fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

ဆီးလမ်းကြောင်းပိုးဝင်ကြောင်း သိနိုင်မယ့်လက္ခဏာများ

2.8k
VIEWS
Share on FacebookShare on TwitterShare on Linkedin
30/06/2023
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

ဆီးလမ်းကြောင်းပိုးဝင်ကြောင်း သိနိုင်မယ့်လက္ခဏာများ

ဆီးပြွန်၊ ဆီးအိမ်နဲ့ ကျောက်ကပ်စတဲ့ ဆီးလမ်းကြောင်းတစ်လျှောက်က ဘယ်နေရာမှာမဆို ရောဂါပိုးဝင်တာကို ဆီးလမ်းကြောင်းပိုးဝင်ခြင်း Urinary Tract Infection- UTI လို့ ခေါ်ပါတယ်။ ဆီးလမ်းကြောင်း (urethra) နဲ့ ဆီးအိမ် (bladder) တစ်လျှောက်မှာ ပိုးဝင်တာကို ဆီးလမ်းကြောင်းအောက်ပိုင်း ပိုးဝင်ခြင်း (lower urinary tract infection) လို့ သတ်မှတ်ပြီး ဆီးပြွန် (ureter) နဲ့ ကျောက်ကပ် (kidney) မှာ ပိုးဝင်တာကိုတော့ ဆီးလမ်းကြောင်းအထက်ပိုင်း ပိုးဝင်ခြင်း (upper urinary tract infection) လို့ ခေါ်ပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်ကြောင်း သိနိုင်မယ့် ရောဂါလက္ခဏာတွေ…

(၁) ဆီးချိုရောဂါ
ဆီးလမ်းကြောင်းအောက်ပိုင်း ပိုးဝင်တဲ့အခါ
• ဆီးသွားချိန် နာကျင်တာ၊ အောင့်တာ
• ဆီးကျန်သလို ခံစားရတာ
• မကြာခဏ ဆီးသွားချင်တာ
• ဆီးမထိန်းနိုင်တာ
• ဆီးထဲမှာ အနည်ပါတာ သို့မဟုတ် သွေးပါတာ
• မောပန်းအားကုန်သလို ဖြစ်တာ
• ခါးနာတာ
• ဝမ်းဗိုက်အောက်ပိုင်း အောင့်တာတွေ ခံစားရနိုင်ပါတယ်။

ဆီးလမ်းကြောင်းအထက်ပိုင်း ပိုးဝင်တဲ့အခါ ဆီးလမ်းကြောင်းအောက်ပိုင်း ပိုးဝင်တဲ့ လက္ခဏာတွေအပြင်
• ဖျားတာ
• ချမ်းတုန်တာ
• ဝမ်းသွားတာ၊ အန်တာ
• ခါးနာတာ
• ဂနာမငြိမ်ဖြစ်တာတွေပါ ခံစားရတတ်ပါတယ်။
အဖျားအရမ်းကြီးတာ၊ မှိန်းတာ သို့မဟုတ် ကယောင်ကတမ်းဖြစ်လာတာတွေက ပိုးဆိပ်ပျံ့နှံ့တဲ့ လက္ခဏာတွေ ဖြစ်နိုင်တာမို့ အမြန်ဆုံး ဆေးရုံဆေးခန်းကို သွားသင့်ပါတယ်။

ဘယ်လို ကုသမလဲ?

ပုံမှန်အားဖြင့် ဆရာဝန်ညွှန်ကြားသော ပိုးသတ်ဆေးကို ရက်ပြည့်အောင် သောက်ပေးဖို့ လိုပါမယ်။ ကျောက်ကပ်ပိုးဝင်ပြီး ရောင်ရမ်းတဲ့ လက္ခဏာတွေ ရှိရင်တော့ ပိုးသတ်ဆေးကို ရက်ကြာကြာ သောက်ဖို့ လိုအပ်သလို ထိုးဆေးလိုအပ်တဲ့ အခြေအနေလည်း ဖြစ်နိုင်ပါတယ်။ ဆီးသွားရင်နာကျင်တာနဲ့ ခါးနာတာအတွက် paracetamol သို့မဟုတ် ibuprofen လို အကိုက်အခဲပျောက်ဆေးတွေ သောက်နိုင်ပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်စေတဲ့ အကြောင်းရင်းတွေထဲမှာ ဆီးကျောက်တည်တာ၊ ဆီးကျိတ်ရောင်တာ၊ လိင်ဆက်ဆံတာ၊ သုတ်ပိုးသေဆေးပါတဲ့ ကွန်ဒုံးသုံးတာ၊ ကိုယ်ခံအားနည်းတာ (ဆီးချို၊ ကင်ဆာ၊ HIV ပိုး ရှိတာ စသည်) တွေ ပါဝင်ပါတယ်။

(၁) ဆီးချိုရောဂါ
ဆီးလမ်းကြောင်း ပိုးမဝင်အောင် ကာကွယ်ဖို့ ဆိုရင်…

• ရေများများသောက်ပါ။
• ဆီးသွားချင်တဲ့အခါ ချက်ချင်းသွားပါ။ အောင့်မထားပါနဲ့။
• လိင်ဆက်ဆံပြီးတိုင်း ချက်ချင်း ဆီးသွားပါ။
• ဝမ်းသွားဆီးသွားပြီး သန့်ရှင်းရေး လုပ်ရင် အရှေ့မှ အနောက်သို့ သုတ်ပါ။ အနောက်မှ အရှေ့သို့ ဦးတည်ရင် စအိုတဝိုက်မှ အညစ်အကြေးနဲ့ ပိုးမွှားတွေက ဆီးလမ်းကြောင်းဆီ ရောက်ရှိလာနိုင်ပါတယ်။
• ချည်သားနဲ့လုပ်တဲ့ အတွင်းခံတွေသာ ဝတ်ဆင်ပါ။ ဘောင်းဘီကျပ်ကျပ် ဝတ်ဆင်တာမျိုး ရှောင်ပါ။
• စအိုနဲ့ ဆီးလမ်းကြောင်းအပေါက်ဝနဲ့ မျိုးပွားအင်္ဂါတဝိုက်ကို အနံ့ပါတဲ့ အပြင်းစား ဆပ်ပြာနဲ့ သန့်စင်ရည်တွေ အသုံးပြုခြင်းမှ ရှောင်ကြဉ်ပါ။

ဆီးလမ်းကြောင်းပိုးဝင်တာကို အချိန်မီ မကုသရင် ကျောက်ကပ်ရောင်ရမ်း ပိုးဝင်တာ၊ သွေးထဲကို ပိုးဆိပ်ပျံ့တာတွေ ဖြစ်ပြီး အသက်အန္တရာယ်ရှိသည်အထိ ဖြစ်နိုင်တာမို့ မပေါ့ဆသင့်ပါဘူး။ ဒါကြောင့် ဆီးလမ်းကြောင်း ပိုးဝင်တဲ့ လက္ခဏာတွေရှိရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသစစ်ဆေးဖို့ လိုအပ်ပါတယ်။

Author: Dr.Yee Mon

Previous Post

အရပ်အမောင်းနှင့် ကျန်းမာရေး

Next Post

Multi Vitamins ဆိုတာဘာလဲ?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
658

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
627
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.9k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.7k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

Multi Vitamins ဆိုတာဘာလဲ?

ဓမ္မတာသွေးအရောင်မှတဆင့် သိနိုင်မယ့် သားအိမ်ကျန်းမာရေး

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.