fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

နွေရာသီမှာသတိထားရမယ့် အပူလျှပ်ခြင်းပြဿနာ

292
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/03/2022
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ယခုလို ပူပြင်း​လွန်းတဲ့​နွေကာလမှာ အပူလျှပ်ပြီး​နေမ​ကောင်းမဖြစ်​အောင် သတိပြု​ဖို့လိုပါတယ်။ လူအများစုက အပူလျှပ်ခြင်းကို Heat Stroke ဆိုပြီး​ခေါ်​ဝေါ်ကြပါတယ်။ တကယ်​တော့ Heat Stroke ဆိုတာ အပူဒဏ်​ကြောင့်ဖြစ်တဲ့ အလွန်ဆိုးဝါးပြီး အသက်အန္တရာယ်ရှိနိုင်တဲ့ အ​ခြေအ​နေမျိုးကို​ခေါ်ဆိုခြင်းဖြစ်ပါတယ်။ Heat stroke ​လောက်မပြင်းတဲ့ အပူလျှပ်ခြင်းမျိုးဆိုရင် Heat Exhaustion လို့​ခေါ်ပါတယ်။ အတိအကျအားဖြင့် အပူဒဏ်​ကြောင့် ​မောပန်းနွမ်းနယ်ခြင်းဖြစ်ပါတယ်။

​ပူပြင်းတဲ့ အပူဒဏ်​ကြောင့် Heat Stroke မဖြစ်ဖူးရင်​​တောင် အပူဒဏ်​ကြောင့် ​မောပန်းခြင်း Heat Exhaustion ကို​တော့ ​တော်​တော်များများခံစားကြရဖူးပါတယ်။ Heat Exhaustion နဲ့ Heat Stroke ကို ခွဲခြားသတိပြုနိုင်ဖို့ ဆက်လက်​ဖော်ပြသွားပါမယ်။

Heat Exhaustion ဆိုတာဘာလဲ။ ဘာ​တွေခံစားရနိုင်လဲ

Heat exhaustion ဆိုတာ အပူဒဏ်​ကြောင့် ခန္ဓာကိုယ်ရေဓာတ်အလွန်အမင်းခန်းခြောက်ခြင်းကနေ စဖြစ်​​လေ့ရှိပါတယ်။ Heat Exhaustion ဖြစ်ရင် ခံစားရတတ်တာ​တွေက​တော့

  • ​ချွေးအလွန်အမင်းထွက်ခြင်း
  • ဖြူ​ဖျော့ခြင်း
  • ကြွက်တက်ခြင်း
  • မူး​ဝေခြင်း
  • ​မောပန်းနွမ်းနယ်ခြင်း
  • အားနည်းခြင်း
  • ​ခေါင်းကိုက်ခြင်း
  • ပျို့ခြင်း
  • မူး​မေ့ခြင်း
  • အဖျားမကြီးခြင်း စတာ​တွေဖြစ်ပါတယ်။

Heat Exhaustion မှာအဖျားဟာ 103 °F ထက်​ကျော်​လေ့မရှိပါဘူး။ အဖျား 103 ထက်​ကျော်​နေပြီဆိုရင်​တော့ Heat Stroke ခံစား​နေရတာဖြစ်ပါတယ်။

 

Heat Exhaustion ဖြစ်​နေရင် ဘယ်လိုကုသရမလဲ

Heat Exhaustion ဖြစ်လို့ ​ချွေးထွက်များပြီး မူး​ဝေ​နေပါက ပထမဦးဆုံးပြုလုပ်သင့်တာက​တော့ ခန္ဓာကိုယ်အပူချိန်​လျှော့ချနိုင်ဖို့ပဲဖြစ်ပါတယ်။ အရင်ဆုံး​အ​အေးသို့မဟုတ် အားဖြည့်အချိုရည်တစ်မျိုးမျိုးကို ​သောက်​ပေးရပါမယ်။ ​ပန်ကာ သို့မဟုတ် အဲကွန်းရှိတဲ့အခန်းမှာ ထိုင်ပြီးအနားယူရပါမယ်။ ပန်ကာမရှိရင်လည်း ​ဘေးကတစ်​ယောက်​ယောက်က ယပ်​တောင်ခတ်​နေ​ပေးပါ။ မူးတာ​နည်းနည်းစသက်သာသွားပြီးဆိုရင် ​ရေ​အေး​အေး​လေးနဲ့ ​ရေချိုး​ပေးပါ။ အဝတ်အစားကို အသား​အေး​​အေးနဲ့ ပွပွ​ချောင်​ချောင်လဲဝတ်​ပေးပါ။ အထက်ပါနည်းလမ်း​တွေနဲ့ မိမိခန္ဓာကိုယ်အပူချိန်ကို အချိန်မှီ​လျှော့ချနိုင်ပြီဆိုရင်​တော့ Heat Stroke လို့​ခေါ်တဲ့ ဆိုးဝါးတဲ့အပူလျှပ်ခြင်းအ​ခြေအ​နေကို မ​ရောက်​ရှိ​​​​အောင် ကာကွယ်နိုင်ပြီဖြစ်ပါတယ်။

Heat stroke ဖြစ်ရင် ဘာ​တွေခံစားရမလဲ

Heat stroke ဖြစ်​နေပြီဆိုရင် ​ချွေးထွက်လုံးဝရပ်ပြီး  မိမိရဲ့ခန္ဓာကိုယ်အပူချိန်ကို မထိန်း​တော့ဘဲ အဖျားအလွန်ကြီးလာနိုင်ပါတယ်။ ဆိုးရွားတဲ့အပူလျှပ်ခြင်းဖြစ်ရင် ခံစားရတာ​တွေက​တော့ –

  • ​​ချွေးလုံးဝမထွက်​​တော့ခြင်း
  • အဖျား 103 °F အထက်ရှိ​နေခြင်း
  • ​သွေးခုန်နှုန်းမြန်​နေခြင်း
  • ​ခေါင်းထိုးကိုက်ခြင်း
  • အ​ရေပြားများပူပြီးနီရဲ​ခြောက်​သွေ့​နေခြင်း
  • ပျို့ခြင်း
  • မူး​ဝေခြင်း
  • စိတ်ရှုပ်​ထွေးခြင်း
  • သတိလစ်ခြင်း စတာ​တွေခံစားလာရနိုင်ပါတယ်။

Heat Stroke ခံစားရပြီဆိုရင် အသက်အန္တရာယ်ရှိတာ​ကြောင့် အထူးသတိထားဖို့လိုပါတယ်။ အပူလျှပ်ကာ ကိုယ်အလွန်ပူပြီး ​ချွေးလုံးဝမထွက်​တော့ဘူးဆိုရင်​တော့ ချက်ချင်းတစ်ကိုယ်လုံးကို ​ရေ​လောင်းချ​ပေးရမှာဖြစ်ပါတယ်။ ဒါမှသာ ကိုယ်တွင်းအပူချိန်ကို အမြန်ဆုံးထိန်းညှိ​ပေးနိုင်မှာဖြစ်ပါတယ်။ ထို့​​နောက် နီးစပ်ရာ ​ဆေးရုံ​ဆေးခန်းအမြန်ဆုံးသွားပြရမှာဖြစ်ပါတယ်။ သွားတဲ့လမ်းတစ်​လျှောက်မှာလည်း အဲကွန်းပါတဲ့ကားစီးတာ ဒါမှမဟုတ် တစ်​​ယောက်​ယောက်က​ဘေးကယပ်ခတ်​ပေးတာမျိုးပြုလုပ်​ပေးထားရမှာဖြစ်ပါတယ်။

 

ဘယ်သူ​တွေက အပူလျှပ်ခြင်းကို ပိုပြီးခံစားရနိုင်​ခြေရှိလဲ

အသက်အရွယ်မ​ရွေးလူကြီး အပူလျှပ်ခြင်းကို ခံစားရနိုင်ပါတယ်။ သို့​​သော် အပူဒဏ်ကို ပိုသတိပြုသင့်တဲ့သူ​တွေက​တော့

(၁) အသက်ငယ်လွန်းသူ သို့မဟုတ် ကြီးလွန်းသူ

အသက် ၄ နှစ်​အောက် က​လေးငယ်​တွေနဲ့ အသက် ၆၅ နှစ်​အောက် လူကြီး​တွေဟာ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိနိုင်ဖို့ခက်ခဲတာ​ကြောင့် အပူလျှပ်ခြင်းခံစားရနိုင်​ခြေ ပိုမိုများပြားပါတယ်။

(၂) ​​ဆေးဝါးများ​သောက်သုံးခြင်း

နှလုံး​​ရောဂါ၊ ​သွေးတိုး​ရောဂါစတဲ့ ​ရောဂါအခံ​တွေရှိရင် ​သောက်ရတဲ့ဆီး​ဆေး​တွေဟာ ​ရေဓာတ်ဆုံးရှုံးမှုများ​စေတာ​ကြောင့် Heat Exhaustion ဖြစ်ဖို့ အလားအလာများ​စေပါတယ်။

(၃) အဝလွန်သူများ

ပိုလျှံ​နေတဲ့ အဆီ​တွေဟာ ခန္ဓာကိုယ်အပူချိန်ထိန်းညှိနိုင်ဖို့ ပိုမိုခက်ခဲ​ပါတယ်။ ဒါ​ကြောင့် အဝလွန်သူ​တွေဟာလည်း အပူလျှပ်ခြင်းကို ပိုမိုခံစားရနိုင်ပါတယ်။

(၄) ခရီးသွားခြင်း

​ရာသီဥတုအေးတဲ့​ဒေသက​နေ ပူပြင်းတဲ့​ဒေသကို သွားတဲ့အခါ မိမိခန္ဓာကိုယ်က ကိုယ်တွင်းအပူချိန်ကို ပတ်ဝန်းကျင်ရဲ့အပူချိန်ကိုလိုက်ပြီး မထိန်းညှိနိုင်​တော့တဲ့အခါ Heat Exhaustion လို့​ခေါ်တဲ့အပူ​ကြောင့်​မောပန်းနွမ်းနယ်ခြင်း ဖြစ်​ပေါ်လာနိုင်ပါတယ်။

အပူလျှပ်ရင်ဘယ်လိုကုသရမလဲ

အ​ပေါ်မှာ​ပြောခဲ့တဲ့အတိုင်း အပူဒဏ်​ကြောင့် ​ချွေးထွက်များပြီး ​မောပန်းနွမ်းနယ်​နေပြီဆိုရင် ခန္ဓါကိုယ်အပူချိန်​လျော့ကျပြီး ​ရေဓာတ်ပြန်လည်ဖြည့်တင်း​ပေးနိုင်ဖို့က အဓိကအချက်ပဲဖြစ်ပါတယ်။ ဒါ​ကြောင့် အပူလျှပ်ခြင်းခံစားရပြီဟု သံသယရှိတာနဲ့ တစ်ကိုယ်လုံးကို ​ရေ​လောင်းချပါ၊ ​ရေ​အေးစိမ်ပါ၊ ​အေးတဲ့ပတ်ဝန်းကျင်မှာ​နေပါ၊ အားဖြည့်အချိုရည်​တွေ​သောက်သုံး​ပေးပါ။ အပူလျှပ်ခြင်းလက္ခဏာရပ်​တွေက ၁၅ မိနစ်အတွင်း မသက်သာသွားဘူးဆိုရင်​တော့ နီးရပ်ရာ​ဆေးရုံ​ဆေးခန်းသို့ လျင်လျင်မြန်မြန်သွား​ရောက်ပြသရမှာဖြစ်ပါတယ်။

Author: Dr. Aye Myat

Previous Post

အိုမီခရွန်ဖြစ်ပြီးနောက်ပိုင်း ချောင်းဆိုးကျန်နေတယ်ဆိုလျှင် …

Next Post

ကြောက်စရာကောင်းတဲ့ Aplastic သွေးအားနည်း ရောဂါဆိုတာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.1k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
821
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
837
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကြောက်စရာကောင်းတဲ့ Aplastic သွေးအားနည်း ရောဂါဆိုတာ

ချောင်းစိုနဲ့ ချောင်းခြောက် ဘာကွာလဲ

Vitamin C ချို့တဲ့ခြင်းကြောင့်ဖြစ်တတ်တဲ့ နောက်ဆက်တွဲပြဿနာတွေ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.