fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

သားအိမ်နှင့် အလုံးအကျိတ်

Uterus and cysts
1.3k
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/09/2022
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

သားအိမ်မှာ အလုံးတည်ခြင်းဆိုတဲ့ရောဂါဟာ ဆေးပညာအားဖြင့် မိုင်ရိုးမား(Myoma uterus) လို့ခေါ်ပါတယ်။ ဒီရောဂါဟာ များသောအားဖြင့် အသက်အရွယ်အလတ်ပိုင်းအမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ သားအိမ်အလုံးတည်ခြင်းရောဂါဟာ အများအားဖြင့် ကင်ဆာရောဂါနှင့် ဆက်စပ်မှုမရှိသလို ကင်ဆာရောဂါကို ကူးပြောင်းသွားတာလည်း ရာခိုင်နှုန်းအားဖြင့် နည်းပါတယ်။ အလုံးအကျိတ်တွေရဲ့ အရွယ်အစားဟာ မျက်စိနဲ့ မမြင်ရတဲ့ သေးတဲ့အရွယ်အစားကနေ သားအိမ်ကို ပုံပျက်စေတဲ့ အရွယ်အစားအထိကြီးမားနိုင်ပါတယ်။ သူဟာ အရေအတွက်အားဖြင့် တစ်လုံးကနေ အရေအတွက်ပေါင်းများစွာ သားအိမ်မှာ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါပေမယ့် ရောဂါဖြစ်တဲ့ အမျိုးသမီးအများစုမှာ ဘာလက္ခဏာမှ မပြတဲ့အတွက် သားအိမ်မှာ အလုံးတည်လို့တည်နေမှန်း မသိကြပါဘူး။ ကိုယ်ဝန်ရှိလို့ ဗိုက်ကို အယ်ထရာဆောင်းရိုက်ကြည့်တာမျိုး၊ ကျန်းမာရေးစစ်ဆေးမှုလုပ်ရင်း ဗိုက်အယ်ထရာဆောင်းရိုက်ကြည့်မှသာ သိကြတာပါ။

 

သားအိမ်မှာ အလုံးတည်ခြင်းရောဂါဟာ အများစုမှာ သိသိသာသာ ရောဂါလက္ခဏာမပြတတ်ပေမယ့် အလုံးတည်တဲ့နေရာ၊ အလုံးအရေအတွက်၊ အရွယ်အစားပေါ်မူတည်ပြီး ရောဂါလက္ခဏာက ကွာခြားသွားပါတယ်။ တွေ့ရအများဆုံး ရောဂါလက္ခဏာတွေကတော့ – ရာသီသွေဆင်းတာများခြင်း၊ ရာသီသွေးရက်ရှည်ဆင်းခြင်း၊ ဆီးစပ်ကိုက်ခြင်း၊ ဆီးခဏခဏ သွားခြင်း၊ ဆီးသွားရခက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ခါးကိုက်ခြင်း စသည်တို့ ဖြစ်ကြပါတယ်။ တစ်ခါတစ်လေ မခံမရပ်နိုင်အောင် ဗိုက်အောင့်တဲ့အခါ အရေးပေါ်ကုသမှု ခံယူရတာမျိုးလိုအပ်နိုင်ပါတယ်။

 

သားအိမ်မှာ ဘာကြောင့် အလုံးတည်ရသလဲဆိုတဲ့အကြောင်းအရင်းတွေကို ရှာဖွေကြတဲ့နေရာမှာ တိတိကျကျမတွေ့ရပေမယ့် မျိုးရိုးဗီဇပြောင်းလဲခြင်းနှင့် ဟော်မုန်းအပြောင်းအလဲတို့ကြောင့် ဖြစ်နိုင်ချေများတယ်လို့ သုတေသနလေ့လာချက်တွေက ဖော်ပြကြပါတယ်။ သားအိမ်အလုံးတည်ခြင်းရောဂါဖြစ်နိုင်ချေများသူတွေကတော့ – ရောဂါမျိုးရိုးရာဇဝင်ရှိခြင်း၊ အသက်ငယ်ငယ်တွင် ရာသီစောလာခြင်း၊ အဝလွန်ခြင်း၊ အသားအစားများခြင်း၊ အရက်သောက်ခြင်း၊ ဗီတာမင်ဒီချို့တဲ့ခြင်း စသည့်အကြောင်းအချက်တို့ပဲ ဖြစ်ကြပါတယ်။

 

ဘယ်လိုအခြေအနေတွေမှာ သက်ဆိုင်ရာသားဖွားမီးယပ်ဆရာဝန်နဲ့ ကုသမှုခံယူသင့်သလဲဆိုရင်

 

(၁) တောက်လျှောက်ဆီးစပ်ကိုက်နေသောအခါ

(၂) ရာသီလာတာများခြင်း၊ ရက်ရှည်ကြာခြင်း၊ ကိုက်ခဲဓမ္မတာရှည်ခြင်း

(၃) ရာသီတစ်ခုနဲ့ တစ်ခုကြား ပုံမမှန်သွေးဆင်းခြင်း

(၄) ဆီးသွားရခက်ခြင်း

(၅) ဖြူဖျော့လာခြင်း၊ အားမရှိသလို နုံးချိပြီး ရင်တုန်မူးမောလာခြင်း

ဒီအချက်တွေနဲ့ ခံစားလာရပြီဆိုရင်တော့ ဆရာဝန်နဲ့ သွားရောက်ပြသပြီး သက်ဆိုင်ရာကုသမှု ခံယူသင့်ပါတယ်။

 

သားအိမ်အလုံးတည်ခြင်းရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့ – သွေးဆင်းများ၍ ကြာလာတဲ့အခါ သွေးအားနည်းရောဂါခံစားရခြင်း၊ သွေးသွင်းကုသမှုခံယူနိုင်ရခြင်း၊ ကိုယ်ဝန်ဆောင်ရန်ခက်ခဲခြင်း၊ ကိုယ်ဝန်ရှိလာပါက သားပျက်သားလျှောဖြစ်နိုင်ချေများခြင်း၊ အချင်းရှေ့ရောက်ခြင်း၊ သန္ဓေသားဖွံ့ဖြိုးမှုနှေးကွေးခြင်း၊ လမစေ့ဘဲကလေးမွေးဖွားခြင်းတို့ ဖြစ်နိုင်ပါတယ်။

 

သားအိမ်အလုံးတည်ခြင်းရောဂါကို ရှာဖွေလေ့လာနိုင်တဲ့ စစ်ဆေးချက်တွေရှိပါတယ်။ တိကျသေချာမှုကို ပေးနိုင်တဲ့ စစ်ဆေးချက်ကတော့ ဝမ်းဗိုက်အယ်ထရာဆောင်းရိုက်ခြင်းပါ။ ဝမ်းဗိုက်အယ်ထရာဆောင်းရိုက်ခြင်းအားဖြင့် သားအိမ်အလုံးရဲ့ တည်နေရာ၊ အရွယ်အစား၊ အရေအတွက်ကို သေချာသိနိုင်ပါတယ်။ တခြားရှာဖွေစစ်ဆေးမှုအနေနဲ့ သံလိုက်ဓာတ်မှန်ရိုက်ခြင်း၊ ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း၊ သားအိမ်မှန်ပြောင်းကြည့်ခြင်းများ ပြုလုပ်နိုင်ပါတယ်။သွေးဆင်းတာများ၍ သွေးအားနည်းရောဂါခံစားနေရလားဆိုတာကို သွေးဖောက်စစ်၍ သက်ဆိုင်ရာ စစ်ဆေးချက်များ လုပ်ဆောင်ရပါတယ်။

 

ကုသမှုအနေနဲ့ သားအိမ်အလုံးရဲ့ အရွယ်အစားကလည်း မကြီးလာဘူး၊ အရေအတွက်ကလည်း မပွားလာဘူး၊ တည်ရှိတဲ့နေရာကလည်း အန္တရာယ်မများဘူးဆိုရင်တော့ ခွဲစိတ်စရာမလိုဘဲ စောင့်ကြည့်ရတတ်ပါတယ်။ဒါ့အပြင် သားအိမ်အလုံးကျုံ့သွားဖို့အတွက် ဟော်မုန်းဆေးသောက်ရတာမျိုးရှိပါတယ်။ အကယ်၍ အလုံးရဲ့ အရွယ်အစားဟာ ကြီးလာမယ်၊ အလုံးအရေအတွက်ဟာလည်း တိုးလာမယ် စတဲ့ လက္ခဏာတွေ တွေ့ရမယ်ဆိုရင်တော့ သက်ဆိုင်ရာ သားဖွားမီးယပ်ဆရာဝန်တွေထဲမှာ ခွဲစိတ်ကုသတာမျိုးတွေ ပြုလုပ်ရတတ်ပါတယ်။

 

သားအိမ်အလုံးတည်ခြင်းရောဂါအများစုဟာ အသက်အန္တရာယ်ကို ထိခိုက်နိုင်ချေနည်းပေမယ့် မပေါ့ဆသင့်တဲ့ရောဂါတစ်ခု ဖြစ်ပါတယ်။ မိမိရဲ့ ရာသီစက်ဝန်းဟာ ပုံမမှန် ဖြစ်နေမယ်။ ထူးခြားတာတွေ့မယ်ဆိုရင် မရှက်မကြောက်ဘဲ သက်ဆိုင်ရာသွားဖွားမီးယပ်ဆရာဝန်ထံမှာ စစ်ဆေးကုသမှု ခံယူသင့်ပါတယ်။ ကိုယ်ခန္ဓာအလေးချိန်ကို အဝမလွန်အောင်ထိန်းခြင်း၊ အစာအာဟာရမျှတအောင်စားခြင်း၊ အသီးအရွက်ဟင်းသီးဟင်းနှံများစားခြင်း၊ အားကစားလုပ်ခြင်းတို့ဟာ သားအိမ်အလုံးတည်ခြင်း ရောဂါဖြစ်နိုင်ချေကို နည်းစေတဲ့အတွက် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ စားသောက်နေထိုင်မှုမျိုးကိုသာ ရွေးချယ်နေထိုင်ပါလို့ အကြံပြုလိုက်ရပါတယ်။

 

Author: Dr. Khaing

Previous Post

အသားအရေ စိုပြေလှပစေမယ့် သဘာဝသစ်သီးဖျော်ရည်များ

Next Post

လျှာအရောင်က ပြောတဲ့ သင့်ကျန်းမာရေးအကြောင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အမျိုးသမီးနှင့် မီးယပ်သွေးဆုံးဝေဒနာ

5 months ago
651
To go through menopause normally

သွေးဆုံးချိန်မှာ ပုံမှန်အတိုင်းဖြတ်သန်းနိုင်ဖို့

6 months ago
747

အပျိုအအို ခွဲခြားလို့ရလား?

7 months ago
4.2k
Women and menopause

အမျိုးသမီးနှင့် သွေးဆုံးကိုင်ဝေဒနာ

7 months ago
1.2k
About the mistakes of not having children yet

ကလေးမရနိုင်သေးခြင်းရဲ့ အမှားများအကြောင်း

8 months ago
1.6k
Women and osteoporosis

အမျိုးသမီးနှင့် အရိုးပွဝေဒနာ

8 months ago
592

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
What the color of your tongue says about your health

လျှာအရောင်က ပြောတဲ့ သင့်ကျန်းမာရေးအကြောင်း

Can everyone get artificial insemination?

ဖန်ပြွန်သန္ဓေသား လူတိုင်းယူလို့ရနိုင်တာလား?

Women and osteoporosis

အမျိုးသမီးနှင့် အရိုးပွဝေဒနာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.