fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ပိုးလေးဘက်နာ သို့မဟုတ် နှလုံးလေးဘက်နာရောဂါအတွက် ဆောင်ရန်၊ ရှောင်ရန်နှင့် ဘဝနေထိုင်မှုပုံစံ

3.7k
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/01/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ဒီအပတ္ေဆာင္းပါးမွာေတာ့ ေလးဘက္နာေရာဂါေတြထဲမွ အျဖစ္မ်ားတဲ့ ပိုးေလးဘက္နာ (Rheumatic Fever) သို႔မဟုတ္ ႏွလုံးေလးဘက္နာ (Rheumatic Heart Disease) ေရာဂါအတြက္ ေဆာင္ရန္၊ ေရွာင္ရန္နဲ႔ ဘဝေနထိုင္မႈပုံံစံေတြကို ေျပာျပေပးပါမယ္။ ဒီေရာဂါက စနစ္တက် ကုသမႈမခံယူရင္ အဆစ္ေတြနာတာ၊ ေရာင္တာအျပင္ ေရရွည္မွာ ႏွလုံးအဆို႔ရွင္ေတြ ပ်က္စီးၿပီးေတာ့ ဒုကၡေရာက္သြားႏိုင္တဲ့ ေရာဂါတစ္ခု ျဖစ္ပါတယ္။ ဒါေၾကာင့္ လိုအပ္တဲ့ ေဆးဝါးကုသမႈအျပင္ အစားအေသာက္ အေနအထိုင္ကိုပါ ဆင္ျခင္မွသာ ေရာဂါမတိုးေအာင္၊ ပိုမဆိုးေအာင္ ကာကြယ္ႏိုင္မွာပါျဖစ္ပါတယ္။

ပိုးေလးဘက္နာဆိုတာက အာသီးေရာင္တာကို ျဖစ္ေစတဲ့ Streptococcus ဘက္တီးရီးယားပိုးကို အျမစ္ျပတ္ေအာင္ ပိုးသတ္ေဆးေတြေသာက္ၿပီး မသတ္မိတဲ့အတြက္ ေနာက္ဆက္တြဲအေနနဲ႔ ျဖစ္လာတဲ့ ေရာဂါတစ္ခုပါ။ အဲ့ဒီ Streptococcus ဘက္တီးရီးယားပိုးကထုတ္တဲ့ အဆိပ္ပ႐ိုတင္းဓာတ္တစ္မ်ိဳး Streptolysin O ကို ကိုယ့္ရဲ႕ကိုယ္ခံအားဆဲလ္ေတြက တိုက္ထုတ္ၾကပါတယ္။ အဲ့ဒီအခါမွာ အဲ့ဒီပ႐ိုတင္းဓာတ္ကို ဆန႔္က်င္တိုက္ခိုက္တဲ့ ASO (Anti Streptolysin O) လို႔ေခၚတဲ့ ကိုယ္ခံအားဆဲလ္ေတြ ထြက္လာပါတယ္။

အဲ့ဒီ ASO ကိုယ္ခံအားဆဲလ္ေတြက ဘက္တီးရီးယားပိုးေတြ ေသသြားရင္ေတာင္မွ ဆက္ရွိေနႏိုင္ပါေသးတယ္။ အဲ့ဒီ ကိုယ္ခံအားဆဲလ္ေတြက အဆိပ္ပ႐ိုတင္း Streptolysin O ရဲ႕ ဖြဲ႕စည္းပုံနဲ႔ ဆင္တူတဲ့ ကိုယ့္ရဲ႕ႏွလုံးအဆို႔ရွင္ေတြကိုပါ မွားယြင္းေရာေထြးၿပီး တိုက္မိတာေၾကာင့္ အဆို႔ရွင္ေတြ ေရာင္ရမ္းပ်က္စီးတဲ့အခါမွာ ႏွလုံးေလးဘက္နာဆိုတာ ျဖစ္လာပါတယ္။ ပိုးေၾကာင့္ျဖစ္တာမို႔ ပိုးေလးဘက္နာလို႔လည္း ေခၚၾကပါတယ္။

လူေတြက ASO တက္ရင္ ပိုးေလးဘက္နာရွိတယ္။ ႏွလုံးေလးဘက္နာ ျဖစ္ေနတယ္လို႔ အထင္ေရာက္ၾကပါတယ္။ အမွန္ေတာ့ ASO တက္တိုင္း ပိုးေလးဘက္နာေရာဂါ မဟုတ္ပါဘူး။ ဒီအေၾကာင္းေတြကိုေတာ့ ကြၽန္ေတာ္ေရးခဲ့တဲ့ “ေလးဘက္နာဆိုတာ ေသခ်ာၿပီလား” ဆိုတဲ့ ေဆာင္းပါးမွာေတာ့ ဒီေရာဂါအတြက္ ေရွာင္ၾကဥ္သင့္တဲ့ အစားအစာ၊ အျပဳအမူေတြနဲ႔ လိုက္နာေဆာင္႐ြက္သင္တဲ့ အစားအစာ၊ အျပဳအမူအေနအထိုင္ေတြကို ေျပာျပေပးပါမယ္။

ဒီပိုးေလးဘက္နာ ေရာဂါရွိတယ္ဆိုတာ ေသခ်ာတာနဲ႔ နားလည္တတ္ကြၽမ္းတဲ့ဆရာဝန္နဲ႔ ပုံမွန္ျပသ စစ္ေဆးသင့္တဲ့အျပင္ လိုအပ္တဲ့ ေသြးက်ဲေဆးေတြ၊ ပင္နီဆီလင္လို ေဆးမ်ိဳးေတြကို ေန႔စဥ္ေသာက္တာ၊ လစဥ္ ေဆးထိုးတာမ်ိဳး လုပ္သင့္ပါတယ္။ ဒါ့အျပင္ ႏွလုံးပ်က္စီးမႈကို စစ္ေဆးႏိုင္ဖို႔အတြက္ ႏွလုံးလွ်ပ္စီးတိုင္းတာမႈ ECG (Electrocardiogram) ကို ၆ လ တစ္ခါ၊ ဒါမွမဟုတ္ ၈ လ တစ္ခါ တိုင္းတာၿပီး စစ္ေဆးသင့္ပါတယ္။ ေသြးဖိအား (ေသြးေပါင္ခ်ိန္) ကိုလည္း ပုံမွန္အေနအထားမွာ အတတ္ႏိုင္ဆုံးၿငိမ္ေနေအာင္ ထိန္းထားသင့္ပါတယ္။

ဒါ့အျပင္ ေရာဂါပိုးေတြ မကူးစက္ခံရေအာင္ သတိထားၿပီး ကာကြယ္သင့္ပါတယ္။ ကိုယ္ခံအား မက်ေအာင္ အိပ္ေရးဝေအာင္အိပ္တာ၊ အာဟာရျပည့္ေအာင္စားတာမ်ိဳးေတြ လုပ္ရပါမယ္။ အိပ္တဲ့အခါမွာလည္း ညဘက္အျပင္ေန႔ခင္း ေန႔လည္ဘက္မွာ အိပ္တာေကာင္းတယ္ဆိုေပမယ့္ အလြန္ဆုံး နာရီဝက္ေလာက္ပဲ အိပ္သင့္ပါတယ္။ နာရီဝက္ထက္ေက်ာ္ေအာင္ မအိပ္သင့္ပါဘူး။ ဒါ့အျပင္ စိတ္ဓာတ္မက်ေအာင္ ဂ႐ုစိုက္တာ၊ စိတ္လႈပ္ရွားမႈျပင္းျပင္းထန္ထန္မျဖစ္ေအာင္ သတိထားတာ၊ တရားမွတ္၊ တရားထိုင္တာမ်ိဳးေတြ လုပ္ရပါမယ္။ သီခ်င္းနားေထာင္တာ၊ သီခ်င္းဆိုတာမ်ိဳးလည္း လုပ္ေပးႏိုင္ပါတယ္။ မျပင္းထန္တဲ့ ကိုယ္လက္လႈပ္ရွားမႈကိုလည္း နာရီဝက္ေလာက္ ေန႔စဥ္လုပ္သင့္ပါတယ္။ အထိုင္မ်ားတဲ့ လူေနမႈပုံစံကို ေရွာင္ၾကဥ္ရပါမယ္။ အဝလြန္တာမ်ိဳးမျဖစ္ေအာင္ ဝိတ္ေလွ်ာ့ခ်ရပါမယ္။ ပုံမွန္ကိုယ္အေလးခ်ိန္ မွာပဲရွိေနေအာင္ ထိန္းထားရပါမယ္။ ဒါေပမယ့္ နံနက္စာမစားတာမ်ိဳးကိုေတာ့ ေရွာင္ၾကဥ္ရပါမယ္။

စားသုံးသင့္တဲ့ အစားအစာေတြကေတာ့ လတ္ဆတ္တဲ့ သဘာဝသစ္သီး သစ္ဥ၊ အသီးအႏွံေတြ၊ ခရမ္းခ်ဥ္သီး၊ ဆန္၊ ဂ်ဳံ၊ အာလူး၊ ပဲေတာင့္ရွည္၊ ပဲပိစပ္၊ ပဲအမ်ိဳးမ်ိဳး၊ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ၊ မုန္လာဥနီ၊ ဘ႐ိုကိုလီ၊ ပန္းေဂၚဖီ၊ ပဲႏို႔၊ အေစ့အဆံေတြ၊ အမွ်င္ဓာတ္မ်ားၿပီး အစိမ္းရင့္ေရာင္ရွိတဲ့ အ႐ြက္ေတြ၊ ကန္စြန္း႐ြက္၊ ဒန႔္သလြန္႐ြက္၊ ဟင္းႏုႏြယ္႐ြက္၊ ဓာတ္တိုးဆန႔္က်င္ပစၥည္းႂကြယ္ဝတဲ့ ပန္းသီး၊ စပ်စ္သီး၊ ေထာပတ္သီး၊ သလဲသီးေတြ၊ ဗီတာမင္စီဓာတ္ႂကြယ္တဲ့ ဇီးျဖဴသီး၊ သရက္သီးအစိမ္း၊ ဗီတာမင္အီးဓာတ္ ႂကြယ္ဝေသာ အစားအစာ၊ အသီးအႏွံမ်ား၊ ဘီတာကယ္႐ိုတင္း၊ ဆီလီနီယမ္ ဓာတ္ႂကြယ္ဝေသာ အစားအစာမ်ား၊ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ ငါးႀကီးဆီ၊ သံလြင္ဆီေတြ၊ ငါးအမ်ိဳးမ်ိဳး (ငါးသေလာက္၊ ငါးပူတင္းမပါ) ၾကက္ဥ၊ အသည္း စတာေတြကို စားသုံးေပးသင့္ပါတယ္။ ဒါ့အျပင္ ေန႔စဥ္ ေရ ႏွစ္လီတာ (၂၅၀ မီလီလီတာဆန႔္ ေရ ၈ ခြက္) အနည္းဆုံးေသာက္သင့္ပါတယ္။

ေလွ်ာ့စားရမယ့္ အစားအေသာက္ေတြကေတာ့ အရက္၊ ဘီယာ၊ ကြမ္း၊ အဆီ၊ ခရင္မ္ပါသာ အစားအစာမ်ား (ေရခဲမုန႔္၊ ကိတ္မုန႔္၊ ဒိုးနပ္စ္မုန႔္) စသည္၊ အျဖဴေရာင္ေပါင္မုန႔္ေတြ၊ အဆီမ်ားတဲ့ အစားအစာေတြ၊ ေကာ္ဖီ၊ လက္ဖက္ရည္တို႔ပဲ ျဖစ္ပါတယ္။ ေန႔စဥ္စားသုံးသင့္တဲ့ ဆီပမာဏက တစ္ေန႔ကို လက္ဖက္ရည္ဇြန္း ၄ ဇြန္းကေန ၆ ဇြန္းအထိပဲ စားသုံးသင့္ပါတယ္။ အဲ့ဒီပမာဏထက္မေက်ာ္လြန္သင့္ပါဘူး။ တစ္ေန႔အတြက္ အလြန္ဆုံးစားသင့္တဲ့ ဆားပမာဏကေတာ့ လက္ဖက္ရည္ဇြန္းတစ္ဇြန္းထက္ မေက်ာ္လြန္သင့္ပါဘူး။

ေရွာင္ၾကဥ္ရမည့္ အစားအေသာက္ေတြကေတာ့ တိရစာၦန္အဆီ (ဝက္ဆီ)၊ စားအုန္းဆီ၊ ျပန္ေၾကာ္ဆီ၊ မေကာင္းတဲ့ ဓာတုျပန္သန႔္ဆီ၊ ပုဇြန္ဆီ၊ သၾကား၊ ေထာပတ္၊ ဒိန္ခဲ၊ အျမန္စာ(ဟမ္ဘာဂါ)၊ ပင္လယ္စာမ်ား၊ ငုံးဥ၊ မီးကင္ထားေသာ အစားအစာမ်ား၊ အနီေရာင္အသားေတြ၊ ေၾကာ္ထားေသာ အစားအစာေတြ၊ တာရွည္ခံအစားအစာေတြ (ေခါက္ဆြဲေျခာက္ထုပ္၊ အသားေျခာက္၊ ဝက္အူေခ်ာင္း၊ ၾကက္အူေခ်ာင္း စသည္)၊ ငန္လြန္းတဲ့ အစားအစာေတြ၊ အရက္ အလြန္အကြၽံေသာက္တာေတြ၊ ေဆးလိပ္ေသာက္တာ၊ အေအးဘူး၊ အခ်ိဳရည္ဘူးေတြေသာက္တာ၊ ပူစပ္လြန္းတဲ့ အစားအစာေတြကို ေရွာင္ၾကဥ္ရပါမယ္။

နိဂုံးခ်ဳပ္အေနနဲ႔ေျပာရရင္ ဒီပိုးေလးဘက္နာေရာဂါဟာ ကိုယ္ခံအားတိုက္ခိုက္တာေၾကာင့္ျဖစ္တဲ့ တျခားေလးဘက္နာေရာဂါေတြ အားလုံးထဲမွာ အသက္သာဆုံးျဖစ္ၿပီး ေပ်ာက္ကင္းႏိုင္တဲ့ ေရာဂါတစ္ခုလည္း ျဖစ္ပါတယ္။ ဒါေပမယ့္ အစားအေသာက္ အေနအထိုင္၊ ေဆးဝါးကုသမႈ မမွန္ခဲ့လို႔ရွိရင္ ႏွလုံးေလးဘက္နာ အဆင့္အထိျဖစ္သြားတတ္ၿပီး အဲ့ဒီႏွလုံးအဆို႔ရွင္ေတြက ျပန္မေကာင္းႏိုင္တာေၾကာင့္ သတိထားရမယ့္ ေရာဂါတစ္ခုျဖစ္ပါတယ္။ က်ေနာ္အခုေျပာခဲ့တဲ့ ပိုးေလးဘက္နာေရာဂါအတြက္ ေဆာင္ရန္၊ ေရွာင္ရန္နဲ႔ ဘဝေနထိုင္မႈပုံစံေတြကို သိရွိလိုက္နာက်င့္သုံးမယ္။ ေဆးဝါးကုသမႈ ပုံမွန္ခံယူမယ္ဆိုရင္ ႏွလုံးထိခိုက္မယ့္ေဘးက လြတ္ေျမာက္ၿပီး အျမစ္ျပတ္ေပ်ာက္ကင္း ခ်မ္းသာႏိုင္ၾကပါေစလို႔ ဆႏၵျပဳရင္း က်ေနာ့္ေဆာင္းပါးကို နိဂုံးခ်ဳပ္ခြင့္ျပဳပါဗ်ာ။

Author: ေဒါက္တာေနလင္းေအာင္ (ေပ်ာ္ဘြယ္), Healthcare Journal, Vol 8,no 39 (13.10.17) Pg 17

Unicode

ဒီအပတ်ဆောင်းပါးမှာတော့ လေးဘက်နာရောဂါတွေထဲမှ အဖြစ်များတဲ့ ပိုးလေးဘက်နာ (Rheumatic Fever) သို့မဟုတ် နှလုံးလေးဘက်နာ (Rheumatic Heart Disease) ရောဂါအတွက် ဆောင်ရန်၊ ရှောင်ရန်နဲ့ ဘဝနေထိုင်မှုပုံံစံတွေကို ပြောပြပေးပါမယ်။ ဒီရောဂါက စနစ်တကျ ကုသမှုမခံယူရင် အဆစ်တွေနာတာ၊ ရောင်တာအပြင် ရေရှည်မှာ နှလုံးအဆို့ရှင်တွေ ပျက်စီးပြီးတော့ ဒုက္ခရောက်သွားနိုင်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် လိုအပ်တဲ့ ဆေးဝါးကုသမှုအပြင် အစားအသောက် အနေအထိုင်ကိုပါ ဆင်ခြင်မှသာ ရောဂါမတိုးအောင်၊ ပိုမဆိုးအောင် ကာကွယ်နိုင်မှာပါဖြစ်ပါတယ်။

ပိုးလေးဘက်နာဆိုတာက အာသီးရောင်တာကို ဖြစ်စေတဲ့ Streptococcus ဘက်တီးရီးယားပိုးကို အမြစ်ပြတ်အောင် ပိုးသတ်ဆေးတွေသောက်ပြီး မသတ်မိတဲ့အတွက် နောက်ဆက်တွဲအနေနဲ့ ဖြစ်လာတဲ့ ရောဂါတစ်ခုပါ။ အဲ့ဒီ Streptococcus ဘက်တီးရီးယားပိုးကထုတ်တဲ့ အဆိပ်ပရိုတင်းဓာတ်တစ်မျိုး Streptolysin O ကို ကိုယ့်ရဲ့ကိုယ်ခံအားဆဲလ်တွေက တိုက်ထုတ်ကြပါတယ်။ အဲ့ဒီအခါမှာ အဲ့ဒီပရိုတင်းဓာတ်ကို ဆန့်ကျင်တိုက်ခိုက်တဲ့ ASO (Anti Streptolysin O) လို့ခေါ်တဲ့ ကိုယ်ခံအားဆဲလ်တွေ ထွက်လာပါတယ်။ အဲ့ဒီ ASO ကိုယ်ခံအားဆဲလ်တွေက ဘက်တီးရီးယားပိုးတွေ သေသွားရင်တောင်မှ ဆက်ရှိနေနိုင်ပါသေးတယ်။ အဲ့ဒီ ကိုယ်ခံအားဆဲလ်တွေက အဆိပ်ပရိုတင်း Streptolysin O ရဲ့ ဖွဲ့စည်းပုံနဲ့ ဆင်တူတဲ့ ကိုယ့်ရဲ့နှလုံးအဆို့ရှင်တွေကိုပါ မှားယွင်းရောထွေးပြီး တိုက်မိတာကြောင့် အဆို့ရှင်တွေ ရောင်ရမ်းပျက်စီးတဲ့အခါမှာ နှလုံးလေးဘက်နာဆိုတာ ဖြစ်လာပါတယ်။ ပိုးကြောင့်ဖြစ်တာမို့ ပိုးလေးဘက်နာလို့လည်း ခေါ်ကြပါတယ်။

လူတွေက ASO တက်ရင် ပိုးလေးဘက်နာရှိတယ်။ နှလုံးလေးဘက်နာ ဖြစ်နေတယ်လို့ အထင်ရောက်ကြပါတယ်။ အမှန်တော့ ASO တက်တိုင်း ပိုးလေးဘက်နာရောဂါ မဟုတ်ပါဘူး။ ဒီအကြောင်းတွေကိုတော့ ကျွန်တော်ရေးခဲ့တဲ့ “လေးဘက်နာဆိုတာ သေချာပြီလား” ဆိုတဲ့ ဆောင်းပါးမှာတော့ ဒီရောဂါအတွက် ရှောင်ကြဉ်သင့်တဲ့ အစားအစာ၊ အပြုအမူတွေနဲ့ လိုက်နာဆောင်ရွက်သင်တဲ့ အစားအစာ၊ အပြုအမူအနေအထိုင်တွေကို ပြောပြပေးပါမယ်။
ဒီပိုးလေးဘက်နာ ရောဂါရှိတယ်ဆိုတာ သေချာတာနဲ့ နားလည်တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ ပုံမှန်ပြသ စစ်ဆေးသင့်တဲ့အပြင် လိုအပ်တဲ့ သွေးကျဲဆေးတွေ၊ ပင်နီဆီလင်လို ဆေးမျိုးတွေကို နေ့စဉ်သောက်တာ၊ လစဉ် ဆေးထိုးတာမျိုး လုပ်သင့်ပါတယ်။ ဒါ့အပြင် နှလုံးပျက်စီးမှုကို စစ်ဆေးနိုင်ဖို့အတွက် နှလုံးလျှပ်စီးတိုင်းတာမှု ECG (Electrocardiogram) ကို ၆ လ တစ်ခါ၊ ဒါမှမဟုတ် ၈ လ တစ်ခါ တိုင်းတာပြီး စစ်ဆေးသင့်ပါတယ်။ သွေးဖိအား (သွေးပေါင်ချိန်) ကိုလည်း ပုံမှန်အနေအထားမှာ အတတ်နိုင်ဆုံးငြိမ်နေအောင် ထိန်းထားသင့်ပါတယ်။

ဒါ့အပြင် ရောဂါပိုးတွေ မကူးစက်ခံရအောင် သတိထားပြီး ကာကွယ်သင့်ပါတယ်။ ကိုယ်ခံအား မကျအောင် အိပ်ရေးဝအောင်အိပ်တာ၊ အာဟာရပြည့်အောင်စားတာမျိုးတွေ လုပ်ရပါမယ်။ အိပ်တဲ့အခါမှာလည်း ညဘက်အပြင်နေ့ခင်း နေ့လည်ဘက်မှာ အိပ်တာကောင်းတယ်ဆိုပေမယ့် အလွန်ဆုံး နာရီဝက်လောက်ပဲ အိပ်သင့်ပါတယ်။ နာရီဝက်ထက်ကျော်အောင် မအိပ်သင့်ပါဘူး။ ဒါ့အပြင် စိတ်ဓာတ်မကျအောင် ဂရုစိုက်တာ၊ စိတ်လှုပ်ရှားမှုပြင်းပြင်းထန်ထန်မဖြစ်အောင် သတိထားတာ၊ တရားမှတ်၊ တရားထိုင်တာမျိုးတွေ လုပ်ရပါမယ်။ သီချင်းနားထောင်တာ၊ သီချင်းဆိုတာမျိုးလည်း လုပ်ပေးနိုင်ပါတယ်။ မပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုကိုလည်း နာရီဝက်လောက် နေ့စဉ်လုပ်သင့်ပါတယ်။ အထိုင်များတဲ့ လူနေမှုပုံစံကို ရှောင်ကြဉ်ရပါမယ်။ အဝလွန်တာမျိုးမဖြစ်အောင် ဝိတ်လျှော့ချရပါမယ်။ ပုံမှန်ကိုယ်အလေးချိန် မှာပဲရှိနေအောင် ထိန်းထားရပါမယ်။ ဒါပေမယ့် နံနက်စာမစားတာမျိုးကိုတော့ ရှောင်ကြဉ်ရပါမယ်။

စားသုံးသင့်တဲ့ အစားအစာတွေကတော့ လတ်ဆတ်တဲ့ သဘာဝသစ်သီး သစ်ဥ၊ အသီးအနှံတွေ၊ ခရမ်းချဉ်သီး၊ ဆန်၊ ဂျုံ၊ အာလူး၊ ပဲတောင့်ရှည်၊ ပဲပိစပ်၊ ပဲအမျိုးမျိုး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မုန်လာဥနီ၊ ဘရိုကိုလီ၊ ပန်းဂေါ်ဖီ၊ ပဲနို့၊ အစေ့အဆံတွေ၊ အမျှင်ဓာတ်များပြီး အစိမ်းရင့်ရောင်ရှိတဲ့ အရွက်တွေ၊ ကန်စွန်းရွက်၊ ဒန့်သလွန်ရွက်၊ ဟင်းနုနွယ်ရွက်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝတဲ့ ပန်းသီး၊ စပျစ်သီး၊ ထောပတ်သီး၊ သလဲသီးတွေ၊ ဗီတာမင်စီဓာတ်ကြွယ်တဲ့ ဇီးဖြူသီး၊ သရက်သီးအစိမ်း၊ ဗီတာမင်အီးဓာတ် ကြွယ်ဝသော အစားအစာ၊ အသီးအနှံများ၊ ဘီတာကယ်ရိုတင်း၊ ဆီလီနီယမ် ဓာတ်ကြွယ်ဝသော အစားအစာများ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ငါးကြီးဆီ၊ သံလွင်ဆီတွေ၊ ငါးအမျိုးမျိုး (ငါးသလောက်၊ ငါးပူတင်းမပါ) ကြက်ဥ၊ အသည်း စတာတွေကို စားသုံးပေးသင့်ပါတယ်။ ဒါ့အပြင် နေ့စဉ် ရေ နှစ်လီတာ (၂၅၀ မီလီလီတာဆန့် ရေ ၈ ခွက်) အနည်းဆုံးသောက်သင့်ပါတယ်။

လျှော့စားရမယ့် အစားအသောက်တွေကတော့ အရက်၊ ဘီယာ၊ ကွမ်း၊ အဆီ၊ ခရင်မ်ပါသာ အစားအစာများ (ရေခဲမုန့်၊ ကိတ်မုန့်၊ ဒိုးနပ်စ်မုန့်) စသည်၊ အဖြူရောင်ပေါင်မုန့်တွေ၊ အဆီများတဲ့ အစားအစာတွေ၊ ကော်ဖီ၊ လက်ဖက်ရည်တို့ပဲ ဖြစ်ပါတယ်။ နေ့စဉ်စားသုံးသင့်တဲ့ ဆီပမာဏက တစ်နေ့ကို လက်ဖက်ရည်ဇွန်း ၄ ဇွန်းကနေ ၆ ဇွန်းအထိပဲ စားသုံးသင့်ပါတယ်။ အဲ့ဒီပမာဏထက်မကျော်လွန်သင့်ပါဘူး။ တစ်နေ့အတွက် အလွန်ဆုံးစားသင့်တဲ့ ဆားပမာဏကတော့ လက်ဖက်ရည်ဇွန်းတစ်ဇွန်းထက် မကျော်လွန်သင့်ပါဘူး။

ရှောင်ကြဉ်ရမည့် အစားအသောက်တွေကတော့ တိရစ္ဆာန်အဆီ (ဝက်ဆီ)၊ စားအုန်းဆီ၊ ပြန်ကြော်ဆီ၊ မကောင်းတဲ့ ဓာတုပြန်သန့်ဆီ၊ ပုဇွန်ဆီ၊ သကြား၊ ထောပတ်၊ ဒိန်ခဲ၊ အမြန်စာ(ဟမ်ဘာဂါ)၊ ပင်လယ်စာများ၊ ငုံးဥ၊ မီးကင်ထားသော အစားအစာများ၊ အနီရောင်အသားတွေ၊ ကြော်ထားသော အစားအစာတွေ၊ တာရှည်ခံအစားအစာတွေ (ခေါက်ဆွဲခြောက်ထုပ်၊ အသားခြောက်၊ ဝက်အူချောင်း၊ ကြက်အူချောင်း စသည်)၊ ငန်လွန်းတဲ့ အစားအစာတွေ၊ အရက် အလွန်အကျွံသောက်တာတွေ၊ ဆေးလိပ်သောက်တာ၊ အအေးဘူး၊ အချိုရည်ဘူးတွေသောက်တာ၊ ပူစပ်လွန်းတဲ့ အစားအစာတွေကို ရှောင်ကြဉ်ရပါမယ်။

နိဂုံးချုပ်အနေနဲ့ပြောရရင် ဒီပိုးလေးဘက်နာရောဂါဟာ ကိုယ်ခံအားတိုက်ခိုက်တာကြောင့်ဖြစ်တဲ့ တခြားလေးဘက်နာရောဂါတွေ အားလုံးထဲမှာ အသက်သာဆုံးဖြစ်ပြီး ပျောက်ကင်းနိုင်တဲ့ ရောဂါတစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အစားအသောက် အနေအထိုင်၊ ဆေးဝါးကုသမှု မမှန်ခဲ့လို့ရှိရင် နှလုံးလေးဘက်နာ အဆင့်အထိဖြစ်သွားတတ်ပြီး အဲ့ဒီနှလုံးအဆို့ရှင်တွေက ပြန်မကောင်းနိုင်တာကြောင့် သတိထားရမယ့် ရောဂါတစ်ခုဖြစ်ပါတယ်။ ကျနော်အခုပြောခဲ့တဲ့ ပိုးလေးဘက်နာရောဂါအတွက် ဆောင်ရန်၊ ရှောင်ရန်နဲ့ ဘဝနေထိုင်မှုပုံစံတွေကို သိရှိလိုက်နာကျင့်သုံးမယ်။ ဆေးဝါးကုသမှု ပုံမှန်ခံယူမယ်ဆိုရင် နှလုံးထိခိုက်မယ့်ဘေးက လွတ်မြောက်ပြီး အမြစ်ပြတ်ပျောက်ကင်း ချမ်းသာနိုင်ကြပါစေလို့ ဆန္ဒပြုရင်း ကျနော့်ဆောင်းပါးကို နိဂုံးချုပ်ခွင့်ပြုပါဗျာ။

Author: ဒေါက်တာနေလင်းအောင် (ပျော်ဘွယ်), Healthcare Journal, Vol 8,no 39 (13.10.17) Pg 17

Previous Post

မျှစ်အကြောင်း

Next Post

အသားအရေ လှပစေဖို့

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
863
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
848
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အသားအရေ လှပစေဖို့

သားသားလေးလား မီးမီးလေးလား

ကာကြယ္ေဆးထိုးဖို႔လိုလား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.