fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ကျောက်ကပ်ရောဂါအကြောင်း သိကောင်းစရာ

2k
VIEWS
Share on FacebookShare on TwitterShare on Linkedin
29/09/2021
in အထွေထွေရောဂါများအကြောင်း
1 min read
A A

`ခါးနာတာကြာပြီဆရာမရယ် အရိုးကြောင့်လည်းမဟုတ် ကျောက်ကပ်ကြောင့်လား´ဟု လူမေးများသော မေးခွန်းတစ်ခုပဲ ဖြစ်ပါတယ်။ ကျောက်ကပ်သည် ကျောရိုးရဲ့ ဘေးတစ်ဖက်စီမှာရှိသော အင်္ဂါတစ်စုံဖြစ်ပါတယ်။ သွေးများကို သန့်စင်ပေးပြီး အဆိပ်အတောက်များ ဖယ်ရှားပေးပြီး ဆီးအဖြစ် ဆီးအိမ်မှတစ်ဆင့် ဖယ်ရှားပေးပါတယ်။ ကျောက်ကပ်ပျက်ဆီးခဲ့လျှင် သွေးထဲမှ အဆိပ်များ ဖယ်ရှားမှု ပြုခြင်းမလုပ်နိုင်တော့ပါဘူး။

 

(1)ကျောက်ကပ်ပျက်စီးစေသော အကြောင်းအရင်းများ
-ပတ်ဝန်းကျင်မှ အဆိပ်အတောက်များနှင့် ထိတွေ့ခြင်း သို့မဟုတ် အချို့ဆေးကုသမှုများ
-အခြားသောရောဂါများ
-ပြင်းထန်စွာ ရေဓာတ်ခန်းခြောက်ခြင်း
-ကျောက်ကပ်ထိခိုက်ဒဏ်ရာရခြင်း
သင့်ကိုယ်ထဲတွင် အဆိပ်အတောက်များ စုပြုံလာသောအခါ အဆိုပါ အဆိပ်အတောက်များ ပုံမှန်မဖယ်ရှားနိုင်တော့ဘဲ ကျောက်ကပ်ပျက်စီးခြင်းသို့ ရောက်ရှိကာ သေချာမကုသဘဲ ထားပါက အသက်အန္တရာယ် ထိခိုက်သည်အထိ ရောက်ရှိနိုင်ပါတယ်။

 

(2) ကျောက်ကပ်အလုပ်မလုပ်နိုင်လျှင် ဖြစ်သောလက္ခဏာများ

တချို့ လူများမှာ လက္ခဏာ အနည်းငယ်သာပေါ်တတ်ပေမဲ့ တချို့မှာကတော့ လက္ခဏာမပေါ်နိုင်တာလည်း ရှိပါတယ်။
ဖြစ်နိုင်သောလက္ခဏာများမှာ –
-ဆီးနည်းခြင်း
-ရေဓာတ်မစွန့်ထုတ်နိုင်သောကြောင့် ခြေထောက်၊ ခြေကျင်းဝတ်နှင့် ခြေဖဝါးများ ရောင်ရမ်းခြင်း
-မောပန်းခြင်း
-မူးမောခြင်း၊ အားအင်ကုန်ခမ်းခြင်း
-ပျို့အန်ခြင်း
-မှတ်ဉာဏ်ရောထွေးခြင်း
-ရင်ဘတ်အောင့်ခြင်း
-တက်ခြင်းနှင့် သတိမေ့ပျောက်ခြင်း စသည်တို့ပဲ ဖြစ်ပါတယ်။

 

(3) ကျောက်ကပ် အလုပ်မလုပ်နိုင်စေသော အကြောင်းရင်းများ
-ကျောက်ကပ်သို့ သွေးအလုံအလောက် မရောက်ရှိသောရောဂါများမှာ
-နှလုံးရုတ်တရက်ဖောက်ခြင်း
-နှလုံးရောဂါများ
-အသည်းပျက်ဆီးခြင်း
-ရေဓာတ်ခန်းခြောက်ခြင်း
-ပြင်းထန်စွာ အပူလောင်ခြင်း
-ဓာတ်မတည့်မှုဖြစ်ခြင်း
-ပိုးဆိပ်တက်ခြင်း စသည်တို့အပြင် သွေးတိုးခြင်းနဲ့ ရောင်ရမ်းမှု လျော့ကျစေတဲ့ ဆေးဝါးအချို့က ကျောက်ကပ်သို့ သွေးရောက်ရှိမှုကို လျော့ကျစေပါတယ်။

 

(4)ဆီးစွန့်ထုတ်မှု ပြဿနာများ
ကိုယ်ခန္ဓာမှ ဆီးမထွက်လျှင် အဆိပ်အတောက်များ ကျောက်ကပ်အတွင်း မြှင့်တက်လျှက်ရှိပါတယ်။ တချို့ကင်ဆာတွေဟာ ဆီးလမ်းကြောင်း ပိတ်ဆို့မှု ဖြစ်စေပါတယ်။ ဥပမာ-ဆီးကျိတ်၊ အူမကြီး၊သားအိမ်ခေါင်းနှင့် ဆီးအိမ်ကင်ဆာများ

ဆီးထွက်မှုကို ပြဿနာဖြစ်စေသော ရောဂါများမှာ
-ကျောက်ကပ် ကျောက်တည်ခြင်း
-ဆီးကျိတ်ကြီးခြင်း
-ဆီးလမ်းကြောင်း သွေးခဲခြင်း နှင့် အာရုံကြောထိခိုက်ခြင်း စသည်တို့ကြောင့် ဆီးမထွက်နိုင်ဘဲ ကျောက်ကပ်ပျက်ဆီးခြင်း ဖြစ်စေပါတယ်။

 

(5)အခြားသောရောဂါများ
-ကျောက်ကပ်သွေးခဲပိတ်ခြင်း
-ပိုးဝင်ခြင်း
-အဆိပ်အတောက်များစုပုံခြင်း
-အရက်နှင့်ဆေးဝါးများ
-သွေးကြောရောင်ခြင်း
-မွေးရာပါအရေပြားရောဂါများ
-ကင်ဆာဆေးအချို့
-ဆိုးဆေးများ
-ဆီးချိုရောဂါနှင့် ပိုးသတ်ဆေးဝါးတို့ကြောင့် ကျောက်ကပ်ပျက်ဆီးစေပါတယ်။

 

(6)ကျောက်ကပ် အလုပ်မလုပ်နိုင်သော အမျိုးအစား ၅ မျိုး 
-ကျောက်ကပ်သို့ သွေးလုံလောက်စွာ မရောက်ရာက အဆိပ်အတောက်မတွေ မဖယ်ရှားနိုင်သောကြောင့် ကျောက်ကပ်ပျက်ဆီးခြင်း ဖြစ်နိုင်ပါတယ်။ အကြောင်းရင်းကို ဖယ်ရှားကုသ၍ ရပါတယ်။
-ကျောက်ကပ် ထိခိုက်ဒဏ်ရာရ၍ ကျောက်ကပ်ပျက်စီးခြင်း၊ သွေးအလွန်အမင်းထွက်ခြင်း၊သွေးပေါင်ကျခြင်း၊ ကျောက်ကပ် သွေးကြောပိတ်ခြင်းနဲ့ ကျောက်ကပ်ရောင်ခြင်းတို့ကြောင့်ကျောက်ကပ်အလုပ်မလုပ်နိုင်ပါဘူး။

 

(7)ကျောက်ကပ် အလုပ်မလုပ်ခြင်းကို ရှာဖွေသိရှိနိုင်သော စစ်ဆေးမှုများ
-ဆီးစစ်ခြင်း
-သွေးစစ်ခြင်း
-အာထရာဆောင်းရိုက်ခြင်း၊ CT နဲ့ MRI ရိုက်ခြင်း စသဖြင့် ရှာဖွေစစ်ဆေးလို့ ရပါတယ်။

 

(8)ကုသနည်းများ
ကျောက်ကပ်အလုပ်မလုပ်ခြင်းရဲ့ အကြောင်းရင်းပေါ် မူတည်ကုသရပါတယ်။ ကျောက်ကပ်ဆေးခြင်းနှင့် ကျောက်ကပ်အစားထိုးသည် အထိ ပြုလုပ်ကုသရပါတယ်။

 

(9)ကာကွယ်နည်းများ
ကျောက်ကပ် ရောဂါမဖြစ်အောင် ရေများများသောက်ပါ၊ မလိုအပ်ဘဲ ဆေးမသောက်သင့်ပါ၊ ပိုးသတ်ဆေးများနှင့် ထိတွေ့ခြင်း ရှောင်ပါ၊ ဆေးလိပ်အရက် ရှောင်ပါ ၊ ကျောက်ကပ်ထိခိုက်သောအစားအစာများ ရှောင်ပါ။

Author : Dr. ပြည့်ရှင်း

Previous Post

ကဖင်းစွဲနေပြီလား ?

Next Post

ကိုယ်ဝန်ဆောင်ဆီးချိုလက္ခဏာရပ်များနှင့် ကုသရေးနည်းလမ်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
849
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
844
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုယ်ဝန်ဆောင်ဆီးချိုလက္ခဏာရပ်များနှင့် ကုသရေးနည်းလမ်းများ

အပျိုဖော်ဝင်တဲ့ အပြောင်းအလဲများတဲ့ဒီအရွယ်

ဆီးချိုသွေးချိုနှင့် လေ့ကျင့်ခန်းလုပ်ခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.