fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

ကလေးလေးတစ်ယောက်လို နူးညံ့တဲ့ အသားအရေလေးဖြစ်စေဖို့

To make the skin soft like a baby
714
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/06/2022
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

အသားအရေ ကောင်းမွန်ခြင်းဆိုတာ အားကျစရာအချက်တစ်ခု ဖြစ်တာကြောင့် ကလေးတစ်ယောက်ရဲ့ အသားအရေလို နူးညံ့ပြီး ကျန်းမာကြည်လင်နေဖို့ကို အတော်များများက ဆန္ဒရှိကြပါတယ်။ ကလေးလေးတစ်ယောက်လို နူးညံ့တဲ့ အသားအရေလေးဖြစ်စေဖို့ရာ အသားအရေကိုပဲ သီးသန့် ထိန်းသိမ်းလို့မရပါဘူး၊ ခန္ဓာကိုယ်အတွင်းကပါ ကျန်းမာနေအောင် အစာအာဟာရ၊ ရေဓါတ်လုံလောက်အောင် စားသောက်တာ၊ အိပ်ရေးဝအောင်အိပ်တာ၊ သွေးလည်ပါတ်မှုကောင်းအောင် လေ့ကျင့်ခန်းလုပ်ပေးတာ၊ စိတ်ဖိစီးမှုတွေ လျှော့ချပေးပြီး အနားယူတာမျိုးကိုပါ လုပ်ပေးဖို့ လိုအပ်ပါတယ်။ မျက်နှာနှင့် ခန္ဓာကိုယ်အရေပြားအတွက် မှန်ကန်တဲ့ အသားအရေထိန်းသိမ်းနည်း skincare အဆင့်ဆင့်ကို ပုံမှန်ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

မျက်နှာပေါ်မှာ တစ်နေကုန် ကပ်ငြိနေတဲ့ သနပ်ခါး၊ မိတ်ကပ်၊ ဖုန်၊ ဘက်တီးရီးယားပိုးမွှား၊ အညစ်အကြေးတွေကို နေ့စဉ်သေချာသန့်စင်ပေးရန် လိုအပ်ပါတယ်။ မျက်နှာအရေပြား ချွေးပေါက်များထိ သန့်စင်ပေးတဲ့ double cleansing ခေါ် အဆင့်နှစ်မျိုးဖြင့် သေသေချာချာ သန့်စင်ပေးရပါမယ်။ ပထမအဆင့်အနေဖြင့် ကိုယ့်အသားအရေ အမျိုးအစား Oily skin၊ Dry skin၊ sensitive skin စသည်တို့နှင့် သင့်လျော်သော၊ပြင်းထန်သည့် ဆပ်ပြာ၊ဓါတုပစ္စည်းတွေမပါတဲ့ အပျော့စား မျက်နှာသစ်ဆေး cleanser အသုံးပြုပေးဖို့ လိုအပ်ပါတယ်။ တစ်နေ့လျှင် နံနက်တစ်ကြိမ်၊ ညအိပ်ယာဝင်ခါနီးတစ်ကြိမ် မျက်နှာသန့်စင်ပေးရန် လိုအပ်ပါတယ်။

မျက်နှာသစ်၊ ရေချိုးပြီးတိုင်း အရေပြားအစိုဓါတ် ထိန်းပေးတဲ့ moisturizer ၊ cream၊ lotion ၊ အဆီတစ်မျိုးမျိုးကို ပုံမှန်လိမ်းပေးဖို့လည်း လိုအပ်ပါတယ်။ အရေပြားအစိုဓါတ်ဖြည့်ပေးခြင်းက အရေပြားခြောက်သွေ့ ကြမ်းတမ်းခြင်း မဖြစ်စေပဲ နူးညံ့စိုပြေစေနိုင်ပါတယ်။ အသားအရေ ထိန်းသိမ်းဖို့ အသုံးပြုတဲ့ ထုတ်ကုန်ပစ္စည်းတွေမှာ ဓါတ်တိုးဆန့်ကျင် အာနိသင်ရှိသော antioxidant serum အလှဆီတစ်မျိုးမျိုးကို ပုံမှန်ထည့်သွင်း အသုံးပြုပေးပါ။

နေ့ဖက် skincare step အတွက် အရေးကြီးတဲ့ အချက်တစ်ခုကတော့ အသားအရေကို ဖျက်ဆီးတဲ့ နေရောင်ခြည်ဒါဏ်မှ ကာကွယ်ဖို့ပဲဖြစ်ပါတယ်။ နေလောင်ဒါဏ်ကြောင့် အသားအရေ ခြောက်သွေ့ကြမ်းတမ်းခြင်း၊ အမည်းစက်၊ ဝက်ခြံ၊ အရေးအကြောင်းများ ဖြစ်ခြင်းတို့မှ ကာကွယ်ရန် sun protection factor SPF နှင့် ခရမ်းလွန်ရောင်ခြည် UVA rays များမှ ကာကွယ်ပေးသည့် PA++ ပါဝင်သည့် နေရောင်ကာလိမ်းဆေးများကို အိမ်မှာနေစဉ်ရော အပြင်မထွက်ခင်ပါ ဂရုတစိုက် လိမ်းပေးပြီး ကာကွယ်ရပါမယ်။

အရေပြားဆဲလ်သေများဟာ အသားအရေ ကြမ်းတမ်းမွဲခြောက်ခြင်း၊ အသုံးပြုသော skincare အာနိသင်အပြည့်အဝ မရရှိခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တစ်ပါတ်တစ်ကြိမ်ခန့် အရေပြားဆဲလ်သေများကို ဖယ်ရှားခြင်း exfoliation ကို ပုံမှန်ပြုလုပ်သင့်ပါတယ်။ Exfoliate ပြုလုပ်ရာမှာ ကြမ်းတမ်းသော physical scrub များဖြင့် ပွတ်တိုက်ခြင်း၊ ပြင်းထန်သော ဓါတုပစ္စည်းများ အသုံးပြုပြီး ချေးချွတ်ခြင်းမျိုး မပြုလုပ်ရပါ။

Collagen ဟာ အရေပြား တင်းရင်းမှုကို ထောက်ပံ့ပေးပြီး ပျက်စီးသွားသော အရေပြားဆဲလ်များကို ပြုပြင်ပေးကာ အသားအရေကို ကြည်လင်စေပါတယ်။ အသက်၂၅နှစ်နောက်ပိုင်းမှစ ခန္ဓာကိုယ်မှ Collagen ထုတ်လုပ်မှု ကျဆင်းလာသဖြင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း၊ အရေးအကြောင်းနှင့် အသားအရေပျက်စီး မွဲခြောက်ခြင်း မဖြစ်အောင် ကော်လာဂျင်ပါသော အစားအစာ၊ ဖြည့်စွက်အာဟာရများ မှီဝဲသင့်ပါတယ်။

ကလေးလေးတစ်ယောက်လို နူးညံ့တဲ့ အသားအရေလေးဖြစ်စေဖို့ရာ မှန်ကန်တဲ့ အလှကုန်၊ skincare များ အသုံးပြုပေးဖို့ လိုတဲ့အပြင် ခန္ဓာကိုယ်အရေပြား နူးညံ့လှပဖို့ လိုအပ်တဲ့ vitamins တွေဖြစ်တဲ့ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်အီး ၊ ကော်လာဂျင်ဓါတ်များကို လုံလောက်မျှတအောင် ဖြည့်စွက်ပေးဖို့လည်း လိုအပ်ပါတယ်။

 

Dr. Yee Mon

Previous Post

အတွေးလွန်ခြင်းကို ဘယ်လိုထိန်းချုပ်မလဲ?

Next Post

အမျိုးသမီးတို့ ရင်သားခွဲစိတ် ပြုပြင်ဖို့ စဉ်းစားထားလျှင် ဒီအချက်တွေကို အရင်ဖတ်ပါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

12 months ago
533
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

1 year ago
791

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
1.9k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
If you are considering breast augmentation for women, read on

အမျိုးသမီးတို့ ရင်သားခွဲစိတ် ပြုပြင်ဖို့ စဉ်းစားထားလျှင် ဒီအချက်တွေကို အရင်ဖတ်ပါ

Why are people taking Type 1 collagen?

ဘာကြောင့် Type 1 collagen သောက်သုံး လာကြတာလဲ?

Keep your child away from mosquito bites

သင့်ကလေးကို ခြင်မကိုက်​အောင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.