ရေကူးကန်
• ရေကူးကန်တွင် ရေဆော့ကစားကြသည်ကို ကလေးငယ်များ ပျော်ရွှင်ကျေနပ်ကြသည်။ ကလေးငယ် များအတွက် အန္တရာယ်မဖြစ်စေရန် အောက်ဖော်ပြပါ အချက်များကို သတိပြုသင့်ပါတယ်။
• ကလေးငယ်များကို မျက်ခြည်မပြတ် စောင့်ကြည့်ပေးရပါမယ်။ ဖြစ်နိုင်ပါက ကလေးငယ်များနှင့်အတူ အမြဲမပြတ် နေသင့်ပါတယ်။
• ရေကူးကန်၏ ကြမ်းပြင်ကို ကလေးခြေထောက်ထိနေနိုင်ရမည်။ ရေသည် ကလေးရင်ဘတ်အမြင့်ထက် မကျော်စေရ။
• ရေကူးဆော့ကစားရာတွင် အထောက်အကူပြုပစ္စည်းများ အသုံးပြုစေရပါမည်။
• ကျွမ်းကျင်စွာ ရေမကူးတတ်သေးပါက ရေတိမ်ပိုင်း၌သာ ဆော့ကစားပါစေ။
• ကလေးငယ်ကို ဒိုင်ဗင်လေ့ကျင့်စေမည်ဆိုပါက ရေ၏အတိမ်အနက်ကို သေချာစစ်ဆေးရပါမည်။ အသက်အန္တရာယ်ရှိသည်။
• ရေကူးကန်ပတ်လည်တွင် ပြေးလွှားခြင်းမပြုစေရပါ။
• အခြားကလေးငယ်များနှင့်အတူ ဆော့ကစားရာ၌ အခြားကလေးကို ရေကူးကန်ထဲသို့ တွန်းချခြင်း မပြုရန် သတိပေးထားရမည်။
• အန္တရာယ်တစ်စုံတစ်ရာအတွက် အကူအညီရယူတတ်စေရန် သင်ကြားထားရမည်။
အားကစားကွင်း
• ကစားကွင်း၏ အသုံးအဆောင်များတွင် ဖန်အကွဲအစများ၊ အမှိုက်သရိုက်အညစ်အကြေးများနှင့် ယိုယွင်းပျက်စီးနေသောအရာများရှိ၊ မရှိစစ်ဆေးရမည်။
• ကစားကွင်း၏ မျက်နှာပြင်သည် ရော်ဘာသို့ သဲကဲ့သို့သောအရာဖြင့် ပြုပြင်ထားခြင်း ဖြစ်သင့်သည်။
• ကလေးငယ်၏ ဆော့ကစားမှုကို အမြဲမပြတ် စောင့်ကြည့်ရပါမည်။ ကလေးငယ်အား လွှတ်မထားရပါ။
• ရာသီဥတုဆိုးဝါးချိန်များတွင် ကစားကွင်းသို့ မသွားသင့်ပါ။ ရာသီဥတုသာယာမှသာ သွားပါ။
• ကစားကွင်း၏ အသုံးအဆောင်များသည် မိမိကလေး၏ အသက်အရွယ်၊ အရပ်အမြင့်စသည်တို့နှင့် အဆင်ပြေ လိုက်လျောညီထွေ ရှိ၊ မရှိစစ်ဆေးပါ။ မသင့်တော်ပါက ဆော့ကစားခြင်း မပြုပါစေနှင့်။
Author – ဒေါက်တာနှင်းကေသီ