fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ဆီးပူဆီးကျဉ် မဖြစ်ရလေအောင်

494
VIEWS
Share on FacebookShare on TwitterShare on Linkedin
14/07/2017
in ကျန်းမာသော နေထိုင်မှုပုံစံ, အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi)

ဆီးသြားတဲ့အခ်ိန္ေတြမွာ ပူၿပီး ဆီးစပ္နားက နာၿပီး က်န္ခဲ့တာမ်ိဳးခံစားဖူးၾကပါသလား။ ဒီလိုျဖစ္ေစတဲ့ အေၾကာင္းအရင္းကေတာ့ အမ်ိဳးသမီး အမ်ားစုမွာ ဆီးလမ္းေၾကာင္းပိုးဝင္လို႔ျဖစ္ၿပီး အမ်ိဳးသားအမ်ားစုအတြက္ေတာ့ ဆီးႁပြန္ေရာင္ရမ္းျခင္းနဲ႔ ဆီးက်ိတ္ျပႆနာေတြေၾကာင့္ အျဖစ္မ်ားပါတယ္။
အျခားျဖစ္ေစတဲ့ အေၾကာင္းအရင္း ေတြကေတာ့ ဆီးလမ္းေၾကာင္းမွာ ေက်ာက္တည္ျခင္း ၊ ဆီးအိမ္ေရာင္ရမ္းျခင္း ၊ ေမြးလမ္းေၾကာင္းပိုးဝင္ျခင္း ၊ ဆီးက်ိတ္ေရာင္ရမ္းျခင္းေတြေၾကာင့္လည္း ျဖစ္တတ္ပါေသးတယ္။

ဒါ့အျပင္ အရင္က ဆီးပိုက္ထည့္ဖူးတဲ့ သူေတြမွာလည္း ျဖစ္တတ္ၿပီး လိင္ကတဆင့္ ကူးစက္တဲ့တတ္ ေရာဂါေတြေၾကာင့္လည္း ျဖစ္ႏိုင္ပါေသးတယ္။ ဒီအထဲမွာမွ အျဖစ္မ်ားတဲ့ ဆီးလမ္းေၾကာင္းပိုးဝင္ျခင္းအေၾကာင္းကို ေျပာျပခ်င္ပါတယ္။ဆီးလမ္းေၾကာင္းပိုးဝင္ျခင္းဟာ အမ်ိဳးသားေတြထက္ အမ်ိဳးသမီးေတြမွာ ပိုၿပီး အျဖစ္မ်ားပါတယ္။ ဘာလို႔လဲဆိုေတာ့ အမ်ိဳးသမီးေတြရဲ႕ ဆီးႁပြန္ဟာ အမ်ိဳးသားေတြထက္ ပိုတိုတဲ့အတြက္ ပိုးဝင္ဖို႔ ပိုအခြင့္အလမ္းမ်ားပါတယ္။ လိင္ဆက္ဆံမႈရွိတဲ့ အမ်ိဳးသမီးေတြမွာ ပိုျဖစ္တတ္ပါတယ္။ ေသြးဆုံးၿပီးတဲ့ အမ်ိဳးသမီးေတြမွာလည္း ေသြးထဲမွာ မေဟာ္မုန္း အီစတိုဂ်င္ဓာတ္နည္းသြားတဲ့ အတြက္ ဆီးလမ္းေၾကာင္းပိုးဝင္တာေတြ ပိုျဖစ္ပါတယ္။ ဆီးလမ္းေၾကာင္းပိုးဝင္တဲ့အခါ ဘယ္လိုခံစားရလဲ။

ဆီး နည္းနည္းနဲ႔ မၾကာခဏ သြားခ်င္မယ္။ ဆီးသြားခ်င္ရင္ ထိန္းမရတာမ်ိဳးေတြ ျဖစ္မယ္။ ဆီးသြားတဲ့ အခါ ပူတာ ၊ က်ဥ္တာေတြ ျဖစ္တတ္တယ္။ ဆီးသြားတဲ့အခါမွာ အနည္ေတြပါတာ အရမ္းဆိုးရင္ ေသြးပါတာမ်ိဳးေတြျဖစ္ႏိုင္တယ္။ ဆီးသြားၿပီးတဲ့ အခါမွာလည္း ဆီးစပ္နားမွာ နာၿပီးက်န္ခဲ့တာမ်ိဳးေတြ ျဖစ္တတ္တယ္။ ခ်မ္းတုန္ဖ်ားတာ ၊ ဗိုက္နာတာ ၊ ႏူးခ်ိၿပီး ပင္ပန္းႏြမ္းနယ္တာေတြလည္း ခံစားရႏိုင္တယ္။ ဆီးအနံ႔ကလည္း ပုံမွန္ထက္ ျပင္းထန္ေနတာမ်ိဳး ဆီးအေရာင္က ကိုကာကိုလာအေရာင္လိုမ်ိဳး ေတြလည္း ျဖစ္တတ္တယ္။

ဒီလို လကၡဏာေတြ ခံစားေနရၿပီဆို ဆီးစစ္တာေတြ ဆီးပိုးေမြးတာေတြ လုပ္ၿပီး ေသခ်ာကုသမႈ ခံယူသင့္ပါတယ္။ ဘာလို႔လဲဆိုေတာ့ မကုဘဲထားလိုက္ရင္ ေက်ာက္ကပ္ပ်က္စီးတတ္ပါတယ္။ ပိုးဝင္တာ အရမ္းဆိုးတဲ့အခါမွာ ေသြးဆိပ္တက္ၿပီး အသက္အႏၲရာယ္ရွိႏိုင္လို႔ပါ။ စနစ္တက် ေဆးကုသမႈ မခံယူရင္ ဆီးပိုးခဏခဏ ဝင္တာေတြ ၊ နာတာရွည္ေက်ာက္ကပ္အလုပ္မလုပ္ေတာ့တာေတြလည္း ျဖစ္ႏိုင္ပါတယ္။ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြမွာ ေသခ်ာမကုဘဲထားရင္ ေမြးလာတဲ့ကေလးက ေပါင္မျပည့္တာ ၊ ေနမေစ့လမေစ့ဘဲ ေမြးတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။

ဒါေၾကာင့္ စနစ္တက် ေဆးကုသမႈေတြ ခံယူသင့္ပါတယ္။ ကုသမႈ ခံယူေနစဥ္အတြင္း ဆီးပူဆီးက်ဥ္တာေတြ သက္သာေစဖို႔ ေရမ်ားမ်ားေသာက္ေပးပါ။ အရက္ေသစာေတြနဲ႔ ကဖင္းဓာတ္ပါတဲ့ အစားအစာေတြ ၊ အပူအစပ္အရမ္းမ်ားတဲ့ အစားအစာေတြ ေရွာင္ပါ။ ဆီးစပ္မွာ နာက်င္မႈေတြ ေလ်ာ့ပါးေစဖို႔ ေရေႏြးအိတ္ကပ္လို႔ ရပါတယ္။ ျဖစ္မွ ကုတာထက္ မျဖစ္ခ်င္ကတည္းက ႀကိဳတင္ကာကြယ္တာ အေကာင္းဆုံးပါပဲ။ ဆီးလမ္းေၾကာင္းပိုးဝင္တာကို ကာကြယ္ဖို႔အတြက္ အမ်ိဳးသားျဖစ္ေစ အမ်ိဳးသမီးျဖစ္ေစ ေရမ်ားမ်ားေသာက္ေပးသင့္ပါတယ္။ ဆီးသြားခ်င္ရင္ ေအာင့္မထားသင့္ပါဘူး။ အရမ္းၾကပ္တဲ့ အဝတ္အစားေတြကို မဝတ္ဆင္သင့္ပါဘူး။

အမ်ိဳးသမီးေတြမွာဆို အိမ္သာတက္ၿပီး ေဆးေၾကာသန႔္စင္မႈေတြ လုပ္တဲ့အခါမွာ လက္ကို အေရွ႕ကေန အေနာက္ကိုသြားတာမ်ိဳးပဲ လုပ္ပါ။ အေနာက္ကေန အေရွ႕ကို သြားတဲ့အခါမွာ မသန႔္တဲ့ပိုးေတြဟာ မိန္းမကိုယ္လမ္းေၾကာင္းထဲကို ဝင္သြားတဲ့အတြက္ အျဖဴဆင္းတာေတြ ဆီးလမ္းေၾကာင္းပိုးဝင္တာေတြ ျဖစ္တတ္ပါတယ္။ လိင္မဆက္ဆံမီနဲ႔ လိင္ဆက္ဆံၿပီးခ်ိန္မွာ ဆီးသြားေပးပါ။ အတြင္းခံေတြကို ခ်ည္သားနဲ႔ ျပဳလုပ္တာေတြပဲ ဝတ္ဆင္ပါ။ vit C ပါတဲ့ အစားအစာေတြကို စားသုံးေပးပါ။ ဒီလိုနည္းေတြနဲ႔ စိတ္ဒုကၡကို အလြန္ျဖစ္ေစတဲ့ ဆီးပူဆီးက်ဥ္ျခင္းမွ ကင္းေဝးႏိုင္ၾကပါေစ။ ။

Author : Dr.ေမ

ဆီးသွားတဲ့အချိန်တွေမှာ ပူပြီး ဆီးစပ်နားက နာပြီး ကျန်ခဲ့တာမျိုးခံစားဖူးကြပါသလား။ ဒီလိုဖြစ်စေတဲ့ အကြောင်းအရင်းကတော့ အမျိုးသမီး အများစုမှာ ဆီးလမ်းကြောင်းပိုးဝင်လို့ဖြစ်ပြီး အမျိုးသားအများစုအတွက်တော့ ဆီးပြွန်ရောင်ရမ်းခြင်းနဲ့ ဆီးကျိတ်ပြဿနာတွေကြောင့် အဖြစ်များပါတယ်။
အခြားဖြစ်စေတဲ့ အကြောင်းအရင်း တွေကတော့ ဆီးလမ်းကြောင်းမှာ ကျောက်တည်ခြင်း ၊ ဆီးအိမ်ရောင်ရမ်းခြင်း ၊ မွေးလမ်းကြောင်းပိုးဝင်ခြင်း ၊ ဆီးကျိတ်ရောင်ရမ်းခြင်းတွေကြောင့်လည်း ဖြစ်တတ်ပါသေးတယ်။

ဒါ့အပြင် အရင်က ဆီးပိုက်ထည့်ဖူးတဲ့ သူတွေမှာလည်း ဖြစ်တတ်ပြီး လိင်ကတဆင့် ကူးစက်တဲ့တတ် ရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ ဒီအထဲမှာမှ အဖြစ်များတဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းအကြောင်းကို ပြောပြချင်ပါတယ်။ဆီးလမ်းကြောင်းပိုးဝင်ခြင်းဟာ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုပြီး အဖြစ်များပါတယ်။ ဘာလို့လဲဆိုတော့ အမျိုးသမီးတွေရဲ့ ဆီးပြွန်ဟာ အမျိုးသားတွေထက် ပိုတိုတဲ့အတွက် ပိုးဝင်ဖို့ ပိုအခွင့်အလမ်းများပါတယ်။ လိင်ဆက်ဆံမှုရှိတဲ့ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ သွေးဆုံးပြီးတဲ့ အမျိုးသမီးတွေမှာလည်း သွေးထဲမှာ မဟော်မုန်း အီစတိုဂျင်ဓာတ်နည်းသွားတဲ့ အတွက် ဆီးလမ်းကြောင်းပိုးဝင်တာတွေ ပိုဖြစ်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်တဲ့အခါ ဘယ်လိုခံစားရလဲ။

ဆီး နည်းနည်းနဲ့ မကြာခဏ သွားချင်မယ်။ ဆီးသွားချင်ရင် ထိန်းမရတာမျိုးတွေ ဖြစ်မယ်။ ဆီးသွားတဲ့ အခါ ပူတာ ၊ ကျဉ်တာတွေ ဖြစ်တတ်တယ်။ ဆီးသွားတဲ့အခါမှာ အနည်တွေပါတာ အရမ်းဆိုးရင် သွေးပါတာမျိုးတွေဖြစ်နိုင်တယ်။ ဆီးသွားပြီးတဲ့ အခါမှာလည်း ဆီးစပ်နားမှာ နာပြီးကျန်ခဲ့တာမျိုးတွေ ဖြစ်တတ်တယ်။ ချမ်းတုန်ဖျားတာ ၊ ဗိုက်နာတာ ၊ နူးချိပြီး ပင်ပန်းနွမ်းနယ်တာတွေလည်း ခံစားရနိုင်တယ်။ ဆီးအနံ့ကလည်း ပုံမှန်ထက် ပြင်းထန်နေတာမျိုး ဆီးအရောင်က ကိုကာကိုလာအရောင်လိုမျိုး တွေလည်း ဖြစ်တတ်တယ်။

ဒီလို လက္ခဏာတွေ ခံစားနေရပြီဆို ဆီးစစ်တာတွေ ဆီးပိုးမွေးတာတွေ လုပ်ပြီး သေချာကုသမှု ခံယူသင့်ပါတယ်။ ဘာလို့လဲဆိုတော့ မကုဘဲထားလိုက်ရင် ကျောက်ကပ်ပျက်စီးတတ်ပါတယ်။ ပိုးဝင်တာ အရမ်းဆိုးတဲ့အခါမှာ သွေးဆိပ်တက်ပြီး အသက်အန္တရာယ်ရှိနိုင်လို့ပါ။ စနစ်တကျ ဆေးကုသမှု မခံယူရင် ဆီးပိုးခဏခဏ ဝင်တာတွေ ၊ နာတာရှည်ကျောက်ကပ်အလုပ်မလုပ်တော့တာတွေလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ သေချာမကုဘဲထားရင် မွေးလာတဲ့ကလေးက ပေါင်မပြည့်တာ ၊ နေမစေ့လမစေ့ဘဲ မွေးတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဒါကြောင့် စနစ်တကျ ဆေးကုသမှုတွေ ခံယူသင့်ပါတယ်။ ကုသမှု ခံယူနေစဉ်အတွင်း ဆီးပူဆီးကျဉ်တာတွေ သက်သာစေဖို့ ရေများများသောက်ပေးပါ။ အရက်သေစာတွေနဲ့ ကဖင်းဓာတ်ပါတဲ့ အစားအစာတွေ ၊ အပူအစပ်အရမ်းများတဲ့ အစားအစာတွေ ရှောင်ပါ။ ဆီးစပ်မှာ နာကျင်မှုတွေ လျော့ပါးစေဖို့ ရေနွေးအိတ်ကပ်လို့ ရပါတယ်။ ဖြစ်မှ ကုတာထက် မဖြစ်ချင်ကတည်းက ကြိုတင်ကာကွယ်တာ အကောင်းဆုံးပါပဲ။ ဆီးလမ်းကြောင်းပိုးဝင်တာကို ကာကွယ်ဖို့အတွက် အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ ရေများများသောက်ပေးသင့်ပါတယ်။ ဆီးသွားချင်ရင် အောင့်မထားသင့်ပါဘူး။ အရမ်းကြပ်တဲ့ အဝတ်အစားတွေကို မဝတ်ဆင်သင့်ပါဘူး။

အမျိုးသမီးတွေမှာဆို အိမ်သာတက်ပြီး ဆေးကြောသန့်စင်မှုတွေ လုပ်တဲ့အခါမှာ လက်ကို အရှေ့ကနေ အနောက်ကိုသွားတာမျိုးပဲ လုပ်ပါ။ အနောက်ကနေ အရှေ့ကို သွားတဲ့အခါမှာ မသန့်တဲ့ပိုးတွေဟာ မိန်းမကိုယ်လမ်းကြောင်းထဲကို ဝင်သွားတဲ့အတွက် အဖြူဆင်းတာတွေ ဆီးလမ်းကြောင်းပိုးဝင်တာတွေ ဖြစ်တတ်ပါတယ်။ လိင်မဆက်ဆံမီနဲ့ လိင်ဆက်ဆံပြီးချိန်မှာ ဆီးသွားပေးပါ။ အတွင်းခံတွေကို ချည်သားနဲ့ ပြုလုပ်တာတွေပဲ ဝတ်ဆင်ပါ။ vit C ပါတဲ့ အစားအစာတွေကို စားသုံးပေးပါ။ ဒီလိုနည်းတွေနဲ့ စိတ်ဒုက္ခကို အလွန်ဖြစ်စေတဲ့ ဆီးပူဆီးကျဉ်ခြင်းမှ ကင်းဝေးနိုင်ကြပါစေ။ ။

Author : Dr.မေ

Previous Post

သင့်ကလေး အဝလွန်နေတာကို သတိထားမိကြရဲ့လား

Next Post

ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန် ဘယ်လောက်ရှိရမယ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
855
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
845
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန် ဘယ်လောက်ရှိရမယ်

မှိုအဆိပ်သင့်ခြင်းအကြောင်း သိကောင်းစရာ

အိုင်တီပစ္စည်းများနဲ့ သတိပြုဖွယ် မျက်စိပြဿနာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.