fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသောစိတ်

ပင်ပန်းနွမ်းနယ်ခြင်း – လျစ်လျူရှုမထားသင့်သော သင့်ခန္ဓာကိုယ်မှ သတိပေးချက်

fatigue a warning from your body that should not be ignored
3.2k
VIEWS
Share on FacebookShare on TwitterShare on Linkedin
31/05/2022
in ကျန်းမာသောစိတ်
1 min read
A A

ပင်ပန်းနွမ်းနယ်ခြင်း (fatigue) ဆိုတာ ဘာလဲ? ပင်ပန်းနွမ်းနယ်တာ (fatigue) နဲ့ ပင်ပန်းတာ (tiredness) ဘယ်လိုကွာခြားမှုရှိလဲ?

ပင်ပန်းနွမ်းနယ်ခြင်းဆိုတာ ပင်ပန်းပြီး အားမရှိသလိုဖြစ်နေတဲ့ခံစားချက်ကို အဆက်မပြတ် ခံစားနေရခြင်းဖြစ်ပါတယ်။ ဥပမာအားဖြင့် သင်က အလုပ်တွေကို အာရုံစိုက်ပြီး ပြီးမြောက်အောင် မလုပ်နိုင်တော့တဲ့အခါမျိုးတွေ ဖြစ်ပါတယ်။ သာမာန်ပင်ပန်းတာမျိုးနဲ့ မတူတဲ့အချက်ကတော့ ပင်ပန်းနွမ်းနယ်ခြင်းက အချိန်ကြာကြာ ပိုခံစားရပြီး ခံစားရတဲ့ပမာဏကလည်း ပိုပြင်းထန်ပါတယ်။ သာမာန်ပင်ပန်းတာဆိုရင် ခဏအနားယူလိုက်ရင်ပဲဖြစ်ဖြစ်၊ တစ်ညလောက် ကောင်းမွန်စွာ အိပ်စက်အနားယူရုံနဲ့ဖြစ်ဖြစ် သက်သာနိုင်သလို ခဏတာ အညောင်းပြေအညာပြေ ကိုယ်လက်လှုပ်ရှားလုပ်ရုံနဲ့ဖြစ်ဖြစ် သက်သာနိုင်ပါတယ်။

            ဒါပေမယ့် ပင်ပန်းနွမ်းနယ်နေရင်တော့ နေ့တိုင်းအားမရှိသလိုဖြစ်နေပြီး ခဏတာ အိပ်စက်အနားယူလိုက်တာနဲ့ မသက်သာဘဲ ခန္ဓာကိုယ်တစ်ခုလုံး ပင်ပန်းနွမ်းလျသလို ဖြစ်နေတာပါ။ ပင်ပန်းနွမ်းနယ်နေတဲ့သူတစ်ယောက်ဟာ နေ့စဥ်လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်တဲ့နေရာမှာ ဒီအချက်တွေကြောင့် ခက်ခဲနိုင်ပါတယ်။

  • အားအင်ကုန်ခန်းခြင်း
  • အာရုံစူးစိုက်မှု အားနည်းခြင်း
  • တစ်ခုခုကို ချက်ခြင်းတုံ့ပြန်နိုင်မှု အားနည်းခြင်း
  • နိုးကြွားတက်ကြွမှုမရှိခြင်း

 

ပင်ပန်းနွမ်းနယ်မှုအမျိုးအစားများ

ပင်ပန်းနွမ်းနယ်မှု အမျိုးအစား (၂)မျိုးရှိပါတယ်။ ဒါတွေကတော့ ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်ခြင်း နဲ့ စိတ်ပင်ပန်းနွမ်းနယ်ခြင်းတို့ ဖြစ်ပါတယ်။

ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်ခြင်းက အဓိကအားဖြင့် ခန္ဓာကိုယ်မှာ အားအင်အသုံးပြုမှုများတာ၊ ကိုယ်လက်လှုပ်ရှားမှု အလွန်အကျွံပြုလုပ်တာမျိုးတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒီလိုပင်ပန်းနွမ်းနယ်မှုမျိုးတွေမှာ သင့်ကြွက်သားတွေက အားမရှိသလိုဖြစ်လာပြီး လှုပ်ရှားရတာ ခက်ခဲလာတတ်ပါတယ်။ သင့်ခန္ဓာကိုယ်က စွမ်းဆောင်နိုင်တဲ့ပမာဏကို ကျော်လွန်ပြီး လှုပ်ရှားမှုတွေပြုလုပ်တဲ့အခါမှာ ခန္ဓာကိုယ်က သဘာဝအလျောက် အနားယူ၊ ပြန်လည်အားဖြည့်သင့်ကြောင်း အချက်ပြတုံ့ပြန်တာပဲ ဖြစ်ပါတယ်။ အဲ့လိုဖြစ်ပေါ်လာတာကို ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်ခြင်းလို့ ခေါ်ပါတယ်။

စိတ်ပင်ပန်းနွမ်းနယ်ခြင်းကတော့ အိပ်ရေးမဝခြင်းကြောင့် အဓိကအားဖြင့် ဖြစ်တတ်ပါတယ်။ ဒီလိုပင်ပန်းနွမ်းနယ်မှုတွေက သင့်ရဲ့ဦးနှောက်စွမ်းရည်ကို ထိခိုက်စေပါတယ်။ ဥပမာအားဖြင့် ဆင်ခြင်စဥ်းစားတွေးခေါ် နိုင်ခြင်း၊ ဆုံးဖြတ်ချက်ချခြင်း၊ ပြဿနာဖြေရှင်းခြင်း၊ အာရုံစူးစိုက်နိုင်စွမ်း နည်းခြင်း တို့ဖြစ်ပါတယ်။ နာမကျန်းဖြစ်ခြင်းနဲ့ စိတ်ဖိစီးမှုတို့ကြောင့် စိတ်ပင်ပန်းနွမ်းနယ်ခြင်းဖြစ်နိုင်သလို အရက်သေစာ အမြဲလိုလိုသောက်သုံးတဲ့အတွက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ကဖင်းဓာတ်များစွာရရှိခြင်းကလည်း စိတ်ပင်ပန်းနွမ်းနယ်ခြင်းကို ဖြစ်စေပါတယ်။ ဒီလိုပင်ပန်းနွမ်းနယ်မှုမျိုးတွေကို တစ်ချိန်ထဲမှာ တစ်ခုစီ ဒါမှမဟုတ် နှစ်ခုလုံးကို တစ်ပြိုင်နက် ခံစားရတာမျိုးလည်းရှိတတ်ပါတယ်။ ဘာကြောင့်လည်းဆို‌တော့ ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်ခြင်းကနေတစ်ဆင့်  စိတ်ပင်ပန်းနွမ်းနယ်ခြင်းကို ကူးပြောင်းသွားနိုင်လို့ပဲ ဖြစ်ပါတယ်။

 

ပင်ပန်းနွမ်းနယ်မှုကို ဘယ်လိုကုသမလဲ?

များသောအားဖြင့် ပင်ပန်းနွမ်းနယ်ခြင်းဆိုတာ ကျန်းမာရေးနဲ့မညီညွတ်တဲ့ လူနေမှုပုံစံကြောင့် ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ပင်ပန်းနွမ်းနယ်မှုကို ကုသချင်ရင် နည်းလမ်းမှန်မှန်နဲ့ လိုက်လုပ်ရတာလည်းလွယ်ကူတဲ့ နေထိုင်မှုအလေ့အကျင့်တွေ ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ဘယ်လိုအလေ့အကျင့်တွေလည်းဆိုရင် –

  • ပုံမှန်အိပ်ချိန် လုံလောက်စွာထားရှိခြင်း
  • ရေလုံလောက်စွာ သောက်သုံးခြင်း
  • လိုအပ်တဲ့အာဟာရဓာတ်တွေ လုံလောက်စွာ စားသုံးခြင်း
  • လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းနဲ့
  • မကြာခဏ အနားယူပေးဖို့ပဲ ဖြစ်ပါတယ်။

ဒီအလေ့အကျင့်တွေက ပင်ပန်းနွမ်းနယ်မှုကို ကာကွယ်ကုသရာမှာ မရှိမဖြစ်လိုအပ်ပါတယ်။ ဒါပေမယ့် ဒီအလေ့အကျင့်တွေကို လိုက်နာရတာခက်ခဲနေလို့ ပင်ပန်းနွမ်းနယ်မှုကို ဖြေလျှော့ပေးနိုင်တဲ့ အကူအညီမျိုးလိုတယ်ဆိုရင်တော့ “ဘရန်း(စ်)” ကြက်ပေါင်းရည်လို ဖြည့်စွက်စာမျိုးက ထိရောက်မှုရှိရှိ ကုသပေးနိုင်ပါတယ်။ “ဘရန်း(စ်)” ကြက်ပေါင်းရည်မှာပါဝင်တဲ့ Bio-peptides က ပင်ပန်းနွမ်းနယ်မှုတွေကို သက်သာစေပြီး ခန္ဓာကိုယ်ကို အားအင်နဲ့ ခွန်အားများကို တိုးမြှင့်ပေးနိုင်အောင် သိပ္ပံနည်းကျ သုတေသနပြုလုပ်ထားပါတယ်။ နေ့စဥ်သောက်သုံးပေးမယ်ဆိုရင်တော့ ပိုပြီးထိရောက်မှုရှိတဲ့ ရလဒ်ရနိုင်တာပေါ့။ နောက်ထပ် “ဘရန်း(စ်)” ကြက်ပေါင်းရည်ရဲ့ အားသာတဲ့အချက်ကတော့ စိတ်ဖိစီးမှုကို လျှော့ချပေးပြီး အာရုံစူးစိုက်မှုနဲ့ ဦးနှောက်စွမ်းရည်ကိုပါ တိုးတက်စေတော့  စိတ်ပင်ပန်းနွမ်းနယ်တတ်တဲ့သူတွေအတွက်လည်း အဆင်ပြေပါတယ်။

ပင်ပန်းနွမ်းနယ်ခြင်းတွေက ဖြစ်လေ့ဖြစ်ထရှိတယ်ဆိုပေမယ့် အချိန်ကြာမြင့်စွာ မသက်သာနိုင်ဘဲ ပင်ပန်းနွမ်းနယ်နေမယ်ဆိုရင်တော့ အခြားပြသနာတွေ၊ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေပါ ဝင်ရောက်လာနိုင်ပါတယ်။ ဒါ့ကြောင့် ပင်ပန်းနွမ်းနယ်ခြင်းကို သက်သာအောင် ကုသပေးဖို့က အရေးကြီးပါတယ်။ အခက်အခဲတွေနဲ့ တာဝန်ဝတ္တရားတွေ၊ စိတ်ဖိစီးမှုတွေကြောင့် စိတ်ရောကိုယ်ပါ ပင်ပန်းလာတဲ့အခါမှာ အချိန်ပေးအနားယူပြီး ရှေ့ဆက်ရမယ့် ခြေလှမ်းတွေအတွက် အားတင်းထားကြဖို့ အားပေးစကားဆိုရင်း နှုတ်ဆက်လိုက်ရပါတယ်။

 

Author: Dr. Aye Myat Mon

Previous Post

မိုးရာသီမှာ အသားအရေကို ဘယ်လိုထိန်းသိမ်းသင့်လဲ?

Next Post

ချွဲတာကောင်းတာဆိုလို့ ချစ်သူချွဲတာပဲကောင်းတယ် (ချွဲရဲ့ မကောင်းတဲ့ အချက်တွေအကြောင်း)

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the negative effects caused by stress

စိတ်ဖိစီးမှုကြောင့်ဖြစ်ပေါ်တတ်သော ဆိုးကျိုးများအကြောင်း

3 years ago
580
what can happen when you are stressed

စိတ်ဖိစီးမှုများလာရင် ဘာတွေဖြစ်နိုင်လဲ?

3 years ago
1.4k
natural contact will reduce stress

သဘာဝနဲ့ထိတွေ့ပြီး စိတ်ဖိစီးမှုတွေ လျှော့ချမယ်

3 years ago
352

စိတ်ဖိစီးမှုများနေချိန် မလုပ်သင့်တဲ့အရာများ

3 years ago
639

တရားထိုင်ခြင်းမှရနိုင်သော သိပ္ပံနည်းကျကျန်းမာရေးကောင်းကျိုးများ

3 years ago
1.7k

ဆေးလိပ်၊ အရက်တွေမလိုတဲ့ စိတ်ဖိစီးမှုလျှော့ချနိုင်မယ့်နည်းလမ်း

3 years ago
410

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
About the negative aspects of mucus

ချွဲတာကောင်းတာဆိုလို့ ချစ်သူချွဲတာပဲကောင်းတယ် (ချွဲရဲ့ မကောင်းတဲ့ အချက်တွေအကြောင်း)

Avoid the common cold during the rainy season

မိုးရာသီမှာ အအေးမိတုပ်ကွေး မဖြစ်ရလေအောင်

How does onion benefit the skin?

ကြက်သွန်နီက အသားအရေအတွက် ဘယ်လိုအကျိုးပြုလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.