fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

439
VIEWS
Share on FacebookShare on TwitterShare on Linkedin
26/09/2023
in အမျိုးသားကျန်းမာရေး
1 min read
A A

အသက် ၅၀ ကျော်ဆိုတာ အိုနေပြီလို့ ပြောလို့မရသေးရင်တောင် လူပျိုပေါက်လေးလို ကျန်းမာသွက်လက် မနေတော့ပါဘူး။ နှလုံး၊ သွေးတိုး၊ ဆီးချို၊ ကင်ဆာအပါအဝင် ရောဂါအတော်များများကလည်း အလစ်အငိုက်တိုက်ဖို့ အခွင့်အရေးစောင့်တာ ခံနေရတဲ့ အရွယ်ပါ။ ဒီအရွယ်မှာ ခန္ဓာကိုယ်ကို ဂရုမစိုက်ဘူး ဆိုရင် မကြာခင် အိုမင်းလာတဲ့အခါ “အိုမင်းမစွမ်း” ဆိုတဲ့ စကားလို အမှန်တကယ် ဖြစ်လာပါလိမ့်မယ်။

အသက်အရွယ်ဟာ ဂဏန်းတစ်ခုပါ၊ အိုပေမယ့်လည်း လူငယ်လူလတ်တွေလိုပဲ ကျန်းမာသွက်လက် သန်စွမ်းနေစေဖို့ အသက် ၅၀ ကျော်အမျိုးသားတွေ ဘယ်လို နေထိုင်စားသောက်သင့်သလဲ ဆိုတာ ဆက်ကြည့်လိုက်ကြရအောင်နော်။
div>

👉ကျန်းမာရေးနဲ့ ညီတဲ့ အစားအစာတွေကို စားပါ

အသက် ၅၀ တန်းကို ရောက်လာပြီဆိုရင် ငယ်ငယ်ကလို စားချင်တာတွေ လျှောက်စားနေဖို့ မသင့်တော့ပါဘူး။ အငန်တွေ၊ အချိုတွေ၊ အဆီအစိမ့်နဲ့ ဆီကြော်တွေ၊ fast food လို့ ခေါ်တဲ့ အလွယ်တကူစားလို့ရတဲ့ အစားအစာတွေ၊ ရယိဒီမိတ်အစားအစာတွေ၊ processed food လို့ခေါ်တဲ့ ဘီစကစ်၊ ကွက်ကီး၊ ပီဇာ၊ ဟမ်ဘာဂါလို စားစရာတွေ၊ ဘီယာနဲ့အရက်တွေကို ရှောင်နိုင်သမျှ ရှောင်ရမယ့် အရွယ်ဖြစ်နေပါပြီ။ မဟုတ်ရင် ဗိုက်တစ်လုံးနဲ့ ထိပ်ပြောင်နေတဲ့ အဘိုးကြီးအိုတွေ မြန်မြန်ဖြစ်လာပါလိမ့်မယ်။

ဘာတွေစားသင့်သလဲ ဆိုရင် လတ်ဆတ်တဲ့သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆံနဲ့ အခွံမာသီးတွေ၊ အဆီထုတ်နွားနို့၊ အဆီထုတ်ဒိန်ချဉ်လို ကျန်းမာရေးနဲ့ညီတဲ့ နို့ထွက်ပစ္စည်းတွေ များများစားသင့်ပါတယ်။ နေ့စဉ်စားတဲ့ အစားအစာတွေထဲမှာ လိုအပ်တဲ့ ဗိုက်တာမင်နဲ့ သတ္ထုဓာတ်တွေ ပါဝင်အောင် မစားနိုင်ဘူးဆိုရင် အသက် ၅၀ ကျော် အမျိုးသားတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ဖြည့်စွက်စာ သို့မဟုတ် အားဆေးတွေကို ပုံမှန် မှီဝဲဖို့ လိုပါလိမ့်မယ်။

👉ကိုယ်လက်လှုပ်ရှားပါ

အသက် ၅၀ ကျော် ဦးဦးတွေဟာ ထိုင်နေလို့ မဖြစ်တော့တဲ့ အရွယ်ပါ။ မလှုပ်မရှားဘဲ ထိုင်နေရင် အဝလွန်၊ သွေးတိုး၊ နှလုံး၊ ဆီးချိုနဲ့ ရောဂါပေါင်းစုံက မဖိတ်ခေါ်ဘဲ ရောက်လာပါလိမ့်မယ်။ ဒါကြောင့် တစ်ပတ်ကို စုစုပေါင်း မိနစ် ၁၅၀ ခန့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။

လမ်းလျှောက်တာ၊ ပြေးတာ၊ စက်ဘီးစီးတာ၊ အေရိုးဗစ်လုပ်တာ စတဲ့ လေ့ကျင့်ခန်းတွေဟာ နှလုံးညှစ်အား ကောင်းစေပြီး သွေးလှည့်ပတ်မှုလည်း ကောင်းစေပါတယ်။ အလေးမလေ့ကျင့်ခန်း၊ အကြောလျှော့လေ့ကျင့်ခန်းတွေက အရိုးပွ၊ အရိုးပါးရောဂါကို ကာကွယ်နိုင်သလို အရိုးအဆစ်နာကျင်တာတွေကိုလည်း သက်သာစေပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်တာက သူငယ်ပြန်ရောဂါ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

👉ကိုယ်အလေးချိန် ထိန်းပါ

ဝတာက ဖတ်ထားလို့ရတယ် ဆိုပေမယ့် အဆီပိတ်ပြီး ဖြစ်လာမယ့် နောက်ဆက်တွဲရောဂါတွေကိုတော့ ကာကွယ်လို့ ရမှာမဟုတ်ပါဘူး။ သွေးတိုး၊ လေဖြတ်၊ နှလုံးသွေးကြောကျဉ်း၊ နှလုံးကြွက်သားပုပ်ရောဂါ၊ ဆီးချို စတဲ့ အဝလွန်နောက်ဆက်တွဲရောဂါတွေ မဖြစ်ချင်ရင် မိမိရဲ့အရပ်အမြင့်အတွက် ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် မကျော်လွန်အောင် ဂရုတစိုက် ထိန်းသိမ်းသင့်ပါတယ်။ BMI (body mass index) လို့ခေါ်တဲ့ ကိုယ်အလေးချိန် (kg) ကို အရပ်အမြင့်ရဲ့ နှစ်ထပ်ကိန်း (m2) နဲ့ စားလိုက်ရင် ရလဒ်က 18.5 ကနေ 24.9 အတွင်း ဖြစ်မှသာ ပုံမှန်ရှိသင့်တဲ့ ကျန်းမာတဲ့ ကိုယ်အလေးချိန် ဖြစ်ပါတယ်။

👉အိပ်ရေးဝအောင် အိပ်ပါ

အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်တွင်းက ဇီဝကမ္မလုပ်ငန်းစဥ်တွေက နှေးကွေးလာလေ့ ရှိပါတယ်။ အိပ်ရေးဝအောင် မအိပ်တဲ့အခါ ဟော်မုန်းတွေ ကမောက်ကမဖြစ်ပြီး ဟော်မုန်းမညီမျှမှုတွေ ဖြစ်လာတာမို့ ဇီဝကမ္မလုပ်ငန်းတွေကို ပိုပြီး ထိခိုက်စေမှာပါ။ ဒါကြောင့် တစ်ညကို ၇-၈ နာရီခန့် အိပ်ရေးဝဝအိပ်နိုင်ဖို့ကလည်း အသက် ၅၀ ကျော်တွေအတွက် အရေးကြီးပါတယ်။

👉 ဆေးလိပ်ဖြတ်ပါ

“ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်သည်” ဆိုတာ လူတိုင်း သိပြီးသားပါ။ ဆေးလိပ်ဖြတ်ဖို့ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ ဆေးလိပ်ဖြတ်လိုက်တာနဲ့ အသက်ရှူလို့ ကောင်းလာတာ၊ ပေါ့ပါးသွက်လက်လာတာ၊ ခန္ဓာကိုယ်ဆဲလ်တွေဆီ အောက်ဆီဂျင်တွေ ပိုမိုရောက်ရှိနိုင်တာ၊ နှလုံးကျန်းမာရေး ပိုကောင်းလာတာ၊ ကင်ဆာဖြစ်နိုင်ခြေ လျော့ကျသွားတာ စတဲ့ ကောင်းကျိုးတွေ အများကြီး ခံစားရမှာပါ။ အသက် ၅၀ ကျော် အမျိုးသားတွေမှာ ဆေးလိပ်ဖြတ်တာဟာ ကျန်းမာရေးထိန်းသိမ်းခြင်း တစ်မျိုးပါပဲ။
div>

👉 ကျန်းမာရေး ပုံမှန်စစ်ဆေးပါ

အသက် ၅၀ ကျော် အမျိုးသားတွေဟာ ကျန်းမာရေးစစ်ဆေးခြင်းကို မှန်မှန် လုပ်သင့်ပါတယ်။ သွေးတိုးရှိမရှိ သိနိုင်ဖို့ သွေးပေါင် မကြာခဏချိန်တာ၊ ဆီးချိုသွေးချို ရှိမရှိ သွေးဖောက်စစ်ဆေးတာ၊ သွေးထဲမှာ ကိုလက်စထရောနဲ့ မကောင်းတဲ့အဆီတွေ များနေသလားနဲ့ ဆီးကျိတ်ကင်ဆာ ဖြစ်နေသလား သွေးစစ်ကြည့်တာ၊ အူမကြီးကင်ဆာ ရှိမရှိ အစာအိမ်နဲ့ အူလမ်းကြောင်းကို မှန်ပြောင်းကြည့်တာ စတဲ့ ကျန်းမာရေးစစ်ဆေးမှုတွေကို နှစ်စဉ်ပုံမှန် ပြုလုပ်သွားပါက ရောဂါရှိနေခဲ့ရင် စောစီးစွာ သိနိုင်ပြီး ကုသမှု ခံယူနိုင်ပါလိမ့်မယ်။

အသက်ကြီးပေမယ့် မပျက်စီးသေးဘူး ဆိုတာ ပြချင်တဲ့ ၅၀ ကျော်အမျိုးသားတွေအနေနဲ့ အခုပြောခဲ့တဲ့ အချက်တွေကို ဂရုပြုလိုက်နာခဲ့ရင် ကျန်းမာသွက်လက်ပြီး လူငယ်လူရွယ်တွေနဲ့တန်းတူ သွက်လက်ဖျတ်လတ်စွာ နေနိုင်မှာပဲ ဖြစ်ပါတယ်။

Author: Dr.Yee Mon

Previous Post

အမျိုးသမီးများဖြည့်စွက်အာဟာရသောက်သုံးဖို့ အကောင်းဆုံးအရွယ်

Next Post

အရိုးပွ၊ အရိုးပါးရောဂါကြိုတင်ကာကွယ်နိုင်မယ့်နည်းလမ်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

6 days ago
30
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 weeks ago
319

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

3 months ago
407

ဘယ်လိုလူတွေမှာ ဆီးကျိတ်ရောဂါအဖြစ်များလဲ?

3 months ago
1.3k

သွေးလည်ပတ်မှုအားကောင်းစေမယ့် Korean Ginseng အကြောင်း

4 months ago
276

အမျိုးသားနှင့် ဆီးကျိတ်ကျန်းမာရေး

4 months ago
1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အရိုးပွ၊ အရိုးပါးရောဂါကြိုတင်ကာကွယ်နိုင်မယ့်နည်းလမ်းများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

Why do women urinate frequently?

အမျိုးသမီးတွေ ဘာကြောင့်ဆီးခဏခဏကျင်ရတာလဲ?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.