စိတ်ဖိစီးမှုတိုင်း အပြစ်များတာချည်းမဟုတ်ပါဘူး။ စာမေးပွဲဖြေဆိုမယ့် ကျောင်းသားဟာ စိတ်ဖိစီးမှုမရှိရင် စာမကျက်၊ စာမရလို့ စာမေးပွဲမအောင်နိုင်ပါဘူး။ ကိစ္စရပ်အပေါ်ပိုအာရုံစိုက်တယ်။ နိုးနိုးကြားကြား ရှိနေမှလည်း အောင်မြင်တတ်ပါတယ်။ စိတ်ဖိစီးမှုလျှော့ချနည်းလမ်းများထဲမှ ခုနစ်မျိုးလုပ်ဆောင်ကြည့်ရအောင်။
၁) ဆုံးဖြတ်ချက် အလွဲတွေ ပိုမိုချမှတ်ဖြစ်ခြင်း
သေချာစဉ်းစားဆုံးဖြတ်သင့်တဲ့ ကိစ္စမျိုးကို စိတ်ဖိစီးနေချိန်၊ မဆုံးဖြတ်သင့်ပါဘူး။ လူမှုစိတ်ပညာကျွမ်းကျင်သူများက စိတ်ဖိစီးမှုများနေတဲ့အခါ မိမိစိတ်သန်ရာကိုဆွဲပြီး ဆုံးဖြတ်မိလို့ မိမိဆုံးဖြတ်ချက်တိုင်း အကောင်းချည်းပဲမြင်လို့ အဆိုးဘက်ရောက်ဖို့ စိတ်ထက်သန်နေတယ်။ စိတ်တည်ငြိမ် နေတဲ့ အခါမျိုးမှသာ အကောင်းနှင့်အဆိုးချင့်ချိန်ပြီး ဆုံးဖြတ်သင့်ပါတယ်။
၂) ပေါင်းလို့သင်းလို့မကောင်းဖြစ်နေခြင်း
အလွန်အကျွံစိတ်ဖိစီးနေရင် လုပ်မိရာ လုပ်ဖြစ်လို့ ကိုယ့်ကိစ္စပဲ အာရုံစိုက်ဖြစ်နေမယ်။ ဘေးပတ်ဝန်းကျင် အာရုံစိုက်ဖို့ စိတ်မရှည်တော့ ဘေးကလူတွေ ကိုယ့်အတွက် ဒေါသဖြစ်စရာ၊ စိတ်မရှည်စရာ ဖြစ်နေလိမ့်မယ်။ ကိုယ့်စိတ်မထားတတ်ရုံတစ်ခုတည်းကြောင့်တော့ မဟုတ်ဘူး။
၃) အလုပ်ပြီးမြောက်ဖို့ ပိုခက်လာခြင်း
အလွန်အကျွံ စိတ်ဖိစီးလာတဲ့အခါ ဦးနှောက်တွင်း ရည်မှန်းချက်ဖော်ဆောင်ရေး တာဝန်ယူတဲ့အပိုင်းမှာ စိတ်ဖိစီးမှု ဟော်မုန်းများ ဖုံးလွှမ်းနှောင့်ယှက်နေတော့ လူဟာလုပ်မယ့်အလုပ်ကို ပြီးအောင်လုပ်ဖို့ ခက်ခဲလာတယ်။ ရည်မှန်းချက်ပေါက်မြောက်ရေးအတွက် နည်းလမ်းသစ်များ တီထွင် ဖန်တီးအသုံးချနိုင်စွမ်း ကုန်ခမ်းသွားပြီး လမ်းဆိုး၊ အကျင့်ဆိုးများ ဆက်လုပ်မိလို့ အလုပ်မပြီးတာ ဖြစ်လာတယ်။
၄) မယဉ်ကျေးသူဖြစ်လာခြင်း
အလွန်စိတ်ဖိစီးလာရင် လုပ်မိလုပ်ရာ လုပ် ဖြစ်တယ်။ စာမေးပွဲကျမှာ စိုးရိမ်တဲ့စိတ်မခိုင်ဘဲ စာခိုးချဖြစ်တဲ့အထိရောက်သွားတာမျိုး ဖြစ်တယ်။ စိတ်ဖိစီးစေတဲ့ ကော်တီစုန့်ဓာတ်များ နေရင် စာမေးပွဲခိုးချဖို့ ဝန်မလေးတတ်ဘူး ဆိုတယ်။
၅) တစ်ခုခုရှိဖို့ လျှာထွက်အောင် ဇွတ်လုပ်ဖို့ဝန်မလေးခြင်း
စိတ်အလွန်ဖိစီး လာတဲ့အချိန် ဘောပင်တစ်ချောင်းပျောက်နေတာတောင် တစ်အိမ်လုံးအဝတ်ဗီရိုမကျန်၊ လျှောက်ဖွင့်ရှာဖွေနေပေမယ့် အကျိုးဆက်ဆိုးကျိုးက ဘောပင်တစ်ချောင်း တွေ့ခြင်း ထက်များစွာ ကြီးမားတဲ့ စိတ်ဖိစီးမှုက ဘာမှမတွေ့နိုင်ဘဲ ဖွနေမြဲဖြစ်တယ်။ စိတ်ငြိမ် သွားတဲ့အခါရောက်မှ မိမိဖွထားသမျှ ပင်ပန်းကာသိပြီး ငါတော်တော်မိုက်ပါလား ဆိုပြီး အပြစ်တင်မိတော့တယ်။
၆) မလိုအပ်ဘဲ ပိုမို စွန့်စားခြင်း
စိတ်ဖိစီးရင် ကိုယ်တိုင်စိတ်ဖိစီးမှုပြဿနာ မြန်မြန်ပြေလည်ရေး အာရုံထားတယ်။ ကျန်တာမတွေးတော့၊ အန္တရာယ် ဖြစ်မှန်းမသိ၊ ဇွတ်တိုင်းလုပ်တော့တယ်။ ကိုယ့်ကျောပေါ်မှာ ခွစီးထားတဲ့ စိတ်ဖိစီးမှု ဝန်ထုပ် မြန်မြန် ချပစ်နိုင်ဖို့၊ ကိုယ့်စိတ်ထဲရှိရာ အလုပ်နဲ့ချည်း ဝန်ပိတော့သာ အန္တရာယ်ရှိမှန်း သတိမထားဖြစ်တော့ဘူး။
၇) မေ့လျော့တာဖြစ်ခြင်း
အလွန်စိတ်ဖိစီးသူဟာ လူကလောလာတာနဲ့အမျှ အခြားအရာများ မေ့လျော့လာတယ်။ အလုပ်များ ဖိစီးပြီး အာရုံများများနေလို့ မေ့လာတယ်။ စိတ်ဖိစီးလွန်းရင် ဦးနှောက်အတွင်း စိတ်ဖိစီးမှု ဟော်မုန်းပုံစံပြောင်းကာ၊ ခံစားချက်နောက်လိုက်ပြီး တုံ့ပြန်အောင် လုပ်ပစ် တတ်တယ်။ လူမှာ အချက်အလက်များ အားနည်းသွားကာ မှတ်သားထားတာ မေ့လျော့လာတယ်။ အေးဆေးသွားရင် မေ့နေတာပြန်မှတ်မိလာတယ်။
Author: Dr.လွင်သန့်