fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

အမာရွတ် မှေးမှိန်သက်သာဖို့ နည်းလမ်းများ

443
VIEWS
Share on FacebookShare on TwitterShare on Linkedin
12/04/2022
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

မျက်နှာနဲ့ကိုယ်ခန္ဓာ အရေပြားမှာ ဝက်ခြံ၊ ပိုးဝင်အနာ၊ အပူလောင်အနာ၊ ထိခိုက်ရှနာ ဒါဏ်ရာတွေကြောင့် နောက်ဆက်တွဲ အနေနဲ့ အမာရွတ်တွေ ဖြစ်ပေါ်တတ်ပါတယ်။ ထိခိုက်ဒါဏ်ရာအနာများသည် ခန္ဓာကိုယ် အရေပြားအလွှာအဆင့်ဆင့်ရှိ ဆဲလ်၊တစ်ရှူးများကို ပျက်စီးစေသည်။ ပျက်စီးသွားသည့် အရေပြားကို ကော်လာဂျင် ပရိုတင်းဓါတ် ထုတ်ပြီး ပြုပြင်ရာမှ အမာရွတ်များ ဖြစ်ပေါ်လာရသည်။ အချိန်ကြာသည့်နှင့်အမျှ အချို့အမာရွတ်များသည် မှိန်ဖျော့သက်သာသွားပါသည်။ အချို့အမာရွတ်များသည် ရုပ်ဆိုးသောပုံသဏ္ဍာန် ဖြစ်ပေါ်ကျန်ရှိနေတတ်ပါသည်။

အမာရွတ်သက်သာခြင်းသည် အသက်အရွယ်၊ လူမျိုး၊ မျိုးရိုးဗီဇ၊ ဒါဏ်ရာ၏အမျိုးအစား၊ ဖြသ်သည့်နေရာ၊ အတိမ်အနက် အရွယ်အစား၊ ဒါဏ်ရာကိုကုသထားပုံနည်းလမ်း၊ ပိုးဝင်ခြင်းရှိမရှိ စသည့်အချက်များ အပေါ်မူတည်ပြီး တစ်ဦးနှင့်တစ်ဦး ကွာခြားပါသည်။ အမာရွတ်များသည် ပါတ်ဝန်းကျင် အရေပြားထက် အရောင်ဖျော့ခြင်း သို့မဟုတ် အရောင်ရင့်ခြင်း ရှိတတ်ပြီး၊ ပန်းရောင်သန်းသော အရောင်လည်း ရှိတတ်ပါသည်။

အမာရွတ်တွေကို သက်သာစေဖို့အတွက် အိမ်သုံးပစ္စည်းတွေဖြစ်တဲ့ ပျားရည်၊မုန့်ဖုတ်ဆိုဒါ၊ ရှာစောင်းလက်ပတ်အနှစ်၊ မုန့်ဖုတ်ဆော်ဒါ၊ ဗီတာမင် E ၊ သံပရိုသီး၊ အာလူး၊ အုန်းဆီ၊သံလွင်ဆီ၊ cocoa butter/shea butter ကဲ့သို့အစေ့အဆန်မှရသော အဆီစသည့်ပစ္စည်းများကိုအသုံးပြုပေးနိုင်ပါသည်။ အမာရွတ်ကို သက်သာစေသည့် rosehip oil၊ lavender oil၊ biooil ကဲ့သို့ အမာရွတ်သက်သာစေသည့် အဆီများကို တစ်နေ့နှစ်ကြိမ် ပုံမှန်လိမ်းပေးခြင်းဖြင့်လည်း သက်သာစေနိုင်ပါသည်။ နေရောင်ခြည်ဒဏ်သည် အမာရွတ်၊ အသားရောင်ပြောင်းခြင်းများဖြစ်စေ၍ နေရောင်ကာလိမ်းဆေးလိမ်းပြီး ကာကွယ်ရန်လိုအပ်ပါသည်။

ဆရာဝန်ညွှန်ကြားချက်ဖြင့် စတီးရွိုက်လိမ်းဆေးများ corticosteroids အသုံးပြုခြင်း၊ hydroquinone ဆေးများ၊ စီလီကုန်းဂျယ်လ် silicone gel၊ ဗီတာမင်စီပါသော vitamin C (ascorbic acid) လိမ်းဆေးခရင်များ ၊ azelaic acid,glycolic acid, kojic acid စသည့် အပျော့စားအက်ဆစ်အခြေခံ မျက်နှာလိမ်းဆေးများ ၊aplha arbutin ပါသောလိမ်းဆေးများကို အချိန်အတိုင်းအတာတစ်ခုအထိ သုံးစွဲပေးခြင်းဖြင့်လည်း အမာရွတ်များ မှေးမှိန်သက်သာစေနိုင်ပါသည်။ အမာရွတ် သက်သာစေသော အဆီ၊ ခရမ်လိမ်းဆေးများကို အမာရွတ်ပေါ်လိမ်းပေးပြီး နှိပ်နယ်ပေးခြင်း ပြုလုပ်ပေးနိုင်သည်။

အမာရွတ်များသည် အချိန်ကြာလာသည်နှင့် အလိုအလျောက်မှိန်ဖျော့ သက်သာသွားတတ်သော်လည်း အမာရွတ်ကြောင့် ပုံပန်းသဏ္ဍာန် ပြောင်းလဲသွားခြင်း၊ နာကျင်ခြင်း၊ မခံနိုင်အောင် ယားယံခြင်း၊ ကိုယ်ခန္ဓာအစိတ်အပိုင်း လှုပ်ရှားမှုကို ထိခိုက်ခြင်း၊ အလှအပပျက်စီးရခြင်းကြောင့် စိတ်မသက်မသာဖြစ်ရလျှင် အရေပြားအထူးကု၊ အလှအပရေးရာ ကုသရေးဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်ကုသမှု ခံယူနိုင်ပါသည်။

အရေပြားဆရာဝန်မှ အမာရွတ်အမျိုးအစားအနေအထားပေါ်လိုက်ပြီး အရေပြားအပေါ်ယံလွှာကို ဓါတုဗေဒနည်းဖြင့်ဖယ်ရှားခြင်း chemical peeling ၊ cryosurgery အရေပြားအပေါ်ယံလွှာ အေးခဲအောင်ပြုလုပ်ကုသခြင်း၊ ကော်လဂျင် ဆေးထိုးကုသခြင်း ၊လေဆာရောင်ခြည်ဖြင့်ကုသခြင်း laser treatment ၊ ခွဲစိတ်ကုသခြင်း၊ စတီးရွိုက်ဆေးများထိုးခြင်း၊ အရေပြားအစားထိုးကုသခြင်းနှင့် အခြားအမာရွတ်ကုသမှုများဖြင့် ကုသနိုင်ပါသည်။

Author: Dr. Yee Mon

Previous Post

လှုပ်ရှားမှုနည်းသော ဘဝနေထိုင်မှုပုံစံ

Next Post

အမြင်အာရုံဓာတ်မတည့်မှုအတွက် နည်းလမ်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
546
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

2 years ago
803

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အမြင်အာရုံဓာတ်မတည့်မှုအတွက် နည်းလမ်းများ

ကိုယ်ဝန်ဆောင်ကာလ အသားရေထိန်းသိမ်းမှု

သဘာဝက ပေးစွမ်းနိုင်တဲ့ အလှအပ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.