fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

အဖျားကြီးပြီး တက်တတ်သောကလေး

192
VIEWS
Share on FacebookShare on TwitterShare on Linkedin
19/04/2022
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ကလေးတွေမှာ အဖျားကြီးတဲ့အခါ စိုးရိမ်ရတဲ့ အခြေအနေတစ်ခုကတော့ အပူချိန်ကြီးပြီးတက်ခြင်းပဲဖြစ်ပါတယ်။ အသက်၆လမှ ၅ နှစ်အတွင်း ကလေးငယ်တွေမှာ ဘတ်တီးရီးယားနှင့် ဗိုင်းရပ်စ်ကြောင့်ဖြ​စ်သော ကူးစက်ရောဂါများ၊ ကာကွယ်ဆေး ထိုးပြီးနောက် ဆေး၏တုန့်ပြန်မှု စသည်တို့ကြောင့် အဖျားကြီးတတ်ကြပါတယ်။ ယောက်ျားလေးများ၊ ယခင်ထဲကအဖျားကြီးလျှင် တက်ဖူးသည့် ရာဇဝင်ရှိသော ကလေးများနှင့် မိသားစုရောဂါရာဇဝင်တွင် အဖျားကြီးလျှင် တက်တတ်သည့် ရာဇဝင်ရှိလျှင်လည်းတက်နိုင်သည်။ ကိုယ်အပူချိန် 39’C ကိုကျော်ပြီး ကိုယ်ပူကြီးလို့တက်သွားတာဟာ အပူချိန်ပြန်ကျသွားရင် ပြန်သက်သာသွားတတ်ပါတယ်။

အဖျားကြီးပြီး တက်တဲ့ကလေးတစ်ယောက်မှာ တွေ့ရတဲ့ လက္ခဏာတွေကတော့ –

  • ကြွက်သားများ ပြင်းထန်စွာ ကျုံခြင်း၊ ဆန့်ခြင်း တို့ကြောင့် ခြေ၊ လက်များ ကုပ်၊ကပ်လာခြင်း
  • ကလေး၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခြင်း၊ တောင့်ခြင်းနှင့် တဆတ်ဆတ်လှုပ်ရမ်းခြင်း၊
  • ခြေ၊ လက်ကဲ့သို့ ခန္ဓာကိုယ်အစိတ်အပိုင်းများ တဆတ်ဆတ်တုန်ခြင်း(သို့) ပုံမမှန်အနေအထားဖြင့် ကွေးကောက်ခြင်း
  • သွားများကြိတ်ခြင်း
  • ပါးစောင်များ၊ လျှာများကိုက်မိခြင်း
  • မျက်ဆံလည်၊ မျက်ဖြူလှန်သွားခြင်း
  • ဆီး၊ ဝမ်းများ မထိန်းနိုင်ခြင်း
  • အသက်ရှုရခက်သော လက္ခဏာများ တွေ့ရခြင်း စသည်တို့ဘဲ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် ဒီလက္ခဏာတွေဟာ စက္ကန့်ပိုင်းကနေ ၂ မိနစ်လောက်အတွင်း ပြန်လည်သက်သာသွားတတ်ပါတယ်။ ဒါပေမဲ့ ၂မိနစ်ထက်ကျော်ပြီး ၁၀-၁၅ မိနစ်ထိ မသက်သာပဲ တက်နေတဲ့အခါမှာ ဆရာဝန်ဆီ ချက်ချင်းခေါ်သွားဖို့ လိုအပ်ပါတယ်။ ကလေးအဖျားကြီး တက်သည့်အပြင် အသက်ရှူရပ်သွားခြင်း(သို့)အသက်ရှူရန် အလွန်ခက်ခဲနေခြင်း၊ အတက်ကျပြီးနောက် ကိုယ်အဂါ်အစိတ်အပိုင်းများ ပုံမှန်အတိုင်း လှုပ်ရှားမှုမရှိခြင်း၊ သတိကောင်းကောင်းမလည်ခြင်း စသည့်လက္ခဏာများရှိလျှင် နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်သွားရောက်သင့်ပါသည်။

အုပ်ထိန်းသူ မိဘများအနေနဲ့ ကိုယ့်ကလေး အဖျားကြီးပြီး တက်သွားသောအခါ –

  • ပထမဆုံး စိတ်ငြိမ်ငြိမ်ထားပြီး အချိန်စ,မှတ်ပါ။
  • ကလေးကို ထိခိုက်စေနိုင်တဲ့ ပစ္စည်းတွေကို အနီးအနားက ဖယ်ရှားပါ။
  • ကလေးကိုတင်းကျပ်စွာမချူပ်ကိုင်ထားပါနှင့်။
  • ကလေးပါးစပ်ထဲကို ဘာမှမထည့်ပါနဲ့။ ပါးစပ်ထဲရှိ အန်ဖတ်၊ သွားရည်များကို ဖယ်ရှားပေးပါ။
  • တက်တာနဲ့အတူ အန်နေပါက ကလေးကို ဘေးတစ်ဖက်သို့စောင်းပေးပါ။
  • တက်သည့်အချိန်သည် ၂ မိနစ်ထက်ကျော်လွန်လာပါက နီးစပ်ရာ ဆေးရုံဆေးခန်းသို့ သွားပါ။
  • တက်သည့်အချိန်တွင် အိမ်သားတစ်ဦးဦးက ဘေးမှနေ၍ ဗီဒီယိုမှတ်တမ်းယူထားပါ။
  • ၂ မိနစ်အတွင်း ပြန်လည်သက်သာသွားသော်လည်း အန်တာများခြင်း၊ ကလေး အရမ်းမှိန်းနေခြင်း၊ လည်ပင်းတောင့်နေခြင်း များရှိပါက ဦးနှောက်အမြှေးရောင် ရောဂါဖြစ်နိုင်၍ ဆရာဝန်နှင့်သွားရောက်ပြီး ပြသသင့်ပါတယ်။

ကလေးတွေဟာ လူကြီးတွေလို သူတို့ခံစားရတာကို ကောင်းကောင်း ပြောမပြနိုင်တဲ့အတွက် ဖျားတဲ့အခါ အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ကလေး နေမကောင်းဖြစ်လျှင် အဖျားကျဆေးတိုက်ခြင်း၊ ရေပါတ်တိုက်ပေးခြင်းဖြင့် အပူချိန်ကျအောင် ပြုလုပ်ပေးသင့်ပြီး ဆေးမြှီးတိုများနဲ့ လျှောက်မကုဘဲ သက်ဆိုင်ရာ ကလေးအထူးကု၊ ဆရာဝန်ဆီက ကျန်းမာရေး စောင့်ရှောက်မှုကိုသာ ခံယူသင့်ပါတယ်။

Author: Dr. Yee Mon

Previous Post

နွေရာသီနှင့် အသားအရေထိန်းသိမ်းနည်း

Next Post

သတိမမူမိတဲ့ အဆုတ်ကျန်းမာရေးထိခိုက်နိုင်သော အလေ့အထများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Keep your child away from mosquito bites

သင့်ကလေးကို ခြင်မကိုက်​အောင်

2 months ago
144
Whooping cough What can be done for children with constipation and malnutrition?

ချောင်းဆိုး၊ ချွဲကျပ်ပြီး အစာမဝင်တဲ့ ကလေးတွေအတွက် ဘယ်လိုတွေ လုပ်ပေးနိုင်မလဲ?

2 months ago
275
illnesses common in children during the rainy season

ကလေးတွေ မိုးရာသီမှာ အဖြစ်များတဲ့ ဝေဒနာများ

3 months ago
289
about pediatric tb

ကလေးတီဘီရောဂါအကြောင်း

3 months ago
313
if you are upset that your children are not eating enough

သားငယ်သမီးငယ်လေးတွေ ထမင်းသိပ်မစားလို့ စိတ်ညစ်နေရင်

4 months ago
314

ကလေးငယ်တွေ အဖျားရှိတဲ့လက္ခဏာများ

5 months ago
277

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • ကြို့ ထိုးတာ မြန်မြန်ပျောက်အောင်

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ကူးစက်မြန်မျိုးဗီဇပြောင်းကိုဗစ်အကူးခံရလျှင် ဖြစ်တတ်သည့်လက္ခဏာများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သတိမမူမိတဲ့ အဆုတ်ကျန်းမာရေးထိခိုက်နိုင်သော အလေ့အထများ

အပူချိန်လွန်ကဲလို့ ခေါင်းကိုက်တဲ့အခါ

မကြာခဏ နှာချေရခြင်းအကြောင်းရင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.