ကျွန်မရဲ့ မိခင်ဟာ စာတိုက်မှ ပေးပို့လာတဲ့ ကြော်ငြာတွေ၊ လမ်းမှာဝေတဲ့ လက်ကမ်းကြေငြာတွေနဲ့ သတင်းစာအဟောင်း၊ ဂျာနယ်အဟောင်းတွေအားလုံးကို သိမ်းထားလေ့ရှိတယ်။ လွှင့်လည်းမပစ်ရက်လို့ သိမ်းဆည်းပြီး စုပုံထားတယ်။ မကြာမီက ငွေတောင်းခံလွှာအချို့ဟာ အဲဒါတွေနဲ့ ရောထွေးနေလို့ ငွေမသွင်းရသေးပါ။ ၎င်းရဲ့ကိစ္စတွေကို စနစ်တကျဖြစ်အောင် ကူညီဖို့ ကြိုးစားရတာ ကျွန်မဖြင့် ရူးချင်စိတ်ပေါ်လာတယ်။ ဒီပြဿနာဟာ သာမန်ဖြစ်ရပ်ပေမယ့် ထင်တာထက်လွန်ကဲပါတယ်။ သိုမှီးသိမ်းဆည်းတတ်တဲ့အကျင့် ဒါမှမဟုတ် တကယ်မလိုအပ်ပေမယ့် စုစည်းပြီးသိမ်းဆည်းတတ်တဲ့အကျင့်ကို အသက်အရွယ်မရွေး လူအတော်အများမှာ တွေ့နိုင်ပါတယ်။ အခြေခံဆေးကုသမှု ဒါမှမဟုတ် စိတ်ရောဂါဆိုင်ရာ ပြဿနာကို ၎င်းက ဖြစ်စေနိုင်၊ မဖြစ်စေနိုင် မပြောနိုင်ပါ။
ယင်းသို့ စုစည်းသိမ်းဆည်းမှုဟာ ကျန်းမာရေးဘေးကင်းလုံခြုံခြင်းနှင့် ဘဝရဲ့အရည်အသွေးကို စတင်ခြိမ်းခြောက်လာရင် မိသားစုဝင်တွေက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးဖို့
စဉ်းစားရတော့မှာပါ။ ဒါပေမယ့် မိခင်ဖြစ်သူရဲ့ အလေ့အကျင့်ဟာ ပုံမှန်မှ စိတ်ပူစရာ နယ်ပယ်အတွင်းဘယ်မှာ ကျရောက်နေတာကို ပထမဦးစွာ ရှာဖွေစစ်ဆေးရပါမယ်။
အိမ်မှာ ဒီပစ္စည်းတွေနဲ့ ပြည့်ကျပ်နေပြီး မီးအန္တရာယ်ရှိနိုင်ပါတယ်။ မိခင်ရဲ့အလေ့အကျင့်ဟာ ဆေးပညာနဲ့ စိတ်ပညာဆိုင်ရာ ကုသမှုလိုအပ်မှုရှိ၊ မရှိ သိနိုင်ဖို့ အောက်ပါမေးခွန်းများကို ကိုယ့်ကိုယ်ကို အရင်မေးကြည့်ပါလို့ အသိဆရာဝန်တစ်ယောက်က ပြောပါတယ်။
(၁) ပုံမှန်မဟုတ်သော ဒါမှမဟုတ်ဒုက္ခပေးတဲ့ လက္ခဏာ နောက်ဆက်တွဲတွေရှိသလား
စိတ်ရောဂါ အာရုံကြောနဲ့ ဆေးပညာဆိုင်ရာ ကုသမှုတွေရဲ့ လက္ခဏာတွေဟာ သိုမှီးသိမ်းဆည်းမှု အလေ့အကျင့်နဲ့အတူ ပါလာရင်း စိုးရိမ်စရာတွေဖြစ်လာပြီး စိတ်ရောဂါဆိုင်ရာ လက္ခဏာတွေဖြစ်တဲ့ စိတ်ဓာတ်ကျမှု (သို့) တစ်ပါးသူပေါ် ယုံမှားသံသယ လွန်ကဲမှုက စိတ်ရောဂါအကဲဖြတ်ခြင်းကို အကြံပြုတယ်။ ဆက်စပ်နေတဲ့ မှတ်ဉာဏ်အားလျော့မှုရှိတဲ့ လူနာတွေဟာ စိတ်ယိုယွင်းခြင်း ဒါမှမဟုတ် စိတ်ကယောင်ကတမ်းဖြစ်ခြင်းတို့ ရှိလာနိုင်တယ်။ ညံ့ဖျင်းစွာ ကြီးကြပ်ထိန်းသိမ်းတဲ့ ဆေးကုသမှုဆိုင်ရာ ပြဿနာတွေက အလေ့အကျင့်ပေါ် သက်ရောက်မှုရှိနိုင်တယ်ဆိုတဲ့ အချက်ဟာ သက်ကြီးရွယ်အိုစောင့်ရှောက်မှု ဆေးပညာရဲ့ အဖြစ်သဘောထားဖြစ်တယ်။ အဆိုပါ လက္ခဏာတွေဖြစ်ရင် ဆရာဝန်ထံ သွားပြသင့်ပါတယ်။
(၂) ဒီအလေ့အထက ရုတ်တရက်စဖြစ်သလား
လက္ခဏာအသစ်တစ်စုံတစ်ရာ အလျင်အမြန် စဖြစ်လာတဲ့ ဆေးကုသမှု အာရုံကြောနဲ့ စိတ်ပညာဆိုင်ရာ ပြဿနာတွေအပေါ် ၎င်းရဲ့ထင်ဟပ်မှု အခွင့်အရေးတွေ တိုးပွားလာတယ်။ တစ်မူထူးခြားတဲ့ လေသင်တုန်းဖြတ်ခြင်း ဒါမှမဟုတ် အသစ်ထပ်ဖြည့်တဲ့ ဆေးဝါးဟာ ပြဿနာရဲ့ အကြောင်းရင်းဖြစ်နိုင်တယ်။ ဒါကြောင့် ဆရာဝန်ထံ သွားပြသင့်ပါတယ်။
အသက်ကြီးလာတာနဲ့အမျှ အလေ့အကျင့်က ပိုဆိုးလာပါသလား။
အမေဟာ ငယ်စဉ်က အထူးစည်းစနစ်ကျပြီး နှစ်များစွာကြာလာတဲ့အခါ တဖြည်းဖြည်းပိုပိုပြီး စည်းကမ်းမဲ့လာသလား။ အတတ်ပညာရှင်အဖြစ် အောင်မြင်စေခဲ့တဲ့ စည်းစနစ်ကျတဲ့ ကျွမ်းကျင်မှုဟာ အငြိမ်းစား ယူပြီးနောက်၊ ၎င်းတို့အတွက် ထွက်ပေါက်မရှိရင် ပြုဖွယ်ဆောင်တာအသစ်ကို လက်ခံလာတယ်။ အဲဒီဖြစ်ရပ်မှာ အလေ့အကျင့်ဟာ ဆိုးရွားတဲ့ အခြေခံနာမကျန်းမှုပေါ်ထင်ဟပ်နိုင်ဖွယ်မရှိပါ။ ဆေးပညာအရ မှားယွင်းတာမရှိပြီး မိဘမှာ ဆုံးဖြတ်နိုင်တဲ့ လုပ်နိုင်စွမ်းရှိရင် တခြားနည်းလမ်းကို ရှာရလိမ့်မယ်။
(၃) ဒီပစ္စည်းတွေကို လွှင့်ပစ်ပါ ဒါမှမဟုတ် လက်လျှော့လိုက်ပါ
မိခင်အား စမ်းသပ်တဲ့ ဆရာဝန်က ၎င်းမှာ ကျန်းမာရေးပြဿနာ မရှိဘူးလို့ပြောတယ်။ ဒါပေမယ့် အိမ်ပြန်ရောက်တာနဲ့ ဒီနေ့ထုတ် သတင်းစာတွေကို သူ့ရဲ့ အစုအပုံထဲမှာ အေးအေးဆေးဆေး သွားထည့်လိုက်တာ တွေ့ရတယ်။ ဘာလုပ်ရမလဲ။ သူမရဲ့ အလေ့အကျင့်ကို လုံးဝရပ်သွားအောင် လုပ်လို့မရကြောင်း သက်ကြီးရွယ်အိုကုသစောင့်ရှောက်ရေး အထူးကုဆရာဝန်တွေက ပြောတယ်။
အိမ်ကိုရှင်းပြီး မိခင်အား စုစည်းသိမ်းဆည်းခြင်းကို မလုပ်ရန် တားဆီးခြင်းဖြင့် ဒီအလေ့ကျင့်ကို ရပ်သွားအောင် လုပ်နိုင်မယ်လို့ ကျွန်မယုံကြည်ရင် ကျရှုံးခြင်းနဲ့ မချင့်မရဲဖြစ်ခြင်းတို့ဖြင့် ရင်ဆိုင်ရနိုင်တယ်လို့ ဆရာဝန်က ပြောပါတယ်။ ယထာဘူတာကျတဲ့ သဘောထားဖြင့် စတင်ဖို့ အကြံပြုတယ်။
မိခင်နဲ့ သေသေချာချာ စကားပြောကြည့်ပြီး ဒီအကျင့်ရဲ့ အကြောင်းရင်းကို သိအောင်လုပ်ပါ။ အရေးကြီးတဲ့ အချက်အလက်တွေ ပျောက်မှာ စိုးရိမ်တယ်လို့သိရင် ကွန်ပျူတာတစ်လုံးဝယ်ပေး နားလည်တဲ့ တူမတစ်ဦးဦးအား အကူအညီတောင်းပြီး မိခင်ရဲ့ အရေးကြီးတဲ့ စာရွက်တွေကို ကွန်ပျူတာထဲ ကူးထည့်စေပါ။ တီထွင်တတ်တဲ့ အဖြေရှာပြီး သင့်မိခင်အား ကျန်းမာရေးနဲ့ ဘေးကင်းမှု မထိခိုက်သရွေ့ လေးစားခံရတဲ့သူဖြစ်အောင် နေရာပေးဖို့ မှတ်ထားဖို့ အကြံပြုပါတယ်။
ပြဿနာက ပိုဆိုးရွားလာရင် သူနဲ့စကားပြောဆိုခြင်းဟာ မရှိမဖြစ် လိုအပ်ပါတယ်။ မိခင်နဲ့ အတူထိုင်ပြီး ခြိမ်းခြောက်မှုမပါဘဲ လွှင့်မပစ်ခြင်းကြောင့်
ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ရှင်းပြပါ။ ပြဿနာရှိတယ်ဆိုတာကို ၎င်းက ဝန်ခံလာမယ်။
ဒါပေမဲ့ သူမရဲ့ပစ္စည်းတွေကို ရွှေ့ဖို့ လုပ်ရင် သူမစိတ်လှုပ်ရှားလာတာကို မအံ့သြပါနဲ့တဲ့။
တစ်ခုခုလုပ်ရမှာကို ဘယ်ကစမလဲ။ ဘာတွေလွှင့်ပစ်မလဲဆိုတာ သူကိုယ်တိုင်ပါလာပြီး ဆုံးဖြတ်ပေးကာ ကူညီလာတယ်ဆိုရင် အထူးကောင်းမွန်ပါတယ်။
(၄) နားလည်မှုပိုပေးပါ
မိခင်ကြုံတွေ့ရတဲ့ ခံစားချက်အချို့ကို နားလည်ရင် ဒီအလေ့အကျင့်နဲ့ ပတ်သတ်ပြီး ဖြေရှင်းဖို့ ပိုလွယ်မယ်လို့ စိတ်ပညာဆရာဝန်ကပြောတယ်။ သိုမှီးသိမ်းဆည်းခြင်းဟာ ပူပင်သောကရှိမှုကို ဖြေရှင်းတဲ့ နည်းလမ်းတစ်ခုဖြစ်နိုင်တယ်။ ဆုံးရှုံးမှုများစွာ ကြုံတွေ့ရတဲ့ ၎င်းရဲ့ဘဝရဲ့ တစ်ချိန်မှာ ဒီဟာက သူကာကွယ်ထားနိုင်တဲ့ တစ်ခုတည်းသော ဆုံးရှုံးမှုဖြစ်တယ်။ အရာရာတိုင်းကို သူ့ပတ်ပတ်လည်မှာ ထားခြင်းဟာ ကြီးကြပ်ထိန်းသိမ်းမှုရဲ့ အသိတရားကိုရစေတယ် လို့သူမက ထင်နေလို့ပဲ ဖြစ်ပါတယ်။
Dr နှင်းအေးဝေ