fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အရိုးအကြောနှင့် လေးဖက်နာ

အရိုးပွ၊ အရိုးပါးရောဂါကြိုတင်ကာကွယ်နိုင်မယ့်နည်းလမ်းများ

238
VIEWS
Share on FacebookShare on TwitterShare on Linkedin
30/09/2023
in အရိုးအကြောနှင့် လေးဖက်နာ
1 min read
A A

ခန္ဓာကိုယ်ကြံ့ခိုင်ဖို့ အရိုးတွေရဲ့ ကျန်းမာရေးက အရေးပါပါတယ်။ လူတွေဟာ အသက်ကြီးလာတဲ့အခါ ကယ်လ်ဆီယမ်နဲ့ ဗိုက်တာမင်ဒီ ဓာတ်တွေ လျော့နည်းလာပြီး အရိုးသိပ်သည်းဆ နည်းလာကာ အရိုးပါး၊ အရိုးပွရောဂါ ဖြစ်လာနိုင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ မှတ်တမ်းများအရ အသက် ၅၀ အထက် အမျိုးသမီး ၃ ယောက်မှာ တစ်ယောက်နဲ့ အမျိုးသား ၅ ယောက်မှာ တစ်ယောက်ခန့်ဟာ အရိုးပါး၊ အရိုးပွရောဂါကို ခံစားနေရတယ်လို့ ဆိုပါတယ်။

အရိုးပါး၊ အရိုးပွလာရင်…

• ထိခိုက်မိတဲ့အခါ အရိုးကျိုးလွယ်တာ
• လည်ပင်းနာတာ
• ခါးနာတာ
• ခါးရိုးမူမမှန်တော့ပဲ ခါးကုန်းလာတာ
• အရပ်နိမ့်သွားတာ (ခါးဆစ်ရိုးတွေက compressed fracture လို့ခေါ်တဲ့ အတွင်းမှာ ကျိုးပြီး အချင်းချင်းဖိမိတာကြောင့် ၂ စင်တီမီတာခန့်အထိ အရပ်နိမ့်သွားနိုင်ခြေ ရှိပါတယ်) စတာတွေ ခံစားရတတ်ပါတယ်။

အသက်ကြီးသူတွေမှာ အရိုးပါး၊ အရိုးပွရောဂါ ဖြစ်နိုင်ခြေ များတယ်ဆိုပေမယ့် လူတိုင်းတော့ ဖြစ်နိုင်တာ မဟုတ်ပါဘူး။ အရိုးပါး၊ အရိုးပွရောဂါဟာ ငယ်ရွယ်စဉ်တည်းက ကြိုတင်ကာကွယ်လို့ ရတဲ့ ရောဂါပါ။

ဘယ်လို ကာကွယ်ကြမလဲ?

၁• လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ

အသက် ၁၈ နှစ်ကျော်လောက်တည်းက တစ်ပတ်ကို ၂နာရီခွဲခန့် (မိနစ် ၁၅၀) လေ့ကျင့်ခန်းမှန်မှန် လုပ်သင့်ပါတယ် (၁၈ နှစ်မတိုင်ခင်တည်းက လုပ်ရင်လည်း ပိုကောင်းပါတယ်)။ ကိုယ်ဝါသနာပါရာ လေ့ကျင့်ခန်းကို လုပ်လို့ရပေမယ့်…

• weight-bearing exercise လို့ခေါ်တဲ့ ခြေထောက်တွေက ကိုယ်အလေးချိန်ကို ထိန်းညှိထားပေးပြီး ကြွက်သား၊ အရွတ်နဲ့ အဆစ်တွေကို သန်မာစေတဲ့ ပြေးတာ၊ ခုန်တာ၊ ကတာ၊ လမ်းလျှောက်တာ၊ တင်းနစ်ရိုက်တာနဲ့ အေရိုးဗစ်လေ့ကျင့်ခန်းတွေ

• resistance exercise လို့ခေါ်တဲ့ ကြွက်သားနဲ့ အကြောတွေရဲ့ ဆွဲအားကြောင့် အရိုးတွေကို သန်မာလာစေတဲ့ ဒိုက်ထိုးတာ၊ အလေးမတာ၊ gym မှာ စက်ကိရိယာတွေသုံးပြီး ဆွဲဆန့်ကစားရတဲ့ လေ့ကျင့်ခန်းတွေက အရိုးကျန်းမာရေးအတွက် အထောက်အကူပြုပြီး အရိုးပါး၊ အရိုးပွရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

၂• ဆေးလိပ်ဖြတ်ပါ၊ အရက်လျှော့သောက်ပါ

ဆေးလိပ်သောက်တာနဲ့ အရက်ကို အလွန်အကျွံသောက်တာဟာ ခန္ဓာကိုယ်ထဲက ဗိုက်တာမင်ဒီ ပမာဏကို လျော့ကျစေသလို အူတွေကနေ ကယ်လ်ဆီယမ်စုပ်ယူမှုကိုလည်း လျော့နည်းစေပါတယ်။ ဒါ့အပြင် သွေးလှည့်ပတ်မှု မကောင်းတာ၊ ဟော်မုန်းတွေရဲ့ ဇီဝကမ္မလုပ်ငန်းတွေ ကမောက်ကမဖြစ်စေတာနဲ့ oxidative stress များစေတာတွေကြောင့် အရိုးသိပ်သည်းဆ လျော့နည်းလာပြီး အရိုးကြံ့ခိုင်မှု အားနည်းကာ အရိုးပါး၊ အရိုးပွရောဂါ ဖြစ်လာစေပါတယ်။

ဒါကြောင့် ဆေးလိပ်ဖြတ်တာနဲ့ အရက်ကို အလွန်အကျွံ မသောက်ဘဲ အသင့်အတင့်သာ သောက်သုံးတာက အရိုးပါး၊ အရိုးပွရောဂါ မဖြစ်အောင် ကာကွယ်ရာ ရောက်ပါတယ်။

၃• ကျန်းမာရေးနဲ့ညီအောင် နေထိုင်စားသောက်ပါ

ကျန်းမာစွာ နေထိုင်စားသောက်တာက နှလုံး၊ သွေးတိုး၊ ဆီးချိုနဲ့ ကင်ဆာအပါအဝင် ရောဂါတော်တော်များများကို ကာကွယ်ပေးနိုင်ပါတယ်။ အရိုးပါး၊ အရိုးပွရောဂါ မဖြစ်စေဖို့ ကယ်လ်ဆီယမ် ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်တဲ့ အစိမ်းရောင်အရွက်တွေ၊ သစ်သီးတွေ၊ နို့၊ ဒိန်ချဉ်နဲ့ ဒိန်ခဲလို နို့ထွက်ပစ္စည်းတွေ၊ တို့ဖူး၊ လိမ္မော်သီး၊ ပဲပိစပ်ပဲတွေနဲ့ ဗိုက်တာမင်ဒီ ကြွယ်ဝတဲ့ ဥ၊ နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ အဆီများတဲ့ငါးတွေ၊ အစေ့အဆံတွေ၊ ကြက်ရင်ပုံသားနဲ့ အမဲသားတွေ များများစားဖို့ လိုအပ်ပါတယ်။

၄• နေရောင်ခြည်ခံပါ

မနက်စောစော နေရောင်ခြည်ခံတာက ဗိုက်တာမင်ဒီတွေ ထွက်ရှိစေပြီး ခန္ဓာကိုယ်ကနေ ကယ်လ်ဆီယမ် စုပ်ယူမှုကို အားပေးတဲ့အတွက် အရိုးနဲ့သွားများကို ကြံ့ခိုင်စေပါတယ်။ ဒါကြောင့် နေ့စဉ်အချိန်အနည်းငယ်ခန့် နေရောင်ခြည်ကို ခံယူတာက အရိုးပါး၊ အရိုးပွရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

နေရောင်ခြည်ခံဖို့ အဆင်မပြေတာ ဒါမှမဟုတ် နေမထွက်တဲ့ ရာသီတွေမှာ ဗိုက်တာမင်ဒီ ကြွယ်ဝတဲ့ အစားအစာတွေ စားနိုင်သလို ဖြည့်စွက်စာအနေနဲ့လည်း သောက်သုံးနိုင်ပါတယ်။
အခုဖော်ပြခဲ့တဲ့ အချက်တွေကို ဂရုတစိုက် လိုက်နာမယ်ဆိုရင် အသက်ကြီးတဲ့သူပဲဖြစ်ဖြစ်၊ ငယ်တဲ့သူပဲဖြစ်ဖြစ် အရိုးအဆစ်တွေ ကြံ့ခိုင်သန်မာပြီး အရိုးပါး၊ အရိုးပွရောဂါကြောင့် အရိုးကျိုးလွယ်ခြင်းမှလည်း ကာကွယ်ပေးနိုင်မှာ အသေအချာပါပဲ။

Author:Dr.Yee Mon

Previous Post

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

Next Post

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

သတိထားသင့်တဲ့ လေးဘက်နာရောဂါအမျိုးမျိုး

1 year ago
2.7k
Arthritis should not be neglected

မပေါ့ဆသင့်တဲ့ အဆစ်ရောင်ရောဂါ

1 year ago
415
Winter and arthritis

ဆောင်းရာသီနှင့်အဆစ်ရောင်ရောဂါ

1 year ago
181
Age and bone health

2 years ago
101
knee pain Lifestyle mistakes that cause back pain

ဒူးနာ၊ ခါးနာခြင်းကိုဖြစ်စေတဲ့ နေထိုင်မှုပုံစံအလွဲများ

2 years ago
267
knee pain Lifestyle mistakes that cause back pain

ဒူးနာ၊ ခါးနာခြင်းကိုဖြစ်စေတဲ့ နေထိုင်မှုပုံစံအလွဲများ

2 years ago
300

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

Why do women urinate frequently?

အမျိုးသမီးတွေ ဘာကြောင့်ဆီးခဏခဏကျင်ရတာလဲ?

knee pain Lifestyle mistakes that cause back pain

ဒူးနာ၊ ခါးနာခြင်းကိုဖြစ်စေတဲ့ နေထိုင်မှုပုံစံအလွဲများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.