fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

သဘာဝက ပေးစွမ်းနိုင်တဲ့ အလှအပ

263
VIEWS
Share on FacebookShare on TwitterShare on Linkedin
13/04/2022
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

ဒီတစ်လမှာတော့ နည်းနည်းထူးထူးခြားခြားဖြစ်သွားအောင် ဟင်းသီးဟင်းရွက်တွေက ပေးနိုင်တဲ့အရေပြားကျန်းမာရေးအလှအပအကြောင်းတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ လက်ရှိကာလမှာ မျက်နှာအရေပြားအလှအပအတွက် လူသုံးအလှကုန်ပစ္စည်းတွေ များပြားလာသလို မိမိတို့နေ့စဉ်ထိတွေ့နေရတဲ့ အသီးအနှံ ဟင်းသီးဟင်းရွက်တွေကလည်း မျက်နှာအလှအပအတွက် အသုံးဝင်လှပါတယ်။

Astringent Lotion
အသားအရေကိုအားဖြည့်ပေးဖို့အတွက် မက်မွန်သီး တစ်လုံးကို ရေနွေးဖျောမယ်။ အစေ့ထုတ်၊ ကြိတ်ပြီးတော့အရည်ညှစ်မယ်။သံပရာရည်နဲ့ခရမ်းချဉ်သီးအရည်ကိုလက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံစီ ရောမယ်။ သေချာမွှေပြီးရင်မျက်နှာနဲ့လည်ပင်းမှာသုတ်လိမ်းနိုင်ပါပြီ။အချိန်ကတော့၁၅မိနစ်ခန့်ထားပြီး ဆေး ကြောသင့်ပါတယ်။

Cucumber Tonic
အဆီပြန်တဲ့အသားအရေနဲ့ မွဲခြောက်နေတဲ့အသားအရေ ကိုတော့ သခွားသီးက ကူညီပေးနိုင်ပါတယ်။ သခွားသီးတစ်လုံးကို ခြစ်ပြီးတော့အရည်ညှစ်ထုတ်မယ်။သံပုရာရည်နဲ့ ရေခဲရေလက်ဖက်ရည်ဇွန်းလေးပုံတစ်ပုံစီရောမယ်။ မွှေပြီးရင် မျက်နှာမှာလိမ်း ပြီးတော့ ၁၅ မိနစ်ခန့်ထားရှိရမှာဖြစ်ပါတယ်။

Cleansing Lotion
အရေပြားကချွေးပေါက်လေးတွေ သန့်စင်သွားအောင် မျက်နှာကိုဆေးကြောမယ်။ သံပရာရည်လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံနဲ့ နွားနို့နဲ့သခွားသီးအရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီကို ရောပြီးမျက်နှာနဲ့လည်ပင်းကိုလိမ်းမယ်။၁၄မိနစ်လောက်ရှိရင် ဆေးကြောနိုင်ပါတယ်။

Cabbage Mask
မျက်နှာပေါ်ကအရေးကြောင်းတွေကို ဖျောက်ပေးပြီးအသားအရေကိုပန်းပွင့်လေးလိုနူးညံ့သွားအောင် ဂေါ်ဖီထုပ်လေးကိုအသုံးပြုရမယ်။ ဂေါ်ဖီထုပ်နှစ်ရွက်လောက်ကို ကြိတ်ချေပြီးတော့ အရည်ညှစ်ယူမယ်။ အဲဒီအထဲကို တဆေးလက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံထည့်ဖျော်ပြီးတော့ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်း ရောမွှေမယ်။ သေချာရောပြီးရင်မျက်နှာနဲ့လည်ပင်းကိုခပ်ထူထူလေး လိမ်းပေးမယ်။ ၁၅ မိနစ်လောက်နေရင် ရေစိမ်ထားတဲ့ ဂွမ်းလေးနဲ့ သုတ်လိုက်မယ်။

Orange Tonic
အသားအရေမှာရှိတဲ့ အမာရွတ်နဲ့ အမည်းကွက်တွေ ပျောက်အောင်တော့ လိမ္မော်သီးကိုအသုံးပြုနိုင်ပါတယ်။မက်မွန်သီး နှစ်လုံးကိုချေပြီးတော့ နွားနို့စားပွဲတင်ဇွန်းနှစ်ဇွန်း၊ မုန်လာဥအနီ အရည်နဲ့ လိမ္မော်သီးအရည်စားပွဲတင်ဇွန်းတစ်ဇွန်းစီရောမယ်။ မျက်နှာနဲ့ လည်ပင်းကို ထူထူလေးလိမ်းပြီး နာရီဝက်ခန့်ထားနိုင် ပါတယ်။

Tomato Lotion
ချွေးပေါက်လေးတွေကျယ်နေရင် ခရမ်းချဉ်သီးကို အသုံး ပြုနိုင်ပါတယ်။ ခရမ်းချဉ်သီးအရည် စားပွဲတင်ဇွန်းတစ်ဇွန်းထဲကိုသံပရာရည်နှစ်စက်လောက်ရောပြီးမျက်နှာမှာ၁၅မိနစ်လောက်လိမ်းထားပေးရုံပါပဲ။

Watermelon Lotion
အသားအရေကိုလန်းဆန်းသွားအောင် ဖရဲသီးအစိတ် လေးတစ်စိတ်ကိုခြစ်ပြီးတော့ အရည်ညှစ်မယ်။ မျက်နှာနဲ့လည်ပင်းကို ၁၅ မိနစ်လောက် လိမ်းပေးထားနိုင်ပါတယ်။

Whitening Lotion
ဘယ်အသားအရေအမျိုးအစားမဆို ဖြူစင်သွားစေချင်ရင်သခွားသီးအရည် စားပွဲတင်ဇွန်းတစ်ဇွန်းထဲကို သံပရာအစက်နည်း နည်းနဲ့ နနွင်းမှုန့်နည်းနည်းရောမွှေမယ်။ မျက်နှာနဲ့ လည်ပင်းကို လိမ်းပြီးတော့ နာရီဝက်လောက်နေရင် ဆေးလိုက်ရမယ်။

Potato Tonic
အာလူးက အသားအရေကိုဖြူဝင်းပြီး တောက်ပလာစေ တယ်။ အာလူးကိုကြိတ်ချေပြီးတော့ အရည်ညှစ်မယ်။ မျက်နှာနဲ့ လည်ပင်းကို ညမအိပ်ခင်လိမ်းပြီး တစ်ညလုံးထားမယ်။ နောက် တစ်နေ့မနက်မှ ဆေးပစ်ရမယ်။

Carrot Lotion
အသားအရေကြမ်းတမ်းတာတွေပျောက်ပြီးတော့ ပိုးသား လေးလို နူးညံ့နေစေချင်တယ်ဆိုရင်တော့ မုန်လာဥနီလေးကို အသုံး ပြုနိုင်ပါတယ်။ မုန်လာဥနီအရည် လက်ဖက်ရည်ဇွန်းလေးပုံတစ်ပုံ ထဲကို အပူပေးထားတဲ့ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ရော မယ်။ ၁၅ မိနစ်လောက်နေရင် ရေစိမ်ထားတဲ့ ဂွမ်းလေးနဲ့သုတ်ပြီး ဖယ်ပေးရမယ်။

Tomato Tonic
နေလောင်တာတွေကိုဖယ်ရှားပေးဖို့ အကောင်းဆုံး ကတော့ ခရမ်းချဉ်သီးပဲဖြစ်ပါတယ်။ ခရမ်းချဉ်သီးအရည်ကိုလက်ဖက်ရည်ဇွန်းနှစ်ဇွန်းထဲကို ထောပတ်ထုတ်ထားတဲ့နို့ရည်စားပွဲတင်ဇွန်းလေးဇွန်း ရောပြီးလိမ်းပေးရမယ်။ နာရီဝက်လောက် နေရင် ဆေးလိုက်ရမယ်။

Cucumber Lotion
နူးညံ့တဲ့အသားလေးတွေကို ဖြူစေချင်တယ်ဆိုရင်တော့သခွားသီးနဲ့ နွားနို့စားပွဲတင်ဇွန်းတစ်ဇွန်းစီကို ရေခဲရေနည်းနည်းနဲ့ ရောပြီးတော့မျက်နှာနဲ့လည်ပင်းမှာလိမ်းရမယ်။ ၁၅ မိနစ်လောက် နေရင် ဆေးလိုက်ရမယ်။

Grape Lotion
စပျစ်သီးအရည်စားပွဲတင်ဇွန်းတစ်ဇွန်းကို မျက်နှာနဲ့ လည်ပင်းကို ၁၅ မိနစ်လောက်လိမ်းပေးထားရုံနဲ့ အသားလေးက နူးညံ့ပြီးတော့ ဖြူစင်တောက်ပလာမှာဖြစ်ပါတယ်။

Papaya Cream
သင်္ဘောသီးအစိမ်းကိုကြိတ်ပြီးတော့ မျက်နှာမှာ ၁၅ မိနစ် လောက်လိမ်းပေးထားတာက ဝက်ခြံနဲ့ အမည်းစက်တွေကို သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။

Apple Tonic
အဆီပြန်တာတွေကို တိုက်ဖျက်ဖို့အတွက် ပန်းသီးအရည် စားပွဲတင်ဇွန်းတစ်ဇွန်းကို သံပရာရည်လက်ဖက်ရည်ဇွန်းလေးပုံ တစ်ပုံနဲ့ရောပြီးတော့ မိနစ် ၂၀ လောက်လိမ်းပေးရပါမယ်။

Coconut Lotion
အုန်းရည်ကို အရေပြားပေါ်မှာပွတ်ပြီး ၁၅ မိနစ်လောက် ထားလိုက်တာက အသားအရေကို ဝင်းလက်တောက်ပစေနိုင်မှာ ဖြစ်ပါတယ်။
ဒီလောက်ဆိုရင်တော့ဟင်းသီးဟင်းရွက်နဲ့သစ်သီးဝလံတွေကအာဟာရအတွက်စားသောက်ရုံတင် မဟုတ်ဘဲ အလှအပ အတွက်လည်းအသုံးဝင်တယ်ဆိုတာကို သိရှိနိုင်မယ်လို့ထင်ပါတယ်။

 

Previous Post

ကိုယ်ဝန်ဆောင်ကာလ အသားရေထိန်းသိမ်းမှု

Next Post

ဆီးချိုရောဂါအတွက် ဆေးဖက်ဝင် သိကြားမကိုဋ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 months ago
253

ဆံပင်တွေအရမ်းကျွတ်နေရင်

3 months ago
225
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

3 months ago
501
The type of skin whitening medicine that makes the skin white and beautiful without side effects

ဘေးထွက်ဆိုးကျိုးမရှိဘဲ အသားအရေ ဖြူစင်ဝင်းပစေမယ့် အသားဖြူဆေးအမျိုးအစား

5 months ago
596
When is the best time to take collagen

ကော်လာဂျင်သောက်ဖို့ အကောင်းဆုံးအချိန်

5 months ago
988

အရေပြားလျော့ရဲစေတဲ့ အကြောင်းအရင်းများ

5 months ago
581

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဆီးချိုရောဂါအတွက် ဆေးဖက်ဝင် သိကြားမကိုဋ်

OnDoctor to normalize bedtime

အိပ်စက်အနားယူချိန် ပုံမှန်ဖြစ်စေဖို့

အရေပြားတွင် ယားယံခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.