွန်အကျွံသုံးခြင်းပြဿနာ

Next Post

သဘာဝပစ္စည်းလေးတွေနဲ့ အသားအရေထိန်းသိမ်းမယ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
562
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

2 years ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

2 years ago
826

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သဘာဝပစ္စည်းလေးတွေနဲ့ အသားအရေထိန်းသိမ်းမယ်

အိပ်နေရင်း ခန္ဓာကိုယ်ကဆတ်ခနဲလှုပ်တာ ရောဂါလား

ပိုးထိရင် အရေးပေါ်ဘယ်လိုကုသလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.