fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသောစိတ်

သဘာဝနဲ့ထိတွေ့ပြီး စိတ်ဖိစီးမှုတွေ လျှော့ချမယ်

natural contact will reduce stress
352
VIEWS
Share on FacebookShare on TwitterShare on Linkedin
12/05/2022
in ကျန်းမာသောစိတ်
1 min read
A A

အသက်တစ်ရာမနေရ၊ အမှုတစ်ရာကြုံရတဲ့ လူ့လောကကြီးမှာ စိတ်ဖိစီးခြင်းဟာ လူတိုင်းနဲ့မစိမ်းတဲ့ အရာဖြစ်ပါတယ်။
စိတ်ဖိစီးမှုဟာ စိတ်ပိုင်းဆိုင်ရာကိုသာမက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်နိုင်ပါတယ်။စိတ်ကျရောဂါအပါအဝင် စိတ်ပိုင်းဆိုင်ရာရောဂါ အများစုဟာ စိတ်ဖိစီးရာကနေ အစပျိုးကြတာဖြစ်လို့ ပေါ့တန်တန် သဘောမထားပဲ အချိန်မီကုသသင့်ပါတယ်။

ဒါကြောင့် မိမိစိတ်ဖိစီးနေပြီဆိုတာနဲ့ လုပ်သင့်တာကတော့ စိတ်ဖိစီးမှုကို အမြန်ဆုံး လျှော့ချဖို့ပါပဲ။ စိတ်ဖိစီးမှုကို လျှော့ချဖို့အတွက် အလွယ်ကူဆုံး နည်းလမ်းကတော့ သဘာဝ ပတ်ဝန်းကျင်နဲ့ ထိတွေ့ခြင်းဖြစ်ပါတယ်။ သဘာဝနဲ့ထိတွေ့ရမယ်ဆိုတာဟာ တောတောင်ထဲအထိ သွားရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ မိမိ ရှိနေတဲ့ မွန်းကြပ်စရာ အလုပ်ခွင် သို့မဟုတ် နေရာ တစ်ခုကနေ ခဏတာရုန်းထွက်ပြီး ပြင်ပ ပတ်ဝန်းကျင်မှာရှိတဲ့ သဘာဝကို တစ်ဝကြီး ခံစားလိုက်ရုံပါပဲ။

လေ့လာတွေ့ရှိချက်အရ တစ်ရက်ကို မိနစ်၂၀ မှ ၃၀ခန့် (အနည်းဆုံးတစ်ပတ် နှစ်နာရီခန့်) သဘာဝနဲ့ထိတွေ့မယ်ဆိုရင် စိတ်ဖိစီးမှု‌ဖြစ်စေတဲ့ ဟော်မုန်းကို လျော့ကျစေတဲ့အပြင် သွေးတိုးသမားများ သွေးပေါင်ချိန်လျော့ကျစေခြင်း၊ ခုခံအားကောင်းစေခြင်း၊ အလွယ်တကူ စိတ်ရှုပ်ခြင်း၊ စိတ်ဆတ်ခြင်းကိုလျော့နည်းစေခြင်း စတဲ့အကျိုးကျေးဇူးတွေရရှိနိုင်တယ်လို့ သိရပါတယ်။
ဘေးပတ်ဝန်းကျင်က သဘာဝကို အလွယ်တကူထိတွေ့ခံစားခြင်း

(၁) နေရောင်ခြည် အထိအတွေ့ကို ခံစားပါ။
မနက်ခင်းနေရောင်ခြည် သို့မဟုတ် နေဝင်ဆည်းဆာချိန် နေအလင်းရောင်နဲ့ထိ‌ တွေ့လိုက်တဲ့ အခါ နွေးထွေးတဲ့ခံစားချက်ရစေပြီး စိတ်ဖိစီးမှုလျော့ကျစေမှာဖြစ်ပါတယ်။

(၂) ပန်းကလေးတွေရဲ့ အလှကို အမွှမ်းတင်ပါ။
တောတောင်ထဲ ရောက်မနေရင်တောင် မိမိပတ်ဝန်းကျင်မှာပဲ ပန်းကလေးတွေကို လမ်းဘေးတစ်နေရာမှာဖြစ်စေ ပန်းအိုးထဲမှာဖြစ်စေ တွေ့နေမှာပါ။ ဘယ်ပန်းမဆို သူ့အလှတရားတွေရှိနေတာမို့ အလှတရားလေးတွေကို အသေးစိတ်ခံစားပါ၊ ထိတွေ့ပေးပါ။

(၃) သစ်ပင်များကို ကျေးဇူးတင်ပါ။
ဘယ်အပင်ဖြစ်ဖြစ် လူတွေလိုအပ်တဲ့ အောက်ဆီဂျင်ကို ထုတ်လွှတ်ပေးပြီး စိမ်းစိမ်းစိုစိုသစ်ပင်ကြီးတွေဟာ လူသားတွေအတွက် အရိပ်ရပြီး လှလှပပ ဖြစ်တည်နေပေးတာကြောင့် သစ်ပင်များကို ကျေးဇူးတင်ပေးပါ။

(၄) လေပြေ တိုးဝှေ့သံကို နားစိုက်ထောင်ကြည့်ပါ။
သစ်ရွက်လေးတွေကို လေပြေလေး တိုက်ခတ်တဲ့အခါကြားရတဲ့အသံဟာ စိတ်အေးချမ်းမှုကို ရရှိစေပြီး စိတ်ဖိစီးမှုတွေလျော့ကျစေပါတယ်။

(၅) ဌက်ကလေးများရဲ့ အသံကို နားစွင့်ပါ။
ဌက်ကလေးတွေရဲ့ အသံကို သေသေ‌ချာချာနားစိုက်ထောင်ကြည့်ရင် သီချင်းသံလိုမျိုးသာယာပါတယ်။ စိတ်ဖိစီးနေတဲ့အခါ ဌက်ကလေးတွေအော်တဲ့အသံကို ဂရုစိုက်နားစွင့်ကြည့်ပြီး စိတ်ငြိမ်းချမ်းမှုကို ရယူကြည့်ပါ။

(၆) သဘာဝ အစားအစာတွေကိုစားသုံးပါ။
သဘာဝအစားအစာတွေဖြစ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေဟာ စိတိဖိစီးမှုကိုလျော့ကျစေတဲ့ Vitamin B complexနဲ့ Vitamin C တို့ ကြွယ်ဝစွာပါဝင်လို့ များများ စားသုံးပေးသင့်ပါတယ်။

(၇) အိမ်ထဲကနေ သဘာဝကို ခံစားခြင်း
နေမကောင်းတာကြောင့်ဖြစ်စေ အကြောင်းတစ်ခုခုကြောင့် လုံးဝ အိမ်ပြင် ထွက်လို့မရပေမယ့် အိမ်ထဲနေပြီး onlineကနေ သဘာဝကိုခံစားကြည့်လို့ရပါတယ်။ YouTube, Pinterest တွေမှာ မိမိမြင်တွေ့လိုတဲ့ သဘာဝအလှတရားတွေကို ရှာဖွေကြည့်ရှူပြီး စိတ်ဖိစီးမှုကို လျော့ချနိုင်ပါတယ်။

Author: Dr. Aye Myat Mon

Previous Post

အမျိုးသမီးဟော်မုန်းတွေ သဘာဝအတိုင်း ထိန်းညှိပေးနိုင်တဲ့နည်းလမ်းများ

Next Post

မိုဘိုင်းဖုန်းသုံးခြင်းနှင့် လည်ပင်းအရိုးအဆစ် ပြဿနာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the negative effects caused by stress

စိတ်ဖိစီးမှုကြောင့်ဖြစ်ပေါ်တတ်သော ဆိုးကျိုးများအကြောင်း

3 years ago
580
fatigue a warning from your body that should not be ignored

ပင်ပန်းနွမ်းနယ်ခြင်း – လျစ်လျူရှုမထားသင့်သော သင့်ခန္ဓာကိုယ်မှ သတိပေးချက်

3 years ago
3.2k
what can happen when you are stressed

စိတ်ဖိစီးမှုများလာရင် ဘာတွေဖြစ်နိုင်လဲ?

3 years ago
1.4k

စိတ်ဖိစီးမှုများနေချိန် မလုပ်သင့်တဲ့အရာများ

3 years ago
639

တရားထိုင်ခြင်းမှရနိုင်သော သိပ္ပံနည်းကျကျန်းမာရေးကောင်းကျိုးများ

3 years ago
1.7k

ဆေးလိပ်၊ အရက်တွေမလိုတဲ့ စိတ်ဖိစီးမှုလျှော့ချနိုင်မယ့်နည်းလမ်း

3 years ago
410

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
mobile phone use and neck problems

မိုဘိုင်းဖုန်းသုံးခြင်းနှင့် လည်ပင်းအရိုးအဆစ် ပြဿနာ

why do people with kidney disease have anemia

​ကျောက်ကပ်​ရောဂါရှိသူ​တွေ ဘာလို့​သွေးအားနည်းလဲ?

what can happen when you are stressed

စိတ်ဖိစီးမှုများလာရင် ဘာတွေဖြစ်နိုင်လဲ?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.