ဓာတ်ကင်နည်းနဲ့ ဆေးကုသရမယ် ဆရာဝန်က ညွှန်ကြားလိုက်တာနဲ့ ကုသင့်သလား? မကုသင့်သလား?
ဓာတ်ကင်ကုသနည်းဟာ ကင်ဆာရောဂါအတွက် အဓိကကုသနည်းအဖြစ် အသုံးပြုများပါတယ်။ ဒါပေမယ့် အခြားသောသိုင်းရွိုက်ရောဂါနှင့် သွေးရောဂါအချို့တွင်လည်း အသုံးပြုလေ့ရှိပါတယ်။ ဓာတ်ကင်ခြင်းနဲ့ ကင်ဆာဆေးသွင်းခြင်းဟာ ကင်ဆာကုသရာမှာ အသုံးပြုသောနည်းလမ်းများဖြစ်ပါတယ်။ လူနာရဲ့ရောဂါအခြေအနေပေါ်မူတည်ပြီး ကုသမူကို ရွေးချယ်ကုသရပါတယ်။ ကင်ဆာဆေးသွင်းခြင်းဟာ သွေးကြောထဲကို ဆေးသွင်းကုသခြင်းဖြစ်ပါတယ်။
ဓာတ်ကင်ခြင်းမပြုမီ ကင်ဆာဆေးသွင်းခြင်းဖြင့် အကျိတ်အရွယ်အစားကျုံ့စေပြီး ဓာတ်ကင်ပါက ပိုမိုထိရောက်နိုင်ပါတယ်။ ဓာတ်ကင်နည်းဟာ အကျိတ်နေရာကိုအဓိကအစွမ်းပေးတာကြောင့် ထိရောက်မူရှိပါတယ်။ဓာတ်ကင်ခြင်းဟာလူနာအတွက် ကုသခြင်းနှင့်သက်သာခြင်း နှစ်မျိုးအသုံးဝင်ပါတယ်။ဓာတ်ကင်ခြင်းအကြိမ်အရေအတွက်ကို ကင်ဆာအထူးကုဆရာဝန်မှဆုံးဖြတ်ပေးပါတယ်။
(၁) ကောင်းကျိုးများ
ဓာတ်ကင်ခြင်းဖြင့်ကုသနည်းဟာ စွမ်းအားပြည့်သောလှိုင်းများဖြင့် ကင်ဆာဆဲလ်များ ကြီးထွားမူကိုကျဆင်းစေပါတယ်။
- သေစေနိုင်တယ်။
- ကင်ဆာဆဲလ်ပွားများမှုကို နှေးကွေးစေတယ်။
- ကင်ဆာအကျိတ်ကို သေးစေနိုင်တယ်။ ဓာတ်ကင်ခြင်းဟာ ကင်ဆာဆေးသွင်းခြင်းနှင့်လည်း အတူတကွကုသမူခံယူရလေ့ရှိပါတယ်။ ကင်ဆာဆဲလ်များဟာ အလျင်အမြန်ပွားများတတ်တာကြောင့် ဓာတ်ကင်ခြင်းဖြင့်ဟန့်တားနိုင်ပါတယ်။
- အချိန်ကာလတိုတောင်းပြီး နာကျင်မူမရှိပါ။
(၂) ဆိုးကျိုးများ
ဆိုးကျိုးဟာ ကင်ဆာမဟုတ်သောဆဲလ်များ ဓာတ်ရောင်ခြည်ထိတာကြောင့် ဖြစ်လာနိုင်ပါတယ်။ ဆိုးကျိုးအနေနဲ့လူနာရဲ့ဓာတ်ရောင်ခြင်ကင်သောနေရာ၊ ဓာတ်ရောင်ခြည်အမျိုးအစားနှင့်ပမာဏ၊လူနာရဲ့ကျန်းမာရေးပေါ်မူတည်ပါတယ်။
ခဏတာဖြစ်စေသောဆိုးကျိုးများမှာ
- နုံးချိခြင်း
- အရေပြားယားယံခြင်း၊ အရေကြည်ဖုထခြင်း
- ဆံပင်ကျွတ်ခြင်း၊ ဆီးပြသနာများ၊ ပျို့အန်ခြင်း၊ ဝမ်းလျောခြင်းနှင့် အဆုတ်ရောင်၊ အသဲရောင်ခြင်းဖြစ်ပါတယ်။
ရေရှည်ဖြစ်နိုင်သောဆိုးကျိုးများမှာ
- အရိုးများတောင့်တင်းခြင်း
- သွေးကြောများကျယ်လာသောကြောင့် အသားအရေပြောင်းခြင်း
- ဝမ်းသွားခြင်းနှင့် သွေးထွက်ခြင်း
- ဟော်မုန်းပြောင်းလဲခြင်း စသည်တို့ဖြစ်ပါတယ်။
အထက်ဖော်ပါပြဆိုးကျိုးများဟာ လူတိုင်းဖြစ်နိုင်တယ်လို့ အတိအကျမမှန်ပါ။ဒါ့ကြောင့် ကောင်းကျိုးနှင့်ဆိုးကျိုးများကို ချိန်ဆစဉ်းစားပါ။
ဓာတ်ကင်ခြင်းဟာ ကင်ဆာကိုရပ်တန့်စေပြီး ပျောက်ကင်းအောင်ကုသနိုင်သလို ကင်ဆာကြောင့်ခံစားနေရသောလက္ခဏာများလည်းသက်သာစေနိုင်ပါတယ်။
ကုသရ၍မရနိုင်တော့သောကင်ဆာများတွင် ခံစားရသောဝေဒနာကို သက်သာစေရန်လည်း အသုံးဝင်ပါတယ်။
- အကျိတ်ကြောင့် ဖိအားဒဏ်သက်သာစေပါတယ်။
- ဦးနှောက်ကင်ဆာများတွင် ခေါင်းကိုက်၊ ပျို့အန်ခြင်းသက်သာစေပါတယ်။
- အဆုတ်ကင်ဆာကြောင့် ဖြစ်သောရင်ဘတ်နာခြင်းနှင့် မောခြင်းသက်သာစေပါတယ်။
- သွေးကြောပိတ်ခြင်းကို သက်သာစေပါတယ်။
- သွေးထွက်ခြင်းနှင့် ပိုးဝင်ခြင်းကိုသက်သာစေပါတယ်။