မိဘတွေအတွက် မိမိသားသားမီးမီးများ ဉာဏ်ရည်ထက်မြတ်စေရန် မည်သည့်အစာအစားရွေးချယ်ကျွေးသင့်သလဲဆိုတာ မဖြစ်မနေသိထားသင့်ပါတယ်။ ကိုယ်ခန္ဓာကြီးထွားစေရန် အာဟာရမျိုးစုံလိုအပ်ပါတယ်။ အောက်ပါအစာအစားများကတော့ ကျောင်းနေစ သားငယ်သမီးငယ်များ အတွက် အထူးလိုအပ်ပါတယ်။
(1) ဆဲလ်မွန်ငါး
ဆဲလ်မွန်ငါးကို ဦးနှောက်အစာလို့တောင် ခေါ်ကြပါတယ်။ အဆီဓာတ် ကြွယ်ဝသော ဆဲလ်မွန်ငါးတွင် ဦးနှောက်ဖွံ့ဖြိုးတိုးတက်ထက်မြတ်ရန် လိုအပ်သော Omega 3၊ DHA၊ Fatty acid နှင့် EPA များစွာပါဝင်ပါတယ်။ သုတေသနပြုချက်အရ ဆဲလ်မွန်ငါးစားသုံးသောသူများသည် ဉာဏ်ရည်ပိုမိုထက်မြတ်ကာ စိတ်အခြေအနေစမ်းသပ်မှုများတွင် ပိုမိုကောင်းမွန်မှု ပြုလုပ်နိုင်ကြပါတယ်။ ပေါင်မုန့်ကို တူနာငါးနှင့် ကလေးများကို ဆန်းဝစ်ရှ် ကျွေးမည့်အစား ဆဲလ်မွန်ငါးဖြင့် ကျွေးပါ။
(2) ဥအမျိုးမျိုး
ဥအမျိုးမျိုးသည် အသားဓာတ်ရစေသော အစာအစားဆိုသော်လည်း ကြက်ဥအနှစ်တွင် ပါဝင်သော choline ဓာတ်သည် ဦးနှောက်ဖွံ့ဖြိူးမှုကို အားပေးပါတယ်။ ကလေးများအား မနက်စာအဖြစ် ကြက်ဥပြုတ်စားတတ်ရန် လေ့ကျင့်ပါ။
(3) ပဲဖြင့် ပြုလုပ်ထားသော ထောပတ်
၎င်းတို့တွင်ပါဝင်သော ဗီတာမင် Eနှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည် ဦးနှောက်အမြှေးပါးကို ကာကွယ်ပြီး Thiamin သည် ဦးနှောက်နှင့် အာရုံကြောအဖွဲ့အစည်း တစ်ခုလုံးအတွက် အသုံးဝင်ပါတယ်။
ကလေးငယ်များကို ပေါင်မုန့်နှင့် ပဲဖြင့်ပြုလုပ်သော ထောပတ်သုတ် ကျွေးပါ။ ပန်းသီးနှင့် တို့စားခိုင်းပါ။
(4) အစေ့အဆန်များ
ဦးနှောက်သည် ပုံမှန်အချိုဓာတ်ရရန် လိုအပ်ပါတယ်။ အမျှင်ဓာတ်သည် ကိုယ်ခန္ဓာ အချိုဓာတ်ထိန်းပေးပါတယ်။ အစေ့အဆန်များတွင် အာရုံကြောအဖွဲ့အစည်းအတွက် လိုအပ်သော ဗီတာမင်ဘီ အပြည့်အဝ ပါဝင်ပါတယ်။
(5) ကွေကာအုပ်
ကွေကာအုပ်ကဲ့သို့ အစာအစားများတွင် ကလေးငယ်များ မနက်ခင်းတွင် ပထမဆုံး လိုအပ်သော စွမ်းအင်များပါဝင်ပါတယ်။ ကွေကာအုပ်တွင် ဗီတာမင်ဘီ၊ အီး၊ ပိုတက်ဆီယမ်နှင့် ဇင့်ဓာတ်ပြည့်ဝစွာပါဝင်ပါတယ်။ ကလေးငယ်များ မနက်စာအဖြစ် နွားနို့နှင့်ကွေကာ ကျွေးပေးပါ။
(6) ဘယ်ရီအသီးများ
စတော်ဘယ်ရီ၊ ချယ်ရီသီး၊ ဘလူးဘယ်ရီ၊ ဘလက်ဘယ်ရီသီးများတွင် ဗီတာမင်စီနှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်သောကြောင့် ကင်ဆာရောဂါ ကာကွယ်ပေးပါတယ်။ မှတ်ဉာဏ်စွမ်းအား မြှင်တင်ပေးပါတယ်။
(7) ပဲအမျိုးမျိုး
ပဲတွင်အသားဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်များနှင့် သတ္တုဓာတ်များ ကြွယ်ဝစွာ ပါဝင်သောကြောင့် ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် အလွန်အရေးကြီးပါတယ်။
(8) ရောင်စုံအသီးအရွက်များ
အရောင်ရှိသော အသီးအရွက်မျိုးစုံတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်သောကြောင့် ဦးနှောက်ဆဲလ်များ ကျန်းမာသန်စွမ်းစေပါတယ်။
(9) ဒိန်ချဉ်နှင့် နို့
နို့ထွက်ပစ္စည်းများတွင် ဦးနှောက်အတွက် လိုအပ်သော အသားဓာတ်နှင့် ကာဗွန်ဟိုက်ဒရိတ်များ ပါဝင်ပါတယ်။ ဗီတာမင်ဒီ ပါဝင်သောကြောင့် ဦးနှောက် ကြွက်သားများအတွက် အသုံးဝင်ပါတယ်။
(10) အသားများ
အနီရောင်ရှိသော အသားများ (အမဲသား)တွင် အသားဓာတ်နှင့် သံဓာတ် ပြည့်ဝစွာ ပါဝင်ပါတယ်။အမဲသားတွင် မှတ်ဉာဏ်အတွက် လိုအပ်သော ဇင့်ဓာတ် ပါဝင်ပါတယ်။ သတ်သတ်လွတ်စားသူများအတွက် ပဲအမဲနှင့် ပဲပိစပ်စားပါ။