(Zawgyi)
လည္ေခ်ာင္းနာျခင္းကို ဂ႐ုစိုက္ရေအာင္
လည္ေခ်ာင္းအတြင္းမွ နာက်င္ျခင္း၊ ယားယံျခင္းႏွင့္စပ္ဖ်ဥ္းဖ်ဥ္း ျဖစ္ျခင္းမ်ားခံစားရပါက ကြၽန္ုပ္တို႔သည္ လည္ေခ်ာင္းနာေနၿပီဟု သတ္မွတ္တတ္ၾကပါသည္။ လည္ေခ်ာင္းနာေနေသာအခ်ိန္မ်ိဳးတြင္ ကြၽန္ုပ္တို႔သည္ မည္မွ်ေပ်ာ့ေပ်ာင္းေသာ အစားအစာပင္ျဖစ္ေစ တံေတြးမ်ိဳခ်လွ်င္ပင္ျဖစ္ေစ နာက်င္မႈကိုခံစားရပါသည္။
လည္ေခ်ာင္းအနီးအနားနာက်င္မႈကို ခံစားရျခင္းသည္ လည္ေခ်ာင္းနာျခင္း၏ အဓိကေရာဂါလကၡဏာ ျဖစ္ေသာ္လည္းလည္ေခ်ာင္းႏွင့္လည္မ်ိဳအနီးတစ္ဝိုက္တြင္ ေျခာက္ကပ္ကပ္ျဖစ္ေန ျခင္း၊ အာသီးအနီးတြင္ အျဖဴကြက္မ်ားျဖစ္ျခင္းႏွင့္ အသံဝင္၊ အသံ ကြဲအက္လာျခင္းတို႔သည္လည္း လည္ေခ်ာင္းနာျခင္းကိုျဖစ္ေစမည့္ ေရာဂါလကၡဏာမ်ားပင္ျဖစ္ပါသည္။ လည္ေခ်ာင္းနာျခင္းသည္ အသက္အ႐ြယ္မေ႐ြးျဖစ္ပြားတတ္ေသာ္လည္းကေလးငယ္မ်ား၊ ေဆးလိပ္ေသာက္သူမ်ား၊ဓာတ္မတည့္တတ္သူမ်ားႏွင့္ ကိုယ္ခံအား နည္းသူမ်ားတြင္ ပို၍အျဖစ္မ်ားတတ္ပါသည္။
လည္ေခ်ာင္းနာတာ ဘာေၾကာင့္လဲ
လည္ေခ်ာင္းနာရျခင္း အေၾကာင္းအရင္းမ်ားစြာရွိပါ သည္။ ဗိုင္းရပ္စ္ပိုးမ်ားႏွင့္ ဗက္တီးရီးယားပိုးမ်ားေၾကာင့္ လည္ ေခ်ာင္းနာျခင္း၊ ပတ္ဝန္းက်င္အေျခအေနမ်ားေၾကာင့္ လည္ေခ်ာင္း နာျခင္း၊ GHRDဟုေခၚေသာေရာဂါေၾကာင့္လည္ေခ်ာင္းနာျခင္း ႏွင့္အျခားေသာလည္ေခ်ာင္းနာရသည့္အေၾကာင္းရင္းမ်ားစြာ လည္းရွိပါသည္။
ဗိုင္းရပ္စ္ပိုး ကူးစက္မႈေၾကာင့္ျဖစ္ရျခင္း
လည္ေခ်ာင္းနာျခင္းသည္ မ်ားေသာအားျဖင့္ ဗိုင္းရပ္စ္ ပိုးကူးစက္မႈေၾကာင့္ အျဖစ္မ်ားပါသည္။ အေအးမိျခင္းႏွင့္တုပ္ ေကြးျဖစ္ျခင္းတို႔ကိုျဖစ္ေစေသာဗိုင္းရပ္စ္ပိုးေၾကာင့္လည္ေခ်ာင္းနာ ျခင္းျဖစ္တတ္ပါသည္။ တံေတြးမွတစ္ဆင့္ကူးစက္ျခင္း၊ အဖ်ားပိုး ရွိေသာလူနာႏွင့္အနီးကပ္ေနျခင္းမွ ကူးစက္ျခင္း၊ အေရျပားမွတစ္ဆင့္ကူးစက္ျခင္းႏွင့္သူငယ္နာေရာဂါပိုးမွတစ္ဆင့္ကူးစက္ျခင္းအစရွိသည့္အျခားေသာဗိုင္းရပ္စ္ပိုးကူးစက္မႈမ်ားေၾကာင့္လည္း လည္ေခ်ာင္းနာျခင္းျဖစ္တတ္ပါသည္။
ဗက္တီးရီးယားပိုးမႊားမ်ား ကူးစက္မႈေၾကာင့္ျဖစ္ရျခင္း
ဗက္တီးရီးယားပိုးမႊားမ်ားေၾကာင့္လည္း လည္ေခ်ာင္း နာျခင္းကိုျဖစ္ေစပါသည္။ ဗက္တီးရီးယားပိုးမႊားမ်ားေၾကာင့္ လည္ ေခ်ာင္းနာျခင္းကိုျဖစ္တတ္ေသာ ေရာဂါလကၡဏာမ်ားမွာ Strep throat ဟုေခၚေသာ Streptococcal ဗက္တီးရီးယားေၾကာင့္ လည္ေခ်ာင္းေရာင္ရမ္းျခင္းကိုျဖစ္ေစၿပီး ထိုမွတစ္ဆင့္လည္ေခ်ာင္းနာျခင္း၊လည္ေခ်ာင္းတြင္အထိမခံႏိုင္ေလာက္ေအာင္နာက်င္ ျခင္း၊ ေခ်ာင္းတဟြတ္ဟြတ္ဆိုးျခင္း စသည့္ေရာဂါလကၡဏာမ်ား ပါဝင္ပါသည္။
ပတ္ဝန္းက်င္ေၾကာင့္ျဖစ္ရျခင္း
မ်ားေသာအားျဖင့္ လည္ေခ်ာင္းနာျခင္းသည္ဗိုင္းရပ္စ္ပိုး ႏွင့္ ဗက္တီးရီးယားပိုးမ်ားေၾကာင့္ အျဖစ္မ်ားေလ့ရွိေသာ္လည္းလည္ေခ်ာင္းနာတိုင္းထိုသို႔သတ္မွတ္၍မရပါ။အျခားေသာလည္ ေခ်ာင္းနာျခင္းျဖစ္ေစသည့္အေၾကာင္းအခ်က္မ်ားလည္း ရွိပါေသး သည္။ အကယ္၍ သင္သည္ မႈိ၊ အိမ္ေမြးတိရစာၦန္၊ ဝတ္မႈန္ႏွင့္အျခားဓာတ္မတည့္မႈကိုျဖစ္ေစသည့္အရာမ်ားေၾကာင့္ ႏွာရည္က်သည့္ဓာတ္မတည့္မႈမ်ိဳးကိုျဖစ္ေလ့ရွိေသာသူျဖစ္ပါက လည္ေခ်ာင္း ထဲတြင္ အခြၽဲမ်ားက်န္ေနတတ္ၿပီး ထိုမွတစ္ဆင့္ လည္ေခ်ာင္းေရာင္ ရမ္းကာ လည္ေခ်ာင္းနာျခင္းကိုလည္း ျဖစ္ေစတတ္ပါသည္။
ေလပူမ်ားကိုရႈရႈိက္မိျခင္းသည္လည္း အာေခါင္ႏွင့္လည္ ေခ်ာင္းကိုေျခာက္ကပ္ေစကာ လည္ေခ်ာင္းနာျခင္းကိုျဖစ္ေစပါ သည္။ ေဆးလိပ္ေသာက္ျခင္း၊ သို႔မဟုတ္ ေဆးလိပ္ေငြ႕မ်ားကို ရွဴ ရႈိက္ျခင္းသည္လည္း လည္ေခ်ာင္းနာျခင္းကိုျဖစ္ေစပါသည္။ ထို႔ျပင္ ျပင္းထန္စြာေအာ္ဟစ္မိျခင္းႏွင့္ စကားမ်ားမ်ားေျပာျခင္း သည္လည္း လည္ေခ်ာင္းကိုထိခိုက္ေစၿပီး လည္ေခ်ာင္းနာျခင္းကို ျဖစ္ေစပါသည္။
GERD ေၾကာင့္ျဖစ္ရျခင္း
Gastroesophageal (GERD) ဟုေခၚေသာ ေရာဂါ ေၾကာင့္လည္း လည္ေခ်ာင္းနာျခင္းကိုျဖစ္ေစပါသည္။ ゞင္းေရာဂါ သည္ အစာေျခစနစ္ႏွင့္သက္ဆိုင္ေသာေရာဂါျဖစ္ၿပီး အစာအိမ္တြင္းမွအက္စစ္မ်ားသည္အစာျြပန္ထဲသို႔ေျပာင္းျပန္စီးဆင္းမႈ ေၾကာင့္ျဖစ္ေပၚလာေသာေရာဂါျဖစ္သည္။ ゞင္းေရာဂါ၏ ဆက္စပ္ ေရာဂါလကၡဏာမ်ားတြင္ လည္ေခ်ာင္းနာျခင္း၊ အသံဝင္၊ အသံကြဲ အက္ျခင္း၊ ႏွလုံးေအာင့္ျခင္းႏွင့္ မၾကာခဏပ်ိဳ႕အန္ျခင္းစသည့္ လကၡဏာရပ္မ်ားပါဝင္ပါသည္။
အျခားေသာ အေၾကာင္းအရာမ်ား
လည္ေခ်ာင္းနာျခင္းသည္HIV ေရာဂါပိုးရွိသူမ်ားႏွင့္ လည္ေခ်ာင္းကင္ဆာျဖစ္ေနသူမ်ားတြင္လည္း ျဖစ္တတ္ေသာ ေရာဂါလကၡဏာတစ္ခုျဖစ္သာ္လည္း အလြန္နည္းပါးပါသည္။
လည္ေခ်ာင္းနာျခင္းကို ဘယ္လိုကုသမလဲ
လည္ေခ်ာင္းနာျခင္းအေတာ္မ်ားမ်ားသည္ ေဆးေသာက္ ၿပီး ကုသရန္သိပ္မလိုအပ္ပါ။ သို႔ေသာ္လည္း တစ္ပတ္ထက္ပို၍ လည္ေခ်ာင္းနာျခင္း၊ အသက္ရွဴရန္ခက္ခဲလာျခင္း၊ အဆစ္မ်ား နာက်င္ျခင္း၊ တစ္ခုခုမ်ိဳခ်ရန္ခက္ခဲလာျခင္း၊ နားကိုက္နားနာလာ ျခင္း၊ အဖုအပိမ့္မ်ားထြက္လာျခင္း၊ အဖ်ား ၁၀၁ ဒီဂရီဖာရင္ဟိုက္ ထက္ေက်ာ္၍ အဖ်ားတက္ျခင္း၊ ခြၽဲႏွင့္အတူေသြးပါလာျခင္း၊ လည္ ေခ်ာင္းထဲတြင္ တစ္ခုခုတစ္ေနသကဲ့သိုအဖုမ်ားရွိေနျခင္း၊ ႏွစ္ပတ္ထက္ပို၍အသံဝင္အသံကြဲအက္လာျခင္းစသည့္အေျခအေနမ်ား ပါ ဆက္၍ျဖစ္ေပၚလာပါက နီးစပ္ရာဆရာဝန္ျဖင့္ေဆးဝါးကုသ ျခင္းမ်ားကို ျပဳလုပ္သင့္ပါသည္။
လည္ေခ်ာင္းနာျခင္းကို ဘယ္လိုကုသမလဲ
လည္ေခ်ာင္းနာျခင္းကိုကုသရန္နည္းလမ္းမ်ားမွာ လည္ ေခ်ာင္းနာျခင္းကိုျဖစ္ေစသည့္အေၾကာင္းရင္းမ်ားေပၚတြင္မူတည္ပါသည္။သာမန္လည္ေခ်ာင္းနာျခင္းသည္ အိမ္တြင္းေဆးဝါးမ်ား ျဖင့္ကုသလွ်င္ေတာင္ ေပ်ာက္ကင္းႏိုင္ပါသည္။ အိမ္တြင္းေဆးဝါး မ်ားျဖင့္ကုသရန္ နည္းလမ္းမ်ားမွာ- ဆားရည္ျဖင့္ပလုတ္က်င္းျခင္း၊ ေရေႏြးၾကမ္း၊ စြပ္ျပဳတ္ပူပူႏွင့္ ေရေႏြးအစရွိေသာ ပူေႏြးေသာ အရည္မ်ားကို အမ်ားအျပားေသာက္သုံးျခင္း၊ ဓာတ္မတည့္မႈကို ျဖစ္ေစေသာ မီးခိုးႏွင့္ဓာတုပစၥည္းမ်ားကိုေရွာင္ရွားျခင္း၊ လည္ ေခ်ာင္းနာသက္သာေစေသာ ငုံေဆးျပားမ်ားကိုအသုံးျပဳျခင္း၊ Ibuprofen သို႔မဟုတ္ Acetaminophen မ်ားျဖင့္ လည္ေခ်ာင္းေရာင္ ရမ္းျခင္းကို သက္သာေအာင္ျပဳလုပ္ျခင္း စသည္တို႔ျဖစ္ပါသည္။
ဗက္တီးရီးယားပိုးေၾကာင့္ျဖစ္ေသာ လည္ေခ်ာင္းနာျခင္း ျဖစ္ပါက ပဋိဇီဝပိုးသတ္ေဆးမ်ားကိုအသုံးျပဳကာလည္ေခ်ာင္းနာ ျခင္းကိုေပ်ာက္ကင္းေအာင္ကုသႏိုင္ပါသည္။ဆရာဝန္ၫႊန္ၾကား ခ်က္အတိုင္း၊ သို႔မဟုတ္ ပိုးသတ္ေဆးကိုဆယ္ရက္ေသာက္သုံးျခင္း ျဖင့္ လည္ေခ်ာင္းနာျခင္းကိုကုသႏိုင္ပါသည္။သို႔ေသာ္ ေဆးပုံမွန္မေသာက္ျခင္း၊သက္သာၿပီထင္၍ ေဆးေသာက္သင့္သည့္ရက္မေစ့ဘဲ ေဆးေသာက္ျခင္းကိုရပ္လိုက္ျခင္းမ်ားျပဳလုပ္ပါကလည္ ေခ်ာင္းနာျခင္း ျပန္လည္ျဖစ္ေပၚႏိုင္ပါသည္။
ဗိုင္းရပ္စ္ပိုးေၾကာင့္ျဖစ္ေသာ လည္ေခ်ာင္းနာျခင္းျဖစ္ ပါက အကိုက္ခဲေပ်ာက္ေဆး၊ ရင္က်ပ္ေပ်ာက္ေဆး အစရွိေသာ ေဆးဝါးမ်ားျဖင့္ကုသျခင္းကိုျပဳလုပ္သင့္ပါသည္။ အခ်ိဳ႕ေသာေရာဂါ အေျခအေနမ်ားတြင္ ေရာဂါလကၡဏာေပၚမူတည္၍ ဆရာဝန္မ်ား သည္ ဗိုင္းရပ္စ္ပိုးသတ္သည့္ကုသျခင္းကိုအရင္ျပဳလုပ္ၿပီးမွ လည္ ေခ်ာင္းနာျခင္းကို ေနာက္မွကုသေလ့ရွိပါသည္။
အကယ္၍ လည္ေခ်ာင္းနာျခင္းကို ကုသလ်က္ႏွင့္ပင္ သိသာစြာေပ်ာက္ကင္းမႈမရွိပါက လည္ေခ်ာင္းနာျခင္းသည္အျခား ေသာေရာဂါမ်ား၏ေရာဂါလကၡဏာ၊သို႔မဟုတ္ဆက္စပ္ေရာဂါမ်ား ျဖစ္ႏိုင္ေသာေၾကာင့္နား၊ ႏွာေခါင္း၊လည္ေခ်ာင္းအထူးကုမ်ား ႏွင့္ဆက္သြယ္ကာလ်င္ျမန္စြာသြားေရာက္ျပသ၍ ေဆးကုသမႈ ခံယူသင့္ပါသည္။
လသားအ႐ြယ္ကေလးငယ္မ်ားႏွင့္ လမ္းေလွ်ာက္တတ္ စအ႐ြယ္ကေလးမ်ားတြင္လည္ေခ်ာင္းနာျခင္းျဖစ္ေပၚပါကကေလးငယ္မ်ားသည္လည္ေခ်ာင္းနာျခင္းကိုေပ်ာက္ကင္းေစသည့္ ေဆး ဝါးမ်ားကိုအသုံးျပဳကုသ၍မရေသာေၾကာင့္ ေဆးဝါးျဖင့္ကုသရန္ ခက္ခဲေၾကာင္း အသိျပဳသင့္ပါသည္။
လည္ေခ်ာင္းနာျခင္းေၾကာင့္ျဖစ္တတ္ေသာ အျခားေသာအေၾကာင္း အရာမ်ား
ဗက္တီးရီးယားပိုးေၾကာင့္ျဖစ္တတ္ေသာလည္ေခ်ာင္းနာျခင္းျဖစ္ပါက အခ်ိဳ႕ေသာအေျခအေနႏွင့္ေရာဂါလကၡဏာေပၚမူတည္၍ဆရာဝန္မ်ားသည္အာသီးျဖတ္ရန္အႀကံျပဳတတ္သည္။ထိုကဲ့သို႔ကုသျခင္းသည္လည္ေခ်ာင္းနာျခင္းကိုေဆးဝါးမ်ားျဖင့္ကုသ၍မရေတာ့သည့္အဆုံးတြင္ကုသသည့္နည္းလမ္းတစ္ခုပင္ ျဖစ္ပါသည္။
ဘယ္လိုႀကိဳတင္ကာကြယ္မလဲ
လည္ေခ်ာင္းနာျခင္းသည္ အဓိကအားျဖင့္ ကူးစက္မႈ ေၾကာင့္အျဖစ္မ်ားေလ့ရွိေသာေၾကာင့္ ကြၽႏု္ပ္တို႔အားလုံးသည္လည္ ေခ်ာင္းနာျခင္းမျဖစ္ရန္ႀကိဳတင္ကာကြယ္မည္ဆိုပါကရာသီအကူးအေျပာင္းကာလ၊ဗိုင္းရပ္စ္ပိုးမ်ား၊ဗက္တီးရီးယားပိုးမ်ားပ်ံ႕ႏွံ႔ေသာကာလမ်ားတြင္မိမိကိုယ္ကိုယ္အထူးဂ႐ုစိုက္ေစာင့္ေရွာက္သင့္ပါ သည္။ လက္ကို မၾကာခဏေဆးျခင္းျဖင့္ ဗက္တီးရီးယားပိုးမ်ား ကူးစက္ျခင္းကိုကာကြယ္သင့္ပါသည္။
အျခားေသာလည္ေခ်ာင္း နာျခင္းကို ကာကြယ္ႏိုင္သည့္နည္းလမ္းမ်ားမွာ
– မိမိ၏ေသာက္ေရခြက္ႏွင့္ အသုံးအေဆာင္ပစၥည္းမ်ားကို အျခားသူမ်ားႏွင့္မွ်ေဝသုံးစြဲမႈမျပဳလုပ္ျခင္း၊
– လက္ေဆးရန္ ေရႏွင့္ဆပ္ျပာကို အလြယ္တကူမရႏိုင္ ေသာအေျခအေနမ်ားတြင္ Hand Sanitizer
မ်ားကို အသုံးျပဳ၍ လက္ေဆးျခင္း၊
– လူအမ်ား မၾကာခဏထိေတြ႕ေလ့ရွိေသာ အရာမ်ား (ဥပမာ- တံခါးလက္ကိုင္မ်ား) ကို ထိေတြ႕ကိုင္တြယ္မႈ နည္းႏိုင္သမွ်နည္းေအာင္ ေရွာင္ၾကဥ္ျခင္း၊
– ဓာတ္မတည့္မႈျဖစ္ေစတတ္ေသာ မႈိ၊ ဖုန္မႈန႔္မ်ားႏွင့္ ဝတ္မႈန္မ်ားကို နည္းႏိုင္သမွ်နည္းေအာင္ မိမိပတ္ဝန္း က်င္ကို သန႔္ရွင္းစြာထားျခင္း၊
– ေဆးလိပ္ေငြ႕မ်ားကိုေရွာင္ၾကဥ္ျခင္း၊
– မိမိ၏အနီးပတ္ဝန္းက်င္ကို ေျခာက္ေသြ႕မႈရွိေအာင္ ေလ ေကာင္းေလသန႔္ရရွိေအာင္ထားျခင္း
စသည္တို႔ကိုလုပ္ေဆာင္ျခင္းျဖင့္ လည္ေခ်ာင္းနာျခင္းကို ကာကြယ္ႏိုင္ပါသည္။
လည္ေခ်ာင္းနာပါက လည္ေခ်ာင္းထဲသို႔ တစ္ခုခုမ်ိဳခ်ရာ တြင္ နာက်င္ျခင္း၊ ယားယံျခင္း၊ စပ္ဖ်ဥ္းဖ်ဥ္းျဖစ္ျခင္းမ်ားကိုခံစားရသည့္အျပင္အစားအေသာက္စားသုံးရာတြင္လည္းေကာင္း၊စကား ေျပာဆိုရာတြင္လည္းေကာင္းနာက်င္မႈကိုခံစားရပါသည္။ ထိုသို႔ နာက်င္မႈေၾကာင့္ပင္ စိတ္လက္မအီမသာျဖစ္ျခင္း၊ စိတ္ႏြမ္းလ်ျခင္း၊တစ္စုံတစ္ခုအားအလိုမက်ျခင္းစသည့္စိတ္ပိုင္းဆိုင္ရာထိခိုက္မႈကိုလည္းအနည္းႏွင့္အမ်ားခံစားရေလ့ရွိပါသည္။ ထိုျပင္ လည္ ေခ်ာင္းနာျခင္းႏွင့္အတူ ဖ်ားနာျခင္းပါျဖစ္တတ္ေလ့ရွိေသာေၾကာင့္ ကြၽႏု္ပ္တို႔သည္ မိမိတို႔၏ေန႔စဥ္လုပ္ငန္းေဆာင္တာမ်ားကို မထိခိုက္ ေစရန္ သာမန္လည္ေခ်ာင္းနာျခင္းကိုပင္ ဂ႐ုစိုက္သင့္ပါသည္။ႀကိဳတင္ကာကြယ္ျခင္းသည္ကုသျခင္းထက္ပို၍ထိေရာက္ေသာ ေၾကာင့္ကြၽႏု္ပ္တို႔အားလုံးသည္ မိမိတို႔၏က်န္းမာေရးကို ေန႔စဥ္ ႏွင့္အမွ်ဂ႐ုစိုက္ေစာင့္ေရွာက္သင့္ပါသည္။
(Unicode)
လည်ချောင်းအတွင်းမှ နာကျင်ခြင်း၊ ယားယံခြင်းနှင့်စပ်ဖျဉ်းဖျဉ်း ဖြစ်ခြင်းများခံစားရပါက ကျွန်ုပ်တို့သည် လည်ချောင်းနာနေပြီဟု သတ်မှတ်တတ်ကြပါသည်။ လည်ချောင်းနာနေသောအချိန်မျိုးတွင် ကျွန်ုပ်တို့သည် မည်မျှပျော့ပျောင်းသော အစားအစာပင်ဖြစ်စေ တံတွေးမျိုချလျှင်ပင်ဖြစ်စေ နာကျင်မှုကိုခံစားရပါသည်။
လည်ချောင်းအနီးအနားနာကျင်မှုကို ခံစားရခြင်းသည် လည်ချောင်းနာခြင်း၏ အဓိကရောဂါလက္ခဏာ ဖြစ်သော်လည်းလည်ချောင်းနှင့်လည်မျိုအနီးတစ်ဝိုက်တွင် ခြောက်ကပ်ကပ်ဖြစ်နေ ခြင်း၊ အာသီးအနီးတွင် အဖြူကွက်များဖြစ်ခြင်းနှင့် အသံဝင်၊ အသံ ကွဲအက်လာခြင်းတို့သည်လည်း လည်ချောင်းနာခြင်းကိုဖြစ်စေမည့် ရောဂါလက္ခဏာများပင်ဖြစ်ပါသည်။ လည်ချောင်းနာခြင်းသည် အသက်အရွယ်မရွေးဖြစ်ပွားတတ်သော်လည်းကလေးငယ်များ၊ ဆေးလိပ်သောက်သူများ၊ဓာတ်မတည့်တတ်သူများနှင့် ကိုယ်ခံအား နည်းသူများတွင် ပို၍အဖြစ်များတတ်ပါသည်။
လည်ချောင်းနာတာ ဘာကြောင့်လဲ
လည်ချောင်းနာရခြင်း အကြောင်းအရင်းများစွာရှိပါ သည်။ ဗိုင်းရပ်စ်ပိုးများနှင့် ဗက်တီးရီးယားပိုးများကြောင့် လည် ချောင်းနာခြင်း၊ ပတ်ဝန်းကျင်အခြေအနေများကြောင့် လည်ချောင်း နာခြင်း၊ GHRDဟုခေါ်သောရောဂါကြောင့်လည်ချောင်းနာခြင်း နှင့်အခြားသောလည်ချောင်းနာရသည့်အကြောင်းရင်းများစွာ လည်းရှိပါသည်။
ဗိုင်းရပ်စ်ပိုး ကူးစက်မှုကြောင့်ဖြစ်ရခြင်း
လည်ချောင်းနာခြင်းသည် များသောအားဖြင့် ဗိုင်းရပ်စ် ပိုးကူးစက်မှုကြောင့် အဖြစ်များပါသည်။ အအေးမိခြင်းနှင့်တုပ် ကွေးဖြစ်ခြင်းတို့ကိုဖြစ်စေသောဗိုင်းရပ်စ်ပိုးကြောင့်လည်ချောင်းနာ ခြင်းဖြစ်တတ်ပါသည်။ တံတွေးမှတစ်ဆင့်ကူးစက်ခြင်း၊ အဖျားပိုး ရှိသောလူနာနှင့်အနီးကပ်နေခြင်းမှ ကူးစက်ခြင်း၊ အရေပြားမှတစ်ဆင့်ကူးစက်ခြင်းနှင့်သူငယ်နာရောဂါပိုးမှတစ်ဆင့်ကူးစက်ခြင်းအစရှိသည့်အခြားသောဗိုင်းရပ်စ်ပိုးကူးစက်မှုများကြောင့်လည်း လည်ချောင်းနာခြင်းဖြစ်တတ်ပါသည်။
ဗက်တီးရီးယားပိုးမွှားများ ကူးစက်မှုကြောင့်ဖြစ်ရခြင်း
ဗက်တီးရီးယားပိုးမွှားများကြောင့်လည်း လည်ချောင်း နာခြင်းကိုဖြစ်စေပါသည်။ ဗက်တီးရီးယားပိုးမွှားများကြောင့် လည် ချောင်းနာခြင်းကိုဖြစ်တတ်သော ရောဂါလက္ခဏာများမှာ Strep throat ဟုခေါ်သော Streptococcal ဗက်တီးရီးယားကြောင့် လည်ချောင်းရောင်ရမ်းခြင်းကိုဖြစ်စေပြီး ထိုမှတစ်ဆင့်လည်ချောင်းနာခြင်း၊လည်ချောင်းတွင်အထိမခံနိုင်လောက်အောင်နာကျင် ခြင်း၊ ချောင်းတဟွတ်ဟွတ်ဆိုးခြင်း စသည့်ရောဂါလက္ခဏာများ ပါဝင်ပါသည်။
ပတ်ဝန်းကျင်ကြောင့်ဖြစ်ရခြင်း
များသောအားဖြင့် လည်ချောင်းနာခြင်းသည်ဗိုင်းရပ်စ်ပိုး နှင့် ဗက်တီးရီးယားပိုးများကြောင့် အဖြစ်များလေ့ရှိသော်လည်းလည်ချောင်းနာတိုင်းထိုသို့သတ်မှတ်၍မရပါ။အခြားသောလည် ချောင်းနာခြင်းဖြစ်စေသည့်အကြောင်းအချက်များလည်း ရှိပါသေး သည်။ အကယ်၍ သင်သည် မှို၊ အိမ်မွေးတိရစ္ဆာန်၊ ဝတ်မှုန်နှင့်အခြားဓာတ်မတည့်မှုကိုဖြစ်စေသည့်အရာများကြောင့် နှာရည်ကျသည့်ဓာတ်မတည့်မှုမျိုးကိုဖြစ်လေ့ရှိသောသူဖြစ်ပါက လည်ချောင်း ထဲတွင် အချွဲများကျန်နေတတ်ပြီး ထိုမှတစ်ဆင့် လည်ချောင်းရောင် ရမ်းကာ လည်ချောင်းနာခြင်းကိုလည်း ဖြစ်စေတတ်ပါသည်။
လေပူများကိုရှုရှိုက်မိခြင်းသည်လည်း အာခေါင်နှင့်လည် ချောင်းကိုခြောက်ကပ်စေကာ လည်ချောင်းနာခြင်းကိုဖြစ်စေပါ သည်။ ဆေးလိပ်သောက်ခြင်း၊ သို့မဟုတ် ဆေးလိပ်ငွေ့များကို ရှူ ရှိုက်ခြင်းသည်လည်း လည်ချောင်းနာခြင်းကိုဖြစ်စေပါသည်။ ထို့ပြင် ပြင်းထန်စွာအော်ဟစ်မိခြင်းနှင့် စကားများများပြောခြင်း သည်လည်း လည်ချောင်းကိုထိခိုက်စေပြီး လည်ချောင်းနာခြင်းကို ဖြစ်စေပါသည်။
GERD ကြောင့်ဖြစ်ရခြင်း
Gastroesophageal (GERD) ဟုခေါ်သော ရောဂါ ကြောင့်လည်း လည်ချောင်းနာခြင်းကိုဖြစ်စေပါသည်။ ゞင်းရောဂါ သည် အစာခြေစနစ်နှင့်သက်ဆိုင်သောရောဂါဖြစ်ပြီး အစာအိမ်တွင်းမှအက်စစ်များသည်အစာြွပန်ထဲသို့ပြောင်းပြန်စီးဆင်းမှု ကြောင့်ဖြစ်ပေါ်လာသောရောဂါဖြစ်သည်။ ゞင်းရောဂါ၏ ဆက်စပ် ရောဂါလက္ခဏာများတွင် လည်ချောင်းနာခြင်း၊ အသံဝင်၊ အသံကွဲ အက်ခြင်း၊ နှလုံးအောင့်ခြင်းနှင့် မကြာခဏပျို့အန်ခြင်းစသည့် လက္ခဏာရပ်များပါဝင်ပါသည်။
အခြားသော အကြောင်းအရာများ
လည်ချောင်းနာခြင်းသည်HIV ရောဂါပိုးရှိသူများနှင့် လည်ချောင်းကင်ဆာဖြစ်နေသူများတွင်လည်း ဖြစ်တတ်သော ရောဂါလက္ခဏာတစ်ခုဖြစ်သာ်လည်း အလွန်နည်းပါးပါသည်။
လည်ချောင်းနာခြင်းကို ဘယ်လိုကုသမလဲ
လည်ချောင်းနာခြင်းအတော်များများသည် ဆေးသောက် ပြီး ကုသရန်သိပ်မလိုအပ်ပါ။ သို့သော်လည်း တစ်ပတ်ထက်ပို၍ လည်ချောင်းနာခြင်း၊ အသက်ရှူရန်ခက်ခဲလာခြင်း၊ အဆစ်များ နာကျင်ခြင်း၊ တစ်ခုခုမျိုချရန်ခက်ခဲလာခြင်း၊ နားကိုက်နားနာလာ ခြင်း၊ အဖုအပိမ့်များထွက်လာခြင်း၊ အဖျား ၁၀၁ ဒီဂရီဖာရင်ဟိုက် ထက်ကျော်၍ အဖျားတက်ခြင်း၊ ချွဲနှင့်အတူသွေးပါလာခြင်း၊ လည် ချောင်းထဲတွင် တစ်ခုခုတစ်နေသကဲ့သိုအဖုများရှိနေခြင်း၊ နှစ်ပတ်ထက်ပို၍အသံဝင်အသံကွဲအက်လာခြင်းစသည့်အခြေအနေများ ပါ ဆက်၍ဖြစ်ပေါ်လာပါက နီးစပ်ရာဆရာဝန်ဖြင့်ဆေးဝါးကုသ ခြင်းများကို ပြုလုပ်သင့်ပါသည်။
လည်ချောင်းနာခြင်းကို ဘယ်လိုကုသမလဲ
လည်ချောင်းနာခြင်းကိုကုသရန်နည်းလမ်းများမှာ လည် ချောင်းနာခြင်းကိုဖြစ်စေသည့်အကြောင်းရင်းများပေါ်တွင်မူတည်ပါသည်။သာမန်လည်ချောင်းနာခြင်းသည် အိမ်တွင်းဆေးဝါးများ ဖြင့်ကုသလျှင်တောင် ပျောက်ကင်းနိုင်ပါသည်။ အိမ်တွင်းဆေးဝါး များဖြင့်ကုသရန် နည်းလမ်းများမှာ- ဆားရည်ဖြင့်ပလုတ်ကျင်းခြင်း၊ ရေနွေးကြမ်း၊ စွပ်ပြုတ်ပူပူနှင့် ရေနွေးအစရှိသော ပူနွေးသော အရည်များကို အများအပြားသောက်သုံးခြင်း၊ ဓာတ်မတည့်မှုကို ဖြစ်စေသော မီးခိုးနှင့်ဓာတုပစ္စည်းများကိုရှောင်ရှားခြင်း၊ လည် ချောင်းနာသက်သာစေသော ငုံဆေးပြားများကိုအသုံးပြုခြင်း၊ Ibuprofen သို့မဟုတ် Acetaminophen များဖြင့် လည်ချောင်းရောင် ရမ်းခြင်းကို သက်သာအောင်ပြုလုပ်ခြင်း စသည်တို့ဖြစ်ပါသည်။
ဗက်တီးရီးယားပိုးကြောင့်ဖြစ်သော လည်ချောင်းနာခြင်း ဖြစ်ပါက ပဋိဇီဝပိုးသတ်ဆေးများကိုအသုံးပြုကာလည်ချောင်းနာ ခြင်းကိုပျောက်ကင်းအောင်ကုသနိုင်ပါသည်။ဆရာဝန်ညွှန်ကြား ချက်အတိုင်း၊ သို့မဟုတ် ပိုးသတ်ဆေးကိုဆယ်ရက်သောက်သုံးခြင်း ဖြင့် လည်ချောင်းနာခြင်းကိုကုသနိုင်ပါသည်။သို့သော် ဆေးပုံမှန်မသောက်ခြင်း၊သက်သာပြီထင်၍ ဆေးသောက်သင့်သည့်ရက်မစေ့ဘဲ ဆေးသောက်ခြင်းကိုရပ်လိုက်ခြင်းများပြုလုပ်ပါကလည် ချောင်းနာခြင်း ပြန်လည်ဖြစ်ပေါ်နိုင်ပါသည်။
ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော လည်ချောင်းနာခြင်းဖြစ် ပါက အကိုက်ခဲပျောက်ဆေး၊ ရင်ကျပ်ပျောက်ဆေး အစရှိသော ဆေးဝါးများဖြင့်ကုသခြင်းကိုပြုလုပ်သင့်ပါသည်။ အချို့သောရောဂါ အခြေအနေများတွင် ရောဂါလက္ခဏာပေါ်မူတည်၍ ဆရာဝန်များ သည် ဗိုင်းရပ်စ်ပိုးသတ်သည့်ကုသခြင်းကိုအရင်ပြုလုပ်ပြီးမှ လည် ချောင်းနာခြင်းကို နောက်မှကုသလေ့ရှိပါသည်။
အကယ်၍ လည်ချောင်းနာခြင်းကို ကုသလျက်နှင့်ပင် သိသာစွာပျောက်ကင်းမှုမရှိပါက လည်ချောင်းနာခြင်းသည်အခြား သောရောဂါများ၏ရောဂါလက္ခဏာ၊သို့မဟုတ်ဆက်စပ်ရောဂါများ ဖြစ်နိုင်သောကြောင့်နား၊ နှာခေါင်း၊လည်ချောင်းအထူးကုများ နှင့်ဆက်သွယ်ကာလျင်မြန်စွာသွားရောက်ပြသ၍ ဆေးကုသမှု ခံယူသင့်ပါသည်။
လသားအရွယ်ကလေးငယ်များနှင့် လမ်းလျှောက်တတ် စအရွယ်ကလေးများတွင်လည်ချောင်းနာခြင်းဖြစ်ပေါ်ပါကကလေးငယ်များသည်လည်ချောင်းနာခြင်းကိုပျောက်ကင်းစေသည့် ဆေး ဝါးများကိုအသုံးပြုကုသ၍မရသောကြောင့် ဆေးဝါးဖြင့်ကုသရန် ခက်ခဲကြောင်း အသိပြုသင့်ပါသည်။
လည်ချောင်းနာခြင်းကြောင့်ဖြစ်တတ်သော အခြားသောအကြောင်း အရာများ
ဗက်တီးရီးယားပိုးကြောင့်ဖြစ်တတ်သောလည်ချောင်းနာခြင်းဖြစ်ပါက အချို့သောအခြေအနေနှင့်ရောဂါလက္ခဏာပေါ်မူတည်၍ဆရာဝန်များသည်အာသီးဖြတ်ရန်အကြံပြုတတ်သည်။ထိုကဲ့သို့ကုသခြင်းသည်လည်ချောင်းနာခြင်းကိုဆေးဝါးများဖြင့်ကုသ၍မရတော့သည့်အဆုံးတွင်ကုသသည့်နည်းလမ်းတစ်ခုပင် ဖြစ်ပါသည်။
ဘယ်လိုကြိုတင်ကာကွယ်မလဲ
လည်ချောင်းနာခြင်းသည် အဓိကအားဖြင့် ကူးစက်မှု ကြောင့်အဖြစ်များလေ့ရှိသောကြောင့် ကျွနု်ပ်တို့အားလုံးသည်လည် ချောင်းနာခြင်းမဖြစ်ရန်ကြိုတင်ကာကွယ်မည်ဆိုပါကရာသီအကူးအပြောင်းကာလ၊ဗိုင်းရပ်စ်ပိုးများ၊ဗက်တီးရီးယားပိုးများပျံ့နှံ့သောကာလများတွင်မိမိကိုယ်ကိုယ်အထူးဂရုစိုက်စောင့်ရှောက်သင့်ပါ သည်။ လက်ကို မကြာခဏဆေးခြင်းဖြင့် ဗက်တီးရီးယားပိုးများ ကူးစက်ခြင်းကိုကာကွယ်သင့်ပါသည်။
အခြားသောလည်ချောင်း နာခြင်းကို ကာကွယ်နိုင်သည့်နည်းလမ်းများမှာ
– မိမိ၏သောက်ရေခွက်နှင့် အသုံးအဆောင်ပစ္စည်းများကို အခြားသူများနှင့်မျှဝေသုံးစွဲမှုမပြုလုပ်ခြင်း၊
– လက်ဆေးရန် ရေနှင့်ဆပ်ပြာကို အလွယ်တကူမရနိုင် သောအခြေအနေများတွင် Hand Sanitizer
များကို အသုံးပြု၍ လက်ဆေးခြင်း၊
– လူအများ မကြာခဏထိတွေ့လေ့ရှိသော အရာများ (ဥပမာ- တံခါးလက်ကိုင်များ) ကို ထိတွေ့ကိုင်တွယ်မှု နည်းနိုင်သမျှနည်းအောင် ရှောင်ကြဉ်ခြင်း၊
– ဓာတ်မတည့်မှုဖြစ်စေတတ်သော မှို၊ ဖုန်မှုန့်များနှင့် ဝတ်မှုန်များကို နည်းနိုင်သမျှနည်းအောင် မိမိပတ်ဝန်း ကျင်ကို သန့်ရှင်းစွာထားခြင်း၊
– ဆေးလိပ်ငွေ့များကိုရှောင်ကြဉ်ခြင်း၊
– မိမိ၏အနီးပတ်ဝန်းကျင်ကို ခြောက်သွေ့မှုရှိအောင် လေ ကောင်းလေသန့်ရရှိအောင်ထားခြင်း
စသည်တို့ကိုလုပ်ဆောင်ခြင်းဖြင့် လည်ချောင်းနာခြင်းကို ကာကွယ်နိုင်ပါသည်။
လည်ချောင်းနာပါက လည်ချောင်းထဲသို့ တစ်ခုခုမျိုချရာ တွင် နာကျင်ခြင်း၊ ယားယံခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်းများကိုခံစားရသည့်အပြင်အစားအသောက်စားသုံးရာတွင်လည်းကောင်း၊စကား ပြောဆိုရာတွင်လည်းကောင်းနာကျင်မှုကိုခံစားရပါသည်။ ထိုသို့ နာကျင်မှုကြောင့်ပင် စိတ်လက်မအီမသာဖြစ်ခြင်း၊ စိတ်နွမ်းလျခြင်း၊တစ်စုံတစ်ခုအားအလိုမကျခြင်းစသည့်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကိုလည်းအနည်းနှင့်အများခံစားရလေ့ရှိပါသည်။ ထိုပြင် လည် ချောင်းနာခြင်းနှင့်အတူ ဖျားနာခြင်းပါဖြစ်တတ်လေ့ရှိသောကြောင့် ကျွနု်ပ်တို့သည် မိမိတို့၏နေ့စဉ်လုပ်ငန်းဆောင်တာများကို မထိခိုက် စေရန် သာမန်လည်ချောင်းနာခြင်းကိုပင် ဂရုစိုက်သင့်ပါသည်။ကြိုတင်ကာကွယ်ခြင်းသည်ကုသခြင်းထက်ပို၍ထိရောက်သော ကြောင့်ကျွနု်ပ်တို့အားလုံးသည် မိမိတို့၏ကျန်းမာရေးကို နေ့စဉ် နှင့်အမျှဂရုစိုက်စောင့်ရှောက်သင့်ပါသည်။