fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ခေါင်းကိုက်ခြင်းဝေဒနာ

299
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/06/2016
in အထွေထွေရောဂါများအကြောင်း
1 min read
A A

“ခေါင်းကိုက်တယ်” ဆိုသည့်စကားသည် ကျွနု်ပ်တို့အားလုံးနှင့် ရင်းနှီးနေသောစကားဖြစ်သည်ဟုဆိုလျှင် မှားမည်မထင်ပါ။ နေ့စဉ်လုပ်ငန်းဆောင်တာများတွင်တစ်ခုခုအဆင်မပြေဖြစ်သည့်အခါမျိုးတွင်လည်းကောင်း၊ နေမကောင်းဖြစ်ချင်သည့်အခါမျိုးတွင်လည်း ကောင်း၊ စိတ်ညစ်ညူးသည့်အခါမျိုးတွင်လည်းကောင်း “ခေါင်း ကိုက်တယ်၊ ခေါင်းကိုက်တယ်” ဟူ၍ ပြောလေ့ရှိကြပါသည်။
ခေါင်းကိုက်ခြင်းသည် ဦးခေါင်းနှင့်ဦးခေါင်းအနီးတစ်ဝိုက် တွင် နာကျင်မှု၊ ကိုက်ခဲမှုစသောခံစားမှုဖြစ်ပေါ်ခြင်းကိုဆိုလိုခြင်း ဖြစ်ပါသည်။ထို့ပြင် ခေါင်းကိုက်ခြင်းသည်အခြားသောရောဂါများ နှင့်ဆက်စပ်မှုရှိသောရောဂါ၊သို့မဟုတ် ရောဂါလက္ခဏာတစ်မျိုးအဖြစ်လည်းဖြစ်လေ့ရှိတတ်ပြီး ခေါင်းကိုက်ခြင်းသည်စိတ်ပိုင်းဆိုင်ရာထိခိုက်အားနည်းသည့်အခါတွင်လည်းခံစားရတတ်သော ဝေဒနာတစ်မျိုးလည်းဖြစ်ပါသည်။
ထို့ပြင် ခေါင်းကိုက်ခြင်းဟုဆိုလျှင်ဦးခေါင်းတစ်နေရာမှစ၍ ဦးခေါင်းတစ်ခုလုံးသို့နာကျင်ကိုက်ခဲသွားခြင်း၊သို့မဟုတ်ဦး ခေါင်းဘေးနှစ်ဖက်လုံးကိုတစ်ခုခုဖြင့်ညှပ်ထားသကဲ့သို့နာကျင်ကိုက်ခဲခြင်းစသောနာကျင်ခြင်းခံစားမှုများကို ခေါင်းကိုက်ခြင်းဟုသတ်မှတ်နိုင်ပါသည်။ထိုသို့နာကျင်ခြင်းသည် တစ်နေရာတည်း တွင် အချိန်ကြာမြင့်စွာပြင်းပြင်းထန်ထန်နာကျင်ခြင်း၊ တဒုတ်ဒုတ် ကိုက်ခဲခြင်း၊သို့မဟုတ်ရပ်သွားခြင်းဖြင့်လူတစ်ဦးနှင့်တစ်ဦး၊သို့မဟုတ်လူတစ်ဦးတွင်တစ်ချိန်နှင့်တစ်ချိန်မတူညီဘဲဖြစ်ပေါ် တတ်ပါသည်။

ခေါင်းကိုက်ရသည့်အကြောင်းအရင်းများ
ခေါင်းကိုက်ရသည့်အကြောင်းအရင်းပေါင်းများစွာရှိပါ သည်။ International Headache Society (IHS)ဟုခေါ်သည့်အဖွဲ့အစည်းက ခေါင်းကိုက်ခြင်းကိုဘာကြောင့်ဖြစ်ရသလဲဆိုသည့်အကြောင်းအချက်ပေါ်မူတည်၍ ခေါင်းကိုက်ရသည့် အကြောင်းအရင်းကို Primary Headache နှင့် Secondary Headache ဆို၍ နှစ်မျိုးခွဲခြားထားပါသည်။

၁။ Primary Headache
Primary Headache ကြောင့်ဖြစ်ပေါ်လာသည့်ခေါင်း ကိုက်ခြင်းသည် ဦးခေါင်းပိုင်းနှင့်လည်ပင်းနားရှိ သွေးကြောများ၊ ကြွက်သားများနှင့် နာ့ဗ်ကြောများလှုပ်ရှားမှုလွန်ကဲခြင်းနှင့် ဦး ခေါင်းဖွဲ့စည်းမှုပုံစံ၊သို့မဟုတ်ဦးခေါင်းဖွဲ့စည်းမှုပုံစံနှင့်ပတ်သတ်သောပြဿနာတစ်စုံတစ်ရာရှိခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော ခေါင်းကိုက်ခြင်းအမျိုးအစားဖြစ်သည်။ထို့သို့ခေါင်းကိုက်ခြင်းသည်ဦးနှောက်တွင်းရှိဓာတုလှုပ်ရှားမှုများ ပြောင်းလဲမှုဖြစ်စဉ်ကြောင့် လည်း ဖြစ်တတ်ပါသည်။
ဏမငာမေပ ံနေိခေ့န ကြောင့်ဖြစ်ပေါ်လာသည့်ခေါင်း ကိုက်ခြင်းတွင် ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ ခေါင်းတစ်ခုလုံးနေရာလွတ်မကျန်ကိုက်ခဲခြင်းနှင့် ခေါင်းတစ်ခုလုံးတင်းပြီးကိုက်ခဲခြင်း စသည့်ရောဂါလက္ခဏာများပါဝင်ပါသည်။ ထို့ပြင် အပူချိန်နှင့်ပြင်ပ လေဖိအားကြောင့် ရုပ်ပိုင်းဆိုင်ရာတုံ့ပြန်မှုအားများသွားသည့်အခါမျိုးတွင်လည်းကောင်း၊ဦးရေပြားနာကျင်ခြင်းကြောင့်လည်း ကောင်း၊ ရုပ်ပိုင်းဆိုင်ရာပင်ပန်းမှုကြောင့်လည်းကောင်း ဖြစ်တတ် ပါသည်။

၂။ Secondary Headache
Secondary Headache ကြောင့်ဖြစ်ပေါ်လာသည့်ခေါင်း ကိုက်ခြင်းသည် ဆင့်ပွားရောဂါ၊ သို့မဟုတ် အခြားသောရောဂါများ၏ရောဂါလက္ခဏာဖြစ်ပြီးဦးခေါင်းရှိနာ့ဗ်ကြောများနာကျင်လာ သောကြောင့် ခေါင်းကိုက်ခြင်းကိုခံစားရခြင်းဖြစ်ပါသည်။ Secondary Headache ကြောင့်ဖြစ်ပေါ်လာသည့် ခေါင်းကိုက်ခြင်းသည် အကြောင်းအရင်းပေါင်းများစွာကြောင့်ဖြစ်လေ့ရှိပြီးသာမန်အရက် သောက်ပြီးအမူးလွန်ခြင်းကြောင့်လည်းဖြစ်တတ်သကဲ့သို့ ဦးနှောက် အကျိတ် (Brain Tumor) ကြောင့်လည်းဖြစ်တတ်ပါသည်။ ထို့ပြင် လေဖြတ်ခြင်းကြောင့်သော်လည်းကောင်း၊အလွန်အေးသောအစားအစာများကိုအဆက်မပြတ်စားသုံးမှုကြောင့်သော်လည်းကောင်း ဖြစ်တတ်ပါသည်။
Secondary Headache ကို ဖြစ်စေသောအကြောင်းရင်း များစွာအနက်အချို့မှာ- သွေးခဲခြင်း၊ ဦးနှောက်အေးခြင်း၊ကာဗွန်မိုနောက်ဆိုဒ်နှင့်ဓာတ်မတည့်ခြင်း၊ ခေါင်းထိခိုက်၍သတိမေ့သွား ခြင်း၊ ရေဓာတ်ချို့တဲ့ခြင်း၊ ရေတိမ်ဖြစ်ခြင်း၊တုပ်ကွေးဖြစ်ခြင်း၊အကိုက်ခဲပျောက်ဆေးများအလွန်အကျွံသောက်သုံးမိခြင်း၊ ကြောက်စိတ်လွန်ခြင်း၊ လေဖြတ်ခြင်း စသည့်အချက်များပါဝင်ပါ သည်။
ခေါင်းကိုက်ခြင်းသည် ပြင်းထန်သောရောဂါများ၏ ရောဂါလက္ခဏာလည်းဖြစ်နိုင်သောကြောင့် ခေါင်းကိုက်ခြင်းကို မကြာခဏခံစားရပါက ဆရာဝန်နှင့်သေချာစွာတိုင်ပင်ကုသသင့် ပါသည်။ ဥပမာဆိုရလျှင် ပထမအကြိမ်ခေါင်းကိုက်ခြင်းထက် ဒုတိယအကြိမ်ခေါင်းကိုက်ခြင်းက ပိုမိုသောနာကျင်ကိုက်ခဲမှုကို ခံစားရခြင်း၊ ခေါင်းကိုက်ပျောက်ဆေးသောက်သော်လည်း သက်သာ မှုမရှိခြင်းတို့ဖြစ်ပေါ်လာပါက သက်ဆိုင်သောဆေးဝါးကုသမှုခံယူ သင့်ပါသည်။

ခေါင်းကိုက်ခြင်းအမျိုးအစားများ
ခေါင်းကိုက်ခြင်းကို ကိုက်ခဲနာကျင်သည့်အပိုင်းအပေါ်မူ တည်၍လည်းကောင်း၊ ကိုက်ခဲနာကျင်သည့်အချိန်ကာလ အကြိမ် အရေအတွက်ပေါ်မူတည်၍လည်းကောင်း အမျိုးမျိုးခွဲခြားသတ် မှတ်နိုင်ပါသည်။ထင်ရှားသောခေါင်းကိုက်ခြင်းအမျိုးအစားများကို၎င်းတို့၏ရောဂါလက္ခဏာများနှင့်တကွဖော်ပြထားသည်။

ခေါင်းတစ်ခုလုံးတင်းပြီး ကိုက်ခဲခြင်း
ခေါင်းတစ်ခုလုံးတင်းပြီးကိုက်ခဲတတ်သော ခေါင်းကိုက် ခြင်းသည် Primary Headache တွင် အများဆုံးဖြစ်လေ့ရှိသော ခေါင်းကိုက်ခြင်းဖြစ်ပါသည်။ ထိုသို့ခေါင်းကိုက်ပြီဆိုပါက ဦးခေါင်း အနီးတစ်ဝိုက်တွင် တင်းကျပ်စွာစည်းနှောင်ထားသကဲ့သို့ခံစားမှုမျိုး ကိုအဆက်မပြတ်၊ သို့မဟုတ် ခဏသက်သာသောအနေအထားမျိုး ဖြင့်ဖြစ်ပေါ်တတ်သည်။ ထို့နောက် နာကျင်ကိုက်ခဲမှုသည် လည်ပင်းကြောများအထိပျံ့နှံ့သွားတတ်ပါသည်။ ထိုသို့ခေါင်းတစ်ခု လုံးတင်းပြီးကိုက်ခဲခြင်းသည် ပုံမှန်အားဖြင့် နေ့ဝက်လောက် အချိန်မျိုးတွင် တဖြည်းဖြည်းချင်းဖြစ်ပေါ်လာတတ်ပါသည်။
ခေါင်းတစ်ခုလုံးတင်းပြီးကိုက်ခဲခြင်းသည် နာတာရှည် ရောဂါမျိုးလည်းဖြစ်နိုင်သလို သာမန်ခဏတာဖြစ်တတ်သောခေါင်း ကိုက်ခြင်းမျိုးလည်းဖြစ်တတ်ပါသည်။ ခဏတာခေါင်းတင်းကျပ်စွာ ကိုက်ခဲခြင်းသည်ပုံမှန်အားဖြင့် နာရီပိုင်းအတွင်းပျောက်ကင်းသွား တတ်သော်လည်း အချို့သောအချိန်များတွင် ရက်အနည်းငယ်ကြာ မြင့်တတ်ပါသည်။ ခေါင်းကိုက်ခြင်းကို ၁၅ ရက်မှ တစ်လကျော် အထိခံစားရပါက နာတာရှည်ခေါင်းတင်းကျပ်စွာကိုက်ခဲခြင်းဟု သတ်မှတ်နိုင်ပါသည်။

ခေါင်းတစ်ခြမ်းကိုက်ခြင်း
ခေါင်းတစ်ခြမ်းကိုက်ခြင်းသည် Primary Headache တွင် ဒုတိယအများဆုံးဖြစ်လေ့ရှိသောခေါင်းကိုက်ခြင်းဖြစ်ပြီးတစ်ကမ္ဘာလုံးတွင်မသန်စွမ်းဖြစ်စေသောအကြောင်းအရင်းများတွင် နံပါတ် ၇ နေရာတွင်ရှိနေပါသည်။ ခေါင်းတစ်ခြမ်းကိုက်ခြင်းသည် နာရီ အနည်းငယ်မှ နှစ်ရက်၊ သုံးရက်ခန့်အထိကြာမြင့်တတ်ပါသည်။
ခေါင်းတစ်ခြမ်းကိုက်ခြင်းသည်ဦးခေါင်းတစ်ဖက်တစ်ချက်စီတွင် တစ်ဆစ်ဆစ်ကိုက်ခဲနေတတ်သောရောဂါလက္ခဏာရှိပါသည်။ထိုသို့ကိုက်ခဲခြင်းကြောင့်အမြင်အာရုံများဝေဝါးလာခြင်း၊ အော့အန်ခြင်းနှင့် အာရုံခံအင်္ဂါများပျက်စီးမှုများကိုဖြစ်စေပါသည်။

ဆေးဝါးများအလွန်အကျွံသောက်သုံးခြင်းကြောင့်ခေါင်းကိုက်ခြင်း
ခေါင်းကိုက်ဝေဒနာခံစားရသည့်အခါ ကျွနု်ပ်တို့သည် ခေါင်းကိုက်ပျောက်ဆေးများကို အလွယ်သောက်လေ့ရှိသည်။ သောက်သုံးသည့်အကြိမ်အရေအတွက်များလာသည့်အခါထို ဆေးဝါးများကြောင့်ပင် ခေါင်းကိုက်ခြင်းကိုထပ်ဆင့်ခံစားလာရသည်။ထိုသို့ခေါင်းကိုက်ခြင်းသည် ရောဂါလက္ခဏာပုံစံအမျိုးမျိုး ဖြင့်ခေါင်းကိုက်တတ်ပြီးထိုမှတစ်ဆင့်လည်ပင်းရိုးများနာကျင်ခြင်း၊အိပ်မပျော်ခြင်း၊ နှာခေါင်းပိတ်၍အသက်ရှုကျပ်ခြင်းများပါ ဖြစ်စေ ပါသည်။

ခေါင်းတစ်ခုလုံး နေရာလွတ်မကျန်ကိုက်ခဲခြင်း
ခေါင်းတစ်ခုလုံး နေရာလွတ်မကျန်ကိုက်ခဲခြင်းသည် အရွယ်ရောက်ပြီးသူအယောက်တစ်ထောင်တွင် တစ်ယောက် လောက်သာဖြစ်နိုင်ခြေရှိသော ခေါင်းကိုက်ခြင်းဖြစ်ပါသည်။ ထိုသို့ ခေါင်းကိုက်ခြင်းသည် ရုတ်တရက်၊ သို့မဟုတ် နေ့တိုင်းအချိန်မှန် မှန် မခံမရပ်နိုင်လောက်အောင် ပြင်းစွာသောကိုက်ခဲမှုမျိုးဖြစ်သည်။ တစ်ကြိမ်ဖြစ်ပေါ်လျှင် ၄၅ မိနစ်မှ ၉၀ မိနစ်ကြားနှင့်ရက်သတ္တပတ် လေးပတ်မှ ရှစ်ပတ်ခန့်ကြာမြင့်လေ့ရှိသည်။
ခေါင်းတစ်ခုလုံး နေရာလွတ်မကျန်ကိုက်ခဲခြင်းသည် အလွန်နာကျင်၍ အချွန်တစ်ခုဖြင့်ဦးခေါင်းကိုထိုးနေခြင်း၊သို့မဟုတ်ဦးခေါင်းကိုမီးနှင့်ရှို့သကဲ့သို့ ပြင်းထန်သောနာကျင်မှုမျိုးကိုဦးခေါင်း အတွင်းပိုင်းနှင့် မျက်လုံးတစ်ဝိုက်တွင် ခံစားရသည်။

ခေါင်းကိုက်ခြင်းကို ဘယ်လိုကုသမလဲ
ခေါင်းကိုက်ခြင်းကိုကုသရာတွင် နာကျင်မှုအတိုင်းအတာ၊ အချိန်နှင့် နာကျင်မှုပုံစံများပေါ်တွင်မူတည်၍ ကုသလေ့ရှိပါသည်။အကယ်၍ဆရာဝန်များသည် ခေါင်းကိုက်ခြင်းအမျိုးအစားကိုသတ်မှတ်ရခက်ခဲသည့်အခါမျိုးတွင် သက်ဆိုင်ရာစစ်ဆေးမှုများကို ပြုလုပ်လေ့ရှိသည်။ သက်ဆိုင်ရာစစ်ဆေးမှုဆိုသည်မှာ သွေးစစ် ခြင်း၊ X-rays ရိုက်ခြင်းနှင့် Computerized Tomography (CT) ရိုက်ခြင်း၊ Magnetic Resonance Imaging (MRI) လုပ်ခြင်း စသော ဦးနှောက်ဖတ်ခြင်း Scanများပါဝင်ပါသည်။

ကုသရန်နည်းလမ်းများ
အများဆုံးအသုံးပြုသောကုသခြင်းနည်းလမ်းများမှာ အနားယူခြင်းနှင့် အကိုက်အခဲပျောက်ဆေးများသောက်ခြင်းပင် ဖြစ်ပါသည်။ ခေါင်းကိုက်ပျောက်ဆေးများမှာ နီးစပ်ရာဆေးဆိုင် တိုင်းတွင်ဝယ်ယူနိုင်သောသာမန်ခေါင်းကိုက်ပျောက်ဆေးများနှင့်ဆရာဝန်ဆေးညွှန်းဖြင့်သာဝယ်ယူသောက်သုံးရသောအကိုက်အခဲ ပျောက်ဆေးများပါဝင်ပါသည်။အရေးကြီးဆုံးမှာဆရာဝန်၏ညွှန်ကြားချက်ဖြင့်သာ ခေါင်းကိုက်ပျောက်ဆေးများကို သောက်သုံးသင့် ပါသည်။ ထိုသို့မဟုတ်လျှင် ဆေးသောက်သုံးမှုလွန်ကဲကာ ထိုဆေး ဒဏ်ဖြင့် ခေါင်းကိုက်ခြင်းကိုထပ်ဆင့်ခံစားရနိုင်ပါသည်။

မိမိကိုယ်ကို ဂရုစိုက်ခြင်း
ခေါင်းကိုက်ခြင်းကိုသက်သာစေသော၊သို့မဟုတ်မဖြစ် အောင်ကာကွယ်နိုင်သောလုပ်ဆောင်ချက်အချို့မှာ-
• ရေနွေးပတ်၊ သို့မဟုတ် ရေအေးပတ်များကို ဦးခေါင်း သို့မဟုတ် လည်ဂုတ်တွင်တင်ခြင်း (ပူလွန်း၊ အေးလွန်း ခြင်းမျိုးမဖြစ်ရပါ)
• စိတ်ဖိစီးမှုဖြစ်စေသောအရာများကိုလျှော့ချခြင်း
• အစားအသောက်ပုံမှန်စားသောက်ခြင်းနှင့် သွေးချိုဓာတ် ကို ထိန်းညှိစွာစားသုံးခြင်း
• လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း
• ရေနွေးဖြင့်ရေချိုးခြင်း စသည့်လုပ်ဆောင်ချက်များဖြစ် ပါသည်။

အခြားသော ကုသခြင်းနည်းလမ်းများ
ခေါင်းကိုက်ခြင်းကို အခြားသောနည်းလမ်းများဖြင့်လည်း ကုသနိုင်ပါသေးသည်။ ゞင်းတို့မှာ-
• အပ်စိုက်ကုထုံးဖြင့်ကုသခြင်း
• ကျောရိုးနှင့်အဆစ်အမြစ်များကိုနှိပ်ခြင်း
• ဆေးမြစ်နှင့်ဆေးဖက်ဝင်အပင်များမှထွက်သောပစ္စည်း များဖြင့်ကုသခြင်း
• အိပ်မွေ့ချကုသခြင်း
• တရားထိုင်ခြင်း အစရှိသောနည်းလမ်းများဖြင့်လည်း ကုသနိုင်ပါသည်။
အချို့သောခေါင်းကိုက်ခြင်းသည် ခန္ဓာကိုယ်တွင် အာဟာရဓာတ်အချို့ (ဥပမာ မက်ဂနီဆီယမ်ဓာတ်နှင့် ဗီတာမင်ဘီဓာတ်) လျော့နည်းခြင်းကြောင့်ဖြစ်တတ်ပါသည်။အာဟာရဓာတ်ချို့တဲ့ရခြင်းမှာအစားလျှော့၍ဝိတ်ချခြင်း၊ခန္ဓာကိုယ်မှအာဟာရဓာတ်များစုပ်ယူမှုအားနည်းခြင်းနှင့်အခြားသောရောဂါဝေဒနာများကြောင့်ဖြစ်ပါသည်။
ခေါင်းကိုက်ခြင်းသည်ကျားမ မရွေး၊ လူမျိုးမရွေးလူ တိုင်းဖြစ်နိုင်သောရောဂါဝေဒနာတစ်မျိုးဖြစ်ပါသည်။ WHO ၏ စစ်တမ်းများအရ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့အနှံ့အပြားရှိ အရွယ်ရောက်သူများ၏ ၄၇ ရာခိုင်နှုန်းသည် ခေါင်းကိုက်ခြင်းကို ခံစားနေရကြောင်းသိရှိရပြီး ၅၀ ရာခိုင်နှုန်းသောခေါင်းကိုက်ဝေဒနာ ရှင်များသည်ကုသမှုခံယူလျက်ရှိကြောင်းသိရှိရပါသည်။အနာသိ ဆေးရှိဆိုသလိုကျွန်ုပ်တို့သည် ခေါင်းကိုက်ခြင်းကိုခံစားရပါက ပေါ့ လျော့မနေဘဲ ဆေးဝါးကုသမှုခံယူကာ ပျောက်ကင်းအောင်ကုသပြီး ကျန်းမာသောဘဝကိုပိုင်ဆိုင်အောင် မိမိကိုယ်ကိုဂရုစိုက်သင့်ပါ သည်။
AUTHOR – ဒေါက်တာထက်ဝေ

Previous Post

Allergy ဘာကြောင့်ဖြစ်ရတာလဲ

Next Post

လည်ချောင်းနာခြင်းကို ဂရုစိုက်ရအောင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
863
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
848
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လည်ချောင်းနာခြင်းကို ဂရုစိုက်ရအောင်

ခါးနာခြင်းအကြောင်းအရင်း

စိတ်ဓာတ်ကျခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.