fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ဂျပန်ဦးနှောက်ရောင် ရောဂါအကြောင်းသိကောင်းစရာ

115
VIEWS
Share on FacebookShare on TwitterShare on Linkedin
11/06/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi)

ဂ်ပန္ဦးေနွာက္ေရာင္ေရာဂါကို ေဆးပညာအရ Japanese Encephalitis လို႔ေခၚပါတယ္။ Japanese encephalitis virus (ဂ်ပန္ဦးေနွာက္ေရာင္ေရာဂါဗိုင္းရပ္စ္)ပိုး၀င္ေရာက္ကူးစက္ခံရတာကေနျဖစ္တဲ႔ ဦးေနွာက္တစ္သွ်ဴးေတြေရာင္ရမ္းပ်က္စီးတဲ႔ ေရာဂါပါ။

ျပင္းထန္တဲ႔ေနာက္ဆက္တြဲဆိုးက်ိဳးေတြရွိျပီး အသက္ဆံုးရံႈးတဲ႔အထိ အႏၱရာယ္ျဖစ္နိုင္ပါတယ္။

JE virus(Japanese Encephalitis Virus)ကို ၁၈၇၁ ခုနွစ္က ဂ်ပန္နိုင္ငံမွာစတင္ေတြ႔ရွိခဲ႔တာေၾကာင္႔ ဂ်ပန္ဦးေနွာက္ေရာင္ ဗိုင္းရပ္လို႔ ပညာရွင္ေတြကအမည္ေပးခဲ႔ကာ သူ႔ေၾကာင္႔ျဖစ္တဲ႔ေရာဂါကိုလည္း ဂ်ပန္ဦးေနွာက္ေရာင္ေရာဂါလို႔ေခၚဆိုခဲ႔ၾကပါတယ္။Japanese encephalitis virus (ဂ်ပန္ဦးေနွာက္ေရာင္ေရာဂါဗိုင္းရပ္စ္)ပိုးဟာ ၀က္မ်ား၊ေရစပ္မွာေနတဲ႔ဘဲမ်ား၊ခို၊လင္းနို႔ စတဲ႔ တိရစာၦန္ေတြရဲ႕ခႏၶာကိုယ္ထဲမွာ ခိုေအာင္းျပီးပြားမ်ားကာေနထိုင္ပါတယ္။

အဆိုပါ တိရိစာၦန္မ်ားရဲ႕ေသြးကိုစုပ္ယူရာမွ ဂ်ပန္ဦးေနွာက္ေရာင္ေရာဂါပိုးပါသယ္ေဆာင္ထားမိေသာ က်ဴးလက္(Culex)ျခင္ အမ်ိဳးအစားက လူကိုထပ္ကိုက္ရာမွတဆင္႔ လူေတြမွာ ဂ်ပန္ဦးေနွာက္အေျမးေရာင္ေရာဂါ ျဖစ္ပြားပါတယ္။

အေအးမိတာ၊၀က္သက္ေပါက္တာ စတဲ႔ေရာဂါေတြလို လူတဦးမွတဦးကူးစက္တာမဟုတ္ပါဘူး။

ကမာၻ႕က်န္းမာေရးအဖြဲ႔ၾကီး(WHO)ရဲ႕အဆိုအရ ဂ်ပန္ဦးေနွာက္ေရာင္ေရာဂါဟာ အာရွေဒသေတြ(အထူးသျဖင္႔ အေရွ႔ေတာင္အာရွ နဲ႔ အေနာက္ပစိဖိတ္နိုင္ငံေတြ)မွာအျဖစ္မ်ားေလ႔ရွိျပီး နွစ္စဥ္ ေရာဂါျဖစ္ပြားသူဦးေရ ခုနွစ္ေသာင္းနီးပါးခန္႔ နွင္႔ ေသဆံုးသူဦးေရ တေသာင္းမွ နွစ္ေသာင္းၾကားမွာရွိပါတယ္။

မိုးရာသီတြင္အမ်ားဆံုးျဖစ္ပြားေလ႔ရွိျပီး ျမိဳ႕ျပမွာထက္ ရြံ႕ႏြံထူထပ္တဲ့ ေတာေဒသေတြမွာ ပိုမိုအျဖစ္မ်ားတယ္။အသက္အရြယ္မေရြး က်ားမ မေရြးျဖစ္ပြားနိုင္ေပမယ္႔ အသက္၁၅နွစ္ေအာက္ ကေလးသူငယ္မ်ားေတြကေတာ႔ ေရာဂါျဖစ္ပြားနိုင္ေျခအမ်ားဆံုးပါ။

ေရာဂါပိုးသယ္ေဆာင္ထားေသာ က်ဴးလက္ ျခင္ အကိုက္ခံရျပီးေနာက္ ၅ ရက္ကေန ၁၅ရက္အတြင္း ေရာဂါလကၡဏာ စျပတတ္ပါတယ္။ရုတ္တရက္အျပင္းဖ်ားျခင္း၊ခ်မ္းတုန္ျခင္း၊ေခါင္းကိုက္ျခင္း၊ပ်ိဳ႕အန္ျခင္း စတဲ႔သာမန္တုပ္ေကြးလိုမ်ိဳးျပတတ္သလို ေရာဂါအေျခအေနျပင္းထန္ပါက ေခါင္းတအားကိုက္တာ၊ စိတ္ရႈပ္ေထြးေတြေ၀တာ၊တက္တာ၊အေၾကာဆြဲတာ၊အေၾကာေသတာ၊သတိလစ္သြားျပီး အသက္ဆံုးရံႈးတာေတြထိျဖစ္နိုင္ပါတယ္။

ဂ်ပန္ဦးေနွာက္ေရာင္ေရာဂါအတြက္က ဗိုင္းရပ္စ္ေၾကာင္႔ျဖစ္တဲ႔ေရာဂါမို႔လို႔ ေပ်ာက္ကင္းေအာင္ကုသနိုင္သည္႔ ထိေရာက္တိက်တဲ႔ေဆးမရွိပါဘူး။ခံစားေနရတဲ႔လကၡဏာေတြကိုသက္သာေအာင္ပဲ လုပ္ေပးလို႔ရပါတယ္။ေရာဂါျဖစ္ပြားသူမ်ားအနက္ ၂၀ ရာခိုင္နႈန္းမွ ၃၀ ရာခိုင္နႈန္းအထိ အသက္ေသဆံုးနိုင္ေျခရွိျပီးအသက္ရွင္က်န္ခဲ႔သူေတြထဲကလည္း၃၀ရာခိုင္ႏႈန္းခန္႔က ဦးေနွာက္ထိခိုက္ျပီး ေနာက္ပိုင္းမွာ ရာသက္ပန္အေၾကာေသတာ၊စကားေျပာပံုမမွန္တာ၊မၾကာခဏတက္တာမ်ိဳးေတြစတဲ႔ ေနာက္ဆက္တြဲဆိုးက်ိဳးေတြခံစားရနိုင္ပါတယ္။

ဒါေၾကာင္႔ကာကြယ္ျခင္းက ကုသျခင္းထက္ပိုျပီး ေကာင္းသည္ ဆိုတဲ႔ေဆာင္ပုဒ္အတိုင္း ဂ်ပန္ဦးေနွာက္ေရာင္ေရာဂါဟာ ျဖစ္မွကုသတာထက္ မျဖစ္ေအာင္ၾကိဳတင္ကာကြယ္ထားတာအေကာင္းဆံုးပါ။

ဘယ္လိုကာကြယ္ရမလဲဆိုေတာ႔ အဓိကအေနနဲ႕က ျခင္ကိုက္မခံရေအာင္ကာကြယ္ဖို႔ပါ။

က်ဴးလက္ျခင္ဟာ ညပိုင္း ၉ နာရီ မွ ၁၁နာရီ မနက္ ၃နာရီမွ ၄ နာရီတို႔တြင္ ကိုက္ေလ႔ရွိေသာေၾကာင္႔ အထူးသျဖင္႔ ထိုအခ်ိန္ေတြမွာ ျခင္ကိုက္မခံရေအာင္ ဂရုစ္ိုက္ပါ။ေဆးစိမ္ျခင္ေထာင္နဲ႔အိပ္ပါ။အက်ီရွည္၊ေဘာင္းဘီရွည္၀တ္ပါ။ျခင္နိုင္ေဆးလိမ္ေဆးလိမ္းပါ။အိမ္ပတ္၀န္းက်င္ သန္႔ရွင္းေရးေဆာင္ရြက္ပါ။ေရ၀ပ္ေနရာမ်ားကိုေျမဖို႔ပါ။ေမြးျမဴေရးျခံမ်ားကို စနစ္တက် ေျခာက္ေသြ႔သန္႔ရွင္းစြာထားပါ။

မိမိပတ္၀န္းက်င္ရွိ ၀က္မ်ားသားေလွ်ာျခင္း၊ကြ်ဲ၊ႏြား၊ျမင္းမ်ားရုတ္တရက္ေသဆံုးပါက တိေမြးကုဌာနႏွင္႔ က်န္းမာေရးဌာနမ်ားသို႔ အျမန္ဆံုးအေၾကာင္းၾကားပါ။ဘာလုိ႔လဲဆိုေတာ႔ ဂ်ပန္ဦးေနွာက္ေရာင္ဗိုင္းရပ္စ္ပိုးရွိတဲ႔တိရစာၦန္ေတြက သားပ်က္သားေလွ်ာျဖစ္တာေတြ၊ ရုတ္တရက္ေသဆံုးတာေတြျဖစ္နိုင္လို႔ပါ။အဆံုးသတ္အေနနဲ႔စာဖတ္ပရိသတ္ေတြကို အၾကံေပးခ်င္တာကေတာ႔ အသက္တနွစ္ကစျပီး လူၾကီး၊လူငယ္၊လူရြယ္အားလံုး ဂ်ပန္ဦးေနွာက္ေရာင္ေရာဂါ ကာကြယ္ေဆးထိုးထားၾကပါလုိ႕အၾကံေပးခ်င္ပါတယ္။

Dr 528

(Unicode)

ဂျပန်ဦးနှောက်ရောင်ရောဂါကို ဆေးပညာအရ Japanese Encephalitis လို့ခေါ်ပါတယ်။ Japanese encephalitis virus (ဂျပန်ဦးနှောက်ရောင်ရောဂါဗိုင်းရပ်စ်)ပိုးဝင်ရောက်ကူးစက်ခံရတာကနေဖြစ်တဲ့ ဦးနှောက်တစ်သျှူးတွေရောင်ရမ်းပျက်စီးတဲ့ ရောဂါပါ။

ပြင်းထန်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေရှိပြီး အသက်ဆုံးရှုံးတဲ့အထိ အန္တရာယ်ဖြစ်နိုင်ပါတယ်။

JE virus(Japanese Encephalitis Virus)ကို ၁၈၇၁ ခုနှစ်က ဂျပန်နိုင်ငံမှာစတင်တွေ့ရှိခဲ့တာကြောင့် ဂျပန်ဦးနှောက်ရောင် ဗိုင်းရပ်လို့ ပညာရှင်တွေကအမည်ပေးခဲ့ကာ သူ့ကြောင့်ဖြစ်တဲ့ရောဂါကိုလည်း ဂျပန်ဦးနှောက်ရောင်ရောဂါလို့ခေါ်ဆိုခဲ့ကြပါတယ်။Japanese encephalitis virus (ဂျပန်ဦးနှောက်ရောင်ရောဂါဗိုင်းရပ်စ်)ပိုးဟာ ဝက်များ၊ရေစပ်မှာနေတဲ့ဘဲများ၊ခို၊လင်းနို့ စတဲ့ တိရစ္ဆာန်တွေရဲ့ခန္ဓာကိုယ်ထဲမှာ ခိုအောင်းပြီးပွားများကာနေထိုင်ပါတယ်။

အဆိုပါ တိရိစ္ဆာန်များရဲ့သွေးကိုစုပ်ယူရာမှ ဂျပန်ဦးနှောက်ရောင်ရောဂါပိုးပါသယ်ဆောင်ထားမိသော ကျူးလက်(Culex)ခြင် အမျိုးအစားက လူကိုထပ်ကိုက်ရာမှတဆင့် လူတွေမှာ ဂျပန်ဦးနှောက်အမြေးရောင်ရောဂါ ဖြစ်ပွားပါတယ်။

အအေးမိတာ၊ဝက်သက်ပေါက်တာ စတဲ့ရောဂါတွေလို လူတဦးမှတဦးကူးစက်တာမဟုတ်ပါဘူး။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO)ရဲ့အဆိုအရ ဂျပန်ဦးနှောက်ရောင်ရောဂါဟာ အာရှဒေသတွေ(အထူးသဖြင့် အရှေ့တောင်အာရှ နဲ့ အနောက်ပစိဖိတ်နိုင်ငံတွေ)မှာအဖြစ်များလေ့ရှိပြီး နှစ်စဉ် ရောဂါဖြစ်ပွားသူဦးရေ ခုနှစ်သောင်းနီးပါးခန့် နှင့် သေဆုံးသူဦးရေ တသောင်းမှ နှစ်သောင်းကြားမှာရှိပါတယ်။

မိုးရာသီတွင်အများဆုံးဖြစ်ပွားလေ့ရှိပြီး မြို့ပြမှာထက် ရွံ့နွံထူထပ်တဲ့ တောဒေသတွေမှာ ပိုမိုအဖြစ်များတယ်။အသက်အရွယ်မရွေး ကျားမ မရွေးဖြစ်ပွားနိုင်ပေမယ့် အသက်၁၅နှစ်အောက် ကလေးသူငယ်များတွေကတော့ ရောဂါဖြစ်ပွားနိုင်ခြေအများဆုံးပါ။

ရောဂါပိုးသယ်ဆောင်ထားသော ကျူးလက် ခြင် အကိုက်ခံရပြီးနောက် ၅ ရက်ကနေ ၁၅ရက်အတွင်း ရောဂါလက္ခဏာ စပြတတ်ပါတယ်။ရုတ်တရက်အပြင်းဖျားခြင်း၊ချမ်းတုန်ခြင်း၊ခေါင်းကိုက်ခြင်း၊ပျို့အန်ခြင်း စတဲ့သာမန်တုပ်ကွေးလိုမျိုးပြတတ်သလို ရောဂါအခြေအနေပြင်းထန်ပါက ခေါင်းတအားကိုက်တာ၊ စိတ်ရှုပ်ထွေးတွေဝေတာ၊တက်တာ၊အကြောဆွဲတာ၊အကြောသေတာ၊သတိလစ်သွားပြီး အသက်ဆုံးရှုံးတာတွေထိဖြစ်နိုင်ပါတယ်။

ဂျပန်ဦးနှောက်ရောင်ရောဂါအတွက်က ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ရောဂါမို့လို့ ပျောက်ကင်းအောင်ကုသနိုင်သည့် ထိရောက်တိကျတဲ့ဆေးမရှိပါဘူး။ခံစားနေရတဲ့လက္ခဏာတွေကိုသက်သာအောင်ပဲ လုပ်ပေးလို့ရပါတယ်။ရောဂါဖြစ်ပွားသူများအနက် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ အသက်သေဆုံးနိုင်ခြေရှိပြီးအသက်ရှင်ကျန်ခဲ့သူတွေထဲကလည်း၃၀ရာခိုင်နှုန်းခန့်က ဦးနှောက်ထိခိုက်ပြီး နောက်ပိုင်းမှာ ရာသက်ပန်အကြောသေတာ၊စကားပြောပုံမမှန်တာ၊မကြာခဏတက်တာမျိုးတွေစတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေခံစားရနိုင်ပါတယ်။

ဒါကြောင့်ကာကွယ်ခြင်းက ကုသခြင်းထက်ပိုပြီး ကောင်းသည် ဆိုတဲ့ဆောင်ပုဒ်အတိုင်း ဂျပန်ဦးနှောက်ရောင်ရောဂါဟာ ဖြစ်မှကုသတာထက် မဖြစ်အောင်ကြိုတင်ကာကွယ်ထားတာအကောင်းဆုံးပါ။

ဘယ်လိုကာကွယ်ရမလဲဆိုတော့ အဓိကအနေနဲ့က ခြင်ကိုက်မခံရအောင်ကာကွယ်ဖို့ပါ။

ကျူးလက်ခြင်ဟာ ညပိုင်း ၉ နာရီ မှ ၁၁နာရီ မနက် ၃နာရီမှ ၄ နာရီတို့တွင် ကိုက်လေ့ရှိသောကြောင့် အထူးသဖြင့် ထိုအချိန်တွေမှာ ခြင်ကိုက်မခံရအောင် ဂရုစိုက်ပါ။ဆေးစိမ်ခြင်ထောင်နဲ့အိပ်ပါ။အကျီရှည်၊ဘောင်းဘီရှည်ဝတ်ပါ။ခြင်နိုင်ဆေးလိမ်ဆေးလိမ်းပါ။အိမ်ပတ်ဝန်းကျင် သန့်ရှင်းရေးဆောင်ရွက်ပါ။ရေဝပ်နေရာများကိုမြေဖို့ပါ။မွေးမြူရေးခြံများကို စနစ်တကျ ခြောက်သွေ့သန့်ရှင်းစွာထားပါ။

မိမိပတ်ဝန်းကျင်ရှိ ဝက်များသားလျှောခြင်း၊ကျွဲ၊နွား၊မြင်းများရုတ်တရက်သေဆုံးပါက တိမွေးကုဌာနနှင့် ကျန်းမာရေးဌာနများသို့ အမြန်ဆုံးအကြောင်းကြားပါ။ဘာလို့လဲဆိုတော့ ဂျပန်ဦးနှောက်ရောင်ဗိုင်းရပ်စ်ပိုးရှိတဲ့တိရစ္ဆာန်တွေက သားပျက်သားလျှောဖြစ်တာတွေ၊ ရုတ်တရက်သေဆုံးတာတွေဖြစ်နိုင်လို့ပါ။အဆုံးသတ်အနေနဲ့စာဖတ်ပရိသတ်တွေကို အကြံပေးချင်တာကတော့ အသက်တနှစ်ကစပြီး လူကြီး၊လူငယ်၊လူရွယ်အားလုံး ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးထားကြပါလို့အကြံပေးချင်ပါတယ်။

Dr 528

 

Previous Post

မဗိုက် ဆံပင်ကျွတ်လို့ စိတ်ညစ်နေသလား?

Next Post

လူငယ္ႏွင့္ကင္ဆာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
849
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
844
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လူငယ္ႏွင့္ကင္ဆာ

အမျိုးသမီးတွေ အသက်ကြီးလာရင် ဖြစ်တတ်တဲ့ သားအိမ်ကျွံခြင်

ချောကလက် စားခြင်းဖြင့် ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.