fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း
ခါးဆစ်ထုံဆေးအကြောင်းသိကောင်းစရာ
1.2k
VIEWS
Share on FacebookShare on TwitterShare on Linkedin
26/07/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A
(Zawgyi)
Author : Dr. CST
(Unicode)
ကျန်းမာရေးအရလိုအပ်လို့ခွဲစိတ်ရပြီဆိုရင် မေ့ဆေးသုံးဖို့မလိုရင် ခါးဆစ်ထုံဆေးနဲ့ပဲ ခွဲစိတ်တတ်ကြတယ်။ ကလေးကိုခွဲမွေးတာ သားအိမ်ပိုင်းခွဲစိတ်တာ အူတွေခွဲစိတ်တာ စအိုပိုင်း ခြေထောက်ခွဲစိတ်စတာတွေမှာ သုံးကြတယ်။
ခါးဆစ်ထုံဆေးကို epidual anasthesia လို့ခေါ်ပါတယ်။ ခါးဆစ်ထုံဆေးက ထိုးတော့မယ်ဆိုရင် ခါးကိုကွေးပေးရပါတယ်။ ခါးဆစ်တွေပေါ်အောင်ပါ။ ခါးဆစ်တွေကြားကို လက်မှန်းဆပြီးထိုးရတာပါ။ ပိန်တဲ့သူကတော်ပါသေးတယ် ဝတဲ့သူဆို ခါးကိုကွေးပေးရတာ မသက်မသာပါ။ ထိုးပြီးသွားရင်တော့ ခါးအောက်ပိုင်းကိုရှိတယ်တောင်မထင်ရတော့အောင်ကောင်းတယ်။ ထုံကျင်နေတာလည်းမဟုတ်ဘူး လှုပ်နေလားတောင်မသိဘူး လေးနေသလိုလို ပေါ့နေသလိုလို ခံစားရတတ်တယ်။
တချို့ဗိုက်ကြီးသည်တွေ ရိုးရိုးမွေးမယ်စီစဉ်ထားပြီး ဗိုက်နာမှ အကြောင်းအမျိုးမျိုးကြောင့် ခွဲမွေးရတတ်တယ်။ ကိုယ်ဝန်မီးဖွားခါနီး ဗိုက်နာတဲ့အနာဟာ ရှိသမျှ နာကျင်ခြင်းအားလုံးထက်ပိုပြင်းပါတယ်။ ဗိုက်နာနေတဲ့အချိန် ခါးကွေးရတာဟာ တော်တော် ကို မလွယ်တာပါ။ ဗိုက်ကလည်းရှိတဲ့အပြင်နာနေသေးတယ်။ ဒီကြားထဲ ကွေးပေးရတယ်ဆိုတာ တော်တော်ကြိုးစားပြီးလုပ်ရတာပါ။ ဒီလိုပဲ ဗိုက်အောင့်တဲ့သူတွေ စအိုမှာ အနာတွေ ဖြစ်နေတာတွေမှာ ခါးဆစ်ထုံဆေးထိုးဖို့တော့ တော်တော်အားယူပြီးကွေးရတာပါ။ ထိုးလည်းပြီးရော ရှိသမျှအနာအားလုံးသက်သာသွားလို့ ခွဲခန်းမှာလူနာတစ်ယောက်က ဒီဆေးဒီလောက်ကောင်းတာသူအရမ်းနာနေတုန်းဘာလို့မသုံးပေးလဲဆိုပြီး ပြောတာကြုံခဲ့ဖူးပါတယ်။ ဒါကပုံမှန်သုံးလို့မရဘူးဆိုတာကို သေချာပြန်ရှင်းပေးရတယ်။
ခါးဆစ်ထုံဆေးက ခွဲနေတဲ့တောက်လျှောက်မှာ ဘာနာကျင်မှုမှ မခံစားရတော့ဘူး။ ခွဲနေတာကိုတော့သိနေတယ် မေ့မနေဘူး။ဒါပေမယ့် ခါးဆစ်ထုံဆေးသုံးပြီးသွားရင်တော့ ဂရုစိုက်ရတာတွေရှိပါတယ်။ ဘာကြောင့်လဲ ဆိုရင် ခါးဆစ်ထုံဆေးထိုးတုန်းက ခါးအဆစ်တွေကြားထဲကနေ ထုံဆေးကို အာရုံကြောမကြီးတွေကြားထဲ ထိုးရတာပါ။
ထိုးလိုက်တဲ့အခါမှာ CSF လို့ခေါ်တဲ့ ဦးနှောက်နဲ့ခါးဆစ်ရိုးပြန်ရည်တစ်မျိုး ရှိတဲ့အလွှာထဲကိုထိုးရတာကြောင့် ပြန်စိမ့်နိုင်တဲ့အတွက် ခါးဆစ်ထုံဆေးထိုးထားတဲ့လူနာတွေဖြစ်နိုင်ရင် ခွဲစိတ်ပြီး ၂၄ နာရီကြာတဲ့အထိ ပက်လက်နေရပါတယ်။ ခေါင်းအုံးလည်းမအုံးရဘူး။ ခေါင်းလည်းမလှုပ်ရဘူး။ အဲလိုနေရတဲ့အခါတော့ ညောင်းလာတတ်တယ်။ လှုပ်ချင်လာတတ်တယ်။ အိပ်နေရင်းတော့ခြေထောက်တွေ ထုံဆေးစပြယ်လာတာကိုသတိထားမိလိမ့်မယ်။ ထုံဆေးလည်းပြယ်ရော ခြေတွေစပြီးကျင်လာရော တဖြည်းဖြည်းနှစ်ချောင်းလုံးကျင်လာတတ်တယ်။ အဲလိုကျင်လာတဲ့အခါတော့ခြေကို ဖြေးဖြေးချင်းလှုပ်လို့ရပါတယ်။ ခြေထောက်နည်းနည်းမြှောက်တာ ဒူးထောင်ကြည့်တာ လုပ်လို့ရတယ်။ ခေါင်းသာမလှုပ်စေချင်တာပါ။
ဘာကြောင့်လဲဆိုရင် ခါးဆစ်ထုံဆေးရဲ့ဆိုးကျိုးတစ်ခုဖြစ်တဲ့ ခေါင်းကိုက်ခြင်းကို ကာကွယ်ဖို့ပါ။ ခေါင်းကိုက်တာက ခွဲပြီး သုံးရက်လောက်နေမှလည်းဖြစ်တတ်တယ်။ ဖြစ်ရင် လည်း တော်တော်ခံရတတ် ပုံမှန်အကိုက်အခဲပျောက်ဆေးနဲ့မသက်သာတတ်ဘူး။ နောက်တစ်ခုကတော့ ခါးဆစ်ထုံဆေးထိုးထားတဲ့နေရာကနေ ပြန်ရည်တွေ ပါစိမ့်လာရင် စိမ့်တဲ့နေရာကို ပြန်ပိတ်ဖို့လုပ်ရတတ်တယ်။ နောက်ကြာမှဖြစ်တတ်တာကတော့ခါးဆစ်ထုံဆေးထိုးထားတဲ့နေရာမှာ ခါးနာတတ်ပါတယ်။ တချို့လည်းဖြစ်တယ် တချို့မဖြစ်ပါဘူး။
ဘာပဲဖြစ်ဖြစ်တော့သတိထားမိအောင်ပါ။
Author : Dr. CST
Previous Post
ကိုယ်ဝန်ရှိတဲ့ လက္ခဏာတွေမှာ ဘာတွေလဲ
Next Post
လည်ပင်းထဲက ထွက်နေတဲ့ အဆိပ်
Share on FacebookShare on TwitterShare on Linkedin
ဆက်စပ် ဆောင်းပါးများ
Vitamin B12 Deficiency and Neuropathy
ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း
1 year ago
2.2k
An eye cloud that should not be neglected
မပေါ့ဆသင့်သော မျက်စိတိမ်
1 year ago
852
UV rays and eye health
ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး
1 year ago
844
Why is memory weak at a young age?
ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?
1 year ago
1.3k
The consequences of a weak immune system
ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ
1 year ago
1.3k
နွေရာသီနှင့်မိတ်ပြဿနာ
1 year ago
1.4k
ကျန်းမာရေး ဆောင်းပါးများ
  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
လူဖတ်အများဆုံး ဆောင်းပါးများ
  • တစ်ကိုယ်ရည်အာသာဖြေခြင်း
    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ
    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method
    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်
    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ
    0 shares
    Share 0 Tweet 0
Health Tips
Next Post
Wedding accessories for the morning of the bride in pink . Wedding bouquet and shoes of the bride.
လည်ပင်းထဲက ထွက်နေတဲ့ အဆိပ်
ကွမ်းယာစားခြင်းနှင့် ကျန်းမာရေး ကြိုက်တာရွေး
report card
OnDoctor App OnDoctor App OnDoctor App
Get Our App for Your Healthcare Partner
  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in
OnDoctor Company Limited © 2017 – 2025. All Rights Reserved.
No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
© 2020 OnDoctor Company Limited - All Rights Reserved.
This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.