fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

နေပူထဲမှာနေတာကြာရင် ဘာကြောင့်ခေါင်းကိုက်တတ်တာလဲ?

261
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/05/2023
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ယခုနှစ်နွေရာသီကတော့ ပူလွန်းလို့ ယပ်တောင်တဖျတ်ဖျတ်ခပ်ပြီး ထိုင်မရ၊ထမရ နေရခက်တဲ့ ကာလတွေပါပဲ။ ရာသီဥတု ပူတာနဲ့အမျှ နေပူတာကြောင့် ဖြစ်ရတဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကလည်း များလှပါတယ်။ နေပူတာကြောင့် ဖြစ်တဲ့ ပြဿနာတွေထဲမှာ ခေါင်းအလွန်အမင်း ထိုးကိုက်နေတာ၊ ခေါင်းတစ်ခြမ်းကိုက်တာတွေလည်း ပါဝင်ပါတယ်။

နေပူတာနဲ့ ဘာကြောင့် ခေါင်းကိုက်ရသလဲ?

• နေရောင်ခြည်စူးစူးကို ကြည့်မိတဲ့အခါ
• လေထုထဲမှာ စိုထိုင်းဆ များတဲ့အခါ
• အပူရှိန်ကြောင့် ချွေးထွက်များပြီး ရေဓာတ်ခန်းခြောက်တဲ့အခါ (dehydration)
• နေပူထဲမှာ အနေကြာပြီး အပူရှပ် (heat exhaustion) ၊ အပူသင်တုန်းဖြတ် (heat stroke) တဲ့အခါ
• အပူရှိန်ကြောင့် serotonin လို ဟော်မုန်းတွေ အပြောင်းအလဲ ဖြစ်တဲ့အခါမျိုးတွေမှာ ခေါင်းကိုက်ခြင်းကို ခံစားရတတ်ပါတယ်။

– နားထင်နဲ့ ဇက်ကြောတွေ အုံနေတာ၊ လေးနေတာ
– မျက်ရိုးတွေ ကိုက်နေတာ
– ခေါင်းတစ်ခြမ်းထဲကပဲ ကိုက်နေတာ
– ခေါင်းကိုက်တာအပြင် ခေါင်းပါမူးနေတာမျိုးတွေ အများအားဖြင့် ခံစားရတတ်ပါတယ်။
အထက်ပါ လက္ခဏာတွေအပြင်
*ပျို့အန်တာ
*ကြွက်တက်တာ
*ကိုယ်အပူချိန် ၁၀၃ ဒီဂရီဖာရင်ဟိုက်ထက် များတာ
*ခြေလက်တွေ ဖြူဖျော့အေးစက်လာတာ
*စကားပြောရင် လေးလာတာ၊ မပီတာ
*သတိလစ်ချင်တာမျိုးပါ ဖြစ်လာရင် အပူသင်တုန်းဖြတ်တာ ဖြစ်နိုင်တာမို့ ဆေးရုံဆေးခန်းကို ချက်ချင်းသွားရပါမယ်။ ဆေးရုံဆေးခန်း မသွားခင်နဲ့ သွားနေစဉ် ခန္ဓာကိုယ်အပူချိန် လျော့ကျအောင် ရေပတ်ဝတ်တိုက်တာ၊ ရေချိုးတာ၊ aircon သို့မဟုတ် ပန်ကာဖွင့်ပေးထားတာ၊ သတိကောင်းရင် ရေများများတိုက်တာတွေ လုပ်ပေးထားဖို့ လိုအပ်ပါတယ်။

နေပူရှိန်ကြောင့် ခေါင်းမကိုက်အောင် ဘာတွေလုပ်ရမလဲ?

အရိုးရှင်းဆုံးကတော့ နေပူထဲမှာ ကြာကြာမနေဖို့ပါပဲ။ နေပူထဲမှာ နေတဲ့အချိန်ကို လျှော့ချနိုင်ရင် ခေါင်းကိုက်တာလည်း လျော့နည်းလာမှာပါ။ အကယ်၍ မတတ်သာလို့ နေပူထဲထွက်ရရင် ထီးဆောင်းတာ၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်၊ ပုဆိုး၊ထမီ စသည်ဝတ်တာ၊ တတ်နိုင်သမျှ အရိပ်ရှိတဲ့နေရာ ရှာနေတာမျိုး လုပ်ပါ။ ရေများများသောက်ပါ။ ချွေးထွက်များရင် ဓာတ်ဆားရည်လည်း သောက်ပါ။

ခေါင်းကိုက်တာ ခံစားခဲ့ရရင် paracetamol နဲ့ ibuprofen တို့လို့ ဆရာဝန်ညွှန်ကြားချက် မလိုတဲ့ဆေးတွေ သောက်နိုင်ပါတယ်။ Ibuprofen ဟာ အစာအိမ်နဲ့ အူလမ်းကြောင်းကို ထိခိုက်နိုင်လို့ အစာနဲ့တွဲသောက်ဖို့ သတိထားရပါမယ်။
လာဗင်ဒါဆီ lavender နှင့် ပူစီနံ peppermint အဆီလို essential oils တွေက ခေါင်းကိုက်ခြင်းကို သက်သာစေနိုင်လို့ လိမ်းတာဖြစ်ဖြစ်၊ ရှူတာဖြစ်ဖြစ် လုပ်လို့ရပါတယ်။ ရေခဲတုံးလေးတွေ နားထင်မှာ ကပ်ပေးတာ၊ အေးခဲထားတဲ့ လက်ဖက်အိတ်လေးတွေ ကပ်ပေးတာကလည်း ခေါင်းကိုက်ခြင်းကို သက်သာစေပါတယ်။ စိတ်ဖိစီးမှုတွေက ခေါင်းကိုက်တာကို ပိုဆိုးစေတာမို့ စိတ်ဖိစီးမှုတွေကို လျှော့ချဖို့ကလည်း အရေးကြီးပါတယ်။ တရားထိုင်တာ၊ ဝင်လေထွက်လေမှတ်တာ၊ သီးချင်းနားထောင်တာ၊ စာဖတ်တာ စသဖြင့် ကိုယ်စိတ်ပါဝင်စားရာကို လုပ်ပြီး စိတ်ဖိစီးမှုကို လျှော့ချလို့ ရပါတယ်။

ဘာ့ကြောင့်ပဲ ခေါင်းကိုက်ကိုက်၊ ခေါင်းကိုက်တာက ခံရခက်တဲ့ ဝေဒနာတစ်ခုပါ။ နေပူထဲမှာ အနေကြာလို့ ခေါင်းကိုက်တာက အပူရှပ်တာနဲ့ အပူသင်တုန်းဖြတ်တာလို အသက်အန္တရာယ်စိုးရိမ်ရတဲ့ ပြဿနာတွေထိ ဖြစ်နိုင်တာမို့ မပေါ့ဆကြဖို့ သတိပေးလိုက်ရပါတယ်။

Author: Dr.Yee Mon

Previous Post

ဝမ်းချုပ်ခြင်းနှင့် အူမကြီးကင်ဆာ

Next Post

အလွှာခြားတာကောင်းလား?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.1k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
820
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
837
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အလွှာခြားတာကောင်းလား?

Paracetamol သို့မဟုတ် Acetaminophen အကြောင်း

မှိုတက်နေတဲ့အစားအစာတွေကို စားမိတဲ့အခါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.