(Zawgyi)
မႈိခူးဆြတ္သူမ်ားသည္ အဆိပ္ရွိေသာမႈိကို အဆိပ္မရွိမႈိဟု ထင္မွတ္၍ မွားယြင္းစြာ ခူးဆြတ္စားေသာက္မိရာမွ မႈိဆိပ္သင့္ျခင္း အဓိကျဖစ္ပြားပါသည္။
အဆိပ္ရွိသည္ဟု ယူဆရမည့္မႈိမ်ားမွာ –
- ဆြတ္ဆြတ္ျဖဴေသာမႈိမ်ား
- အညိဳေရာင္ မႈိေသးေသးမႊားမႊားမ်ား
- အညိဳေရာင္ မႈိပြင့္ႀကီးမ်ား
- အနီေရာင္၊ ပန္းေရာင္အဆင္းရွိေသာ မႈိမ်ား
- မႈိပြင့္ကို လက္ႏွင့္ေျခပြတ္သည့္အခါ အနီေရာင္အရည္ထြက္ျခင္း
- မႈိ႐ိုးတံကို ဓါးႏွင့္ျဖတ္ပါက ျဖတ္ေနစဥ္ ညိဳျပာသြားျခင္း
- မႈိေပၚသို႔ ဆားျဖဴးၾကည့္ပါက ညိဳမဲလာျခင္း
- မႈိကို ဆားရည္ႏွင့္ စိမ္ၾကည့္ပါက အေရာင္ညိဳ ၊ ျပာနက္လာျခင္း
- မႈိ႐ိုးတံကို လက္ႏွင့္ေျခသည့္အခါ ေၾကမြသြားျခင္း
- မႈိပြင့္ထိပ္၌ အေၾကးခြံကဲ့သို႔ အဖတ္မ်ားရွိေနျခင္း
- မႈိ႐ိုးတံ အထက္ပိုင္း၌ အရစ္ပါရွိျခင္း
- မႈိ႐ိုးတံ၏ ေအာက္ပိုင္း၌ ေျခက်င္းဝတ္ကဲ့သို႔ အရစ္ပါရွိျခင္း တို႔ျဖစ္ပါသည္။
- မႈိအဆိပ္သည္ ခ်က္ျပဳတ္ ေအးခဲထားျခင္းျဖင့္လည္း ပ်က္ဆီးေပ်ာက္ကြယ္ မသြားႏိုင္ပါ။
အဆိပ္ရွိေသာမႈိစားသုံးမိပါက ခံစားရေသာ ေရာဂါလကၡဏာမ်ားမွာ မူးေဝျခင္း၊ ေအာ့အန္ျခင္း၊ ေသြးေပါင္ခ်ိန္က်ျခင္း၊ ဗိုက္ေအာင့္ျခင္း၊ ဝမ္းေလွ်ာျခင္း၊ အသက္ရႈရခက္ခဲျခင္း၊ သတိလစ္ေမ့ေမ်ာျခင္း ႏွင့္ တက္ျခင္းမ်ား ျဖစ္ပြားႏိုင္ပါသည္။ မႈိဆိပ္သင့္ျခင္းေၾကာင့္ သာမန္ေရာဂါလကၡဏာမ်ားမွ အသက္ေသဆုံးသည္အထိ ျဖစ္ပြားႏိုင္ပါသည္။
စားသုံးမိေသာ မႈိအဆိပ္အမ်ိဳးအစားကို မူတည္၍ တခ်ိဳ႕မွာ အစာအိမ္အူလမ္းေၾကာင္းဆိုင္ရာ လကၡဏာမ်ားကို အဓိက ခံစားရၿပီး တခ်ိဳ႕မွာ အာ႐ုံေၾကာထိခိုက္ျခင္း၊ အသည္း ေက်ာက္ကပ္ ပ်က္စီးျခင္း စေသာ လကၡဏာမ်ားကို အဓိက ခံစားရပါသည္။
မႈိအဆိပ္အမ်ိဳးအစားကို မူတည္၍ အဆိပ္သင့္ လကၡဏာ ျပသေသာအခ်ိန္ကာလ ကြဲျပားသည္။ အစာအိမ္အူလမ္းေၾကာင္း ဆိုင္ရာအဆိပ္သည္ မႈိစားမိၿပီး မိနစ္ပိုင္းအတြင္း လကၡဏာ ျပသေသာ္လည္း အသည္းႏွင့္ ေက်ာက္ကပ္ ကိုအဓိကပ်က္စီးေစေသာ အဆိပ္သည္ မႈိစားမိၿပီး ၆ – ၂၄ နာရီ ေက်ာ္ ၾကာမွသာ လွ်င္ အဆိပ္လကၡဏာ ျပသတတ္ပါသည္။
အဆိပ္သင့္မႈ လကၡဏာ ႏွင့္ ဆိုးဝါးမႈအတိုင္းအတာကေတာ့ ကိုယ့္ရပ္႐ြာေဒသမွာ ေပါက္ေရာက္ေသာ မႈိအမ်ိဳးအစား မ်ိဳးစိတ္၊ ပါဝင္ေသာအဆိပ္ပမာဏ၊ စားသုံးမိေသာအဆိပ္ပမာဏ၊ စားသုံးမိေသာသူ၏ အသက္အ႐ြယ္ ကိုယ့္ခံစြမ္းအား မူတည္ပါသည္။ သက္ႀကီး႐ြယ္အို ကေလးသူငယ္မ်ား ႏွင့္ ေရာဂါအခံရွိသူမ်ားတြင္ ပိုမိုျပင္းထန္စြာ ခံစားရပါသည္။
မႈိဆိပ္သင့္သည္ဟု သံသယရွိပါက နီးစပ္ရာေဆး႐ုံသို႔ အျမန္ဆုံးသြားေရာက္၍ ကုသမႈခံယူရပါမည္။ ေစာစီးစြာ ကုသမႈခံယူမွသာ အသက္ေသဆုံးျခင္း၊ အသည္း ေက်ာက္ကပ္ ပ်က္စီးျခင္းတို႔မွ လြတ္ေျမာက္ႏိုင္ပါမည္။ မိမိတို႔ဘာသာ ေဆးၿမီးတိုမ်ား ႏွင့္ ကုသမႈမ်ား မလုပ္သင့္ပါ။
Author; Dr. မိုးေဆြ
(Unicode)
မှိုခူးဆွတ်သူများသည် အဆိပ်ရှိသောမှိုကို အဆိပ်မရှိမှိုဟု ထင်မှတ်၍ မှားယွင်းစွာ ခူးဆွတ်စားသောက်မိရာမှ မှိုဆိပ်သင့်ခြင်း အဓိကဖြစ်ပွားပါသည်။
အဆိပ်ရှိသည်ဟု ယူဆရမည့်မှိုများမှာ –
- ဆွတ်ဆွတ်ဖြူသောမှိုများ
- အညိုရောင် မှိုသေးသေးမွှားမွှားများ
- အညိုရောင် မှိုပွင့်ကြီးများ
- အနီရောင်၊ ပန်းရောင်အဆင်းရှိသော မှိုများ
- မှိုပွင့်ကို လက်နှင့်ခြေပွတ်သည့်အခါ အနီရောင်အရည်ထွက်ခြင်း
- မှိုရိုးတံကို ဓါးနှင့်ဖြတ်ပါက ဖြတ်နေစဉ် ညိုပြာသွားခြင်း
- မှိုပေါ်သို့ ဆားဖြူးကြည့်ပါက ညိုမဲလာခြင်း
- မှိုကို ဆားရည်နှင့် စိမ်ကြည့်ပါက အရောင်ညို ၊ ပြာနက်လာခြင်း
- မှိုရိုးတံကို လက်နှင့်ခြေသည့်အခါ ကြေမွသွားခြင်း
- မှိုပွင့်ထိပ်၌ အကြေးခွံကဲ့သို့ အဖတ်များရှိနေခြင်း
- မှိုရိုးတံ အထက်ပိုင်း၌ အရစ်ပါရှိခြင်း
- မှိုရိုးတံ၏ အောက်ပိုင်း၌ ခြေကျင်းဝတ်ကဲ့သို့ အရစ်ပါရှိခြင်း တို့ဖြစ်ပါသည်။
- မှိုအဆိပ်သည် ချက်ပြုတ် အေးခဲထားခြင်းဖြင့်လည်း ပျက်ဆီးပျောက်ကွယ် မသွားနိုင်ပါ။
အဆိပ်ရှိသောမှိုစားသုံးမိပါက ခံစားရသော ရောဂါလက္ခဏာများမှာ မူးဝေခြင်း၊ အော့အန်ခြင်း၊ သွေးပေါင်ချိန်ကျခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်း၊ အသက်ရှုရခက်ခဲခြင်း၊ သတိလစ်မေ့မျောခြင်း နှင့် တက်ခြင်းများ ဖြစ်ပွားနိုင်ပါသည်။ မှိုဆိပ်သင့်ခြင်းကြောင့် သာမန်ရောဂါလက္ခဏာများမှ အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်ပါသည်။
စားသုံးမိသော မှိုအဆိပ်အမျိုးအစားကို မူတည်၍ တချို့မှာ အစာအိမ်အူလမ်းကြောင်းဆိုင်ရာ လက္ခဏာများကို အဓိက ခံစားရပြီး တချို့မှာ အာရုံကြောထိခိုက်ခြင်း၊ အသည်း ကျောက်ကပ် ပျက်စီးခြင်း စသော လက္ခဏာများကို အဓိက ခံစားရပါသည်။
မှိုအဆိပ်အမျိုးအစားကို မူတည်၍ အဆိပ်သင့် လက္ခဏာ ပြသသောအချိန်ကာလ ကွဲပြားသည်။ အစာအိမ်အူလမ်းကြောင်း ဆိုင်ရာအဆိပ်သည် မှိုစားမိပြီး မိနစ်ပိုင်းအတွင်း လက္ခဏာ ပြသသော်လည်း အသည်းနှင့် ကျောက်ကပ် ကိုအဓိကပျက်စီးစေသော အဆိပ်သည် မှိုစားမိပြီး ၆ – ၂၄ နာရီ ကျော် ကြာမှသာ လျှင် အဆိပ်လက္ခဏာ ပြသတတ်ပါသည်။
အဆိပ်သင့်မှု လက္ခဏာ နှင့် ဆိုးဝါးမှုအတိုင်းအတာကတော့ ကိုယ့်ရပ်ရွာဒေသမှာ ပေါက်ရောက်သော မှိုအမျိုးအစား မျိုးစိတ်၊ ပါဝင်သောအဆိပ်ပမာဏ၊ စားသုံးမိသောအဆိပ်ပမာဏ၊ စားသုံးမိသောသူ၏ အသက်အရွယ် ကိုယ့်ခံစွမ်းအား မူတည်ပါသည်။ သက်ကြီးရွယ်အို ကလေးသူငယ်များ နှင့် ရောဂါအခံရှိသူများတွင် ပိုမိုပြင်းထန်စွာ ခံစားရပါသည်။
မှိုဆိပ်သင့်သည်ဟု သံသယရှိပါက နီးစပ်ရာဆေးရုံသို့ အမြန်ဆုံးသွားရောက်၍ ကုသမှုခံယူရပါမည်။ စောစီးစွာ ကုသမှုခံယူမှသာ အသက်သေဆုံးခြင်း၊ အသည်း ကျောက်ကပ် ပျက်စီးခြင်းတို့မှ လွတ်မြောက်နိုင်ပါမည်။ မိမိတို့ဘာသာ ဆေးမြီးတိုများ နှင့် ကုသမှုများ မလုပ်သင့်ပါ။
Author; Dr. မိုးဆွေ