(Zawgyi)
ဖ်ားတယ္ဆိုတာ ကိုယ္အပူခ်ိန္ တိုင္းၾကည့္ရင္ ၃၇ စင္တီဂရိတ္ ၊ဒါမွမဟုတ္ ၉၈.၆ ဒီဂရီဖာရင္ဟိုက္ ရွိရင္ အဖ်ားတက္တယ္လို႔ ေျပာႏိုင္ပါတယ္ ။ဖ်ားတယ္ဆိုတာ ခႏၶာကိုယ္ ေနထိုင္မေကာင္းတာလို႔ သြယ္ဝိုက္ေျပာျပေနတာပါ ။ခႏၶာကိုယ္ထဲကို ေရာဂါပိုး တစ္မ်ိဳးမ်ိဳး ဝင္ေရာက္လာတာနဲ႔ ေသြးျဖဴဥေတြက ျပန္ လည္ခုခံရာမွာ အဖ်ားတက္ေစတဲ့ ဓာတ္ေတြ ထြက္လာပါတယ္ ။ထြက္လာတဲ့ဓာတ္ပစၥည္းေတြဟာ ဦးေႏွာက္ကို သြားေရာက္လႈံ႕ေဆာ္ရာကေန ဖ်ားတယ္ဆိုၿပီးလူေတြက ခံစားရပါတယ္ ။ကိုယ္အပူခ်ိန္တက္မယ္ ၊ကိုယ္လက္ ကိုက္ခဲမယ္ ၊အစားအေသာက္ပ်က္မယ္ေပါ့ ။
ဖ်ားေနရင္ ဘာေတြ စားေသာက္ဖို႔လိုမလဲ လို႔ သိခ်င္ၾကပါတယ္ ။အမ်ားစုက အဖ်ားတက္ေနရင္ ထမင္း ဟင္း မစားရဘူးလို႔ ၊အဖ်ားတက္မယ္ ဆိုၿပီးအယူလြဲေနၾကပါတယ္ ။အမွန္က ထမင္း ၊ဟင္းမွ မဟုတ္ပါဘူး ဘာစားစား ၊ဘာေသာက္ေသာက္ပါ ခႏၶာကိုယ္က အစာေခ်ရတဲ့အခါ ဇီဝကမၼျဖစ္စဥ္ေတြေၾကာင့္ ကိုယ္အပူ နည္းနည္းတက္တာပါ ။အဖ်ားတက္တယ္လို႔ မယူဆေစခ်င္ပါ ။ဖ်ားနာသူထမင္းနဲ႔ ဟင္းစားခ်င္စိတ္ရွိရင္ ေကြၽးသာေကြၽးပါ ။အာဟာရရွိမွ နာလန္ထူမွာပါ ။အမ်ားစုက တစ္ရက္ ႏွစ္ရက္ေလာက္ ခံတြင္းပ်က္တတ္ပါတယ္ ။အစာစားခ်င္စိတ္ေပၚလာရင္ နာလန္ထူလာတဲ့သေဘာပါ ။
အစာမာေတြ မစားႏိုင္ေသးရင္ သစ္သီးနဲ႔ ဟင္းသီးဟင္း႐ြက္ေဖ်ာ္ရည္ေတြ ၊ဆန္ျပဳတ္ ၊စြပ္ျပဳတ္ ၊ျမဴစြမ္ျပဳတ္အရည္ေတြ တိုက္ေကြၽးႏိုင္ပါတယ္ ။အဓိကက ဗိုက္တာမင္ ေအ ၊ စီ ၊ အီးဓာတ္ေတြ ပါတဲ့ အစားအေသာက္မ်ား စားသုံးေပးပါ ။ထို ဗိုက္တာမင္ေတြမွာ ဓာတ္တိုးဆန႔္က်င္ Anti-oxidant အာနိသင္ရွိပါ တယ္ ။ဒါ့အျပင္ ကိုယ္ခံစြမ္းအားကိုလည္း ျမင့္ေစပါတယ္ ။နည္းနည္းေနေကာင္းလာတာနဲ႔သစ္သီးေတြနဲ႔ ဟင္းသီးဟင္း႐ြက္ေတြကို သူ႔အတိုင္းျဖစ္ေစ ၊ ခ်က္ျပဳတ္ၿပီးျဖစ္ေစ စားသုံးေပးႏိုင္တယ္ ။
ဗိုက္တာမင္ ေအပါတဲ့ အစားအေသာက္ေတြကေတာ့ တိရိစာၦန္ေတြရဲ႕အသည္းအျမစ္မ်ား ၊မုန္လာဥနီ ၊ေ႐ႊဖ႐ုံသီး ၊ေက်ာက္ဖ႐ုံသီး ၊သရက္သီး ၊တ႐ုတ္ဆီးသီးေျခာက္ ၊ဟင္းႏုႏြယ္ ၊ဆလတ္႐ြတ္ ၊ၾကက္သြန္နီ ၊တ႐ုတ္ပန္းေဂၚဖီ စတာေတြမွာ ေပါႂကြယ္ဝပါတယ္ ။
ဗိုက္တာမင္ စီကို ခ်ဥ္တဲ့ သံပုရာႏြယ္ဝင္ အသီးမ်ား ၊မာလကာသီး ၊လိေမၼာ္သီး ၊င႐ုတ္သီးစိမ္း ၊ပန္းေဂၚဖီထုပ္ ၊င႐ုတ္ပြ ၊တ႐ုတ္နံနံ ၊သရက္သီး စတာေတြမွာ ေပါမ်ားစြာ ေတြ႕ရပါတယ္ ။
ဗိုက္တာမင္ အီးကို အဓိကအားျဖင့္ အေစ့အဆန္နဲ႔ ၎တို႔မွထြက္ေသာအဆီမ်ား(ေနၾကာေစ့ ၊ေနၾကာဆီ ၊ေျမပဲ ၊ေျမပဲဆီ စသျဖင့္ ) ၊ပင္လယ္ေရညႇိ ၊ စိမ္းျပာေရညႇိ စတာေတြမွာ ေတြ႕ရပါတယ္ ။
ဖ်ားနာသူေတြဟာ အရည္မ်ားမ်ားေသာက္ဖို႔လိုတယ္ ။ဒါေပမယ့္ ကဖင္းပါေသာ ေကာ္ဖီ ၊လက္ဖက္ရည္ ၊ကိုလာ စတာေတြကို ေရွာင္သင့္ပါတယ္ ။အဖ်ားက်တာနဲ႔ အစာေၾကလြယ္တဲ့ အစားအေသာက္မ်ားကို စားသင့္ပါတယ္ ။ျပဳျပင္စီမံထားတဲ့ အသင့္စား အစားအေသာက္ေတြကို ေရွာင္ရွားသင့္ပါတယ္ ။ဘာလို႔လဲ ဆိုရင္ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ အာဟာရဓာတ္ပါဝင္မႈက နည္းပါးလြန္းပါတယ္ ။ဒါ့အျပင္ အဆီအဆိမ့္ေပါႂကြယ္ဝလြန္းတဲ့ အစားအေသာက္မ်ားကိုလည္း ေရွာင္ပါ ။ဖ်ားနာသူေတြနဲ႔ နာလန္ထသူေတြ အေနနဲ႔ အစားတစ္ခုကို သတိျပဳႏိုင္ၾကပါေစ ။
Author : ေခတ္သစ္ ဇီဝက
(Unicode)
ဖျားတယ်ဆိုတာ ကိုယ်အပူချိန် တိုင်းကြည့်ရင် ၃၇ စင်တီဂရိတ် ၊ဒါမှမဟုတ် ၉၈.၆ ဒီဂရီဖာရင်ဟိုက် ရှိရင် အဖျားတက်တယ်လို့ ပြောနိုင်ပါတယ် ။ဖျားတယ်ဆိုတာ ခန္ဓာကိုယ် နေထိုင်မကောင်းတာလို့ သွယ်ဝိုက်ပြောပြနေတာပါ ။ခန္ဓာကိုယ်ထဲကို ရောဂါပိုး တစ်မျိုးမျိုး ဝင်ရောက်လာတာနဲ့ သွေးဖြူဥတွေက ပြန် လည်ခုခံရာမှာ အဖျားတက်စေတဲ့ ဓာတ်တွေ ထွက်လာပါတယ် ။ထွက်လာတဲ့ဓာတ်ပစ္စည်းတွေဟာ ဦးနှောက်ကို သွားရောက်လှုံ့ဆော်ရာကနေ ဖျားတယ်ဆိုပြီးလူတွေက ခံစားရပါတယ် ။ကိုယ်အပူချိန်တက်မယ် ၊ကိုယ်လက် ကိုက်ခဲမယ် ၊အစားအသောက်ပျက်မယ်ပေါ့ ။
ဖျားနေရင် ဘာတွေ စားသောက်ဖို့လိုမလဲ လို့ သိချင်ကြပါတယ် ။အများစုက အဖျားတက်နေရင် ထမင်း ဟင်း မစားရဘူးလို့ ၊အဖျားတက်မယ် ဆိုပြီးအယူလွဲနေကြပါတယ် ။အမှန်က ထမင်း ၊ဟင်းမှ မဟုတ်ပါဘူး ဘာစားစား ၊ဘာသောက်သောက်ပါ ခန္ဓာကိုယ်က အစာချေရတဲ့အခါ ဇီဝကမ္မဖြစ်စဉ်တွေကြောင့် ကိုယ်အပူ နည်းနည်းတက်တာပါ ။အဖျားတက်တယ်လို့ မယူဆစေချင်ပါ ။ဖျားနာသူထမင်းနဲ့ ဟင်းစားချင်စိတ်ရှိရင် ကျွေးသာကျွေးပါ ။အာဟာရရှိမှ နာလန်ထူမှာပါ ။အများစုက တစ်ရက် နှစ်ရက်လောက် ခံတွင်းပျက်တတ်ပါတယ် ။အစာစားချင်စိတ်ပေါ်လာရင် နာလန်ထူလာတဲ့သဘောပါ ။
အစာမာတွေ မစားနိုင်သေးရင် သစ်သီးနဲ့ ဟင်းသီးဟင်းရွက်ဖျော်ရည်တွေ ၊ဆန်ပြုတ် ၊စွပ်ပြုတ် ၊မြူစွမ်ပြုတ်အရည်တွေ တိုက်ကျွေးနိုင်ပါတယ် ။အဓိကက ဗိုက်တာမင် အေ ၊ စီ ၊ အီးဓာတ်တွေ ပါတဲ့ အစားအသောက်များ စားသုံးပေးပါ ။ထို ဗိုက်တာမင်တွေမှာ ဓာတ်တိုးဆန့်ကျင် Anti-oxidant အာနိသင်ရှိပါ တယ် ။ဒါ့အပြင် ကိုယ်ခံစွမ်းအားကိုလည်း မြင့်စေပါတယ် ။နည်းနည်းနေကောင်းလာတာနဲ့သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို သူ့အတိုင်းဖြစ်စေ ၊ ချက်ပြုတ်ပြီးဖြစ်စေ စားသုံးပေးနိုင်တယ် ။
ဗိုက်တာမင် အေပါတဲ့ အစားအသောက်တွေကတော့ တိရိစ္ဆာန်တွေရဲ့အသည်းအမြစ်များ ၊မုန်လာဥနီ ၊ရွှေဖရုံသီး ၊ကျောက်ဖရုံသီး ၊သရက်သီး ၊တရုတ်ဆီးသီးခြောက် ၊ဟင်းနုနွယ် ၊ဆလတ်ရွတ် ၊ကြက်သွန်နီ ၊တရုတ်ပန်းဂေါ်ဖီ စတာတွေမှာ ပေါကြွယ်ဝပါတယ် ။
ဗိုက်တာမင် စီကို ချဉ်တဲ့ သံပုရာနွယ်ဝင် အသီးများ ၊မာလကာသီး ၊လိမ္မော်သီး ၊ငရုတ်သီးစိမ်း ၊ပန်းဂေါ်ဖီထုပ် ၊ငရုတ်ပွ ၊တရုတ်နံနံ ၊သရက်သီး စတာတွေမှာ ပေါများစွာ တွေ့ရပါတယ် ။
ဗိုက်တာမင် အီးကို အဓိကအားဖြင့် အစေ့အဆန်နဲ့ ၎င်းတို့မှထွက်သောအဆီများ(နေကြာစေ့ ၊နေကြာဆီ ၊မြေပဲ ၊မြေပဲဆီ စသဖြင့် ) ၊ပင်လယ်ရေညှိ ၊ စိမ်းပြာရေညှိ စတာတွေမှာ တွေ့ရပါတယ် ။
ဖျားနာသူတွေဟာ အရည်များများသောက်ဖို့လိုတယ် ။ဒါပေမယ့် ကဖင်းပါသော ကော်ဖီ ၊လက်ဖက်ရည် ၊ကိုလာ စတာတွေကို ရှောင်သင့်ပါတယ် ။အဖျားကျတာနဲ့ အစာကြေလွယ်တဲ့ အစားအသောက်များကို စားသင့်ပါတယ် ။ပြုပြင်စီမံထားတဲ့ အသင့်စား အစားအသောက်တွေကို ရှောင်ရှားသင့်ပါတယ် ။ဘာလို့လဲ ဆိုရင်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်ပါဝင်မှုက နည်းပါးလွန်းပါတယ် ။ဒါ့အပြင် အဆီအဆိမ့်ပေါကြွယ်ဝလွန်းတဲ့ အစားအသောက်များကိုလည်း ရှောင်ပါ ။ဖျားနာသူတွေနဲ့ နာလန်ထသူတွေ အနေနဲ့ အစားတစ်ခုကို သတိပြုနိုင်ကြပါစေ ။
Author : ခေတ်သစ် ဇီဝက