fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

သွေးမလှူခင် ဘာတွေသိထားပြင်ဆင်ထားသင့်လဲ?

What should you know and prepare before donating blood?
399
VIEWS
Share on FacebookShare on TwitterShare on Linkedin
03/05/2022
in အထွေထွေရောဂါများအကြောင်း
1 min read
A A

သွေးလှူခြင်းဆိုတာ သူတစ်ပါးအတွက်သာမက မိမိကိုယ်တိုင်အတွက်ပါ အကျိုးရှိတဲ့ မွန်မြတ်သောလှူဒါန်းခြင်းဖြစ်ပါတယ်။ ကိုယ်တစ်ခါလှူဒါန်းလိုက်တဲ့ သွေးပမာဏဟာ လူ၃ယောက်အတွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ ခေတ်မှီတိုးတက်လာသော နည်းပညာများအရ လှူဒါန်းလိုက်တဲ့သွေးကို အမျိုးမျိုးခွဲထုတ်ပြီး Packed cells ခေါ် သွေးနီဥသီးသန့်၊ Platelets concentrate ခေါ် သွေးဥမွှားသီးသန့်၊ fresh frozen plasma ခေါ် သွေးရည်ကြည် အဖြစ်လည်းကောင်း လိုအပ်သလို အသီးသီး အသုံးပြုနိုင်ပါတယ်။ ဒီလိုမွန်မြတ်တဲ့ သွေးလှူဒါန်း ပြုလုပ်ချင်သူတွေအတွက် သွေးမလှူခင် ဘာတွေသိထားပြင်ဆင်ထားသင့်လဲဆိုတာကို ဒီဆောင်းပါးနဲ့ အသိပေးမျှဝေလိုက်ပါတယ်။

သွေးလှူဒါန်းချင်သူတွေအတွက် ရန်ကုန်အမျိုးသားသွေးဋ္ဌာန (National Blood Centre)မှာ သွားရောက်လှူဒါန်းနိုင်သလို၊ မြို့နယ်အသီးသီးမှာရှိတဲ့ သွေးသိုလှောင်နိုင်တဲ့ သက်ဆိုင်ရာဆေးရုံများ၊ စုပေါင်းသွေးလှူဒါန်းပွဲ၊ ပရဟိတနှင့် အခြားသွေးလှူဒါန်းသည့် အသင်းအဖွဲ့ နှင့်ချိတ်ဆက်ပြီး သွားရောက်ပါဝင် လှူဒါန်းနိုင်ပါတယ်။ အမျိုးသားသွေးဋ္ဌာနမှာ သွားရောက်လှူဒါန်း လိုသူများအနေဖြင့် www.donatebloodmyanmar.org မှာ ကြိုတင်စာရင်းပေးသွင်းပြီး မိမိအဆင်ပြေသည့်အချိန် ရွေး၍လှူဒါန်းနိုင်ပါတယ်။

သွေးမလှူခင် လှူဒါန်းလိုသူသည် အသက် ၁၈နှစ် -၅၅ နှစ်အတွင်း ရှိရပါမယ်။ သတ်မှတ်ထားသော ကိုယ်အလေးချိန် အမျိုးသား ပေါင် ၁၁၀အထက်နှင့် အမျိုးသမီး ပေါင်၁၀၀အထက် ရှိရပါမယ်။ လတ်တလော ဖျားနာခြင်း၊ ကူးစက်ရောဂါ ခံစားရဖူးခြင်းနှင့် အခြားရောဂါမရှိသူ ဖြစ်ရပါမယ်။ ကိုယ်ဝန်ဆောင်ခြင်း၊ နို့တိုက်ခြင်း၊ လတ်တလော ဓမ္မတာလာခြင်းတို့ မရှိသူဖြစ်ရပါမယ်။

အရက်သေစာ၊ မူးယစ်ဆေးသုံးစွဲထားခြင်းမရှိရပါ။ လွန်ခဲ့သော ၆ လအတွင်းက ဆေးမင်ကြောင် ထိုးခြင်း၊ နားဖောက်ခဲ့ခြင်း၊ အပ်စိုက်ကုသဖူးခဲ့ခြင်းတို့ မရှိသူ ဖြစ်ရပါမယ်။ အသည်းရောင်အသားဝါ ဘီ/စီ၊အိတ်ခ်ျအိုင်ဗွီရောဂါ၊ ဆစ်ဖလစ်ရောဂါပိုးကဲ့သို့ သွေးမှတဆင့် ကူးစက်တတ်သော ရောဂါ ကင်းရှင်းရပါမယ်။ ကိုဗစ်ကာကွယ်ဆေးမထိုးမီ ကြိုတင်သွေးလှူဒါန်းနိုင်ပြီး ကာကွယ်ဆေးထိုးပြီး တစ်လအထိ သွေးလှူဒါန်းရန်မသင့်ပါ။

သွေးမလှူခင်ညမှာ အိပ်ရေးဝစွာ အိပ်စက်ထားရပါမယ်။ အရက်သေစာ သောက်စားခြင်း မပြုထားရပါ။သွေးမလှူခင် အဆီများတဲ့ အစားအစာရှောင်ပြီး အာဟာရ ပြည့်ဝအောင် စားထားသင့်ပါတယ်။ အစာမစားပဲ ဗိုက်အဆာခံထားပြီး သွေးလှူခြင်းမပြုသင့်ပါ။ ရေဓါတ်ပြည့်ဝအောင် အရည်များများသောက်ပါ။ သွေးမလှူခင် ပြင်းထန်တဲ့လှုပ်ရှားမှုတွေ၊ လေ့ကျင့်ခန်းတွေ မပြုလုပ်သင့်ပါ။ သွေးတစ်ကြိမ်လှူပြီးနောက် ၄ လပြည့်ပြီးတိုင်း နောက်တစ်ကြိမ် ပြန်လည်လှူဒါန်းနိုင်ပါသည်။ ပုံမှန်သွေးလှူဒါန်းနိုင်ရန် အာဟာရဓာတ်ကြွယ်ဝပြီး သွေးအားကောင်းစေသည့် အစားအစာများ( အသား၊ ငါးနှင့် ပဲအမျိုးမျိုး၊ ငှက်ပျောသီး၊ ကြက်ဥ၊ အသီးအရွက်)ကို စားသုံးပေးရပါမည်။

သွေးပုံမှန်လှူခြင်းသည် သွေးခုန်နှုန်း၊ နှလုံးခုန်နှုန်းနှင့် သွေးပေါင်ချိန်၊ ကိုယ်အလေးချိန်တို့ကို ထိန်းညှိပေးထားပြီး၊ သွေးပစ်ခြင်း၊ သွေးတွင်းရှိ ကိုလက်စထရော cholesterol နှင့်ထရိုင်ကလစ်စရိုက် triglyceride စသည့်မကောင်းသော အဆီဓါတ်များကို လျှော့ချပေးနိုင်သည်။ ထို့ကြောင့် ရုတ်တရက်နှလုံးဖောက်ခြင်း heart attack ဖြစ်နိုင်ချေကို လျော့ကျစေနိုင်ပါသည်။ သွေးပုံမှန်လှူခြင်းဖြင့် ကျန်းမာရေးစစ်ဆေးမှု ပုံမှန်လုပ်ဆောင်ပေးသကဲ့သို့လည်း ဖြစ်စေပါသည်။ ထို့ကြောင့် သွေးမလှူခင် ပြင်ဆင်သင့်သော အချက်အလက်များကို သိရှိပြီး လိုအပ်သောသူများအတွက်ရော မိမိကျန်းမာရေးအတွက်ပါ ကောင်းစေသည့် လှူဒါန်းမှုပြုလုပ်နိုင်ရန် တိုက်တွန်းရေးသားအပ်ပါသည်။

Author : Dr. Yee Mon

Previous Post

အသက်ကြီးသူများ ကြုံတွေ့ရသည့် ဒူးကျီးပေါင်းကြောင့် ဒူးနာခြင်း

Next Post

သားငယ်သမီးငယ်လေးတွေ ထမင်းသိပ်မစားလို့ စိတ်ညစ်နေရင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
849
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
844
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
if you are upset that your children are not eating enough

သားငယ်သမီးငယ်လေးတွေ ထမင်းသိပ်မစားလို့ စိတ်ညစ်နေရင်

Acne scars that are difficult to cure

ပျောက်ဖို့ခက်တဲ့ ဝက်ခြံအမာရွတ်များ

Skin problems caused by intense sunlight

ပြင်းထန်တဲ့ နေရောင်ခြည်ကြောင့်ဖြစ်သော အရေပြားပြဿနာများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.