လူတွေဟာ ရောဂါတွေ ထူပြောပြီး စိတ်ပင်ပန်း၊ အလုပ်ပင်ပန်းနေကြရတဲ့ ခေတ်မို့ အားဆေးနဲ့ ဖြည့်စွက်စာ အမျိုးမျိုးကို ကောင်းနိုးရာရာ မှီဝဲနေကြရပါတယ်။ အားဆေးနဲ့ ဖြည့်စွက်စာတွေ သောက်တဲ့အခါ multivitamins ဆိုတဲ့ စကားလုံးလေးကို အတွေ့များမှာပါ။ အဲဒီ multivitamins တွေက ခန္ဓာကိုယ်အတွက် ဘာတွေကောင်းပြီး ဘယ်လိုရွေးချယ် သောက်သင့်သလဲဆိုတာကို ပြောပြသွားပါမယ်။
နေ့စဉ်စားသောက်တဲ့ အစားအစာတွေထဲမှာ သစ်သီးတွေ၊ အစေ့အဆန်တွေနဲ့ ဟင်းသီးဟင်းရွက် အနည်းဆုံး ငါးမျိုးခန့် ပါဝင်အောင် စားနိုင်မယ်ဆိုရင် အားဆေးနဲ့ ဖြည့်စွက်စာတွေကို မလိုအပ်ပါဘူး။ ဒါပေမယ့် ဒီအရာအားလုံးနေ့စဉ်ပါဝင်အောင် စားသောက်ဖို့က မလွယ်လှတဲ့အတွက် multivitamins အားဆေးတွေရဲ့ အကူအညီကို ယူဖို့လိုအပ်တာပါ။
ကျန်းမာပြီး အသက်မကြီးသေးတဲ့သူတွေက ကျန်းမာရေးနှင့်ဆေးဝါးလိုင်စင် FDA ရှိတဲ့ ဘယ်အားဆေးကိုမဆို သောက်သုံးလို့ ရပေမယ့် တချို့သူတွေကတော့ ဆရာဝန် သို့မဟုတ် ဆေးပညာကျွမ်းကျင်သူနဲ့ ဘယ်လိုအားဆေးကို သောက်သင့်သလဲဆိုတာ တိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။
(၁) ဆီးချိုရောဂါ
အကြမ်းဖျဉ်း ပြောရရင်…
• သွေးဆုံးပြီးတဲ့ အမျိုးသမီးတွေဟာ အရိုးပွ၊ အရိုးပါးလာတဲ့အတွက် အရိုးတွေသန်မာစေပြီး အရိုးပွ၊ အရိုးပါးရောဂါကို ကာကွယ်ပေးနိုင်တဲ့ ကယ်လ်ဆီယမ် calcium နဲ့ ဗီတာမင်ဒီ vitamin D ပါတဲ့ အားဆေးကို ရွေးချယ်သင့်ပါတယ်။
• အသက် ၅၀ နှင့်အထက် လူကြီးတွေ ဆိုရင်တော့ ဦးနှောက်နှင့်အာရုံကြောတွေ အားကောင်းဖို့အတွက် vitamin B 12 ကို ပိုလိုအပ်ပါတယ်။ အစားအစာထဲမှာပါတဲ့ ဗီတာမင်ဘီ vitamin B 12 ကို ခန္ဓာကိုယ်က လုံလောက်အောင် စုပ်ယူနိုင်ခြင်း မရှိလို့ အားဆေး သို့မဟုတ် ဖြည့်စွက်စာအနေနဲ့ သောက်သုံးသင့်တာပါ။
• တချို့သော နာတာရှည်ရောဂါတွေအတွက် သောက်ရတဲ့ဆေးတွေက (ဥပမာ…lasix ဆီးဆေး) ခန္ဓာကိုယ်ထဲက magnesium, calcium နဲ့ potassium ဓာတ်တွေကို လျော့နည်းသွားစေနိုင်တာမို့ ဘယ်ဓာတ်တွေ လျော့နည်းနေလဲဆိုတာ စစ်ဆေးပြီး ပြန်ဖြည့်ပေးဖို့ လိုအပ်ပါတယ်။
• အစာအိမ်နဲ့ အူလမ်းကြောင်း ရောဂါရှိသူ သို့မဟုတ် ခွဲစိတ်ထားသူ၊ ဝမ်းလျောဝမ်းပျက်ဖြစ်နေသူ၊ ပျို့အန်နေတဲ့သူ၊ အရက်စွဲသောက်သူတွေ ဆိုရင် multivitamins ကို နေ့စဉ်ပုံမှန် သောက်သုံးဖို့ လိုပါလိမ့်မယ်။
• အမြင်အာရုံကောင်းပြီး ကိုယ်တွင်းအင်္ဂါတွေ ကျန်းမာဖို့အတွက် beta-carotene နဲ့ ဗီတာမင်အေ vitamin A ကို လိုအပ်ပါတယ်။
• ကိုယ်ဝန်ဆောင်မိခင်တွေဟာ မွေးလာတဲ့ ကလေးကို ဦးနှောက်နှင့်အာရုံကြောချို့ယွင်းမှုတွေ မဖြစ်အောင် ကိုယ်ဝန်အစပိုင်း လတွေတည်းက folic acid ကို သောက်သုံးရပါမယ်။
• အသားအရေ တောက်ပချောမွေ့ချင်ရင် vitamin C နဲ့ antioxidants တွေ၊ အရိုးနဲ့ ကြွက်သားတွေ သန်မာဖို့အတွက် vitamin D နဲ့ calcium၊ ကိုယ်ခံအားကောင်းဖို့ ဆိုရင် vitamin C,D နဲ့ E တွေကို ရွေးချယ်ဖို့ လိုပါတယ်။
(၁) ဆီးချိုရောဂါ
Multivitamins တွေ သောက်သုံးတာဟာ အများအားဖြင့် ပြဿနာမရှိဘူး ဆိုပေမယ့်…
• iron (သံဓာတ်အားဆေး) တွေကို လိုတာထက် ပိုပြီး သောက်သုံးမိရင် ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်ပျက်စီးနိုင်တာ
• retinol တွေ အများကြီး သောက်သုံးမိရင် အသည်းနဲ့ အရိုးတွေ ထိခိုက်နိုင်တာ
• vitamin D ကို တစ်နေ့ 5000 IU ထက် ပိုသောက်မိရင် ကျောက်ကပ်မှာ ကျောက်တည်နိုင်တာ စတဲ့ ဆိုးကျိုးတွေလည်း ဖြစ်နိုင်ပါတယ်။အားလုံးခြုံငုံပြီးပြောရမယ်ဆိုရင်တော့ ဘယ် Vitamin ပဲသောက်သောက် သတ်မှတ်ထားတဲ့ limit ထက်ကျော်ပြီးမသောက်ဘူးဆိုရင်တော့ အကောင်းဆုံးပါပဲ။
ဒါကြောင့် ဆေးဗူး၊ ဆေးကဒ်မှာ ပါတဲ့ ပါဝင်ပစ္စည်းနဲ့ ဆေးညွှန်းတွေကို သေသေချာချာ ဖတ်ရှုပြီး နားမလည်ရင် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ သောက်တာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
Author: Dr.Yee Mon