fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ပျိုမေတို့ရယ် ခေါင်းတစ်ခြမ်းကိုက်တတ်တယ်

43
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/04/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi)

ပ်ိဳေမတို႔ရယ္ ေခါင္းတစ္ျခမ္းကိုက္တတ္တယ္

ေခါင္းတစ္ျခမ္း ကိုက္တတ္တယ္ဆုိတာက အသက္ ၂၀ ၊ ၃၀ အရြယ္ေတြမွာ အျဖစ္မ်ားပါတယ္။ ေခါင္းတစ္ျခမ္းကိုက္တုိုင္း Migraine လုိ႔ေခၚတဲ့ ေရာဂါအျပင္ တျခားေရာဂါေတြလည္း ျဖစ္ႏုိင္ပါတယ္။ ဒီထဲမွာမွ Migraine က ပိုၿပီးအျဖစ္မ်ားပါတယ္။

ေသခ်ာတာတစ္ခုကေတာ့ ေခါင္းတစ္ျခမ္းကိုက္တတ္တဲ့သူေတြက ခဏခဏ ျပန္ျပန္ျဖစ္ေနတတ္ ပါတယ္။ ကိုက္တတ္တဲ့ဘက္ကလည္း တူေနတတ္တာ မ်ားပါတယ္။ ေရာဂါေတြအလိုက္ ကုသပံုေတြ မတူညီ ၾကပါဘူး၊ ဒါေၾကာင့္ Migraine လား၊ တျခားေၾကာင့္လား ေသခ်ာခြဲျခားဖို႔လုိပါတယ္။   Migraine က အမ်ိဳးသမီး ေတြမွာ ပိုျဖစ္တတ္ပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ေတာင္ျဖစ္ပံုျခင္း မတူတတ္ၾကပါ။

တစ္ခ်ိဳ႕က ေခါင္းမကိုက္ခင္ တစ္နာရီေလာက္အတြင္းမွာ တစ္ခုခုကုိ ႀကိဳၿပီး ခံစားရတတ္ၾကပါတယ္။ အျမင္အာရံုျပာလာတာ၊ အမည္းစက္ေတြ၊ လုိင္းေတြေပၚေနတတ္ပါတယ္။ ခႏၶာကုိယ္အစိတ္အပိုင္းေတြ မလႈပ္ႏုိင္တာ၊ ထံုက်င္တာ၊ စကားလိပ္တာ စသျဖင့္ ျဖစ္တတ္ၾကလုိ႔ ေလျဖတ္ခ်င္တယ္လို႔ေတာင္ ထင္တတ္ ပါတယ္။ ဒါေပမယ့္ Migraine ေၾကာင့္ျဖစ္တာေတြက အမ်ားဆံုးနာရီ၀က္ပဲ ၾကာတာပါ။ ၿပီးရင္ ျပန္ေကာင္း လာပါတယ္။ တစ္ခ်ိဳ႕က ဒီလုိမျဖစ္ဘဲ ေခါင္းသာကိုက္တတ္ၾကပါတယ္။ Migraine ေၾကာင့္ ေခါင္းကိုက္တဲ့အခါ အထဲကေန ထုိးၿပီး ကိုက္ေနသလို ခံစားရပါတယ္။ တခါ ကိုက္ရင္ ၄ နာရီကေန ၇ နာရီအထိ ၾကာႏုိင္ပါတယ္။ ပိ်ဳ႕တာ၊ အန္တာ၊ အလင္းေရာင္မခံႏုိင္တာေတြ ျဖစ္ႏုိင္ပါတယ္။ ေခါင္းတစ္ခါကိုက္ရင္ ေန႔စဥ္ လုပ္ေနက် အလုပ္ေတြေတာင္ မလုပ္ႏုိင္ေလာက္ေအာင္ ဒုကၡေပးတာပါ။

စိတ္ဖိစီးတတ္တဲ့ သူ၊ ေခ်ာကလက္၊ ခ်ိစ္ စားတာ၊ အရက္၊ coffee ေသာက္တဲ့သူေတြ၊ တားေဆး ေသာက္တဲ့ သူေတြမွာ Migraine ျဖစ္တတ္ပါတယ္။ တားေဆးေသာက္တဲ့သူေတြမွာမွ အသက္ ၃၅ ႏွစ္ ေက်ာ္ရင္ ၊ ၀ရင္၊ ေသြးတိုးဆီးခ်ိဳရိွရင္ ၊ ေဆးလိပ္ေသာက္တတ္ရင္ Migraine ပိုျဖစ္လြယ္ပါတယ္။ အမ်ိဳးသမီး မ်ား ရာသီလာခါနီး ရက္မ်ားမွာလည္း Migraine ျဖစ္တတ္ပါတယ္။

Migraine ျဖစ္တဲ့သူေတြက ကိုယ္၀န္ေဆာင္တဲ့အခါ သက္သာသြားတတ္ၾကတာလည္းရိွသလုိ မသက္ သာဘဲ ပိုဆိုးေနရင္ေတာ့ ကိုယ္၀န္ဆိပ္တက္ျခင္း၊ ႏွလံုးေသြးေၾကာဆုိင္ရာ ျပႆနာမ်ား ျဖစ္ႏုိ္င္ေခ် ရိွပါတယ္။

Migraine ျဖစ္တဲ့သူေတြက ခံစားရတာ ဆိုးပါတယ္။ ျဖစ္တဲ့သူေတြမွာေတာင္ တစ္ေယာက္နဲ႔ တစ္ေယာက္ မတူပါဘူး၊ ေဆးေသာက္တဲ့အခါ ေပ်ာက္သြားၿပီး ေနာက္ပိုင္း ျပန္ျပန္ျဖစ္လုိက္ ျဖစ္ေနတတ္ ပါတယ္။ စိတ္က ဖိစီးေလပိုဆုိးေလ ျဖစ္လာတတ္ၾကျပီး စိတ္ထဲမွာ သို႔ေလာ သို႔ေလာနဲ႔ ကင္ဆာမ်ား ျဖစ္ေန တာလားဆုိၿပီး စစ္ေဆးမႈေတြ လုပ္လာခ်င္ၾကပါတယ္။

Migraine က စစ္ေဆးမႈေတြလုပ္လည္း ဘာမွမေတြ႔ရပါဘူး။ Migraine ျဖစ္တတ္တဲ့သူေတြက ျဖစ္ေစ တဲ့ အေၾကာင္းေတြကို ေလ်ွာ့ခ်ရပါတယ္။ ၀တဲ့သူေတြက ခႏၶာကိုယ္ အေလးခ်ိန္ေလ်ာ့ရမွာပါ။ Coffee၊ ေခ်ာကလက္၊ ခ်ိစ္ စားတာေတြ ေလ်ွာ့ရပါတယ္။ ေဆးလိပ္၊ အရက္ ေသာက္တတ္ရင္ ေလ်ွာ့ရမွာပါ။

ေခါင္းကိုက္တဲ့အခါ ေရေႏြးအိတ္ကပ္တာျဖစ္ျဖစ္ ၊ ေရခဲကပ္တာ ျဖစ္ျဖစ္ သက္သာရာကို လုပ္ေပးလို႔ ရပါတယ္။ အေၾကာေလ်ွာ့ရပါတယ္၊ ပလတ္စတစ္အိတ္ထဲကုိ အသက္ရွဴသြင္းရွဴထုတ္လည္း လုပ္လုိ႔ရပါတယ္။ Vitamin B2 တို႔ မဂၢနီစီယမ္တို႔လည္း ေသာက္လို႔ရပါတယ္။ တားေဆးေသာက္တဲ့သူေတြမွာ ျဖစ္ရင္ေတာ့ တားေဆးေသာက္ပံု ေသာက္နည္းေတြကို သားဖြားမီးယပ္ အထူးကုေတြနဲ႔ ေသခ်ာေဆြးေႏြး တုိင္ပင္ရမွာ ပါ။

Migraine ျဖစ္တဲ့အခါ ပံုမွန္အားျဖင့္ အကိုက္အခဲ ေပ်ာက္ေဆးပဲ ေသာက္ရတာပါ။ သက္သာ တတ္ၾကပါတယ္။ တကယ္လို႔မ်ား Migraine ျဖစ္တာက တစ္လထဲမွာ ၂ ခါနဲ႔ အထက္ ျဖစ္လာရင္ေသာ္ လည္းေကာင္း၊ တစ္လထဲမွာ ၁၅ ရက္ေက်ာ္ေလာက္ ေခါင္းကိုက္ေနရင္ေသာ္လည္းေကာင္း၊ ေဆးဘယ္လို ေသာက္ေသာက္ မသက္သာရင္လည္းေကာင္း ျဖစ္လာတဲ့အခါ အေထြေထြသမားေတာ္ျဖစ္ေစ၊ ဦးေႏွာက္နဲ႔ အာရံုေၾကာသမားေတာ္ျဖစ္ေစ ျပသၿပီး ေဆြးေႏြးတုိင္ပင္ၾကဖို႔လုိပါတယ္။

Author – Dr. CST

(Unicode)

ခေါင်းတစ်ခြမ်း ကိုက်တတ်တယ်ဆိုတာက အသက် ၂၀ ၊ ၃၀ အရွယ်တွေမှာ အဖြစ်များပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တိုင်း Migraine လို့ခေါ်တဲ့ ရောဂါအပြင် တခြားရောဂါတွေလည်း ဖြစ်နိုင်ပါတယ်။ ဒီထဲမှာမှ Migraine က ပိုပြီးအဖြစ်များပါတယ်။

သေချာတာတစ်ခုကတော့ ခေါင်းတစ်ခြမ်းကိုက်တတ်တဲ့သူတွေက ခဏခဏ ပြန်ပြန်ဖြစ်နေတတ် ပါတယ်။ ကိုက်တတ်တဲ့ဘက်ကလည်း တူနေတတ်တာ များပါတယ်။ ရောဂါတွေအလိုက် ကုသပုံတွေ မတူညီ ကြပါဘူး၊ ဒါကြောင့် Migraine လား၊ တခြားကြောင့်လား သေချာခွဲခြားဖို့လိုပါတယ်။ Migraine က အမျိုးသမီး တွေမှာ ပိုဖြစ်တတ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်တောင်ဖြစ်ပုံခြင်း မတူတတ်ကြပါ။

တစ်ချို့က ခေါင်းမကိုက်ခင် တစ်နာရီလောက်အတွင်းမှာ တစ်ခုခုကို ကြိုပြီး ခံစားရတတ်ကြပါတယ်။ အမြင်အာရုံပြာလာတာ၊ အမည်းစက်တွေ၊ လိုင်းတွေပေါ်နေတတ်ပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ မလှုပ်နိုင်တာ၊ ထုံကျင်တာ၊ စကားလိပ်တာ စသဖြင့် ဖြစ်တတ်ကြလို့ လေဖြတ်ချင်တယ်လို့တောင် ထင်တတ် ပါတယ်။ ဒါပေမယ့် Migraine ကြောင့်ဖြစ်တာတွေက အများဆုံးနာရီဝက်ပဲ ကြာတာပါ။ ပြီးရင် ပြန်ကောင်း လာပါတယ်။ တစ်ချို့က ဒီလိုမဖြစ်ဘဲ ခေါင်းသာကိုက်တတ်ကြပါတယ်။ Migraine ကြောင့် ခေါင်းကိုက်တဲ့အခါ အထဲကနေ ထိုးပြီး ကိုက်နေသလို ခံစားရပါတယ်။ တခါ ကိုက်ရင် ၄ နာရီကနေ ၇ နာရီအထိ ကြာနိုင်ပါတယ်။ ပျို့တာ၊ အန်တာ၊ အလင်းရောင်မခံနိုင်တာတွေ ဖြစ်နိုင်ပါတယ်။ ခေါင်းတစ်ခါကိုက်ရင် နေ့စဉ် လုပ်နေကျ အလုပ်တွေတောင် မလုပ်နိုင်လောက်အောင် ဒုက္ခပေးတာပါ။

စိတ်ဖိစီးတတ်တဲ့ သူ၊ ချောကလက်၊ ချိစ် စားတာ၊ အရက်၊ coffee သောက်တဲ့သူတွေ၊ တားဆေး သောက်တဲ့ သူတွေမှာ Migraine ဖြစ်တတ်ပါတယ်။ တားဆေးသောက်တဲ့သူတွေမှာမှ အသက် ၃၅ နှစ် ကျော်ရင် ၊ ဝရင်၊ သွေးတိုးဆီးချိုရှိရင် ၊ ဆေးလိပ်သောက်တတ်ရင် Migraine ပိုဖြစ်လွယ်ပါတယ်။ အမျိုးသမီး များ ရာသီလာခါနီး ရက်များမှာလည်း Migraine ဖြစ်တတ်ပါတယ်။

Migraine ဖြစ်တဲ့သူတွေက ကိုယ်ဝန်ဆောင်တဲ့အခါ သက်သာသွားတတ်ကြတာလည်းရှိသလို မသက် သာဘဲ ပိုဆိုးနေရင်တော့ ကိုယ်ဝန်ဆိပ်တက်ခြင်း၊ နှလုံးသွေးကြောဆိုင်ရာ ပြဿနာများ ဖြစ်နိုင်ချေ ရှိပါတယ်။

Migraine ဖြစ်တဲ့သူတွေက ခံစားရတာ ဆိုးပါတယ်။ ဖြစ်တဲ့သူတွေမှာတောင် တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး၊ ဆေးသောက်တဲ့အခါ ပျောက်သွားပြီး နောက်ပိုင်း ပြန်ပြန်ဖြစ်လိုက် ဖြစ်နေတတ် ပါတယ်။ စိတ်က ဖိစီးလေပိုဆိုးလေ ဖြစ်လာတတ်ကြပြီး စိတ်ထဲမှာ သို့လော သို့လောနဲ့ ကင်ဆာများ ဖြစ်နေ တာလားဆိုပြီး စစ်ဆေးမှုတွေ လုပ်လာချင်ကြပါတယ်။

Migraine က စစ်ဆေးမှုတွေလုပ်လည်း ဘာမှမတွေ့ရပါဘူး။ Migraine ဖြစ်တတ်တဲ့သူတွေက ဖြစ်စေ တဲ့ အကြောင်းတွေကို လျှော့ချရပါတယ်။ ဝတဲ့သူတွေက ခန္ဓာကိုယ် အလေးချိန်လျော့ရမှာပါ။ Coffee၊ ချောကလက်၊ ချိစ် စားတာတွေ လျှော့ရပါတယ်။ ဆေးလိပ်၊ အရက် သောက်တတ်ရင် လျှော့ရမှာပါ။

ခေါင်းကိုက်တဲ့အခါ ရေနွေးအိတ်ကပ်တာဖြစ်ဖြစ် ၊ ရေခဲကပ်တာ ဖြစ်ဖြစ် သက်သာရာကို လုပ်ပေးလို့ ရပါတယ်။ အကြောလျှော့ရပါတယ်၊ ပလတ်စတစ်အိတ်ထဲကို အသက်ရှူသွင်းရှူထုတ်လည်း လုပ်လို့ရပါတယ်။ Vitamin B2 တို့ မဂ္ဂနီစီယမ်တို့လည်း သောက်လို့ရပါတယ်။ တားဆေးသောက်တဲ့သူတွေမှာ ဖြစ်ရင်တော့ တားဆေးသောက်ပုံ သောက်နည်းတွေကို သားဖွားမီးယပ် အထူးကုတွေနဲ့ သေချာဆွေးနွေး တိုင်ပင်ရမှာ ပါ။

Migraine ဖြစ်တဲ့အခါ ပုံမှန်အားဖြင့် အကိုက်အခဲ ပျောက်ဆေးပဲ သောက်ရတာပါ။ သက်သာ တတ်ကြပါတယ်။ တကယ်လို့များ Migraine ဖြစ်တာက တစ်လထဲမှာ ၂ ခါနဲ့ အထက် ဖြစ်လာရင်သော် လည်းကောင်း၊ တစ်လထဲမှာ ၁၅ ရက်ကျော်လောက် ခေါင်းကိုက်နေရင်သော်လည်းကောင်း၊ ဆေးဘယ်လို သောက်သောက် မသက်သာရင်လည်းကောင်း ဖြစ်လာတဲ့အခါ အထွေထွေသမားတော်ဖြစ်စေ၊ ဦးနှောက်နဲ့ အာရုံကြောသမားတော်ဖြစ်စေ ပြသပြီး ဆွေးနွေးတိုင်ပင်ကြဖို့လိုပါတယ်။

Author – Dr. CST

Previous Post

ဘယ်သူ့ကြောင့် ကလေးမရတာလဲ ?

Next Post

G6PD-Deficiency ရောဂါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
852
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
845
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

G6PD-Deficiency ရောဂါ

အပေါ်ရှေ့သွား ၂ချောင်းကြားမှာ နည်းနည်းကျဲရင်

Sciatica တင်ပါးဆုံအကြောညပ်ခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.