fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

အမျိုးသားနှင့် ဆီးကျိတ်အန္တရာယ်

Men and prostate risk
1.1k
VIEWS
Share on FacebookShare on TwitterShare on Linkedin
14/09/2022
in အမျိုးသားကျန်းမာရေး
1 min read
A A

အမျိုးသားများရဲ့ ခန္ဓာဗေဒ တည်ဆောက်မှု ပုံစံအရ မျိုးအောင်ရန် သုတ်ပိုး အာဟာရဖြည့်စွမ်းရသော အရည်တစ်မျိုး ထုတ်လွှတ်ပေးတဲ့အင်္ဂါအစိတ်အပိုင်းမှာ ဆီးကျိတ်ဖြစ်ပါတယ်။ ဆီးကျိတ်ဟာ မျိုးပွါးမှုအတွက် အကျိုးဆောင်ပေးသော်လည်း တစ်ဖက်မှာ ကျန်းမာရေးနဲ့ပါတ်သက်ပြီး အန္တရာယ်ရှိနေတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။

အမျိုးသားများ အသက်အရွယ်ကြီးလာတာနဲ့အမျှ သတိထားရမယ့် အန္တရာယ်မှာ ဆီးကျိတ်ကြီးခြင်း ဖြစ်ပါတယ်။ အမျိုးသားဦးရေ ၁၀ ရာခိုင်နှုန်းခန့်ဟာ မျိုးရိုးလိုက်ပြီးတော့ ဆီးကျိတ်ကြီးနိုင်တဲ့အပြင် ဆီးကျိတ်ဂလင်းမှ ထုတ်လွှတ်သော ဟော်မုန်းပမာဏ မညီမျှခြင်းနှင့် တခြားသော growth factors များကြောင့်လည်း ဆီးကျိတ်ကြီးနိုင်ပါတယ်။

အသက် (၆၅) နှစ်အရွယ်မှာ အမျိုးသားများရဲ့ ထက်ဝက်ခန့်ဟာ ဆီးကျိတ်ကြီးခြင်း ဝေဒနာကို ခံစားရနိုင်ပါတယ်။ အသက် (၉၀) အရွယ်ရောက်လျှင် (၉၀%) သော အမျိုးသားထုကြီးဟာ ဆီးကျိတ်ကြီးသော ဝေဒနာ ခံစားရနိုင်ပါတယ်။ ဆီးကျိတ်ကြီးရုံ တစ်ခုထဲကလည်း ဝေဒနာခံစားရစေတာ မဟုတ်ပါဘူး။ အမျိုးသား သုံးယောက်မှာ တစ်ယောက်ဟာ ဆီးကျိတ်ဝေဒနာ ခံစားရနိုင်ပြီးတော့ အမျိုးသား ဆယ်ယောက်မှာ တစ်ယောက်ခန့်သာ ရောဂါဝေဒနာ မသက်သာသဖြင့် ခွဲစိတ်ကုသမှု ခံယူရတတ်ပါတယ်။

ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနိုင်ခြေကလည်း ဆီးကျိတ်ကြီးသူနဲ့ မကြီးသူ အတူတူပဲ ဖြစ်ပါတယ်။ ဆီးကျိတ်ဝေဒနာ ခံစားနေရတဲ့ အမျိုးသားများရဲ့ ၃၀ မှ ၄၀ ရာခိုင်နှုန်းဟာ မည်သည့်ကုသမှုမှ ခံယူစရာမလိုတဲ့အပြင် ရောဂါအခြေအနေ ပိုဆိုးလာခြင်း မရှိတတ်ပါ။ ကျန် ၆၀-၇၀ ရာခိုင်နှုန်းဟာရောဂါအခြေအနေ ဆိုးတတ်ပြီး ကုသမှု ခံယူဖို့ လိုအပ်လာတတ်ပါတယ်။

ဆီးကျိတ်ကြီးခြင်းနှင့် ပတ်သက်တဲ့ ဝေဒနာက ဘာတွေလဲ?
အစလဲခက်၊ အဆုံးလဲခက် ဆိုသလို ဆီး စပြီးအသွားရော၊ ပြီးခါနီးမှပါ အတင်းညှစ်ပြီး ဆီးသွားရတာမျိုး ဖြစ်နိုင်ပါတယ်။ ဆီးသွားတဲ့ ဆီးကြောင်းက အားပျော့နေပြီးတော့ ဆီးသွားရ မဝသလို၊ ဆီးကျန်နေသလို၊ ဆီးသွားပြီး ဆီး တစက်စက်ကျနေတာမျိုးတွေ ခံစားရတတ်ပါတယ်။ ဆီး ခဏခဏ သွားချင်တတ်ပြီး နေ့ရောညပါ မထိန်းနိုင်လောက်အောင် သွားချင်ခြင်း ရှိနေနိုင်ပါတယ်။ ထိုသို့ဖြစ်ရာမှ ရုတ်တရက် မခံမရပ်နိုင်အောင် နာကျင်ပြီးတော့ လုံးဝဆီးမသွားနိုင်တာမျိုး ဖြစ်လာပြီဆိုလျှင် ဆီးလမ်းကြောင်း အရေးပေါ်အခြေအနေအဖြစ် ဆီးသွားနိုင်ပြီး ဝေဒနာသက်သာစေသော ခွဲစိတ်မှုကို ခံယူရနိုင်ပါတယ်။

ဆီးကျိတ်နှင့် ပတ်သက်သော ကုသမှု ခံယူရာမှာ ဆီးကျိတ် အတွင်းပတ်ပတ်လည် ကြွက်သားများကို ဖြေလျှော့ပေးသော ဆေးဝါးတွေ၊ ဟော်မုန်းမညီမျှမှုကို ဖြစ်စေတဲ့ ဆီးကြိတ်ဂလင်း အစိတ်အပိုင်းတွေကို အရွယ်အစား ကျုံ့သွားစေနိုင်တဲ့ ဆေးဝါးများကို သောက်သုံးနိုင်ပါတယ်။ ဆေးဝါးသောက်ဆေးများနဲ့ ကုသပေမယ့် မသက်သာဘဲ ဆီးကျိတ်ဝေဒနာ ပိုမိုဆိုးလာပြီးတော့ ဆီးကျန်များခြင်း၊ ၊ဆီးလုံးဝ မသွားနိုင်ခြင်း၊ဆီးကျောက်တည်ခြင်း၊ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း စတဲ့ ဆိုးကျိုးများပါ ယှဉ်တွဲ ခံစားလာရလျှင် ဆီးလမ်းကြောင်း ခွဲစိတ်အထူးကုနဲ့ကုသမှု ခံယူသင့်ပါတယ်။

ဆီးကျိတ်နဲ့ပါတ်သက်ပြီး ဆီးကျိတ်ကြီးသည့် ရောဂါ၊ ဆီးကျိတ်ကင်ဆာအန္တရာယ်များ သတိရှိဖို့ အမျိုးသားတို့ အနေဖြင့် ပုံမှန်ကျန်းမာရေး စစ်ဆေးခြင်း ပြုလုပ်သင့်ပြီး ဆီးကျိတ်ဝေဒနာ ခံစားရပါက သက်ဆိုင်ရာ ကျွမ်းကျင်သော ဆရာဝန်များနှင့် စောလျင်စွာ ဆွေးနွေးတိုင်ပင်ပြီး ကုသမှု ခံယူသင့်ကြောင်း အသိပေးလိုက်ရပါတယ်။

Author: Dr. Yee Mon

Previous Post

ချောင်းဆိုးနေရင် ဒီအချက်တွေရှောင်ပါ

Next Post

ဝက်ခြံ အမာရွတ်နဲ့ အမဲစက်တွေ ပျောက်ကင်းစေဖို့

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အသက် ၅၀ ကျော်အမျိုးသားတို့ သတိထားသင့်တဲ့ကျန်းမာရေးဆိုင်ရာပြဿနာများ

3 weeks ago
321
Why men lose their sexuality prematurelyuality -prematurely

အမျိုးသားများ အရွယ်မတိုင်ခင် လိင်စိတ်နည်းပါးလာရခြင်းအကြောင်း

2 months ago
1.8k
To be a healthy, happy and energetic man

ကျန်းမာပျော်ရွှင်ပြီး တက်ကြွလန်းဆန်းတဲ့ အမျိုးသားတစ်ဦးဖြစ်ဖို့

3 months ago
731
Men's Skincare

အမျိုးသားတို့ Skincare ဖို့

4 months ago
650
bachelor, Puberty and obesity

လူပျို၊ အပျိုဖော်ဝင်စအရွယ်နှင့် အဝလွန်ခြင်းအကြောင်း

4 months ago
634
How to use condoms properly

ကွန်ဒုံးစနစ်တကျ အသုံးပြုနည်း

4 months ago
1.5k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0

Health Tips

Next Post
To get rid of acne scars and dark spots

ဝက်ခြံ အမာရွတ်နဲ့ အမဲစက်တွေ ပျောက်ကင်းစေဖို့

To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

How to use condoms properly

ကွန်ဒုံးစနစ်တကျ အသုံးပြုနည်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.