အသက်အရွယ် တဖြေးဖြေးကြီးလာမှုအပေါ် မူတည်ပြီးတော့ ခန္ဓာကိုယ်မှာရှိတဲ့ အရေပြားတွေ လျော့တွဲလာခြင်းကို ဘယ်အချိန်မှာ စတင်ကြုံတွေ့ရလဲဆိုတာ သင်သိပါသလား?
ပုံမှန်အားဖြင့် အသက် နှစ်ဆယ် နဲ့ သုံးဆယ်ကြား အရွယ်မှာ ပထမဦးဆုံးသော အရေပြားလျော့တွဲလာခြင်းကို မျက်လုံးများ ပတ်ပတ်လည်ရှိ အရေပြားများတွန့်လာခြင်း၊ အရေးကြောင်းများ မသိမသာ ပေါ်ပေါက်လာခြင်းမှ တစ်ဆင့်တွေ့နိုင်ပါတယ်။ အသက်သုံးဆယ်ပြည့်တဲ့ အခါမှာတော့ အရေပြားဟာ အရောင်အဆင်း တဖြည်းဖြည်း မှိန်ဖျော့လာပါတယ်။ ဒါ့အပြင် မျက်မှောင်တွန့်မှ မျက်ခုံးနှစ်ခုကြား ပေါ်လာတဲ့ အရေးအကြောင်းတွေ၊ ပုံမှန်ဆို ရယ်လိုက်မှ နှာခေါင်းနဲ့ နှုတ်ခမ်းတစ်ဝိုက်မှာ ပေါ်လာတဲ့ smile line လို့ခေါ်တဲ့ အရေးအကြောင်းတွေဟာ မျက်မှောင်မကျုံ့ဘဲ၊ မရယ်ဘဲ နဲ့ ပေါ်လာနေပါပြီ။
အသက်ကြီးလာလေလေ အရေပြားမှာရှိတဲ့ ကော်လဂျင်၊ ရေဓာတ်၊ တင်းတင်းရင်းရင်းဖြစ်မှုတွေဟာ လျော့နည်း ခမ်းခြောက်စပြုလာပါတယ်။ အစောဆုံးနဲ့ အသိသာဆုံးကတော့ မျက်ခွံတွေပါ။ အပေါ်မျက်ခွံက အရေပြားတွေဟာ လျော့ရဲလာပြီးတော့ မျက်လုံးမှေးသွားသလိုထင်ရအောင် တွဲကျလာပါမယ်။ အောက်မျက်ခမ်းကို ထောက်ကန်ပေးထားတဲ့ ကြွက်သားတွေဟာ အားပျော့လာပြီးတော့ အဆီတွေပိုစုပုံလာတဲ့အတွက် အောက်မျက်ခမ်းတွေ ဖောင်းနေသယောင်၊ အစ်နေသယောင် ဖြစ်လာပါမယ်။
ကိုယ်ခန္ဓာတစ်ခုလုံးမှာရှိတဲ့ အရေပြားတွေဟာ အသက်ကြီးလာလေ ကော်လဂျင် နဲ့ ရေဓာတ်တွေ လျော့နည်းလာပြီးတော့ ခြောက်ကပ်ကပ်၊ လျော့တိလျော့ရဲ ဖြစ်လာကာ တွဲကျလာပါမယ်။ အသိသာဆုံး ဖြစ်မှာကတော့ နုပျိုစဉ်က တင်းတင်းရင်းရင်း ဖောင်းဖောင်းလေး ဖြစ်နေခဲ့တဲ့မျက်နှာပါ။
အသက် လေးဆယ်ကနေ ငါးဆယ်ကြားအရွယ်မှာတော့ မျက်နှာပေါ်က အဆီတွေဟာ ပမာဏလျော့နည်းလာပြီးတော့ မျက်တွင်းဟောက်ပက်နဲ့ ပါးဆုံရိုးတွေ ငေါထွက်လာသလို ပိုပြီး အရိုးတွေ ပေါ်လွင်လာစေပါတယ်။ ကမ္ဘာ့ဆွဲငင်အားနဲ့အတူ အဆီတွေဟာ အောက်ဖက်ကို ပိုစုပုံလာတဲ့အတွက် မေးစေ့အောက်မှာပုံပြီးတော့ တွဲကျနေကာ မေးနှစ်ထပ်ပုံစံမျိုးဖြစ်လာကာ ကြည့်ရဆိုးစေပါတယ်။
ဒီလိုမျိုး အသက်အရွယ်ကြောင့် နုပျိုမှုတွေ မရှိတဲ့ပုံစံဖြစ်သွားမှာကို စိတ်ပူနေပါသလား?
(၁) အစွမ်းထက်သော antioxidant များ ဖြစ်ပြီး အရေပြားပျက်စီးခြင်းကို ကာကွယ်ပေးကာ အရောင်အဆင်း တောက်ပလင်းလက် စိုပြေစေရုံသာမက ငယ်ရွယ်နုပျိုကျန်းမာသော အရေပြားအဖြစ် ပြန်လည်မွေးဖွားပေးမဲ့ သဘာဝအသီးအနှံ အခြေခံဖြည့်စွက်စာ၊ အလှကုန်တွေ
(၂) ကော်လဂျင်ထုတ်လုပ်ရာမှာ အဓိကပါဝင်ပြီးတော့ အရေပြားတင်းတင်းရင်းရင်း ဖြစ်စေတဲ့ အမျှင်များကို မပျက်စီးအောင် ကာကွယ်ပေးတဲ့ Vitamin C မှီဝဲခြင်းနဲ့
(၃) ကိုယ်ခန္ဓာရှိ ဆဲလ်တွေ ကျန်းမာစွာနဲ့ လုပ်ငန်းဆောင်တာများ စွမ်းဆောင်နိုင်ခြင်းကို အားပေးပြီး အရေပြား အရောင်အဆင်းကို ဝင်းလက်စိုပြေစေတဲ့ ဓါတ်တိုးဆန့်ကျင် သတ္တိရှိတဲ့ antioxidant ကြွယ်ဝသော အစားအစာ၊ ဖြည့်စွက်အားဆေးများ သောက်သုံးခြင်းဖြင့် နုပျိုမှုကို ထိန်းသိမ်းနိုင်မှာပဲ ဖြစ်ပါတယ် ။
Author: Dr.Yee Mon