fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသောစိတ်

သင့်ဘဝပျော်ရွှင်ကျေနပ်မှု

22
VIEWS
Share on FacebookShare on TwitterShare on Linkedin
22/08/2016
in ကျန်းမာသောစိတ်
1 min read
A A

သင့်ဘဝပျော်ရွှင်ကျေနပ်မှု လူလတ်ပိုင်းအရွယ် ပျော်ရွှင်မှုသည် နေထိုင်သော နေရာဒေသအလိုက် ကွာခြားမှုရှိကြောင်း The Laneet လေ့လာမှုတစ်ခုက ထုတ်ဖော်တင်ပြထားသည်။ အင်္ဂလန်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့တွင် နေထိုင်ကြသူများ၏ ဘဝကျေနပ် နှစ်သက် ပျော်ရွှင်မှုကို လေ့လာကြည့်လျှင် ယူ – U ပုံသဏ္ဍာန်မြင်တွေ့ရမည်ဖြစ်သည်ဟုဆိုသည်။ လူလတ်ပိုင်း အရွယ် တွင် ဘဝ၏ကျေနပ်ပျော်ရွှင်မှု နိမ့်ကျသွားကြောင်းတွေ့ရမည်ဖြစ်သည်။ အာဖရိကဒေသတွင် ဘဝ၏ကျေနပ်ပျော်ရွှင်မှုမှာ ဘဝတစ်လျှောက်လုံး၌နိမ့်ကျလျက်ရှိသည်။ အရှေ့ ဥရောပဒေသ၊ ယခင်ဆိုဗီယက်ယူနီယံနှင့် တောင်အမေရိကဒေသတို့တွင် အသက်အရွယ်ကြီး လာသည် နှင့်အမျှ ဘဝ၏ကျေနပ်ပျော်ရွှင်မှုမှာလည်း တစ်စထက်တစ်စလျော့နည်းကျဆင်းသွားသည်။ ထိုသို့ဖြစ်ရခြင်းမှာ အကြောင်းခြင်းရာများစွာနှင့် ဆက်နွယ်မှုရှိပြီး ရှုပ်ထွေးလှသည်ဟု University College London မှ ပါမောက္ခ Andrew Steptoe က ပြောကြားခဲ့သည်။ အသက်အရွယ်ကြီးသူများတွင် နာတာရှည်ရောဂါများနှင့် ကာယသုခ၊ စိတ္တသုခနှင့် လူမှုရေးသုခတို့ နည်းပါးလာခြင်းကြောင့် ဘဝ၏ ကျေနပ် ပျော်ရွှင်မှု လျော့နည်းသွားတတ်ကြသည်။ သုတေသနပညာရှင်များသည် နိုင်ငံပေါင်း ၁၆၀ ကျော်မှ ကမ္ဘာ့လူဦးရေ၏ ၉၈%အပေါ် လေ့လာ သုံးသပ်တင်ပြခဲ့ခြင်းဖြစ်သည်။ အနောက်နိုင်ငံများတွင် ဘဝနေထိုင်မှုအပေါ် ကျေနပ်ပျော်ရွှင်မှု အနိမ့်ဆုံး ကာလမှာ အသက် ၄၅နှစ်နှင့် ၅၄နှစ်ကြားဖြစ်သည်ဟုဆိုသည်။ Prineaton University in the US မှ သုတေသနပညာရှင် Angus Deaton မှ ထိုသို့ဖြစ်ရစေခြင်းမှာ စီးပွားရေးအခြေအနေပေါ်မူတည်နေသည်ဟု ရှင်းပြခဲ့သည်။ ယခင်ဆိုဗီယက်ယူနီယံနိုင်ငံများမှ လူများသည် ဘဝကျေနပ်ပျော်ရွှင်မှုမှာ အသက်ကြီးလာသည်နှင့် အမျှ တဖြည်းဖြည်းလျော့နည်းလာသည်။ ခြုံငုံကြည့်လျှင် အနောက်နိုင်ငံများမှ လူများထက် ကျေနပ်ပျော်ရွှင်မှု နည်းကြသည်။ ဤအချက်မှာလည်း စီးပွားရေးနှင့် ဆက်နွယ်သည်ဟုဆိုသည်။ အာဖရိကဒေသ (Sub-Saharan Africa) မှလူများသည် ဖိစီးမှုများနှင့် ပူပင်သောကများ လွန်ကဲ ကြသည့်အတွက် ဘဝတစ်လျှောက်လုံး ကျေနပ်ပျော်ရွှင်မှု နိမ့်ပါးလျက်ရှိကြသည်။ ပျော်ရွှင်မှုကို ငွေနှင့် အချိုးချမရနိုင်သော်လည်း စီးပွားရေးမြင့်မားလာလျှင် သုခချမ်းသာလည်း မြင့်မားလာသည်ဟု ပါမောက္ခ Steptoe က ပြောကြားခဲ့ပါသည်။

Author – ဒေါက်တာဇာနည်

Previous Post

ကိုးလလွယ် ဆယ်လဖွား

Next Post

အအေးမိခြင်းကို နိုင်အောင်လုပ်နည်းအထွေထွေ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the negative effects caused by stress

စိတ်ဖိစီးမှုကြောင့်ဖြစ်ပေါ်တတ်သော ဆိုးကျိုးများအကြောင်း

3 years ago
594
fatigue a warning from your body that should not be ignored

ပင်ပန်းနွမ်းနယ်ခြင်း – လျစ်လျူရှုမထားသင့်သော သင့်ခန္ဓာကိုယ်မှ သတိပေးချက်

3 years ago
3.2k
what can happen when you are stressed

စိတ်ဖိစီးမှုများလာရင် ဘာတွေဖြစ်နိုင်လဲ?

3 years ago
1.4k
natural contact will reduce stress

သဘာဝနဲ့ထိတွေ့ပြီး စိတ်ဖိစီးမှုတွေ လျှော့ချမယ်

3 years ago
354

စိတ်ဖိစီးမှုများနေချိန် မလုပ်သင့်တဲ့အရာများ

3 years ago
643

တရားထိုင်ခြင်းမှရနိုင်သော သိပ္ပံနည်းကျကျန်းမာရေးကောင်းကျိုးများ

3 years ago
1.7k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အအေးမိခြင်းကို နိုင်အောင်လုပ်နည်းအထွေထွေ

ရေကြီးရေလျှံဒေသကျန်းမာရေး

ငှက်ဖျားရောဂါကိုကာကွယ်ကြပါစို့

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.