fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အစာအိမ်နာအကြောင်း

2.3k
VIEWS
Share on FacebookShare on TwitterShare on Linkedin
25/04/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi)

အစာအိမ္ဆိုတာ အစာေျခအဖြဲ႕အစည္းမွာအေရးပါတဲ့ အဂၤါတစ္ခုျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ေန႔စဥ္စားေသာက္ေသာ အစားအစာမ်ားကို ေခ်ဖ်က္ေပးပါတယ္။ အစာအိမ္မွာျဖစ္ႏိုင္တဲ့ ေရာဂါေတြကေတာ့အမ်ားႀကီးပါ။ အစာအိမ္ေရာင္တာ၊ အစာအိမ္အနာျဖစ္တာ၊ အစာအိမ္မွာအလုံးျဖစ္တာ၊ အစာအိမ္ကင္ဆာ စသျဖင့္ အမ်ားႀကီးျဖစ္ႏိုင္ပါတယ္။

အဲ့ထဲကမွ အစာအိမ္အနာအေၾကာင္း ေျပာျပခ်င္ပါတယ္။ တကယ္ေတာ့ အစာအိမ္အနာမွာ အစာအိမ္မွာ ျဖစ္တဲ့အနာ (Gastric Ulcer) လည္းပါသလို၊ အူသိမ္ပထမပိုင္းမွာျဖစ္တဲ့ (Duodenal Ulcer) လည္း ပါပါတယ္။ ျဖစ္တဲ့ေနရာကြဲေပမယ့္ ဒီေရာဂါႏွစ္ခုကို ဆရာတို႔ အစာအိမ္အနာ အေနနဲ႔ပဲ တစ္တန္းတည္းထားပါတယ္။

အစာအိမ္အနာျဖစ္ရတဲ့ အေၾကာင္းေတြ အမ်ားႀကီးရွိပါတယ္။ အဲ့အမ်ားႀကီးထဲမွာမွ နံပါတ္တစ္က ေတာ့ H pylori ပိုးေၾကာင့္ပါ။ တျခားပိုးေတြဆိုရင္ အစာအိမ္ကထြက္တဲ့အက္စစ္ဓါတ္ေၾကာင့္ ေသကုန္ပါတယ္။ ဒီပိုးကေတာ့သူ႔မွာ အစာအိမ္ကထြက္တဲ့ အက္စစ္ကို ကာကြယ္ႏိုင္တဲ့စြမ္းအင္ ရွိပါတယ္။ ဒါအျပင့္ သူကထြက္တဲ့အာနိသင္တစ္မ်ိဴးက အစာအိမ္ နံရံကို ပ်က္စီးေစပါတယ္။ အစာအိမ္နံရံက ခုခံကာကြယ္ႏိုင္စြမ္းလည္း က်သြားပါတယ္။ ဆိုလိုတာက အစာအိမ္က အက္ဆစ္သာထုတ္ၿပီး အစာေခ်ေပမယ့္ အစာအိမ္နံရံက ေလာင္မသြားပါဘူး။ အစာအိမ္ရဲ႕နံရံ အတြင္းမွာ ဂ်ယ္လီလို အလႊာနဲ႔အုပ္ထားလို႔ပါ။

ဒါေပမယ့္ ဒီပိုးဝင္လာတဲ့အခါမွာ သူကထုတ္တဲ့ ဓါတ္တစ္မ်ိဴးေၾကာင့္ အစာအိမ္နံရံက အစာအိမ္မွထုတ္တဲ့ အက္စစ္ဓါတ္ကိုခုခံအားနည္းလာၿပီး ေနာက္ဆုံးမွာ အဲ့အလႊာေလးပ်က္စီးကာ အစာအိမ္အနာ ျဖစ္လာပါတယ္။ အဲ့ပိုးကဘယ္လိုဝင္တာလဲဆိုတာေတာ့ အတိအက် မသိေသးပါဘူး။ သို႔ေသာ္သုေတသနေတြအရ မသန႔္ရွင္းတဲ့အစားအစာေတြ၊ ေရေတြ ေသာက္မိစားမိရာကေနတဆင့္ ကူးစက္ႏိုင္သလို လူတစ္ဦးရဲ႕တံေတြးကေန ေနာက္လူတစ္ဦးကိုလည္းကူးစက္ႏိုင္ပါတယ္တဲ့။

နံပါတ္ႏွစ္အခ်က္ကေတာ့ အခုေခတ္မွာ ေဆးေတြကို ကိုယ့္သေဘာနဲ႔ကိုယ္ ေသာက္လာၾကပါတယ္။ ရာသီဥတုမမွန္တဲ့အခါမွာ ေခါင္းကိုက္ ဖ်ားနာ အေအးမိစတာေတြလည္း အျဖစ္မ်ားလာပါတယ္။ အဲ့အခါမွာ ထစ္ခနဲဆိုလြယ္လင့္တကူ အကိုက္အခဲေပ်ာက္ေဆး ေသာက္ၾကပါတယ္။ အဲ့ေဆးေတြကလည္း အစာအိမ္နံရံကို ပ်က္စီးေစတတ္ပါတယ္။

တျခားျဖစ္တတ္တဲ့အေၾကာင္းအရာမ်ားကေတာ့ ေဆးလိပ္ေသာက္တာ၊  အရက္ေသာက္တာပါ။ သက္ေသ အတိအက်မရွိေသးေပမယ့္ ေဆးလိပ္ေသာက္၊ အရက္ေသာက္တဲ့အခါမွာ  အေစာပိုင္းကေျပာတဲ့ အစာအိမ္နံရံအတြင္းမွာရွိတဲ့ ဂ်ယ္လီလိုအလႊာေလး အားနည္းသြားပါတယ္။ ဒါေၾကာင့္ ေဆးလိပ္ေသာက္ အရက္ေသာက္တဲ့သူေတြမွာ ၾကာလာရင္ အစာအိမ္အနာ ပိုျဖစ္တတ္ပါတယ္။

ထပ္ၿပီးျဖစ္ႏိုင္တဲ့အထဲမွာ  လက္ဖက္ရည္၊ လက္ဖက္၊ ေကာ္ဖီ၊ ကိုလာ၊ အေအးေတြလည္း ပါပါတယ္။အဲ့ဟာေတြအထဲမွာ ကဖင္းဓါတ္ပါပါတယ္။ ကဖင္းဓါတ္က အစာအိမ္နံရံကို ပါးေစတဲ့အျပင္ အက္စစ္ကိုပိုထြက္ေစပါတယ္။ ေနာက္ဒီဘက္ေခတ္မွာ အစာအိမ္အနာျဖစ္တဲ့ အေရးႀကီးအေၾကာင္းရင္း တစ္ခုကေတာ့ Life Style ပါ။ စိတ္ပူပန္ေသာကမ်ားလာတာ၊ စိတ္ဖိစီးမႈမ်ားလာတာေတြပါ။ အဲ့အခ်ိန္က် အစာအိမ္ထဲမွာ အက္စစ္ဓါတ္ကို ထုတ္တာမ်ားလာပါတယ္။ အက္စစ္ဓါတ္ထုတ္တာမ်ားရင္ ၾကာလာတဲ့အခါ အစာအိမ္နံရံအားနည္းလာၿပီး အစာအိမ္အနာျဖစ္တတ္ပါတယ္။

တျခားအက္စစ္ဓါတ္အထြက္မ်ားတဲ့အေျခအေနေတြကေတာ့ ေခါင္းထဲမွာက်ဴမာျဖစ္တဲ့အေျခအေနမ်ိဳးတို႔ ၊ မီးေလာင္လို႔ ေဆး႐ုံတက္ေဆးကုသခံရတဲ့ အေျခအေနမ်ိဴး၊ ေက်ာက္ကပ္ေရာဂါျဖစ္တာမ်ိဴး စတဲ့အေျခအေနမ်ိဴးေတြပါ။ ဒီလိုမ်ိဴးေတြနဲ႔ႀကဳံရရင္ အက္စစ္ဓါတ္အထြက္မ်ားၿပီး အစာအိမ္အနာ ျဖစ္တတ္ပါတယ္။

ဒါေတြကေတာ့ အျဖစ္မ်ားတဲ့အေၾကာင္းရင္းေတြပါ။ အစာအိမ္အနာျဖစ္ရတဲ့ အေၾကာင္းရင္းေတြထဲမွာမ်ိဴး႐ိုးလိုက္တာ၊ ေသြးအုပ္စုလိုက္တာစသျဖင့္ အေၾကာင္းေတြလည္း က်န္ႏိုင္ပါေသးတယ္။(ဥပမာ ေအေသြးဆိုရင္ အစာအိမ္ကင္ဆာ ပိုျဖစ္ႏိုင္ေခ်မ်ားၿပီး အိုေသြးဆိုရင္ အစာအိမ္အနာပိုျဖစ္ႏိုင္ေခ်မ်ားပါတယ္။)

အစာအိမ္ေရာဂါ အစပ်ိဴးေနၿပီဆိုတာ ဘယ္လိုလကၡဏာေတြကို ၾကည့္ၿပီးသိႏိုင္လဲ။

အဓိကအခ်က္ကေတာ့ အစာအိမ္ေရာဂါျဖစ္ၿပီဆိုရင္ ဗိုက္ထဲမွာေနလို႔ မအီမသာျဖစ္ပါမယ္။ ရင္ၫြန႔္ေအာက္နားက ပူပူႀကီးနဲ႔နာသလို ေအာင့္သလိုျဖစ္ႏိုင္ပါတယ္။ အစာအိမ္မွာျဖစ္တဲ့အနာ (Gastric Ulcer) ဆိုရင္ အစာစားရင္ပိုေအာင့္တတ္ၿပီး အစာမရွိတာက ပိုေနလို႔ေကာင္းသလိုျဖစ္တတ္တယ္။ အူသိမ္မွာျဖစ္တဲ့အနာ (Duodenal Ulcer) ဆိုရင္ အစာမရွိရင္ပိုေအာင့္တတ္ၿပီး အစာစားမွ သက္သာသလိုရွိတတ္တယ္။ ဒီလကၡဏာေတြက သည္းေျခမွာ ေက်ာက္တည္ရင္လည္း ျဖစ္တတ္တယ္။ ဒါေၾကာင့္အတိအက်သိဖို႔ကေတာ့ ဆရာဝန္နဲ႔ျပသၿပီး လိုအပ္တဲ့စစ္ေဆးမႈေတြ လုပ္သင့္တယ္။

အစာအိမ္နာရဲ႕ေနာက္ဆက္တြဲလကၡဏာေတြကေတာ့ ေသြးဝမ္းသြားတာ နဲ႔ေသြးအန္တာပါ။ အစာအိမ္အနာျဖစ္ျဖစ္၊ အူသိမ္အနာျဖစ္ျဖစ္၊ အနာကတအားႀကီးလာၿပီဆိုရင္ နံရံမွာရွိတဲ့ ေသြးေၾကာေတြကေပါက္ၿပီး ေသြးထြက္တဲ့အတြက္ အဲ့ထြက္တဲ့ေသြးနဲ႔ အစာအိမ္ကထြက္တဲ့ အက္စစ္နဲ႔ဓါတ္ျပဳၿပီး ဝမ္းမည္းေတြ သြားတာျဖစ္တတ္ပါတယ္။ အနံကလည္း ဘာအနံနဲ႔မွႏႈိင္းလို႔မရေအာင္ ေတာ္ေတာ္ကိုဆိုး႐ြားပါတယ္။ ေသြးထြက္တအားမ်ားလာမယ္ဆိုရင္ ဝမ္းမည္းမည္းေတြသြား႐ုံမက၊ စအိုထဲကေန ေသြးအနီေတြပါ ထြက္လာတတ္ပါတယ္။ ဒါ့အျပင္ ပါးစပ္ကေနလည္း ေသြးအန္တတ္ပါတယ္။

ဘယ္လိုစမ္းသပ္စစ္ေဆးမႈေတြလုပ္ရမလဲဆိုေတာ့

  • အစာအိမ္မွန္ေျပာင္းၾကည့္တာ
  • ေဆးဓါတ္မွန္႐ိုက္တာ
  • Helicobacter pylori Tests
  • ေသြးစစ္တာ
  • အာထရာေဆာင္း႐ိုက္တာ(USG Abdomen) စသျဖင့္ လုပ္ရပါတယ္။

အစာအိမ္အနာ ကုသတာကေတာ့ ေရာဂါအေျခအေနနဲ႔ ျဖစ္ရတဲ့အေၾကာင္းရင္းေပၚ မူတည္ၿပီးကုသမႈေတြ အမ်ိဴးမ်ိဴးရွိပါတယ္။

နိဂုံးခ်ဴပ္အေနနဲ႔ အႀကံေပးလိုတာကေတာ့ ေရာဂါေပ်ာက္ဖို႔ရာ ေဆးခ်ည္းပဲ အားကိုးလို႔မရပါဘူး။ မိမိကိုယ္တိုင္လည္း ေဆးလိပ္ေသာက္ျခင္း၊ အရက္ေသာက္ျခင္း၊ အပူအစပ္စားျခင္း၊ လက္သုပ္ခ်ဥ္ ႏွင့္အသုပ္မ်ားစားျခင္း၊ မာေသာအရာမ်ား (ေကာက္ညင္း)၊ အကိုက္အခဲေပ်ာက္ ေဆးမ်ား၊ ေကာ္ဖီ၊ လက္ဖက္ရည္ ျပင္းျပင္းေသာက္ျခင္းတို႔ကို ေရွာင္ၾကည္ရမည္။

အစာကို အခ်ိန္မွန္မွန္စားျခင္း၊ အစာကိုေၾကညက္စြာဝါးစားျခင္းတို႔သည္ သင္၏ အစာအိမ္က်န္းမာေရး ကို မ်ားစြာအေထာက္အကူျဖစ္သည္။ အနာျဖစ္ခ်ိန္တြင္ အစာေပ်ာ့ေပ်ာ့ အျဖဴထည္စားျခင္းႏွင့္ ႏြားႏို႔ေသာက္ ျခင္းတို႔သည္ အနာက်က္ျမန္ေစႏိုင္သည္။ အစာအိမ္နာရွိပါက အစာစားတဲ့အခါ အဆီနည္းပါေစ၊ အဝႀကီးတစ္ခါတည္းမစားပါနဲ႔။

နည္းနည္းခ်င္းခြဲစားပါ။ ေထာပတ္၊ ေၾကာ္ထားတာကို ေလ်ာ့စားပါ။ လတ္ဆတ္တဲ့အသီးေတြ၊ ဟင္းသီးဟင္း႐ြက္ေတြကို ပိုစားပါ။ အစာကိုအခ်ိန္မွန္စားပါ။ အမ်ိဳးအစား မွန္စားပါ။ တစ္ခါစား မမ်ားေစရပါ။ အရက္ မေသာက္သင့္ပါ။ ေဆးလိပ္ျဖတ္ပါ။ စိတ္ဖိအား ေလွ်ာ့ဖို႔လိုသူက ေလွ်ာ့ခ်ပါ။ အစာေပ်ာ့ေပ်ာ့စားပါ။ စားၿပီးလမ္းေလွ်ာက္ေပးပါ။ အပူအစပ္မ်ားမစားပါနဲ႔။ ေရမ်ားမ်ား ေသာက္ပါ။

Author : Dr. 528

(Unicode)

အစာအိမ်ဆိုတာ အစာခြေအဖွဲ့အစည်းမှာအရေးပါတဲ့ အင်္ဂါတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့နေ့စဉ်စားသောက်သော အစားအစာများကို ချေဖျက်ပေးပါတယ်။ အစာအိမ်မှာဖြစ်နိုင်တဲ့ ရောဂါတွေကတော့အများကြီးပါ။ အစာအိမ်ရောင်တာ၊ အစာအိမ်အနာဖြစ်တာ၊ အစာအိမ်မှာအလုံးဖြစ်တာ၊ အစာအိမ်ကင်ဆာ စသဖြင့် အများကြီးဖြစ်နိုင်ပါတယ်။

အဲ့ထဲကမှ အစာအိမ်အနာအကြောင်း ပြောပြချင်ပါတယ်။ တကယ်တော့ အစာအိမ်အနာမှာ အစာအိမ်မှာ ဖြစ်တဲ့အနာ (Gastric Ulcer) လည်းပါသလို၊ အူသိမ်ပထမပိုင်းမှာဖြစ်တဲ့ (Duodenal Ulcer) လည်း ပါပါတယ်။ ဖြစ်တဲ့နေရာကွဲပေမယ့် ဒီရောဂါနှစ်ခုကို ဆရာတို့ အစာအိမ်အနာ အနေနဲ့ပဲ တစ်တန်းတည်းထားပါတယ်။

အစာအိမ်အနာဖြစ်ရတဲ့ အကြောင်းတွေ အများကြီးရှိပါတယ်။ အဲ့အများကြီးထဲမှာမှ နံပါတ်တစ်က တော့ H pylori ပိုးကြောင့်ပါ။ တခြားပိုးတွေဆိုရင် အစာအိမ်ကထွက်တဲ့အက်စစ်ဓါတ်ကြောင့် သေကုန်ပါတယ်။ ဒီပိုးကတော့သူ့မှာ အစာအိမ်ကထွက်တဲ့ အက်စစ်ကို ကာကွယ်နိုင်တဲ့စွမ်းအင် ရှိပါတယ်။ ဒါအပြင့် သူကထွက်တဲ့အာနိသင်တစ်မျိူးက အစာအိမ် နံရံကို ပျက်စီးစေပါတယ်။ အစာအိမ်နံရံက ခုခံကာကွယ်နိုင်စွမ်းလည်း ကျသွားပါတယ်။ ဆိုလိုတာက အစာအိမ်က အက်ဆစ်သာထုတ်ပြီး အစာချေပေမယ့် အစာအိမ်နံရံက လောင်မသွားပါဘူး။ အစာအိမ်ရဲ့နံရံ အတွင်းမှာ ဂျယ်လီလို အလွှာနဲ့အုပ်ထားလို့ပါ။

ဒါပေမယ့် ဒီပိုးဝင်လာတဲ့အခါမှာ သူကထုတ်တဲ့ ဓါတ်တစ်မျိူးကြောင့် အစာအိမ်နံရံက အစာအိမ်မှထုတ်တဲ့ အက်စစ်ဓါတ်ကိုခုခံအားနည်းလာပြီး နောက်ဆုံးမှာ အဲ့အလွှာလေးပျက်စီးကာ အစာအိမ်အနာ ဖြစ်လာပါတယ်။ အဲ့ပိုးကဘယ်လိုဝင်တာလဲဆိုတာတော့ အတိအကျ မသိသေးပါဘူး။ သို့သော်သုတေသနတွေအရ မသန့်ရှင်းတဲ့အစားအစာတွေ၊ ရေတွေ သောက်မိစားမိရာကနေတဆင့် ကူးစက်နိုင်သလို လူတစ်ဦးရဲ့တံတွေးကနေ နောက်လူတစ်ဦးကိုလည်းကူးစက်နိုင်ပါတယ်တဲ့။

နံပါတ်နှစ်အချက်ကတော့ အခုခေတ်မှာ ဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် သောက်လာကြပါတယ်။ ရာသီဥတုမမှန်တဲ့အခါမှာ ခေါင်းကိုက် ဖျားနာ အအေးမိစတာတွေလည်း အဖြစ်များလာပါတယ်။ အဲ့အခါမှာ ထစ်ခနဲဆိုလွယ်လင့်တကူ အကိုက်အခဲပျောက်ဆေး သောက်ကြပါတယ်။ အဲ့ဆေးတွေကလည်း အစာအိမ်နံရံကို ပျက်စီးစေတတ်ပါတယ်။

တခြားဖြစ်တတ်တဲ့အကြောင်းအရာများကတော့ ဆေးလိပ်သောက်တာ၊ အရက်သောက်တာပါ။ သက်သေ အတိအကျမရှိသေးပေမယ့် ဆေးလိပ်သောက်၊ အရက်သောက်တဲ့အခါမှာ အစောပိုင်းကပြောတဲ့ အစာအိမ်နံရံအတွင်းမှာရှိတဲ့ ဂျယ်လီလိုအလွှာလေး အားနည်းသွားပါတယ်။ ဒါကြောင့် ဆေးလိပ်သောက် အရက်သောက်တဲ့သူတွေမှာ ကြာလာရင် အစာအိမ်အနာ ပိုဖြစ်တတ်ပါတယ်။

ထပ်ပြီးဖြစ်နိုင်တဲ့အထဲမှာ လက်ဖက်ရည်၊ လက်ဖက်၊ ကော်ဖီ၊ ကိုလာ၊ အအေးတွေလည်း ပါပါတယ်။အဲ့ဟာတွေအထဲမှာ ကဖင်းဓါတ်ပါပါတယ်။ ကဖင်းဓါတ်က အစာအိမ်နံရံကို ပါးစေတဲ့အပြင် အက်စစ်ကိုပိုထွက်စေပါတယ်။ နောက်ဒီဘက်ခေတ်မှာ အစာအိမ်အနာဖြစ်တဲ့ အရေးကြီးအကြောင်းရင်း တစ်ခုကတော့ Life Style ပါ။ စိတ်ပူပန်သောကများလာတာ၊ စိတ်ဖိစီးမှုများလာတာတွေပါ။ အဲ့အချိန်ကျ အစာအိမ်ထဲမှာ အက်စစ်ဓါတ်ကို ထုတ်တာများလာပါတယ်။ အက်စစ်ဓါတ်ထုတ်တာများရင် ကြာလာတဲ့အခါ အစာအိမ်နံရံအားနည်းလာပြီး အစာအိမ်အနာဖြစ်တတ်ပါတယ်။

တခြားအက်စစ်ဓါတ်အထွက်များတဲ့အခြေအနေတွေကတော့ ခေါင်းထဲမှာကျူမာဖြစ်တဲ့အခြေအနေမျိုးတို့ ၊ မီးလောင်လို့ ဆေးရုံတက်ဆေးကုသခံရတဲ့ အခြေအနေမျိူး၊ ကျောက်ကပ်ရောဂါဖြစ်တာမျိူး စတဲ့အခြေအနေမျိူးတွေပါ။ ဒီလိုမျိူးတွေနဲ့ကြုံရရင် အက်စစ်ဓါတ်အထွက်များပြီး အစာအိမ်အနာ ဖြစ်တတ်ပါတယ်။

ဒါတွေကတော့ အဖြစ်များတဲ့အကြောင်းရင်းတွေပါ။ အစာအိမ်အနာဖြစ်ရတဲ့ အကြောင်းရင်းတွေထဲမှာမျိူးရိုးလိုက်တာ၊ သွေးအုပ်စုလိုက်တာစသဖြင့် အကြောင်းတွေလည်း ကျန်နိုင်ပါသေးတယ်။(ဥပမာ အေသွေးဆိုရင် အစာအိမ်ကင်ဆာ ပိုဖြစ်နိုင်ချေများပြီး အိုသွေးဆိုရင် အစာအိမ်အနာပိုဖြစ်နိုင်ချေများပါတယ်။)

အစာအိမ်ရောဂါ အစပျိူးနေပြီဆိုတာ ဘယ်လိုလက္ခဏာတွေကို ကြည့်ပြီးသိနိုင်လဲ။

အဓိကအချက်ကတော့ အစာအိမ်ရောဂါဖြစ်ပြီဆိုရင် ဗိုက်ထဲမှာနေလို့ မအီမသာဖြစ်ပါမယ်။ ရင်ညွန့်အောက်နားက ပူပူကြီးနဲ့နာသလို အောင့်သလိုဖြစ်နိုင်ပါတယ်။ အစာအိမ်မှာဖြစ်တဲ့အနာ (Gastric Ulcer) ဆိုရင် အစာစားရင်ပိုအောင့်တတ်ပြီး အစာမရှိတာက ပိုနေလို့ကောင်းသလိုဖြစ်တတ်တယ်။ အူသိမ်မှာဖြစ်တဲ့အနာ (Duodenal Ulcer) ဆိုရင် အစာမရှိရင်ပိုအောင့်တတ်ပြီး အစာစားမှ သက်သာသလိုရှိတတ်တယ်။ ဒီလက္ခဏာတွေက သည်းခြေမှာ ကျောက်တည်ရင်လည်း ဖြစ်တတ်တယ်။ ဒါကြောင့်အတိအကျသိဖို့ကတော့ ဆရာဝန်နဲ့ပြသပြီး လိုအပ်တဲ့စစ်ဆေးမှုတွေ လုပ်သင့်တယ်။

အစာအိမ်နာရဲ့နောက်ဆက်တွဲလက္ခဏာတွေကတော့ သွေးဝမ်းသွားတာ နဲ့သွေးအန်တာပါ။ အစာအိမ်အနာဖြစ်ဖြစ်၊ အူသိမ်အနာဖြစ်ဖြစ်၊ အနာကတအားကြီးလာပြီဆိုရင် နံရံမှာရှိတဲ့ သွေးကြောတွေကပေါက်ပြီး သွေးထွက်တဲ့အတွက် အဲ့ထွက်တဲ့သွေးနဲ့ အစာအိမ်ကထွက်တဲ့ အက်စစ်နဲ့ဓါတ်ပြုပြီး ဝမ်းမည်းတွေ သွားတာဖြစ်တတ်ပါတယ်။ အနံကလည်း ဘာအနံနဲ့မှနှိုင်းလို့မရအောင် တော်တော်ကိုဆိုးရွားပါတယ်။ သွေးထွက်တအားများလာမယ်ဆိုရင် ဝမ်းမည်းမည်းတွေသွားရုံမက၊ စအိုထဲကနေ သွေးအနီတွေပါ ထွက်လာတတ်ပါတယ်။ ဒါ့အပြင် ပါးစပ်ကနေလည်း သွေးအန်တတ်ပါတယ်။

ဘယ်လိုစမ်းသပ်စစ်ဆေးမှုတွေလုပ်ရမလဲဆိုတော့

အစာအိမ်မှန်ပြောင်းကြည့်တာ
ဆေးဓါတ်မှန်ရိုက်တာ
Helicobacter pylori Tests
သွေးစစ်တာ
အာထရာဆောင်းရိုက်တာ(USG Abdomen) စသဖြင့် လုပ်ရပါတယ်။
အစာအိမ်အနာ ကုသတာကတော့ ရောဂါအခြေအနေနဲ့ ဖြစ်ရတဲ့အကြောင်းရင်းပေါ် မူတည်ပြီးကုသမှုတွေ အမျိူးမျိူးရှိပါတယ်။

နိဂုံးချူပ်အနေနဲ့ အကြံပေးလိုတာကတော့ ရောဂါပျောက်ဖို့ရာ ဆေးချည်းပဲ အားကိုးလို့မရပါဘူး။ မိမိကိုယ်တိုင်လည်း ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ အပူအစပ်စားခြင်း၊ လက်သုပ်ချဉ် နှင့်အသုပ်များစားခြင်း၊ မာသောအရာများ (ကောက်ညင်း)၊ အကိုက်အခဲပျောက် ဆေးများ၊ ကော်ဖီ၊ လက်ဖက်ရည် ပြင်းပြင်းသောက်ခြင်းတို့ကို ရှောင်ကြည်ရမည်။

အစာကို အချိန်မှန်မှန်စားခြင်း၊ အစာကိုကြေညက်စွာဝါးစားခြင်းတို့သည် သင်၏ အစာအိမ်ကျန်းမာရေး ကို များစွာအထောက်အကူဖြစ်သည်။ အနာဖြစ်ချိန်တွင် အစာပျော့ပျော့ အဖြူထည်စားခြင်းနှင့် နွားနို့သောက် ခြင်းတို့သည် အနာကျက်မြန်စေနိုင်သည်။ အစာအိမ်နာရှိပါက အစာစားတဲ့အခါ အဆီနည်းပါစေ၊ အဝကြီးတစ်ခါတည်းမစားပါနဲ့။

နည်းနည်းချင်းခွဲစားပါ။ ထောပတ်၊ ကြော်ထားတာကို လျော့စားပါ။ လတ်ဆတ်တဲ့အသီးတွေ၊ ဟင်းသီးဟင်းရွက်တွေကို ပိုစားပါ။ အစာကိုအချိန်မှန်စားပါ။ အမျိုးအစား မှန်စားပါ။ တစ်ခါစား မများစေရပါ။ အရက် မသောက်သင့်ပါ။ ဆေးလိပ်ဖြတ်ပါ။ စိတ်ဖိအား လျှော့ဖို့လိုသူက လျှော့ချပါ။ အစာပျော့ပျော့စားပါ။ စားပြီးလမ်းလျှောက်ပေးပါ။ အပူအစပ်များမစားပါနဲ့။ ရေများများ သောက်ပါ။

Author : Dr. 528

Previous Post

မိခင်နို့

Next Post

ခေါင်းမူးခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
853
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
845
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ခေါင်းမူးခြင်း

ဖရဲသီး

ကလေးငယ်ခေါင်းချွေးထွက်ခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.