fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

လည်ပင်းထဲက ထွက်နေတဲ့ အဆိပ်

Wedding accessories for the morning of the bride in pink . Wedding bouquet and shoes of the bride.

Wedding accessories for the morning of the bride in pink . Wedding bouquet and shoes of the bride.

1.1k
VIEWS
Share on FacebookShare on TwitterShare on Linkedin
26/07/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi)

လူတစ္ေယာက္ခ်င္းစီမွာ ေသြးထဲမွာ လည္ပတ္ေနတဲ့ ဓာတ္စု ေပါင္းမ်ားစြာ ရွိပါတယ္။ ထိုဓာတ္စုေတြမွာခႏၶာကိုယ္ထဲမွာရွိတဲ့ ပုံမွန္သဘာဝပစၥည္းေတြျဖစ္ေပမယ့္ လြန္ကဲလာတဲ့အခါမွာေတာ့ခႏၶာကိုယ္ကို ဒုကၡျဖစ္ေစတဲ့ အဆိပ္သေဘာမ်ိဳးကို ေရာက္ရွိသြားတတ္ပါတယ္။ ဒီေဆာင္းပါးေလးမွာ ပုံမွန္သဘာဝအတိုင္းရွိတဲ့ လည္ပင္းကဓာတ္ေတြ လြန္ၾကဴးစြာထြက္တဲ့အတြက္ ခႏၶာကိုယ္ကို ေဘးဒုကၡျဖစ္   ေစတဲ့ အေၾကာင္းေလးကို ေျပာျပခ်င္ပါတယ္။

ေဆးပညာအေခၚအရ Graves’ disease လို႔ေခၚၿပီး အရပ္အေခၚအရ လည္ပင္းအဆိပ္ထြက္တဲ့ လည္ပင္းႀကီးေရာဂါလို႔ ေျပာၾကပါတယ္။ ဒီေရာဂါ ဘာေၾကာင့္ျဖစ္ရတာလဲဆိုရင္ ခႏၶာကိုယ္ထဲက ကိုယ္ခံအားစနစ္မွားယြင္းမႈေၾကာင့္ လည္ပင္းထဲက ပုံမွန္ထြက္ေနက် ဓာတ္ေတြကို ပိုထြက္ေစတဲ့အတြက္ ျဖစ္ရတာပါ။ အသက္အ႐ြယ္မေ႐ြး ျဖစ္ပြားႏိုင္ေပမယ့္ အသက္ ၃၀ နဲ႔ ၅၀ ၾကား အမ်ိဳးသမီးေတြမွာ ပိုအျဖစ္မ်ားပါတယ္။ ဒီေရာဂါခံစားေနရသူေတြဟာ လည္ပင္းႀကီးခ်င္မွလည္း ႀကီးတတ္ၾကပါတယ္။

ေရာဂါလကၡဏာေတြကေတာ့ အစားအေသာက္မပ်က္ဘဲနဲ႔ ကိုယ္အေလးခ်ိန္ သိသိသာသာ က်ဆင္းသြားျခင္း ၊ အပူဒဏ္မခံႏိုင္ျခင္း ၊ ေခြၽးထြက္မ်ားျခင္း ၊ ရင္တုန္ျခင္း ၊ လက္တုန္ေျခတုန္ႏွင့္ ကတုန္ကရင္ျဖစ္ျခင္း ၊ ပင္ပန္းႏြမ္းနယ္ျခင္း ၊ ေမာပန္းျခင္း ၊ စိတ္တိုစိတ္ဆတ္လြယ္ျခင္း ႏွင့္ ညဖက္အိပ္မေပ်ာ္ျခင္းေတြပဲ ျဖစ္ပါတယ္။

အမ်ိဳးသမီးေတြ မွာျဖစ္တဲ့အခါ ရာသီထိန္သြားတာမ်ိဳးေတြလည္း ျဖစ္တတ္ပါတယ္။အမ်ိဳးသားေတြမွာ ျဖစ္တဲ့အခါပန္းေသပန္းညႇိးတာ ၊လိင္ကိစၥေတြကိုစိတ္ဝင္စားမႈ ေလ်ာ့နည္းတာေတြ ရွိတတ္ပါတယ္။ မၾကာခဏ ဝမ္းသြားတာ ၊ ရင္ဘတ္ေအာင့္တာေတြအျပင္ ေျခက်င္းဝတ္ေတြ ေရာင္ရမ္းတာေတြလည္း ျဖစ္တတ္ပါေသးတယ္။ ႂကြက္သားေတြ အားမရွိသလို ေညာင္းသလို ခံစားရတာေတြ လည္း ရွိတတ္သလို ဒီေရာဂါျဖစ္ရင္ ဆံပင္လည္း အရမ္းကြၽတ္တတ္ပါတယ္။ အ႐ိုးပြတဲ့အတြက္ မၾကာခဏ အ႐ိုးက်ိဳးတာမ်ိဳးလည္း ျဖစ္တတ္ပါတယ္။

စမ္းၾကည့္ရင္ ႏွလုံးခုန္ျမန္ေနတာ ၊ လက္ေတြတုန္ေနတာ ၊ လက္ဖဝါးေတြ နီရဲေနတာမ်ိဳးေတြ ေတြ႕ရတတ္ပါတယ္။ ဒီေရာဂါရဲ႕ ထူးျခားတာတစ္ခုကေတာ့ မ်က္လုံးျပဴးလာတာပါပဲ။ ၂ ေယာက္မွာ ၁     ေယာက္က မ်က္လုံးျပဴးလာတတ္ပါတယ္။ ေဆးလိပ္ေသာက္တဲ့ သူေတြမွာ ပိုျဖစ္တတ္ပါတယ္။ မ်က္လုံးျပဴးလာတဲ့အတြက္ မ်က္ရည္မၾကာခဏ က်ျခင္း ၊ မ်က္သားေျခာက္ေသြ႕ျခင္း ၊ မ်က္စိထဲ တစ္ခုခုဝင္ေနသလို ခိုးလို႔ခုလုျဖစ္ေနျခင္း ၊ မ်က္စိနာျခင္းေတြကို မၾကာခဏ ခံစားရတတ္ပါတယ္။ အရမ္းဆိုးလာရင္ အျမင္အာ႐ုံ ၂ ထပ္ျဖစ္တာေတြ ၊ အေရာင္မသဲကြဲေတာ့တာေတြ အထိျဖစ္တတ္ပါတယ္။

ဒါေၾကာင့္ ဒီေရာဂါျဖစ္လာရင္ ေသခ်ာကုသမႈ ခံယူသင့္ပါတယ္။ မိမိမွာ ဒီေရာဂါလကၡဏာေတြထဲက တစ္ခုခုရွိေနၿပီဆိုရင္ ဆရာဝန္နဲ႔ ေသခ်ာျပသသင့္ပါတယ္။ လိုအပ္တဲ့ ေသြးစစ္တာ ၊ ဓာတ္မွန္႐ိုက္တာမ်ိဳးေတြ လုပ္သင့္ပါတယ္။ ေဆးကို ပုံမွန္ေသာက္ၿပီး ေသခ်ာေဆးကုသမႈ ခံယူမယ္ဆိုရင္ လူေကာင္းတစ္ဦးနီးပါး အသက္ရွည္ေနထိုင္သြားႏိုင္မွာပါ။

Author : Dr.ေမ

(unicode)

လူတစ်ယောက်ချင်းစီမှာ သွေးထဲမှာ လည်ပတ်နေတဲ့ ဓာတ်စု ပေါင်းများစွာ ရှိပါတယ်။ ထိုဓာတ်စုတွေမှာခန္ဓာကိုယ်ထဲမှာရှိတဲ့ ပုံမှန်သဘာဝပစ္စည်းတွေဖြစ်ပေမယ့် လွန်ကဲလာတဲ့အခါမှာတော့ခန္ဓာကိုယ်ကို ဒုက္ခဖြစ်စေတဲ့ အဆိပ်သဘောမျိုးကို ရောက်ရှိသွားတတ်ပါတယ်။ ဒီဆောင်းပါးလေးမှာ ပုံမှန်သဘာဝအတိုင်းရှိတဲ့ လည်ပင်းကဓာတ်တွေ လွန်ကြူးစွာထွက်တဲ့အတွက် ခန္ဓာကိုယ်ကို ဘေးဒုက္ခဖြစ်   စေတဲ့ အကြောင်းလေးကို ပြောပြချင်ပါတယ်။

ဆေးပညာအခေါ်အရ Graves’ disease လို့ခေါ်ပြီး အရပ်အခေါ်အရ လည်ပင်းအဆိပ်ထွက်တဲ့ လည်ပင်းကြီးရောဂါလို့ ပြောကြပါတယ်။ ဒီရောဂါ ဘာကြောင့်ဖြစ်ရတာလဲဆိုရင် ခန္ဓာကိုယ်ထဲက ကိုယ်ခံအားစနစ်မှားယွင်းမှုကြောင့် လည်ပင်းထဲက ပုံမှန်ထွက်နေကျ ဓာတ်တွေကို ပိုထွက်စေတဲ့အတွက် ဖြစ်ရတာပါ။ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပေမယ့် အသက် ၃၀ နဲ့ ၅၀ ကြား အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ ဒီရောဂါခံစားနေရသူတွေဟာ လည်ပင်းကြီးချင်မှလည်း ကြီးတတ်ကြပါတယ်။

ရောဂါလက္ခဏာတွေကတော့ အစားအသောက်မပျက်ဘဲနဲ့ ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းသွားခြင်း ၊ အပူဒဏ်မခံနိုင်ခြင်း ၊ ချွေးထွက်များခြင်း ၊ ရင်တုန်ခြင်း ၊ လက်တုန်ခြေတုန်နှင့် ကတုန်ကရင်ဖြစ်ခြင်း ၊ ပင်ပန်းနွမ်းနယ်ခြင်း ၊ မောပန်းခြင်း ၊ စိတ်တိုစိတ်ဆတ်လွယ်ခြင်း နှင့် ညဖက်အိပ်မပျော်ခြင်းတွေပဲ ဖြစ်ပါတယ်။

အမျိုးသမီးတွေ မှာဖြစ်တဲ့အခါ ရာသီထိန်သွားတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။အမျိုးသားတွေမှာ ဖြစ်တဲ့အခါပန်းသေပန်းညှိးတာ ၊လိင်ကိစ္စတွေကိုစိတ်ဝင်စားမှု လျော့နည်းတာတွေ ရှိတတ်ပါတယ်။ မကြာခဏ ဝမ်းသွားတာ ၊ ရင်ဘတ်အောင့်တာတွေအပြင် ခြေကျင်းဝတ်တွေ ရောင်ရမ်းတာတွေလည်း ဖြစ်တတ်ပါသေးတယ်။ ကြွက်သားတွေ အားမရှိသလို ညောင်းသလို ခံစားရတာတွေ လည်း ရှိတတ်သလို ဒီရောဂါဖြစ်ရင် ဆံပင်လည်း အရမ်းကျွတ်တတ်ပါတယ်။ အရိုးပွတဲ့အတွက် မကြာခဏ အရိုးကျိုးတာမျိုးလည်း ဖြစ်တတ်ပါတယ်။

စမ်းကြည့်ရင် နှလုံးခုန်မြန်နေတာ ၊ လက်တွေတုန်နေတာ ၊ လက်ဖဝါးတွေ နီရဲနေတာမျိုးတွေ တွေ့ရတတ်ပါတယ်။ ဒီရောဂါရဲ့ ထူးခြားတာတစ်ခုကတော့ မျက်လုံးပြူးလာတာပါပဲ။ ၂ ယောက်မှာ ၁     ယောက်က မျက်လုံးပြူးလာတတ်ပါတယ်။ ဆေးလိပ်သောက်တဲ့ သူတွေမှာ ပိုဖြစ်တတ်ပါတယ်။ မျက်လုံးပြူးလာတဲ့အတွက် မျက်ရည်မကြာခဏ ကျခြင်း ၊ မျက်သားခြောက်သွေ့ခြင်း ၊ မျက်စိထဲ တစ်ခုခုဝင်နေသလို ခိုးလို့ခုလုဖြစ်နေခြင်း ၊ မျက်စိနာခြင်းတွေကို မကြာခဏ ခံစားရတတ်ပါတယ်။ အရမ်းဆိုးလာရင် အမြင်အာရုံ ၂ ထပ်ဖြစ်တာတွေ ၊ အရောင်မသဲကွဲတော့တာတွေ အထိဖြစ်တတ်ပါတယ်။

ဒါကြောင့် ဒီရောဂါဖြစ်လာရင် သေချာကုသမှု ခံယူသင့်ပါတယ်။ မိမိမှာ ဒီရောဂါလက္ခဏာတွေထဲက တစ်ခုခုရှိနေပြီဆိုရင် ဆရာဝန်နဲ့ သေချာပြသသင့်ပါတယ်။ လိုအပ်တဲ့ သွေးစစ်တာ ၊ ဓာတ်မှန်ရိုက်တာမျိုးတွေ လုပ်သင့်ပါတယ်။ ဆေးကို ပုံမှန်သောက်ပြီး သေချာဆေးကုသမှု ခံယူမယ်ဆိုရင် လူကောင်းတစ်ဦးနီးပါး အသက်ရှည်နေထိုင်သွားနိုင်မှာပါ။

Author : Dr.မေ

Previous Post

ခါးဆစ်ထုံဆေးအကြောင်းသိကောင်းစရာ

Next Post

ကွမ်းယာစားခြင်းနှင့် ကျန်းမာရေး ကြိုက်တာရွေး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
852
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
844
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကွမ်းယာစားခြင်းနှင့် ကျန်းမာရေး ကြိုက်တာရွေး

report card

ပိန်ချင်လိုက်တာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.