fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

အသားအရေ စိုပြေလှပစေမယ့် သဘာဝသစ်သီးဖျော်ရည်များ

Natural fruit juices that make the skin soft and beautiful
447
VIEWS
Share on FacebookShare on TwitterShare on Linkedin
22/09/2022
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

အလှကုန်ပစ္စည်းတွေကို သုံးပြီးဖန်တီးယူထားတဲ့အလှအပဟာ သဘာဝအလှမဟုတ်သလို ရေရှည်လည်းမခံပါဘူး။ နာရီပိုင်းလောက်ပဲ ခံပါတယ်။ သုတေသနပညာရှင်များရဲ့ လေ့လာချက်တွေအရ ပင်ကိုအလှအပဟာ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှု ဖြစ်စဉ်ပေါ်မှာ များစွာမူတည်နေကြောင်း သိရပါတယ်။

အသားအရေစိုပြေဝင်းပပြီး တင့်တယ်လှပနေဖို့ဆိုတာဟာ ကျွန်တော်တို့ နေ့စဉ်စားသောက်နေတဲ့ အစားအသောက်တွေပေါ်မှာ များစွာမူတည်ပါတယ်။ အစားအသောက်လို့ဆိုရာမှာ စားလိုက်တဲ့အစားစာတွေလည်းပါသလို သောက်လိုက်တဲ့အရည်တွေလည်းပါပါတယ်။

စားလိုက်တဲ့ အစားအစာအမျိုးအစားတွေ သောက်လိုက်တဲ့ အရည်အမျိုးအစားတွေပေါ် မူတည်ပြီး အသားအရည်စိုပြေဝင်းပလာနိုင်သလို အသားအရည်မွဲခြောက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အစားနဲ့အသောက်ထဲကမှ ခုတခေါက်မှာတော့ အသားအရည်စိုပြေဝင်းပဖို့ရာအတွက် သောက်သင့်တဲ့ အသီးအနှံဖျော်ရည်လေးတွေအကြောင်းကို ပြောပြချင်ပါတယ်။

အသီးအနှံအမျိုးအစားတမျိုးတည်းပဲ ဖျော်ရည်လုပ်သောက်ရင် အရသာလည်းတမျိုးတည်းပဲရသလို အကျိုးပြုဓါတ်တွေလည်းနည်းနိုင်ပါတယ်။ အသီးအနှံ အမျိုးအစားနှစ်မျိုးသုံးမျိုးပေါင်းပြီး ဖျော်ရည်လုပ်သောက်ရင်ကျ အရသာလည်းပိုကောင်းသလို အကျိုးပြုဓါတ်တွေလည်း ပိုများများရနိုင်ပါတယ်။ ပိုပြီးလည်း ဆန်းသစ်ပါတယ်။

 

ဒါကြောင့် အသီးအနှံအမျိုးအစား နှစ်မျိုးသုံးမျိုးပေါင်းထားပြီး အသားအရည်ဝင်းပစိုပြေစေတဲ့ဖျော်ရည်လေးမျိုးကို ရေးသားတင်ပြလိုက်ရပါတယ်။

 

၁။ ခါကြက်ဥ (Carrot)၊ သကြားမုန်လာဥ (Beet root) ဖျော်ရည်

အသားအရေဝင်းပစိုပြေဖို့အတွက်ရော၊ ကျန်းမာဖို့အတွက်ရော ကောင်းကျိုးအများဆုံးပေးနိုင်တဲ့ ဖျော်ရည် အမျိုးအစားဖြစ်ပါတယ်။ အသားအရေမှာရှိတဲ့ ဒဏ်ရာဒဏ်ချက်တွေကို သက်သာပျောက်ကင်းစေနိုင်ရုံသာမက အရေပြားဆီကို သွေးထောက်ပံ့လည်ပတ်မှုကိုလည်း များစေပြီး အရေပြားရှိအဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။ ဖျော်ရည်ပြုလုပ်ပုံကတော့ Blender (ကြိတ်စက်) ထဲကို ခါကြက်ဥ တဥ၊ သကြားမုန်လာဥ ဥဝက်၊ ချင်း လက်တဆစ် နှင့် ရေဖန်ခွက်တဝက်ခန့် ရောထည့်ပြီး ကြိတ်ရုံပါပဲ။

 

၂။ ပန်းသီးစိမ်း၊ သလဲသီးဖျော်ရည်

ဒီနှစ်မျိုးပေါင်းစပ်ထားတဲ့ ဖျော်ရည်ကို မကြာမကြာသောက်ပေးပါက အသားအရည်ရဲ့အရည်အသွေးကို လက်ရှိထက် ၁၀ ဆ ပိုကောင်းမွန်လာနိုင်စေပါတယ်။ ကြွယ်ဝစွာပါဝင်တဲ့ ဗီတာမင်စီ၊ အန်တီအောက်စီးဒန့်နဲ့ အင်ဇိုင်းတွေဟာ အသားအရေ စိုပြေဝင်းပစေဖို့အတွက် များစွာအထောက်အကူပေးနိုင်သလို ဝက်ခြံနဲ့အမည်းစက်တွေကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ဒါ့အပြင် အသားအရေပျက်စီးခြင်းနဲ့ အရေးအကြောင်းတွေဖြစ်လာခြင်းကိုလည်း ကာကွယ်တားဆီးပေးနိုင်ပါတယ်။ ဖျော်ရည်ပြုလုပ်ပုံကတော့ Blender (ကြိတ်စက်) ထဲကို ပန်းသီးစိမ်းတလုံး၊ သလဲသီးတဝက်၊ ရေဖန်ခွက်သုံးခွက် ရောထည့်ပြီး ကြိတ်လိုက်ရုံပါပဲ။

 

၃။ သင်္ဘော၊ သခွား၊ သံပယို ဖျော်ရည်

သဘောင်္သီးမှာ ဗီတာမင်စီ၊ ဘီဝမ်း၊ ဘီတူး၊ ဖောလစ်အက်စစ်၊ ဗီတာမင်အေ၊ ပိုတက်ဆီယမ်၊ မက်နီဆီယမ်၊ အမျှင်ဓါတ်၊ သကြားဓါတ်၊ ပန်သိုသီးနစ်အက်စစ်စတဲ့ အင်တီအောက်ဆီးဒင့်တွေ၊ ဗီတာမင်နဲ့ သတ္ထုဓါတ်တွေ ကြွယ်ဝစွာပါဝင်တဲ့အတွက် အသားအရေရဲ့အစိုဓါတ်ကို ပြည့်စေနိုင်ပြီး အသားအရေကို စိုပြေဝင်းပစေနိုင်ပါတယ်။သခွားသီးကတော့ အသားအရေကို နူးညံ့ချောမွတ်စေနိုင်ပြီး သံပယိုသီးကတော့ အရေပြားထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

ပြုလုပ်ပုံကတော့ သင်္ဘောသီး အမြှောင်းလိုက်နှစ်စိတ်ကိုယူပြီး အစိတ်သေးလေးတွေဖြစ်အောင် စိတ်ပါ။ သခွားသီးတစ်ပိုင်းကို အခွံခွာကာ အစိတ်သေးလေးတွေဖြစ်အောင် စိတ်ပါ။ ပြီးရင် အဲ့ဒါတွေထဲကို ရေနှစ်ဖန်ခွက်ရောကာ ကြိတ်စက်ထဲထည့်ကြိတ်ပါ။ ထို့နောက်ရလာတဲ့ အရည်ထဲကို သံပယိုသီး တစ်စိတ်ညှစ်ချပါ။

 

၄။ ရှားစောင်းလက်ပတ်၊ ချယ်ရီသီး ဖျော်ရည်

ရှားစောင်းလက်ပတ်၊ ချယ်ရီသီးဖျော်ရည်ဟာ အသားအရေကို ချောမွေ့စိုပြေဝင်းပစေရုံသာမက အရေးအကြောင်းတွေ၊ နေလောင်ဒဏ်ရာကြောင့်ဖြစ်လာတဲ့ အမည်းစက်တွေ၊ အသားအရောင်မညီတာတွေကိုပါ သက်သာပျောက်ကင်းစေပါတယ်။ဒါ့အပြင် ကိုယ်ခံအားကိုလည်း ကောင်းစေပါတယ်။ ဖျော်ရည်ပြုလုပ်ပုံကတော့ ရှားစောင်းလက်ပတ်အတွင်းသားအနှစ်ကို စားပွဲတင်ဇွန်းနှစ်ဇွန်းစာ ခြစ်ယူပြီး Blender ထဲထည့်ပါ။ ပြီးရင် ချယ်ရီသီးငါးလုံးကို အစေ့ဖယ်ပြီး ထည့်ပါ။ ထို့နောက် ရေနှစ်ဖန်ခွက်ခန့် ရောထည့်ပြီး ကြိတ်ပါ။ သဘာဝအတိုင်း လှပတဲ့အသားအရေလေးပိုင်ဆိုင်နိုင်ကြပါစေ။

 

Author: Dr သီတာနွယ် (အမရပူရ )

Previous Post

ရာသီစက်ဝန်းလေးမှန်ကန်စေဖို့

Next Post

သားအိမ်နှင့် အလုံးအကျိတ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

12 months ago
533
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

1 year ago
791

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
1.9k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Uterus and cysts

သားအိမ်နှင့် အလုံးအကျိတ်

What the color of your tongue says about your health

လျှာအရောင်က ပြောတဲ့ သင့်ကျန်းမာရေးအကြောင်း

Can everyone get artificial insemination?

ဖန်ပြွန်သန္ဓေသား လူတိုင်းယူလို့ရနိုင်တာလား?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.