မိမိကလေးများ ဉာဏ်ကောင်းစေရန် မိဘတိုင်း ဆန္ဒရှိကြပါတယ်။ မိမိကလေးဉာဏ်ရည်ဖွံ့ဖြိုးစေရန် ကိုယ်ဝန်ဆောင်ချိန်မှစ၍ ဂရုစိုက်လေ့ကျင့်သင့်ပါတယ်။ မွေးစတွင် neurons ပေါင်းများစွာရှိပြီး တစ်ခုနဲ့တစ်ခု ဆက်စပ်မှု ရှိပါတယ်။ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်သင့်သော အရာများမှာ အောက်ပါနည်းလမ်းများ ဖြစ်ပါတယ်။
– ကိုယ်ဝန်ဆောင်ချိန်မှ စတင်၍ ကျန်းမာစွာနေပါ။ အချို့ဆေးများသည် ကလေးရဲ့ ဦးနှောက်ဉာဏ်ပျက်ဆီးတတ်သော ကြောင့် မလိုအပ်ဘဲ ဆေးဝါးသောက်သုံးခြင်း ရှောင်ပါ။ အချို့ဆေးဝါးများသည် ကလေးသင်ယူမှုစွမ်းအား လျော့စေပါတယ်။ ဆေးလိပ်သောက်ခြင်းသည် ကလေးရဲ့ စာဖတ်မှုစွမ်းအား လျော့နည်းစေပါတယ်။
– ကလေးကို လှပသောစကားလုံးများ ချစ်စဖွယ်စကားလုံးများကို ချိုသာစွာ အသံပီသစွာ ပြောပေးပါ။ ထိုအခါ ဦးနှောက်ရဲ့ မှတ်ဉာဏ် ပိုကောင်းစေပါတယ်။
– ကလေးများကို အရွယ်အလိုက် မှတ်ဉာဏ်မြင့်မားစေသော ကစားစရာများဖြင့် ကစားစေပါ။
– မိမိကလေး ဘယ်လိုအရာများတွင် စိတ်ဝင်စားမှု ပိုမိုသလဲကို ဂရုစိုက်၍ ထိုအရာပေါ်လိုက်၍ သင်ယူပေးပါ။
– မိမိကလေးကို ပုံပြင်ဖတ်ပြ၍ ထိုပုံပြင်တွင်ပါသော အရာဝတ္ထု အကောင်များအလိုက် အသံအနအထားပေါ် မူတည်၍ သရုပ်ဆောင် ဖတ်ပြပေးပါ။
– ကလေးများအတွက် ဉာဏ်ရည်တိုးတက်ဖွံ့ဖြိုးစေသော ကစားနည်းများကို ရွေးချယ်ကစားစေပါ။
– မိမိကလေး ငိုနေလျှင် ချော့မြူပါ။ ငြင်သာစွာ ပြုမူ ဆက်ဆံခြင်းအားဖြင့် ကလေး ဦးနှောက်ဉာဏ်နှင့် အပြုအမူကို ထိန်းကျောင်းပေးပါ။
– ကလေးအပေါ် နွေးထွေးစွာ ကြင်နာယုယမှု ပေးခြင်းဖြင့် မိဘနှင့်ကလေးအကြား ယုံကြည်မှုတည်ဆောက်ပါ။ သို့မှသာ ကလေးရဲ့ သင်ယူမှုစွမ်းအင် တိုးတက်စေနိုင်ပါတယ်။
– ကလေးရဲ့ စိတ်ဖိစီးမှု လျော့ကျစေရန် နှိပ်နယ်ပေးပါ။ ကလေးကြီးထွားမှုကို ဂရုတစိုက် ပြုစုပါ။
– ကလေးများကို မိမိကစားစရာများအား ရွေးချယ်ဝယ်ယူစေကာ မှတ်သားလေ့လာသိမ်းဆည်းစေပါ။
– ကလေးသီချင်းများ ဖွင့်ပေးပြီး လိုက်ပါသီဆိုကခုန်ခြင်းများ ပြုလုပ်ပါစေ။ ထိုနည်းသည် နားလည်မှု စွမ်းအားနဲ့ ပျော်ရွင်သော ခံစားများ ရရှိစေပါလိမ့်မယ်။
– အစာကျွေးချိန်တွင် အစာအစားများ စားချင်လာအောင် အသံထွက် ရွတ်ဆိုပေးပါ။ ကလေး မကြိုက်သောအစာအစားများ အတင်းကျွေးခြင်းသည် ဦးနှောက်မှတ်ဉာဏ် အဆိုးမြင်မှု ဖြစ်စေပါတယ်။
– ကောင်းမွန်သော စည်းကမ်းချက်များ ထုတ်ထားပါ။ ကလေးအပြုအမူများ ပြုပြင်ရာတွင် ရိုက်နှက်ခြင်းမပြုဘဲ နားလည်လွယ်သော အပြုအမူအသုံးအနူန်းဖြင့် ဆုံးမပါ။
– ရေ၊သဲ၊ရွံ့စသည်အထိအတွေ့များကို ကိုင်တွယ်လေ့လာသင်ယူပေးပါ။ အရည်၊အခဲစသည်ဖြင့် ဦးနှောက်အထိအတွေ့သင်ယူမှု စတင်ပါ။
– ကလေးများရှေ့တွင် မိမိအပြုအမူ၊ အပြောအဆို၊ အနေအထိုင်ဆင်ခြင်ကာ နူးညံ့မှု ညင်သာမှု ချစ်ခင်မှု ပြသပါ။
Author : Dr. ပြည့်ရှင်း