(Zawgyi)
ၾကက္ငွက္တုပ္ေကြးေရာဂါဟာ ဟိမဝႏၲာေဆာင္းခိုငွက္မ်ား ေမြးျမဴေရးၿခံမ်ား လာေရာက္ခိုနားၿပီး ေမြးျမဴထားတဲ့ ၾကက္ငွက္မ်ားထံ တုပ္ေကြးေရာဂါ ကူးစက္ကာ လူကိုပါ ကူးစက္ေသဆုံးေစႏိုင္လို႔ သတိျပဳသင့္တယ္။
၁၉၉၆- ၁၉၉၇ ခုႏွစ္မွ စတင္ကာ တ႐ုတ္ႏိုင္ငံမွာ အျပင္းစားၾကက္ငွက္တုပ္ေကြးေရာဂါ Type A H5N1 ဗိုင္းရပ္ေရာဂါ ကူးစက္မႈကို ဘဲငန္း၊ ၾကက္ၿခံႏွင့္ ၾကက္ဘဲေဈးမွလည္းေကာင္း (၂၀၀၃) ခုႏွစ္မွာ အာရွအျပင္ ကမာၻ႔ႏိုင္ငံေတြမွာ လည္းေကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕ ( WHO ) အဆိုအရ ၂၀၁၇ ခုႏွစ္ ေဖေဖာ္ဝါရီ ၁၄ အထိ H5N1 အျပင္ H7N9 ၾကက္ငွက္တုပ္ေကြးေၾကာင့္ လူကိုကူူးစက္ေသဆုံးခဲ့ရာ ႏိုင္ငံေပါင္း ၁၆ ႏိုင္ငံမွာ လူေပါင္း ၄၅၂ ဦးခန႔္ ေသဆုံးခဲ့တယ္လို႔ဆိုတယ္။
၂၀၁၃ ခုႏွစ္မတ္လမွာ တ႐ုတ္ႏိုင္ငံရွိ ၾကက္ငွက္တုပ္ေတြမွာ H7N9 တုပ္ေကြးလို အသစ္ကူးစက္မႈ ခံရတာ မျပင္းထန္လို႔ အေပ်ာ့စား ၾကက္ငွက္တုပ္ေကြးေရာဂါ သတ္မွတ္ခဲ့တယ္။ ၂၀၁၃ ခုႏွစ္ေနာက္ပိုင္း ေတြ႕ရတဲ့ H7N9 ဟာ ယခင္ေတြ႕ရွိမႈနဲ႔ ကြဲျပားၿပီး ၂၀၁၇ ခုႏွစ္ ယေန႔အခ်ိန္အထိ တ႐ုတ္ႏိုင္ငံတြင္ရွိ ၾကက္ဘဲေဈးမ်ား ၊ ေမြးျမဴေရးၿခံမ်ား ဆက္လက္ျဖစ္ေပၚေနခဲၿပီး လူကို ကူးစက္ခံရမႈ တိုးျမႇင့္လာတာ ေဆာင္းရာသီႏွင့္ ခုလိုေႏြဦးရာသီေတြမွာ ေတြ႕ၾကရပါတယ္။ ကူးစက္ခံရတဲ့ လူနာေတြမွာ ျပင္းထန္တဲ့ ဖ်ားနာျခင္း ၊ အဆုတ္ေရာင္ျခင္းနဲ႔ ေသဆုံးျခင္းေတြ ေတြ႕ရတယ္။
တ႐ုတ္ႏိုင္ငံမွာ ၂၀၁၆ – ၁၇ အတြင္း H7N9 ငါးႀကိမ္ျဖစ္ပြားခဲ့ၿပီး ယခုတစ္ႀကိမ္ လူ ၄၂၄ ဦးကူးစက္ခံၿပီျဖစ္ေၾကာင္း ၊ ၂၀၁၇ ခုႏွစ္ ေဖေဖာ္ဝါရီလထိ လူကို ကူးစက္ခံရမႈေပါင္း ၁၂၃၀ ရွိၿပီး လူ ၄၂၈ ဦးေသဆုံးခဲ့တယ္။ ေသဆုံးမႈ ၄၀ % ထိရွိလို႔ အိမ္နီးခ်င္း ျမန္မာႏိုင္ငံအေနနဲ႔ စိုးရိမ္စရာပဲ ျဖစ္ပါတယ္။
ျမန္မာႏိုင္ငံမွာ ၂၀၀၆ -၂၀၀၇ ခုႏွစ္အတြင္း ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတုံခ႐ိုင္မွာ လူကိုကူးစက္မႈ ျဖစ္ပြားခဲ့ၿပီး အခ်ိန္မီ ကုသအသက္ရွင္သန္ခဲ့ၿပီး ေနာက္ပိုင္းလူကို ကူးစက္မႈ မရွိခဲ့ေပမယ့္ ၾကက္ငွက္မ်ား အစုလိုက္အၿပဳံလိုက္ ေသတဲ့ ၾကက္ငွက္တုပ္ေကြးေရာဂါ H5N1 ေၾကာင့္ ဇီဝလုံၿခဳံမႈ ရရွိေရး သုတ္သင္ခဲ့ရသည္မ်ား ရွိခဲ့ပါတယ္။
ၾကက္ငွက္တုပ္ေကြးေရာဂါ H5N1 သို႔မဟုတ္ H7N9 ျဖစ္ရင္ တုပ္ေကြးလို ဖ်ားနာျခင္း ၊ ေခ်ာင္းဆိုးျခင္း ၊ လည္ေခ်ာင္းနာျခင္း ၊ ႂကြက္သားမ်ား နာက်င္ကိုက္ခဲျခင္း ၊ အသက္ရႈျမန္လာျခင္း ၊ အသက္ရႈမဝျဖစ္ျခင္း စတဲ့ လကၡဏာမ်ား ေတြ႕ရွိရတတ္ပါတယ္။ ေဒသတြင္း ၾကက္ဘဲၿခံေတြမွာ ၾကက္ငွက္တုပ္ေကြးေၾကာင့္ ေကာင္ေရေထာင္နဲ႔ခ်ီၿပီး ေသဆုံးခဲ့ရတဲ့ ရာဇဝင္မ်ိဳး ရွိပါတယ္။
ၾကက္ငွက္ေတြကတဆင့္ လူကို ကူးစက္ျခင္း ကာကြယ္ဖို႔ ေအာက္ပါအခ်က္မ်ား လိုက္နာေဆာင္႐ြက္သင့္ပါတယ္။
• ၾကက္ငွက္ၿခံမ်ားႏွင့္ ၿခံထြက္ပစၥည္းမ်ား ၊ ေဈးဝယ္ပစၥည္းမ်ား ကိုင္တြယ္ခ်က္ျပဳတ္ရာမွ ကူးစက္မႈ မရွိေစဖို႔ လက္ကို ဆပ္ျပာနဲ႔ စကၠန႔္ ၂၀ ထက္ၾကာ င္ ေဆးေၾကာရမယ္။ ၾကက္ငွက္သားေတြကို စနစ္တက် က်က္ေအာင္ ခ်က္ျပဳတ္စားေသာက္ရမယ္။
• ၾကက္ငွက္အညစ္အေၾကးေတြမွ ေရာဂါ မျပန႔္ပြားေစဖို႔ ပိုးသန႔္စင္ျခင္းနဲ႔ စနစ္တက် စြန႔္ပစ္ရမယ္
• ၾကက္ၿခံနဲ႔ ပတ္ဝန္းက်င္သန႔္ရွင္းမႈကို စနစ္တက် ျပဳလုပ္ရမယ္။ လူေနအိမ္နဲ႔ အနည္းဆုံး ၁ မိုင္ေဝးရမယ္။
• မည္သူမဆို ၾကက္ၿခံအတြင္း ဝင္ထြက္သြားလာပါက သတ္မွတ္ထားတဲ့ ဖိနပ္ ၊ ဝတ္စုံ ၊ ေခါင္းစည္း ၊ ႏွာေခါင္းစည္း နဲ႔ လက္အိတ္မ်ား ဝတ္ဆင္ၿပီးမွ
ဝင္ေရာက္ရမယ္။ လုပ္ငန္းၿပီးရင္ အဝတ္မ်ားခြၽတ္ၿပီး ေရခ်ိဳးဖို႔ ၊ လက္ေဆးဖို႔ အထူးသတိျပဳဖို႔ လိုပါတယ္။
• ၾကက္ငွက္မ်ား အစုလိုက္ အၿပဳံလိုက္ ေရာဂါျဖစ္ပြားျခင္း ၊ ေသဆုံးျခင္းေတြ ေတြ႕ရွိရင္ သက္ဆိုင္ရာ ေမြးျမဴေရးႏွင့္ သုေတသန ဦးစီးဌာနကို အျမန္ဆုံး ဆက္သြယ္အေၾကာင္းၾကားဖို႔ ၊ လူအစုလိုက္ တုပ္ေကြးေရာဂါလကၡဏာမ်ား ျဖစ္ျခင္း ၊ ျပင္းထန္အဆုတ္ေရာင္ ေရာဂါ အစုလိုက္ျဖစ္ပြားျခင္း ရွိရင္ နီးစပ္ရာ က်န္းမာေရးဌာနကို ခ်က္ခ်င္းသတင္းပို႔ၿပီး ေဆးကုသမႈ ခံယူဖို႔ လိုပါတယ္။
ျမန္မာႏိုင္ငံ ေမြးျမဴေရးနဲ႔ ကုသေရးဦးစီးဌာနဟာ ၾကက္ငွက္တုပ္ေကြးေရာဂါ ကာကြယ္ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ အေရးေပၚ အျပင္းစား ၾကက္ငွက္တုပ္ေကြးေရာဂါ
(H5N1) တုံ႔ျပန္ေရး အစီအမံ (၂၀၀၇) နဲ႔ H7N9 အေရးေပၚ တုံျပန္ေရးအစီအမံ ၂၀၁၆ ကို ေရးဆြဲထုတ္ျပန္ထားၿပီးျဖစ္ရာ ေရာဂါစူးစမ္း ေထာက္လွမ္းစစ္ေဆးျခင္းမ်ား ေဆာင္႐ြက္လွ်က္ ရွိပါတယ္။ ဇီဝလုံၿခဳံမႈ စနစ္ေကာင္း ရွိဖို႔ လိုအပ္ပါတယ္။
ကမာၻမွာ ၾကက္ငွက္တုပ္ေကြးကာကြယ္ေဆး ေပၚေပါက္လာၿပီ ျဖစ္ေပမယ့္ တစ္ႏွစ္ႏွင့္ တစ္ႏွစ္မတူဘဲ ဗီဇေျပာင္းလဲ ျဖစ္ပြားခဲ့လို႔ ႏွစ္စဥ္ ကာကြယ္ေဆးထိုးဖို႔ လိုအပ္ေနပါတယ္။ကုသေဆးအေနနဲ႔ ေကာ္မီဖလူး ( Turmi flu ) ရွိတယ္။ ေရာဂါျဖစ္သူကို တစ္ေန႔တစ္လုံး ၂ ႀကိမ္ ၁၀ ရက္မွ ၁၄ ရက္ တိုက္ေကြၽးရင္ ေရာဂါေပ်ာက္ကင္းပါတယ္။
ၾကက္ငွက္တုပ္ေကြးကူးစက္ခံရသူကို သီးျခားထားကုသဖို႔လိုၿပီး ဆရာဝန္ သူနာျပဳ စသူတို႔ ၾကက္ငွက္တုပ္ေကြးကူးစက္မႈမွ ကာကြယ္ဖို႔ ႏွာေခါင္းစည္း ၊ လက္အိတ္ ၊ ေျခအိတ္မ်ား ဝတ္ဆင္ကုသဖို႔ လိုအပ္သလို ေကာ္မီဖလူး ၂ လုံးကို တစ္ၿပိဳင္နက္ ေသာက္ေစျခင္းလည္း ျပဳလုပ္ထားဖို႔ လိုအပ္ပါတယ္။
Author : Dr. လြင္သန႔္
( Unicode )
ကြက်ငှက်တုပ်ကွေးရောဂါဟာ ဟိမဝန္တာဆောင်းခိုငှက်များ မွေးမြူရေးခြံများ လာရောက်ခိုနားပြီး မွေးမြူထားတဲ့ ကြက်ငှက်များထံ တုပ်ကွေးရောဂါ ကူးစက်ကာ လူကိုပါ ကူးစက်သေဆုံးစေနိုင်လို့ သတိပြုသင့်တယ်။
၁၉၉၆- ၁၉၉၇ ခုနှစ်မှ စတင်ကာ တရုတ်နိုင်ငံမှာ အပြင်းစားကြက်ငှက်တုပ်ကွေးရောဂါ Type A H5N1 ဗိုင်းရပ်ရောဂါ ကူးစက်မှုကို ဘဲငန်း၊ ကြက်ခြံနှင့် ကြက်ဘဲဈေးမှလည်းကောင်း (၂၀၀၃) ခုနှစ်မှာ အာရှအပြင် ကမ္ဘာ့နိုင်ငံတွေမှာ လည်းကောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ( WHO ) အဆိုအရ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၄ အထိ H5N1 အပြင် H7N9 ကြက်ငှက်တုပ်ကွေးကြောင့် လူကိုကူူးစက်သေဆုံးခဲ့ရာ နိုင်ငံပေါင်း ၁၆ နိုင်ငံမှာ လူပေါင်း ၄၅၂ ဦးခန့် သေဆုံးခဲ့တယ်လို့ဆိုတယ်။
၂၀၁၃ ခုနှစ်မတ်လမှာ တရုတ်နိုင်ငံရှိ ကြက်ငှက်တုပ်တွေမှာ H7N9 တုပ်ကွေးလို အသစ်ကူးစက်မှု ခံရတာ မပြင်းထန်လို့ အပျော့စား ကြက်ငှက်တုပ်ကွေးရောဂါ သတ်မှတ်ခဲ့တယ်။ ၂၀၁၃ ခုနှစ်နောက်ပိုင်း တွေ့ရတဲ့ H7N9 ဟာ ယခင်တွေ့ရှိမှုနဲ့ ကွဲပြားပြီး ၂၀၁၇ ခုနှစ် ယနေ့အချိန်အထိ တရုတ်နိုင်ငံတွင်ရှိ ကြက်ဘဲဈေးများ ၊ မွေးမြူရေးခြံများ ဆက်လက်ဖြစ်ပေါ်နေခဲပြီး လူကို ကူးစက်ခံရမှု တိုးမြှင့်လာတာ ဆောင်းရာသီနှင့် ခုလိုနွေဦးရာသီတွေမှာ တွေ့ကြရပါတယ်။ ကူးစက်ခံရတဲ့ လူနာတွေမှာ ပြင်းထန်တဲ့ ဖျားနာခြင်း ၊ အဆုတ်ရောင်ခြင်းနဲ့ သေဆုံးခြင်းတွေ တွေ့ရတယ်။
တရုတ်နိုင်ငံမှာ ၂၀၁၆ – ၁၇ အတွင်း H7N9 ငါးကြိမ်ဖြစ်ပွားခဲ့ပြီး ယခုတစ်ကြိမ် လူ ၄၂၄ ဦးကူးစက်ခံပြီဖြစ်ကြောင်း ၊ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလထိ လူကို ကူးစက်ခံရမှုပေါင်း ၁၂၃၀ ရှိပြီး လူ ၄၂၈ ဦးသေဆုံးခဲ့တယ်။ သေဆုံးမှု ၄၀ % ထိရှိလို့ အိမ်နီးချင်း မြန်မာနိုင်ငံအနေနဲ့ စိုးရိမ်စရာပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၀၆ -၂၀၀၇ ခုနှစ်အတွင်း ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံခရိုင်မှာ လူကိုကူးစက်မှု ဖြစ်ပွားခဲ့ပြီး အချိန်မီ ကုသအသက်ရှင်သန်ခဲ့ပြီး နောက်ပိုင်းလူကို ကူးစက်မှု မရှိခဲ့ပေမယ့် ကြက်ငှက်များ အစုလိုက်အပြုံလိုက် သေတဲ့ ကြက်ငှက်တုပ်ကွေးရောဂါ H5N1 ကြောင့် ဇီဝလုံခြုံမှု ရရှိရေး သုတ်သင်ခဲ့ရသည်များ ရှိခဲ့ပါတယ်။
ကြက်ငှက်တုပ်ကွေးရောဂါ H5N1 သို့မဟုတ် H7N9 ဖြစ်ရင် တုပ်ကွေးလို ဖျားနာခြင်း ၊ ချောင်းဆိုးခြင်း ၊ လည်ချောင်းနာခြင်း ၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း ၊ အသက်ရှုမြန်လာခြင်း ၊ အသက်ရှုမဝဖြစ်ခြင်း စတဲ့ လက္ခဏာများ တွေ့ရှိရတတ်ပါတယ်။ ဒေသတွင်း ကြက်ဘဲခြံတွေမှာ ကြက်ငှက်တုပ်ကွေးကြောင့် ကောင်ရေထောင်နဲ့ချီပြီး သေဆုံးခဲ့ရတဲ့ ရာဇဝင်မျိုး ရှိပါတယ်။
ကြက်ငှက်တွေကတဆင့် လူကို ကူးစက်ခြင်း ကာကွယ်ဖို့ အောက်ပါအချက်များ လိုက်နာဆောင်ရွက်သင့်ပါတယ်။
• ကြက်ငှက်ခြံများနှင့် ခြံထွက်ပစ္စည်းများ ၊ ဈေးဝယ်ပစ္စည်းများ ကိုင်တွယ်ချက်ပြုတ်ရာမှ ကူးစက်မှု မရှိစေဖို့ လက်ကို ဆပ်ပြာနဲ့ စက္ကန့် ၂၀ ထက်ကြာ င္ ဆေးကြောရမယ်။ ကြက်ငှက်သားတွေကို စနစ်တကျ ကျက်အောင် ချက်ပြုတ်စားသောက်ရမယ်။
• ကြက်ငှက်အညစ်အကြေးတွေမှ ရောဂါ မပြန့်ပွားစေဖို့ ပိုးသန့်စင်ခြင်းနဲ့ စနစ်တကျ စွန့်ပစ်ရမယ်
• ကြက်ခြံနဲ့ ပတ်ဝန်းကျင်သန့်ရှင်းမှုကို စနစ်တကျ ပြုလုပ်ရမယ်။ လူနေအိမ်နဲ့ အနည်းဆုံး ၁ မိုင်ဝေးရမယ်။
• မည်သူမဆို ကြက်ခြံအတွင်း ဝင်ထွက်သွားလာပါက သတ်မှတ်ထားတဲ့ ဖိနပ် ၊ ဝတ်စုံ ၊ ခေါင်းစည်း ၊ နှာခေါင်းစည်း နဲ့ လက်အိတ်များ ဝတ်ဆင်ပြီးမှ
ဝင်ရောက်ရမယ်။ လုပ်ငန်းပြီးရင် အဝတ်များချွတ်ပြီး ရေချိုးဖို့ ၊ လက်ဆေးဖို့ အထူးသတိပြုဖို့ လိုပါတယ်။
• ကြက်ငှက်များ အစုလိုက် အပြုံလိုက် ရောဂါဖြစ်ပွားခြင်း ၊ သေဆုံးခြင်းတွေ တွေ့ရှိရင် သက်ဆိုင်ရာ မွေးမြူရေးနှင့် သုတေသန ဦးစီးဌာနကို အမြန်ဆုံး ဆက်သွယ်အကြောင်းကြားဖို့ ၊ လူအစုလိုက် တုပ်ကွေးရောဂါလက္ခဏာများ ဖြစ်ခြင်း ၊ ပြင်းထန်အဆုတ်ရောင် ရောဂါ အစုလိုက်ဖြစ်ပွားခြင်း ရှိရင် နီးစပ်ရာ ကျန်းမာရေးဌာနကို ချက်ချင်းသတင်းပို့ပြီး ဆေးကုသမှု ခံယူဖို့ လိုပါတယ်။
မြန်မာနိုင်ငံ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနဟာ ကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် အရေးပေါ် အပြင်းစား ကြက်ငှက်တုပ်ကွေးရောဂါ
(H5N1) တုံ့ပြန်ရေး အစီအမံ (၂၀၀၇) နဲ့ H7N9 အရေးပေါ် တုံပြန်ရေးအစီအမံ ၂၀၁၆ ကို ရေးဆွဲထုတ်ပြန်ထားပြီးဖြစ်ရာ ရောဂါစူးစမ်း ထောက်လှမ်းစစ်ဆေးခြင်းများ ဆောင်ရွက်လျှက် ရှိပါတယ်။ ဇီဝလုံခြုံမှု စနစ်ကောင်း ရှိဖို့ လိုအပ်ပါတယ်။
ကမ္ဘာမှာ ကြက်ငှက်တုပ်ကွေးကာကွယ်ဆေး ပေါ်ပေါက်လာပြီ ဖြစ်ပေမယ့် တစ်နှစ်နှင့် တစ်နှစ်မတူဘဲ ဗီဇပြောင်းလဲ ဖြစ်ပွားခဲ့လို့ နှစ်စဉ် ကာကွယ်ဆေးထိုးဖို့ လိုအပ်နေပါတယ်။ကုသဆေးအနေနဲ့ ကော်မီဖလူး ( Turmi flu ) ရှိတယ်။ ရောဂါဖြစ်သူကို တစ်နေ့တစ်လုံး ၂ ကြိမ် ၁၀ ရက်မှ ၁၄ ရက် တိုက်ကျွေးရင် ရောဂါပျောက်ကင်းပါတယ်။
ကြက်ငှက်တုပ်ကွေးကူးစက်ခံရသူကို သီးခြားထားကုသဖို့လိုပြီး ဆရာဝန် သူနာပြု စသူတို့ ကြက်ငှက်တုပ်ကွေးကူးစက်မှုမှ ကာကွယ်ဖို့ နှာခေါင်းစည်း ၊ လက်အိတ် ၊ ခြေအိတ်များ ဝတ်ဆင်ကုသဖို့ လိုအပ်သလို ကော်မီဖလူး ၂ လုံးကို တစ်ပြိုင်နက် သောက်စေခြင်းလည်း ပြုလုပ်ထားဖို့ လိုအပ်ပါတယ်။
Author : Dr. လွင်သန့်