fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

နှာခေါင်းသွေးလျှံပြီဆိုရင်

1.4k
VIEWS
Share on FacebookShare on TwitterShare on Linkedin
19/04/2022
in အထွေထွေရောဂါများအကြောင်း
1 min read
A A

နှာ​ခေါင်း​​သွေးလျှံတယ်ဆိုတာဟာ အဖြစ်များတဲ့ ကျန်းမာ​ရေးပြဿနာတစ်မျိုးဖြစ်ပါတယ်။ များ​သောအားဖြင့်​​ရောဂါကြီးကြီးမားမားရှိတာ​ကြောင့် နှာ​ခေါင်း​သွေးလျှံတာမျိုးမဟုတ်ဘဲ ပူပြင်း​ခြောက်​သွေ့တဲ့ရာသီဥတု​ကြောင့် နှာ​ခေါင်း​သွေးလျှံခြင်းမျိုး အဖြစ်များတတ်ပါတယ်။ ဒါ့အပြင် နှာ​ခေါင်းတအားညှစ်မိတာ၊ တစ်ခုခုနဲ့ နှာ​ခေါင်းကို​ဆောင့်မိတာ၊ ​သွေးကြဲ​ဆေး​တွေ​သောက်တာ၊ ဓါတ်မတည့်တာ၊ စတာ​တွေဖြစ်ရင်လည်း နှာ​ခေါင်း​​​သွေးလျှံလာတတ်ပါတယ်။

ဘယ်သူ​တွေမှာ နှာခေါင်းသွေးလျှံခြင်း ပိုဖြစ်တတ်လဲ?

ပူပြင်းခြောက်သွေ့တဲ့အခါမျိုးမှာဆိုရင် လူကြီးလူငယ်မရွေး နှာခေါင်းသွေးလျှံခြင်းကို ကိုခံစားရနိုင်ပါတယ်။ အထူးသဖြင့် အသက်ဆယ်နှစ်အောက်ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ အသက်အရွယ်ကြီးမြင့်သူတွေနဲ့ သွေးကျဲဆေးသောက်နေရသူတွေ စတဲ့သူတွေကတော့ နှာခေါင်းသွေးလျှံခြင်းကို ပိုမိုခံစားရနိုင်ခြေရှိပါတယ်။

နှာခေါင်းသွေးလျှံပြီဆိုရင် ရုတ်တရက်ဘာလုပ်ရမှန်းမသိတော့ဘဲ သွေးတွေမစီးကျလာ အောင် ခေါင်းကိုမော့ထားမိတတ်ကြပါတယ်။ တကယ်တော့ နှာခေါင်းသွေးလျှံ​နေချိန်မှာ ခေါင်းမော့ထားခြင်းဟာ မှားယွင်းနေတဲ့အယူအဆတစ်မျိုးဘဲဖြစ်ပါတယ်။

နှာခေါင်းသွေးလျှံ​နေချိန် ခေါင်းမော့ထားမိရင် နှာခေါင်းအတွင်းမှသွေးတွေဟာ နောက်ပြန်စီးဆင်းသွားပြီး လည်ချောင်းမှတဆင့် အစာအိမ်နှင့်အူလမ်းကြောင်းတွင်း ရောက်ရှိကာ ဝမ်းပျက်ဝမ်းလျှောခြင်းမျိုး ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒါကြောင့် နှာခေါင်းသွေးလျှံလာပြီဆိုရင် မိမိကိုယ်တိုင် မှန်ကန်တဲ့နည်းလမ်းများနဲ့ ကုသနိုင်ဖို့ ဆက်လက်ဖော်ပြပေးသွားပါမယ်။

ရုတ်တရက်နှာ​ခေါင်း​သွေးလျှံလာပြီဆိုရင်

  • အရမ်းမလန့်သွားပါနဲ့။
    စိတ်လှုပ်ရှားပြီး လန့်နေတဲ့အခါ နှာခေါင်းသွေးလျှံခြင်းကို ပိုဆိုးစေနိုင်ပါတယ်။
  • ခန္ဓာကိုယ်ကိုမတ်မတ်ထားပြီး ရှေ့သို့အနည်းငယ်ကိုင်းညွတ်ထားပါ။
    ခန္နာကိုယ်မတ်မတ်ထားခြင်းဟာ နှာခေါင်းတွင်းရှိသွေးကြောတွေရဲ့ ဖိအားများကို​လျော့ကျစေပြီး သွေးထွက်နည်းစေနိုင်ပါတယ်။ ခန္နာကိုယ်ကိုအနည်းငယ်​ရှေ့သို့ကိုင်းညွတ်ထားခြင်းကတော့ နှာခေါင်းအတွင်းကသွေးတွေ လည်​​ချောင်းတွင်းသို့ နောက်ပြန်မစီးဆင်းသွားစေဖို့ဘဲဖြစ်ပါတယ်။
  • နှာခေါင်းရိုးတလျှောက်ကို ရေခဲကပ်ပေးပါ။
    ရေခဲကပ်ပေးခြင်းဖြင့် နှာ​ခေါင်းတစ်ဝိုက်ကသွေးကြောများကို ကျဥ်းသွားစေနိုင်ပြီး သွေးထွက်နည်းသွားစေနိုင်ပါတယ်။
  • လက်မနှင့်လက်ညှိုးအသုံးပြုပြီး နှာခေါင်းပေါက်ကိုခဏပိတ်ထားပါ။
    နှာခေါင်းသွေးလျှံနေတဲ့အခါ ပါးစပ်နဲ့သာအသက်ရှူခြင်း အကောင်းဆုံးဖြစ်ပါတယ်။ နှာခေါင်းသွေးလျှံတာကိုတားဆီးနိုင်ဖို့အတွက် နှာခေါင်းပေါက်ကို လက်မနှင့်လက်ညှိုးသုံးပြီးခဏဖိထား​ပေးရပါမယ်။ နှာခေါင်းကိုခဏပိတ်ပေးထားခြင်းဖြင့် နှာခေါင်း သွေးလျှံခြင်းကို ရပ်တန့်သွားစေနိုင်မှာဖြစ်ပါတယ်။
  • နှာခေါင်းတွင်းမှာ သွေးခဲများပိတ်မနေအောင် Afrin​ခေါ် နှာခေါင်းအစက်ချဆေး အသုံးပြုပေးနိုင်ပါတယ်။
    နှာခေါင်းသွေးလျှံပြီဆိုရင် နှာခေါင်းသွေးလျှံတာရပ်သွားတဲ့အခါ ​နောက်ထပ်ထပ်မလျှံစေဖို့အတွက် နှာခေါင်းကိုလက်နဲ့နှိုက်တာ ပွတ်တာမျိုးကို ဆင်ခြင်ပေးရမှာဖြစ်ပါတယ်။ ဒါ့အပြင်လှဲအိပ်နေတာမျိုးမလုပ်ပဲ ဦးခေါင်းကို နှလုံးထက်မြင့်ရာနေရာမှာ ထားရှိပေးရမှာဖြစ်ပါတယ်။


နှာခေါင်းသွေးလျှံခြင်းက စိုးရိမ်ရလား။ နှာခေါင်းသွေးလျှံခြင်းက များသောအားဖြင့်​တော့ စိုးရိမ်ဖို့မလိုပါ။ မကြာခဏနှာခေါင်းသွေးလျှံနေရင် သို့မဟုတ် နှာခေါင်းသွေးလျှံတာပမာဏများလွန်းရင်​တော့ ​သွေးအားနည်း​ရောဂါဖြစ်လာ​စေနိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့သွားပြသင့်လဲ?

နှာခေါင်းသွေးလျှံတာ မိနစ် ၂၀ အထက်ကြာမြင့်နေရင်၊ နှာခေါင်းသွေးလျှံ​နေရင်း မူဝေသလိုလို၊ အသက်ရှူကျပ်သလို ခံစားနေရရင်၊ နှာခေါင်းသွေးမကြာခဏလျှံနေရင်၊ ၂နှစ်အောက်ကလေးငယ်​တွေ နှာခေါင်းသွေးလျှံ​နေရင်၊ နှာခေါင်းသွေးလျှံနေချိန် သွေးပမာဏအများကြီးကို မျိုချမိတာ စတာမျိုး​တွေဖြစ်လာရင် ဆရာဝန်နဲ့သွားရောက်တိုင်ပင်ပြသသင့်ပါတယ်။ ဒါ့အပြင် ခေါင်းကိုထိခိုက်ဒဏ်ရာရပြီးဖြစ်တတ်တဲ့ ခေါင်းသွေးလျှံခြင်းမျိုးဆိုရင်တော့ နှာခေါင်းရိုးကျိုးသွားတာ ဖြစ်နိုင်တာမို့ သတိပြုပြီးဆရာဝန်နဲ့ပြသ​ပေးရမှာဖြစ်ပါတယ်။

နှာခေါင်းသွေးမလျှံအောင် ဘယ်လိုကာကွယ်ရမလဲ?

နှာခေါင်းသွေးမကြာခဏလျှံခြင်းမျိုးမဖြစ်ရအောင် မိမိအိမ်ပတ်ဝန်းကျင်ကို စိုထိုင်းမှုရှိအောင်ထားရပါမယ်။ နှာခေါင်းပိတ်ရင်တအားညှစ်ချခြင်း၊ နှာခေါင်းကိုလက်နဲ့အတင်းနှိုက်ခြင်းမျိုး​တွေကို ရှောင်ကြဉ်ရမှာဖြစ်ပါမယ်။

Dr.Aye Myat

Previous Post

သွားကလေးများ ကျန်းမာဖို့

Next Post

နွေရာသီနှင့် အသားအရေထိန်းသိမ်းနည်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.1k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
822
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
837
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

နွေရာသီနှင့် အသားအရေထိန်းသိမ်းနည်း

အဖျားကြီးပြီး တက်တတ်သောကလေး

သတိမမူမိတဲ့ အဆုတ်ကျန်းမာရေးထိခိုက်နိုင်သော အလေ့အထများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.