fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

အသက် ၃၀ အရွယ်မှာ လှပနေဖို့

To be beautiful at the age of 30
346
VIEWS
Share on FacebookShare on TwitterShare on Linkedin
23/10/2022
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

အသက်၃၀ အရွယ်ဆိုသည်မှာ အမျိုးသားများရော၊ အမျိုးသမီးများပါ တည်ငြိမ်မှုအတော်အတန် ရရှိလာသော အရွယ်လို့ အကြမ်းဖျင်းသတ်မှတ်ယူဆလို့ ရပါတယ်။ တည်ငြိမ်သော အလုပ်အကိုင်၊ တည်ငြိမ်သော ဝင်ငွေလမ်းကြောင်း၊ တည်ငြိမ်သော အချစ်ရေး သို့မဟုတ် အိမ်ထောင်ရေး စသည်တို့ကို ရရှိပိုင်ဆိုင်စပြုလာသော အသက်အရွယ်လည်း ဖြစ်ပါတယ်။

သို့သော် မိမိရဲ့ အသားအရေ၊ ခန္ဓာကိုယ်ပုံစံ စသည်တို့ဟာလည်း ထိုအသက်အရွယ်မှာပင် စတင်၍ ပြောင်းလဲလာကြပါတယ်။ ယခင်ကနှင့် မတူ ထူးခြားစွာ မျက်နှာပေါ်တွင် အရေးအကြောင်းငယ်များ စတင်ပေါ်ပေါက်လာခြင်း၊ မျက်လုံးတစ်ဝိုက်တွင် အရေးအကြောင်းငယ်များ စတင်ပေါ်ပေါက်လာခြင်း၊ Laugh line လို့ခေါ်သည့် ပါးနှင့် ပါးစပ်တစ်ဝိုက်တွင် အရေးကြောင်းငယ်များ စတင်ပေါ်ပေါက်လာခြင်း စတဲ့ပြောင်းလဲမှုများဖြစ်လာသကဲ့သို့ မျက်နှာပေါ်တွင် ဝက်ခြံများနှင့် နေလောင်ကွက်များ၊ အမဲစက်များလည်း စတင်ပေါ်ပေါက်လာနိုင်သော အချိန်အခါဖြစ်ပါတယ်။ဒါ့ကြောင့် အသက် ၃၀ ပတ်ချာလည်အရွယ်ဟာ မိမိရဲ့ အသားအရေနှင့် အရေပြားကျန်းမာရေးတို့ကို ကောင်းစွာစောင့်ရှောက်ရန်လိုအပ်သော အချိန်အခါတစ်ခုဖြစ်ပါတယ်။

 

အသက် ၃၀ အရွယ်မှာ အရေပြားကို ထိန်းသိမ်းစောင့်ရှောင့်သင့်သောနည်းလမ်းများ

၁) မျက်နှာကို သန့်စင်ပါ

နေ့စဉ်မနက်တိုင်း မျက်နှာသန့်စင်သင့်သကဲ့သို့ ညအိပ်ရာမဝင်ခင်မှာလည်း မိတ်ကပ်စသည်တို့ကို ဖယ်ရှား သန့်စင်ပြီးမှသာ အိပ်ရာဝင်သင့်ပါတယ်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် အရေပြားဆဲလ်များကို အသစ်တဖန် ပြန်လည်ပြင်ဆင်သော လုပ်ဆောင်ချက်များအား ကောင်းမွန်စွာ လုပ်ဆောင်ခွင့်ရရှိစေပါတယ်။ထိုသို့ မျက်နှာကို သန့်စင်သော ပစ္စည်းများ ဈေးကွက်အတွင်း အများအပြားရှိတာကြောင့် မိမိရဲ့ အသားအရေနဲ့ လိုက်ဖက်မယ့် ထုတ်ကုန်ပစ္စည်းများကို သေချာစွာ လေ့လာပြီးမှ ရွေးချယ်ဝယ်ယူ အသုံးပြုသင့်ပါတယ်။

 

၂) အရေပြားမှ ဆဲလ်သေများကို ဖယ်ရှားပေးပါ (သို့မဟုတ်) Exfoliate လုပ်ပါ

အရေပြားမှ ဆဲလ်သေများကို ဖယ်ရှားခြင်းကို နေ့ဘက်တွင်ပြုလုပ်ခြင်းထက် ညဘက်တွင် ပိုမို ပြုလုပ်သင့်ပါတယ်။ညဘက်တွင် အရေပြားဟာ ဆဲလ်အသစ်ပြုလုပ်ခြင်း လုပ်ငန်းဆောင်တာများကို ပြုလုပ်ခြင်းကြောင့် ညအိပ်ယာမဝင်ခင် ဆဲလ်သေများကို ဖယ်ရှားပေးခြင်းဟာ အရေပြားရဲ့ လုပ်ငန်းဆောင်တာများကို ပိုမိုတိုးတက်လာစေပါတယ်။ထိုသို့ အရေပြားမှ ဆဲလ်သေများကို ဖယ်ရှားသောအခါ ညင်သာစွာပြုလုပ်ရန်လိုအပ်ပါတယ်။ တစ်ပတ်လျှင် ၂ ကြိမ်မှ ၃ ကြိမ်အထိ ပြုလုပ်နိုင်ပါတယ်။

 

၃) နေရောင်ခြည်မှ ကာကွယ်ပါ

နေရောင်ခြည်အောက်သို့ ထွက်ခွာတော့မည်ဆိုလျှင် မိမိရဲ့ အရေပြားကို ထီး၊ ဦးထုပ် စသော အဆောင်းအကာများဖြင့် ကောင်းစွာ ကာကွယ်ရန် လိုအပ်ပါတယ်။ ဒါ့ပြင် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်၊ ထမီ၊ ပုဆိုးစသဖြင့်နေရောင်ခြည်ကို လုံခြုံအောင် ကာကွယ်ပေးနိုင်သော အဝတ်အထည်များကို ဝတ်ဆင်သင့်ပါတယ်။ အကာအကွယ်မပါဘဲ နေရောင်အောက်တွင် သွားလာခြင်းဟာအရေပြားပျက်စီးခြင်းနှင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းတို့ကို အားပေးပါတယ်။

 

၄) နေရောင်ကာလိမ်းဆေး ခရင်များကို အသုံးပြုပါ

အသားအရေကို နေရောင်ခြည်ဒဏ်မှ ကာကွယ်ရန် နေရောင်ကာ လိမ်းဆေးခရင်များကိုလည်း အသုံးပြုပေးရပါမယ်။ထိုသို့ အသုံးပြုရာတွင် ခရမ်းလွန်ရောင် အမျိုးအစား A သာမက B ကိုပါ ကာကွယ်ပေးနိုင်သော UVA/UVB နေရောင်ကာ လိမ်းဆေးခရင်များကို ရွေးချယ်သင့်ပါတယ်။မိုးရွာသောနေ့များ၊ မိုးအုံ့သောနေ့များတွင်ပါ နေရောင်ကာ လိမ်းဆေးခရင်များကို လိမ်းရန်လိုအပ်ပါတယ်။

ထိုသို့ လိမ်းရာတွင် နေရောင်ကာလိမ်းဆေး ခရင်များနှင့်အတူ Antioxidants serum သို့မဟုတ် Vitamin C serum များကိုပါ တွဲဖက် အသုံးပြုသင့်ပြီး နေရောင်ကာလိမ်းဆေး ခရင်ကို ရှေးဦးစွာ လိမ်းရန်လိုအပ်ပါသည်။

 

၅) အသားအရေကို ရေဓာတ်ဖြည့်တင်းပါ

မိမိ အသားအရေကို ရေဓာတ်မခမ်းခြောက်စေရန် ထိန်းသိမ်းခြင်းဟာလည်း အရေပြားနှင့် အသားအရည် နုပျိုစေသော နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ထိုသို့ ရေဓါတ်ဖြည့်တင်းရန်အတွက် ရေဓာတ်ဖြည့်တင်းပေးသော Moisturizer များကို ရေချိုးပြီးတိုင်း အသုံးပြု လိမ်းကျံသင့်ပါတယ်။

 

၆) ခန္ဓာကိုယ်ကို ရေဓါတ်ဖြည့်တင်းရန် ရေများများသောက်ပါ

ရေများစွာသောက်ခြင်းဟာခန္ဓာကိုယ်တွင် ရေဓာတ်ဖြည့်တင်းရန် မဖြစ်မနေလိုအပ်သော အရာတစ်ခုဖြစ်ပါတယ်။ ရေအပြင် သံပုရာရည်ကိုလည်း သောက်သုံးနိုင်တဲ့အပြင်ကျန်းမာရေးနှင့် ညီညွတ်ပြီး အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများကို စားသုံးသင့်ပါတယ်။

 

၇) စိတ်ဖိစီးမှုကင်းရှင်းအောင် ကြိုးစားပါ

စိတ်ဖိစီးမှုကင်းရှင်းအောင်ပြုလုပ်ခြင်းဟာ အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။။ သို့သော် စိတ်ဖိစီးမှုကင်းရှင်းအောင် ပြုလုပ်နိုင်ပါက အရွယ်မတိုင်မီ အရေပြား အိုမင်းရင့်ရော်ခြင်းမဖြစ်အောင် တားဆီးရာတွင် များစွာအထောက်အကူပြုပါတယ်။ မိမိစိတ်ပါဝင်စားသော၊ ဝါသနာပါသောအလုပ်များကို ပြုလုပ်ခြင်းဟာ စိတ်ဖိစီးမှုကင်းရှင်းစေရန် အထောက်အကူပြုပြီး နေ့စဉ် ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများကို ပြုလုပ်ကာ စိတ်ဖိစီးမှုများကို လျှော့ချပေးနိုင်ပါတယ်။

အထက်ပါ နည်းလမ်းများကို လိုက်နာကျင့်ကြံခြင်းအားဖြင့် အသက် ၃၀ ပတ်ချာလည်မှာ ကြုံတွေ့ကြရမယ့် အရေပြားဆိုင်ရာ ပြဿနာများကို အတော်အတန်ပမာဏအထိ လျော့ချပေးနိုင်လိမ့်မည်ဖြစ်ကြောင်း သတင်းကောင်းပေးလိုက်ပါတယ်။

 

Author: Dr. CK

Previous Post

အသက်အရွယ်အရ ကြွက်သားဆုံးရှုံးတာကို ဘယ်လိုကာကွယ်မလဲ?

Next Post

ခေတ်လူငယ်နှင့် စိတ်ကျန်းမာရေးအကြောင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

12 months ago
533
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

1 year ago
789

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
1.9k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
About youth and mental health

ခေတ်လူငယ်နှင့် စိတ်ကျန်းမာရေးအကြောင်း

Age and sagging skin

အသက်အရွယ်နှင့် အရေပြားလျော့တွဲခြင်း

To relieve eye wrinkles and smile lines

မျက်လုံးအရေးအကြောင်းနဲ့ Smile line တွေသက်သာစေဖို့

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.