ခေါင်းကိုက်ခြင်းသည် လူတိုင်းနီးပါး တွေ့ကြုံခံစားကြရဖူးကြသည်။ သာမန်အားဖြင့် အကိုက်အခဲ ပျောက်ဆေးများ မှီဝဲသောက်သုံးရုံဖြင့် မကြာမီ သက်သာသွားလေ့ရှိသည်။ သို့သော် ခေါင်းကိုက်ခြင်းသည် အောက်ဖော်ပြပါ အခြေအနေဖြစ်နေပါက အန္တရာယ်ရှိကြောင်း သိထားကြဖို့ လိုအပ်ပါသည်။
ထို့သို့ဖြစ်ပါက အရေးပေါ်အခြေအနေ တစ်ရပ်ပဲဟု သတ်မှတ်ပြီး ဆေးပညာရှင် ဆရာဝန်များထံသို့ ချက်ချင်းသွားရောက် အကူအညီ ရယူရန်ဖြစ်ပါသည်။ ခါတိုင်းခေါင်းကိုက် ဝေဒနာနှင့်မတူဘဲ မခံမရပ်နိုင်လောက်အောင် သို့မဟုတ် ဆိုးဝါးပြင်းထန်စွာ ခေါင်းကိုက်ဝေဒနာ ခံစားရခြင်း အသက်အရွယ်အားဖြင့် ၅၀ ကျော်သူဖြစ်ခြင်း ခေါင်းကိုက်ခြင်းနှင့်အတူ ကိုယ်အပူချိန်တက်၍ ဖျားခြင်း၊ အဖုအပိန့်ထွက်ခြင်းစသည့် လက္ခဏာများ တွေ့ရခြင်း HIV/ AIDS ဝေဒနာရောဂါရှိသူများ သို့မဟုတ် ကင်ဆာရောဂါရှိသူများ ခေါင်းကိုက်ဝေဒနာခံစားရခြင်း ခေါင်းကိုက်ဝေဒနာနှင့်အတူ ခြေလက်များထုံကျဉ်ခြင်း၊ အမြင်အာရုံ ယိုယွင်လာခြင်း၊ စကားပြောရာတွင် မပီမသဖြစ်ခြင်း စသည့် ဝေဒနာများဖြစ်လာခြင်း ဦးခေါင်းထိခိုက် ဒဏ်ရာရပြီးနောက် ခေါင်းကိုက်ဝေဒနာ ခံစားရခြင်း ရုတ်တရက် ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ ငါးမိနစ်အတွင်း ဝေဒနာခံစားရမှု အထွတ်အထိပ် ရောက်လာခြင်း ခေါင်းကိုက်ဝေဒနာ ဆေးဝါးမှီဝဲ၍ သက်သာမှုမရရှိခြင်း အချိန်ကြာမြင့်စွာ ခေါင်းကိုက်နေခြင်း၊ လှုပ်ရှားမှု၊ ချောင်းဆိုးခြင်း၊ ခန္ဓာကိုယ် အနေအထားပြောင်းလဲမှု စသည်တို့ ပြုလုပ်ပါက ခေါင်းကိုက်ဝေဒနာ ပိုမိုဆိုးဝါးစွာ ခံစားရခြင်း ဖော်ပြပါ အခြေအနေများကို အန္တရာယ်ရှိသော ခေါင်းကိုက်ခြင်းဟု သတ်မှတ်ပါသည်။ ခါတိုင်းခေါင်းကိုက် ဝေဒနာနှင့်မတူဘဲ မခံမရပ်နိုင်လောက်အောင် သို့မဟုတ် ဆိုးဝါးပြင်းထန်စွာ ခေါင်းကိုက်ဝေဒနာ ခံစားရခြင်း အသက်အရွယ်အားဖြင့် ၅၀ ကျော်သူဖြစ်ခြင်း ခေါင်းကိုက်ခြင်းနှင့်အတူ ကိုယ်အပူချိန်တက်၍ ဖျားခြင်း၊ အဖုအပိန့်ထွက်ခြင်းစသည့် လက္ခဏာများ တွေ့ရခြင်း HIV/ AIDS ဝေဒနာရောဂါရှိသူများ သို့မဟုတ် ကင်ဆာရောဂါရှိသူများ ခေါင်းကိုက်ဝေဒနာခံစားရခြင်း ခေါင်းကိုက်ဝေဒနာ နှင့်အတူ ခြေလက်များထုံကျဉ်ခြင်း၊ အမြင်အာရုံ ယိုယွင်လာခြင်း၊ စကားပြောရာတွင် မပီမသဖြစ်ခြင်း စသည့် ဝေဒနာများဖြစ်လာခြင်း ဦးခေါင်းထိခိုက် ဒဏ်ရာရပြီးနောက် ခေါင်းကိုက်ဝေဒနာ ခံစားရခြင်း ရုတ်တရက် ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ ငါးမိနစ်အတွင်း ဝေဒနာခံစားရမှု အထွတ်အထိပ် ရောက်လာခြင်း ခေါင်းကိုက် ဝေဒနာ ဆေးဝါးမှီဝဲ၍ သက်သာမှုမရရှိခြင်း အချိန်ကြာမြင့်စွာ ခေါင်းကိုက်နေခြင်း၊ လှုပ်ရှားမှု၊ ချောင်းဆိုးခြင်း၊ ခန္ဓာကိုယ် အနေအထားပြောင်းလဲမှု စသည်တို့ ပြုလုပ်ပါက ခေါင်းကိုက်ဝေဒနာ ပိုမိုဆိုးဝါးစွာ ခံစားရခြင်း ဖော်ပြပါ အခြေအနေများကို အန္တရာယ်ရှိသော ခေါင်းကိုက်ခြင်းဟု သတ်မှတ်ပါသည်။
AUTHOR – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)