fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ခွေးကိုက်ခံရလျှင်မပေါ့ပါနှင့်…

243
VIEWS
Share on FacebookShare on TwitterShare on Linkedin
13/08/2016
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi)

ေခြးကိုက္ခံရလွ်င္မေပါ့ပါႏွင့္

ထြန္းႏိုင္တစ္ေယာက္ သေဘၤာလိုက္ေနတာ ဆယ္ႏွစ္ေက်ာ္ၿပီ။ သားႀကီးေတာင္ သေဘၤာစလိုက္ခါစက ေမြးတာ အခုဆို ရွစ္ႏွစ္။ သမီးငယ္ေလးဆို ေလးႏွစ္။ သေဘၤာသား ဘဝက ပင္ပန္းဆင္းရဲတယ္။

မိသားစုနဲ႔ခြဲေနရၿပီး ကမ္းမျမင္လမ္းမျမင္ ပင္လယ္ထဲမွာ ႐ုန္းကန္ရတဲ့ဘဝ။ သားသမီးေတြနဲ႔ ေနရတဲ့ အခ်ိန္ဟာနည္းလြန္းတယ္။ ဒါေၾကာင့္ပဲ ျပန္ေရာက္တဲ့အခ်ိန္ေတြဆို ထြန္းႏိုင္ရဲ႕ အခ်ိန္အမ်ားစုက သူတို႔ေလးေတြ အတြက္အၿမဲ။ အခုေတာ့ ျပန္ေရာက္ေနတာ ႏွစ္လေလာက္ရွိၿပီ။ တစ္ေန႔တစ္ေန႔ ကေလးေတြ ေက်ာင္းႀကိဳေက်ာင္းပို႔ စေန တနဂၤေႏြဆို ကစားကြင္းပို႔။ တညေန သူငယ္ခ်င္းတစ္ေယာက္က အိမ္မွာထမင္းဖိတ္ေကြၽးတယ္။ မိသားစုလိုက္သြားစားၾကတာေပါ့။ ငယ္သူငယ္ခ်င္းေတြဆိုေတာ့ စကားလက္ဆုံ တရင္းတႏွီးေျပာၾကတာေပါ့။

သားႀကီးက တစ္စက္မွအၿငိမ္ မေနတတ္။ အေဆာ့မက္တယ္။ ဒီလိုနဲ႔ အိမ္ရွင္ေတြေမြးထားတဲ့ ေခြးေလးကို ဘာသြားလုပ္လိုက္လဲ မသိ။ တစ္ခါမွမကိုက္ဖူးတဲ့ ေခြးကကိုက္လႊတ္လိုက္တယ္။သိပ္မမ်ားပါဘူး။သြားနဲ႔ျခစ္မိတယ္ဆို႐ုံေလးပါ။ ေရခ်ိဳးခန္းထဲ ေျပးၿပီး ဒဏ္ရာကိုေရေဆး၊ ဆပ္ျပာနဲ႔တိုက္၊ ၿပီးေတာ့ ေဆးထည့္ၿပီးပတ္တီးစီးတယ္။ သူငယ္ခ်င္း လင္မယားကေတာ့ အားနာေၾကာင္း၊ အျခစ္ခံရလည္းစိုးရိမ္စရာ မလိုေၾကာင္း၊ သူတို႔ရဲ႕ အိမ္ေမြး ေခြးေလးက ေခြး႐ူးကာကြယ္ေဆးထိုးထားေၾကာင္း ေျပာတယ္။ဒါေပမယ့္လည္းထြန္းႏိုင္တစ္ေယာက္ အတိတ္တေစၦေျခာက္ခံေနရဆဲ ျဖစ္တာမို႔ ေဆးခန္းသြားၿပီး ကာကြယ္ေဆးထိုးျဖစ္ေအာင္ ထိုးခဲ့လိုက္တယ္။ စိတ္ေတြကေတာ့လြန္ခဲ့တဲ့ဆယ့္ငါးႏွစ္ေက်ာ္အတိတ္ဆီ။

ခင္ေလးနဲ႔ ထြန္းႏိုင္ကို မိဘေတြကသေဘာမတူခဲ့။ ခင္ေလးက တင့္ေတာင္းတင့္တယ္ အသိုင္းအဝိုင္းက ထြန္းႏိုင္က သာမန္လက္လုပ္လက္စား မိသားစုကလာသူ။ ဒါနဲ႔ တကၠသိုလ္တက္ေနတုန္း ဘြဲ႕မရေသးခင္မွာပဲ ခိုးေျပးျဖစ္ခဲ့တယ္။ ပညာကစေကာစက။ ထြန္းႏိုင္ကအေဝးသင္ ဆက္တက္တယ္။ ခင္ေလးကေတာ့ သမီးအႀကီးေလးကို ကိုယ္ဝန္ရွိလာတာမို႔ေက်ာင္းထြက္လိုက္ရတယ္။ ထြန္းႏိုင္က တစ္ဖက္ကေက်ာင္းတက္ အားတဲ့ အခ်ိန ္ေတြဆို ကားပြဲစားေလး အိမ္ပြဲစားေလးလုပ္တယ္။ ပင္ပန္းခဲ့ေပမယ့္ ေပ်ာ္ပါတယ္။ တူႏွစ္ကိုယ္ တဲအိုပ်က္မွာဆိုသလို ေပါ့။ ဒီလိုနဲ႔ပဲ သမီးႀကီးမ်က္ႏွာျမင္ပါတယ္။ အဲ့ဒီအခ်ိန္ဟာ ထြန္းႏိုင္အေပ်ာ္ဆုံးအခ်ိန္ေတြေပါ့။ မွတ္မွတ္ရရ ထြန္းႏိုင္ အေဝးသင္ေအာင္တဲ့ ႏွစ္မွာပဲ သမီးေလး မူႀကိဳစတက္တယ္။ အသက္က ေလးႏွစ္။ ခင္ေလးကအပို႔အႀကိဳေပါ့။ သမီးေလးက မိန္းကေလးသာေျပာရတယ္။ အေဆာ့ကအရမ္းမက္။

ေဆာ့ရင္းနဲ႔ တစ္ရက္ လမ္းထဲကေခြးက မ်က္စိေနာက္တယ္ထင္တယ္။ ဟပ္လိုက္တာ ကံသီလို႔ ျခစ္ပဲျခစ္မိသြားတယ္။ ထြန္းႏိုင္တို႔ႏွစ္ေယာက္ သိပ္ေပါ့ခဲ့တယ္။ အနာကိုေဆးထည့္၊ ပတ္တီးစီး႐ုံကလြဲၿပီး ေဆးခန္းလဲမသြားခဲ့ဘူး။ ႐ိုး႐ိုးျခစ္မိတာပါေလ ဆိုၿပီးေတာ့ ထားခဲ့တယ္။ ဒီလိုနဲ႔ အနာလည္း ေပ်ာက္သြားေတာ့ ေခြးကိုက္ခဲ့မွန္းေတာင္ သတိကမရခ်င္ ေတာ့ဘူး။ သုံးလေလာက္ၾကာေတာ့ သမီးေလး ဖ်ားတယ္။ ေခါင္းလဲကိုက္တယ္တဲ့။ ကေလးကအီေနတယ္။ ဂနာမၿငိမ္ ျဖစ္ျဖစ္ေနတယ္။ အစာ စားတာလည္းနည္းလာတယ္။ ေနာက္ဆုံး ေရေတာင္ ခါးခါးသီးသီးျငင္းတယ္။ ထြန္းႏိုင္တို႔ အဲ့ဒီအခါက်မွ ေဆးခန္းေရာက္ေတာ့ အခါေႏွာင္းခဲ့ၿပီ။ ေခြး႐ူးျပန္ေရာဂါ။ ျပန္ဆယ္စရာ လမ္းမရွိ ေတာ့ပါတဲ့။

သမီးေလးရဲ႕ေနာက္ဆုံး အခ်ိန္ေတြကို ဒီအတိုင္းၾကည့္ေနခဲ့ရတဲ့အခ်ိန္ေတြဟာ ထြန္းႏိုင္ တစ္ေယာက္ ဒီကမာၻေပၚက ေပ်ာက္ကြယ္ အသြားခ်င္ဆုံး အခ်ိန္ေတြပဲ။ ခံစားရတယ္ ရင္ကြဲရတယ္ ဆိုတာထက္ကို ပိုခဲ့တယ္။ ဆရာဝန္ကေျပာပါတယ္။ ေခြး႐ူးျပန္ေရာဂါဆိုတာ ေခြးကိုက္မွျဖစ္တာမဟုတ္ဘူး။ ေခြးအျပင္ ေၾကာင္၊ ေမ်ာက္၊ ေျမေခြးနဲ႔ လင္းႏို႔ ေတြရဲ႕တံေတြးထဲမွာလည္းရွိတယ္ဆိုတဲ့ အေၾကာင္း၊ တံေတြးကတဆင့္ လူေတြရဲ႕ မ်က္လုံးထဲ ေသြးထဲ၊ ႏွာေခါင္းထဲ ေရာက္တဲ့အခါလည္းကူးႏိုင္တဲ့ ဆိုတဲ့အေၾကာင္း။ ထြန္းႏိုင္ကေတာ့ ၾကားတခ်က္ မၾကားတခ်က္။ လက္ရွိအခ်ိန္ေတြဆီထြန္းႏိုင္စိတ္ျပန္ေရာက္လာတယ္။

သားႀကီးကၿပဳံးျပလို႔။ လက္မွာ ပတ္တီးေလးနဲ႔။ ေဆးထိုးတာ သားသားနာဘူး ဆိုၿပီး ေျပာေနေသးတယ္။ ထြန္းႏိုင္တစ္ေယာက္ မ်က္ရည္ေတြက ဆီးတားမရ။ ဝမ္းနည္းမ်က္ရည္တစ္ဝက္ ဝမ္းသာမ်က္ရည္ကတစ္ဝက္။ သားသားေလး ကံေကာင္းပါေစ..

AUTHOR – ေဒါက္တာေအးခ်မ္းမိုး

(Unicode)

ထွန်းနိုင်တစ်ယောက် သင်္ဘောလိုက်နေတာ ဆယ်နှစ်ကျော်ပြီ။ သားကြီးတောင် သင်္ဘောစလိုက်ခါစက မွေးတာ အခုဆို ရှစ်နှစ်။ သမီးငယ်လေးဆို လေးနှစ်။ သင်္ဘောသား ဘဝက ပင်ပန်းဆင်းရဲတယ်။

မိသားစုနဲ့ခွဲနေရပြီး ကမ်းမမြင်လမ်းမမြင် ပင်လယ်ထဲမှာ ရုန်းကန်ရတဲ့ဘဝ။ သားသမီးတွေနဲ့ နေရတဲ့ အချိန်ဟာနည်းလွန်းတယ်။ ဒါကြောင့်ပဲ ပြန်ရောက်တဲ့အချိန်တွေဆို ထွန်းနိုင်ရဲ့ အချိန်အများစုက သူတို့လေးတွေ အတွက်အမြဲ။ အခုတော့ ပြန်ရောက်နေတာ နှစ်လလောက်ရှိပြီ။ တစ်နေ့တစ်နေ့ ကလေးတွေ ကျောင်းကြိုကျောင်းပို့ စနေ တနင်္ဂနွေဆို ကစားကွင်းပို့။ တညနေ သူငယ်ချင်းတစ်ယောက်က အိမ်မှာထမင်းဖိတ်ကျွေးတယ်။ မိသားစုလိုက်သွားစားကြတာပေါ့။ ငယ်သူငယ်ချင်းတွေဆိုတော့ စကားလက်ဆုံ တရင်းတနှီးပြောကြတာပေါ့။

သားကြီးက တစ်စက်မှအငြိမ် မနေတတ်။ အဆော့မက်တယ်။ ဒီလိုနဲ့ အိမ်ရှင်တွေမွေးထားတဲ့ ခွေးလေးကို ဘာသွားလုပ်လိုက်လဲ မသိ။ တစ်ခါမှမကိုက်ဖူးတဲ့ ခွေးကကိုက်လွှတ်လိုက်တယ်။သိပ်မများပါဘူး။သွားနဲ့ခြစ်မိတယ်ဆိုရုံလေးပါ။ ရေချိုးခန်းထဲ ပြေးပြီး ဒဏ်ရာကိုရေဆေး၊ ဆပ်ပြာနဲ့တိုက်၊ ပြီးတော့ ဆေးထည့်ပြီးပတ်တီးစီးတယ်။ သူငယ်ချင်း လင်မယားကတော့ အားနာကြောင်း၊ အခြစ်ခံရလည်းစိုးရိမ်စရာ မလိုကြောင်း၊ သူတို့ရဲ့ အိမ်မွေး ခွေးလေးက ခွေးရူးကာကွယ်ဆေးထိုးထားကြောင်း ပြောတယ်။ဒါပေမယ့်လည်းထွန်းနိုင်တစ်ယောက် အတိတ်တစ္ဆေခြောက်ခံနေရဆဲ ဖြစ်တာမို့ ဆေးခန်းသွားပြီး ကာကွယ်ဆေးထိုးဖြစ်အောင် ထိုးခဲ့လိုက်တယ်။ စိတ်တွေကတော့လွန်ခဲ့တဲ့ဆယ့်ငါးနှစ်ကျော်အတိတ်ဆီ။

ခင်လေးနဲ့ ထွန်းနိုင်ကို မိဘတွေကသဘောမတူခဲ့။ ခင်လေးက တင့်တောင်းတင့်တယ် အသိုင်းအဝိုင်းက ထွန်းနိုင်က သာမန်လက်လုပ်လက်စား မိသားစုကလာသူ။ ဒါနဲ့ တက္ကသိုလ်တက်နေတုန်း ဘွဲ့မရသေးခင်မှာပဲ ခိုးပြေးဖြစ်ခဲ့တယ်။ ပညာကစကောစက။ ထွန်းနိုင်ကအဝေးသင် ဆက်တက်တယ်။ ခင်လေးကတော့ သမီးအကြီးလေးကို ကိုယ်ဝန်ရှိလာတာမို့ကျောင်းထွက်လိုက်ရတယ်။ ထွန်းနိုင်က တစ်ဖက်ကကျောင်းတက် အားတဲ့ အချိန ်တွေဆို ကားပွဲစားလေး အိမ်ပွဲစားလေးလုပ်တယ်။ ပင်ပန်းခဲ့ပေမယ့် ပျော်ပါတယ်။ တူနှစ်ကိုယ် တဲအိုပျက်မှာဆိုသလို ပေါ့။ ဒီလိုနဲ့ပဲ သမီးကြီးမျက်နှာမြင်ပါတယ်။ အဲ့ဒီအချိန်ဟာ ထွန်းနိုင်အပျော်ဆုံးအချိန်တွေပေါ့။ မှတ်မှတ်ရရ ထွန်းနိုင် အဝေးသင်အောင်တဲ့ နှစ်မှာပဲ သမီးလေး မူကြိုစတက်တယ်။ အသက်က လေးနှစ်။ ခင်လေးကအပို့အကြိုပေါ့။ သမီးလေးက မိန်းကလေးသာပြောရတယ်။ အဆော့ကအရမ်းမက်။

ဆော့ရင်းနဲ့ တစ်ရက် လမ်းထဲကခွေးက မျက်စိနောက်တယ်ထင်တယ်။ ဟပ်လိုက်တာ ကံသီလို့ ခြစ်ပဲခြစ်မိသွားတယ်။ ထွန်းနိုင်တို့နှစ်ယောက် သိပ်ပေါ့ခဲ့တယ်။ အနာကိုဆေးထည့်၊ ပတ်တီးစီးရုံကလွဲပြီး ဆေးခန်းလဲမသွားခဲ့ဘူး။ ရိုးရိုးခြစ်မိတာပါလေ ဆိုပြီးတော့ ထားခဲ့တယ်။ ဒီလိုနဲ့ အနာလည်း ပျောက်သွားတော့ ခွေးကိုက်ခဲ့မှန်းတောင် သတိကမရချင် တော့ဘူး။ သုံးလလောက်ကြာတော့ သမီးလေး ဖျားတယ်။ ခေါင်းလဲကိုက်တယ်တဲ့။ ကလေးကအီနေတယ်။ ဂနာမငြိမ် ဖြစ်ဖြစ်နေတယ်။ အစာ စားတာလည်းနည်းလာတယ်။ နောက်ဆုံး ရေတောင် ခါးခါးသီးသီးငြင်းတယ်။ ထွန်းနိုင်တို့ အဲ့ဒီအခါကျမှ ဆေးခန်းရောက်တော့ အခါနှောင်းခဲ့ပြီ။ ခွေးရူးပြန်ရောဂါ။ ပြန်ဆယ်စရာ လမ်းမရှိ တော့ပါတဲ့။

သမီးလေးရဲ့နောက်ဆုံး အချိန်တွေကို ဒီအတိုင်းကြည့်နေခဲ့ရတဲ့အချိန်တွေဟာ ထွန်းနိုင် တစ်ယောက် ဒီကမ္ဘာပေါ်က ပျောက်ကွယ် အသွားချင်ဆုံး အချိန်တွေပဲ။ ခံစားရတယ် ရင်ကွဲရတယ် ဆိုတာထက်ကို ပိုခဲ့တယ်။ ဆရာဝန်ကပြောပါတယ်။ ခွေးရူးပြန်ရောဂါဆိုတာ ခွေးကိုက်မှဖြစ်တာမဟုတ်ဘူး။ ခွေးအပြင် ကြောင်၊ မျောက်၊ မြေခွေးနဲ့ လင်းနို့ တွေရဲ့တံတွေးထဲမှာလည်းရှိတယ်ဆိုတဲ့ အကြောင်း၊ တံတွေးကတဆင့် လူတွေရဲ့ မျက်လုံးထဲ သွေးထဲ၊ နှာခေါင်းထဲ ရောက်တဲ့အခါလည်းကူးနိုင်တဲ့ ဆိုတဲ့အကြောင်း။ ထွန်းနိုင်ကတော့ ကြားတချက် မကြားတချက်။ လက်ရှိအချိန်တွေဆီထွန်းနိုင်စိတ်ပြန်ရောက်လာတယ်။

သားကြီးကပြုံးပြလို့။ လက်မှာ ပတ်တီးလေးနဲ့။ ဆေးထိုးတာ သားသားနာဘူး ဆိုပြီး ပြောနေသေးတယ်။ ထွန်းနိုင်တစ်ယောက် မျက်ရည်တွေက ဆီးတားမရ။ ဝမ်းနည်းမျက်ရည်တစ်ဝက် ဝမ်းသာမျက်ရည်ကတစ်ဝက်။ သားသားလေး ကံကောင်းပါစေ..

AUTHOR – ဒေါက်တာအေးချမ်းမိုး

Previous Post

ကြွက်တက်ခြင်း အပိုင်း (၂)

Next Post

အစာအိမ်ရောဂါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
866
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
848
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အစာအိမ်ရောဂါ

ကုရာနတ္ထိ ဆေးမရှိ

အန္တရာယ်ရှိတတ်သော်လည်းကလေးတွေပျော်သောနေရာများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.