fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 5,805 Total Cases
😥 94 Deaths
😇 1,260 Recovered

ကျောက်ကပ်ပြဿနာ

`ခါးနာတာကြာပြီဆရာမရယ် အရိုးကြောင့်လည်းမဟုတ် ကျောက်ကပ်ကြောင့်လား´ဟု လူမေးများသော မေးခွန်းတစ်ခုပဲ ဖြစ်ပါတယ်။ ကျောက်ကပ်သည် ကျောရိုးရဲ့ ဘေးတစ်ဘက်စီမှာရှိသော အင်္ဂါတစ်စုံဖြစ်ပါတယ်။ သွေးများကို သန့်စင်ပေးပြီး အဆိပ်အတောက်များ ဖယ်ရှားပေးပြီး ဆီးအဖြစ် ဆီးအိမ်မှတဆင့် ဖယ်ရှားပေးပါတယ်။ ကျောက်ကပ်ပျက်ဆီးခဲ့လျှင် သွေးထဲမှ အဆိပ်များ ဖယ်ရှားမှု ပြုခြင်းမလုပ်နိုင်တော့ပါ။

(1)ကျောက်ကပ်ပျက်ဆီးစေသော အကြောင်းအရင်းများမှာ
-ပတ်ဝန်းကျင်မှ အဆိပ်အတောက်များနှင့် ထိတွေ့ခြင်း သို့မဟုတ် အချို့ဆေးကုသမှုများ
-အခြားသောရောဂါများ
-ပြင်းထန်စွာ ရေဓာတ်ခမ်းခြောက်ခြင်း
-ကျောက်ကပ်ထိခိုက်ဒဏ်ရာရခြင်း
သင့်ကိုယ်ထဲတွင် အဆိပ်အတောက်များ စုပြုံလာသောအခါ အဆိုပါ အဆိပ်အတောက်များ ပုံမှန်မဖယ်ရှားနိုင်တော့ပဲ ကျောက်ကပ်ပျက်ဆီးခြင်းသို့ ရောက်ရှိကာ သေချာမကုသဘဲ ထားပါက အသက်အန္တရာယ် ထိခိုက်သည်အထိ ရောက်ရှိနိုင်ပါတယ်။

(2) ကျောက်ကပ်အလုပ်မလုပ်နိုင်လျှင် ဖြစ်သောလက္ခဏာများမှာ များစွာရှိပါတယ်။

အချို့ လူများမှာ လက္ခဏာ အနည်းငယ်သာ ပေါ်တတ်သော်လည်း အချို့မှာမူ လက္ခဏာမပေါ်နိုင်တာလည်း ရှိပါတယ်။
ဖြစ်နိုင်သောလက္ခဏာများမှာ
-ဆီးနည်းခြင်း
-ရေဓာတ်မစွန့်ထုတ်နိုင်သောကြောင့် ခြေထောက်၊ ခြေကျင်းဝတ်နှင့် ခြေဖဝါးများ ရောင်ရမ်းခြင်း
-မောပန်းခြင်း
-မူးမောခြင်း၊ အားအင်ကုန်ခမ်းခြင်း
-ပျို့အန်ခြင်း
-မှတ်ဉာဏ်ရောထွေးခြင်း
-ရင်ဘတ်အောင့်ခြင်း
-တက်ခြင်းနှင့် သတိမေ့ပျောက်ခြင်း စသည်တို့ပဲ ဖြစ်ပါတယ်။

(3) ကျောက်ကပ် အလုပ်မလုပ်နိုင်စေသော အကြောင်းရင်းများမှာ
-ကျောက်ကပ်သို့ သွေးအလုံအလောက် မရောက်ရှိသောရောဂါများမှာ
-နှလုံးရုတ်တရက်ဖောက်ခြင်း
-နှလုံးရောဂါများ
-အသည်းပျက်ဆီးခြင်း
-ရေဓာတ်ခမ်းခြောက်ခြင်း
-ပြင်းထန်စွာ အပူလောင်ခြင်း
-ဓာတ်မတည့်မှုဖြစ်ခြင်း
-ပိုးဆိပ်တက်ခြင်း စသည်တို့အပြင် သွေးတိုးခြင်းနှင့် ရောင်ရမ်းမှု လျော့ကျစေသော ဆေးဝါးအချို့သည် ကျောက်ကပ်သို့ သွေးရောက်ရှိမှုကို လျော့ကျစေပါတယ်။
(4)ဆီးစွန့်ထုတ်မှု ပြဿနာများ
ကိုယ်ခန္ဓာမှ ဆီးမထွက်လျှင် အဆိပ်အတောက်များ ကျောက်ကပ်အတွင်း မြှင့်တက်လျှက်ရှိပါတယ်။အချို့ကင်ဆာများသည် ဆီးလမ်းကြောင်း ပိတ်ဆို့မှု ဖြစ်စေပါတယ်။ ဥပမာ ဆီးကျိတ်၊ အူမကြီး၊သားအိမ်ခေါင်းနှင့် ဆီးအိမ်ကင်ဆာများ

ဆီးထွက်မှုကို ပြဿနာဖြစ်စေသော ရောဂါများမှာ
-ကျောက်ကပ် ကျောက်တည်ခြင်း
-ဆီးကျိတ်ကြီးခြင်း
-ဆီးလမ်းကြောင်း သွေးခဲခြင်း နှင့် အာရုံကြောထိခိုက်ခြင်း စသည်တို့ကြောင့် ဆီးမထွက်နိုင်ဘဲ ကျောက်ကပ်ပျက်ဆီးခြင်း ဖြစ်စေပါတယ်။

(5)အခြားသောရောဂါများကတော့
-ကျောက်ကပ်သွေးခဲပိတ်ခြင်း
-ပိုးဝင်ခြင်း
-အဆိပ်အတောက်များစုပုံခြင်း
-အရက်နှင့်ဆေးဝါးများ
-သွေးကြောရောင်ခြင်း
-မွေးရာပါအရေပြားရောဂါများ
-ကင်ဆာဆေးအချို့
-ဆိုးဆေးများ
-ဆီးချိုရောဂါနှင့် ပိုးသတ်ဆေးဝါးတို့ကြောင့် ကျောက်ကပ်ပျက်ဆီးစေပါတယ်။

(6)ကျောက်ကပ် အလုပ်မလုပ်နိုင်သော အမျိုးအစား၅မျိုး ရှိပါတယ်။
-ကျောက်ကပ်သို့ သွေးလုံလောက်စွာ မရောက်သောကြောင့် အဆိပ်အတောက်များ မဖယ်ရှားနိုင်သောကြောင့် ကျောက်ကပ်ပျက်ဆီးခြင်း ဖြစ်နိုင်ပါတယ်။ အကြောင်းရင်းကို ဖယ်ရှားကုသ၍ ရပါတယ်။
-ကျောက်ကပ် ထိခိုက်ဒဏ်ရာရ၍ ကျောက်ကပ်ပျက်ဆီးခြင်း၊ သွေးအလွန်အမင်းထွက်ခြင်း၊သွေးပေါင်ကျခြင်း၊ ကျောက်ကပ် သွေးကြောပိတ်ခြင်းနှင့် ကျောက်ကပ်ရောင်ခြင်းတို့ကြောင့်ကျောက်ကပ်အလုပ်မလုပ်နိုင်ပါ။

(7)ကျောက်ကပ် အလုပ်မလုပ်ခြင်းကို ရှာဖွေသိရှိနိုင်သော စစ်ဆေးမှု အများအပြားရှိပါတယ်။
-ဆီးစစ်ခြင်း
-သွေးစစ်ခြင်း(urea; creatinine:)
-အတ်ထရာဆောင်းရိုက်ခြင်း၊ CT နှင့် MRI ရိုက်ခြင်းစသည့်ဖြင့် ရှာဖွေစစ်ဆေးလို့ ရပါတယ်။

(8)ကုသနည်းများ
ကျောက်ကပ်အလုပ်မလုပ်ခြင်းရဲ့ အကြောင်းရင်းပေါ် မူတည်ကုသရပါတယ်။ ကျောက်ကပ်ဆေးခြင်းနှင့် ကျောက်ကပ်အစားထိုးသည် အထိ ပြုလုပ်ကုသရပါတယ်။

(9)ကာကွယ်နည်းများ
ကျောက်ကပ် ရောဂါမဖြစ်အောင် ရေများများသောက်ပါ၊ မလိုအပ်ဘဲ ဆေးမသောက်သင့်ပါ၊ပိုးသတ်ဆေးများနှင့် ထိတွေ့ခြင်း ရှောင်ပါ၊ ဆေးလိပ်အရက် ရှောင်ပါ ၊ကျောက်ကပ်ထိခိုက်သောအစားအစာများ ရှောင်ပါ။

Author : Dr. ပြည့်ရှင်း


ဆရာဝန်ကြီးများနှင့်မေးမြန်းရာမှာ အသုံးပြုနိုင်ဖို့
အပ်ပလီကေးရှင်း ဒေါင်းလုပ် လုပ်ပြီး
လက်ဆောင် ၁၅ ပွိုင့်ပါ တခါတည်း ရယူလိုက်ပါ

ဆက်စပ် ဆောင်းပါးများ