fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ဆင်ရေယုံ (သို့မဟုတ်)ရေယုံခါးပတ်

2.9k
VIEWS
Share on FacebookShare on TwitterShare on Linkedin
27/07/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ဆင္ေရယုံ (သို႔မဟုတ္)ေရယုံခါးပတ္

ေရယံုေရာဂါဟာ Herpes(ဟားပီးစ္) ဆိုတဲ႔အုပ္စု၀င္ ဗိုင္းရပ္စ္(Virus)ပိုး၀င္ေရာက္ကူးစက္ရာကေနတဆင္႔ျဖစ္ပြားပါတယ္။အသက္ရွဴလမ္းေၾကာင္းကတဆင့္လည္း၀င္တာလည္းျဖစ္ႏိုင္တယ္။ေရယံုျဖစ္ေနတဲ႔သူရဲ႕အနာ သို႔မဟုတ္ အနာမဟုတ္တဲ႔ေနရာနဲ႔တိုက္ရိုက္ထိေတြ႔ရာကလည္းကူးနိုင္ပါတယ္။ေရယုံျဖစ္တဲ့သူမွာ အရည္ၾကည္ဖုကေပါက္တဲ့အခါက် ထြက္လာတဲ့အရည္စြန္းေပတဲ႔အရာတခုခုနဲ႔မိမိအေရျပားနဲ႔ထိမိရာက တဆင့္လည္းပိုး၀င္နိုင္ပါတယ္။

အသက္အရြယ္က်ားမ မေရြး ေရာဂါပိုး၀င္ေရာက္ကူးစက္နိုင္ေျခရွိပါတယ္။ဟားပီးစ္(Herpes)ဆိုတဲ႔ အုပ္စုမွာ ပိုးအမ်ိဳးအစားေတြအမ်ားၾကီးရွိပါတယ္။ေရယုံေရာဂါကို ရိုးရိုးေရယံု(Herpes Simplex) နဲ႔ ဆင္ေရယံု သို႔မဟုတ္ ေရယံုခါးပတ္ဆိုျပီး နွစ္မ်ိဳးခြဲထားပါတယ္။ရိုးရိုးေရယံုကိုျဖစ္ေစတာကေတာ႔ Herpes Simplex Virus(HSV) ျဖစ္ၿပီး အၾကမ္းအားျဖင္႔ HSV1နဲ႔ HSV2ဆိုၿပီး အမ်ိဳးအစား(၂)မ်ိဳး ရွိပါတယ္။အမ်ားအားျဖင္႔ HSV1က ႏႈတ္ခမ္းနားတစ္၀ိုက္မွာ ျဖစ္တဲ့ေရယံုနာကို ျဖစ္ေစၿပီး HSV2ကေတာ့ လိင္အဂါၤေရယုံနာကိုျဖစ္ေစပါတယ္။သို႔ေသာ္ပံုေသမွတ္လို႔မရပါဘူး။

HSV 1 ကလည္းလိင္အဂါၤေရယံု ကိုျဖစ္ေစနိုင္သလို HSV2 ကလည္း နႈတ္ခမ္းနားတ၀ိုက္မွာျဖစ္တဲ႔ေရယံုနာျဖစ္ေစနိုင္တာမ်ိဴးလည္းရွိပါတယ္။ဆင္ေရယံု သို႔မဟုတ္ ေရယံုခါးပတ္ကိုျဖစ္ေစတာကေတာ႔ Herpes Zooster ေခၚ Varicella Zooster Virus)အမ်ိဳးအစားပါ။ေရေက်ာက္(Chicken Pox)ကိုျဖစ္ေစတဲ႔ ဗိုင္းရပ္စ္ပိုးနဲ႔အတူတူပါပဲ။ရိုးရိုးေရယံုနာကေတာ႔ ယားတာရွိေပမယ္႔ သိပ္မနာတတ္ပါဘူး။ အၾကမ္းအားျဖင္႔ တပတ္ေလာက္ၾကာရင္ေပ်ာက္သြားေလ႔ရွိျပီး ေနပူထဲအသြားမ်ားတဲ႔အခါ၊ခြဲစိတ္မႈေတြခံရမယ္႔အခါ၊အမ်ိဳးသမီးေတြဆိုရင္ရာသီေပၚခါနီးတဲ႔အခါစတဲ႔ စိတ္ဖိစီးစရာေတြမ်ားတဲ႔အခါေတြမွာေတာ႔ ျပန္ျပန္ျဖစ္တတ္ေလ႔ရွိပါတယ္။လူကိုသိပ္ဒုကၡမေပးတတ္ပါဘူး။

ဆင္ေရယံုကေတာ႔ ေပါက္တဲ႔အခါမွာ ေပါက္တဲ႔ေနရာေတြက ပူစပ္ျပီးတင္းေနတတ္ပါတယ္။တအားလည္းနာက်င္နိုင္ပါတယ္။အရြယ္အစားကလည္း အရမ္းၾကီးတဲ႔အျပင္ ပြားတဲ႔နႈန္းကလည္းျမန္ပါတယ္။တျခားသူေတြကိုကူးစက္နိုင္ေျခကလည္းအရမ္းကိုျမင္႔ပါတယ္။တခိ်ဳ႕ေတြမွာဆိုရင္ အဖ်ားတက္နိုင္ပါတယ္။အဖ်ားက ၁၀၃၊၁၀၄ ဒီကရီဖာရင္ဟုိက္အထိကိုျမင္႔နိုင္ပါတယ္။အသက္၆၀ေက်ာ္တဲ႔အရြယ္ေတြ၊ေဆးေတြေသာက္ရလို႔ေသာ္လည္းေကာင္း အိတ္အိုင္ဗြီေရာဂါေၾကာင္႔ေသာ္လည္းေကာင္း ခုခံအားက်ဆင္းေနတဲ႔သူေတြ၊အရင္က ေရေက်ာက္ေပါက္ခဲ႔ဖူးတဲ႔သူေတြမွာ အျဖစ္မ်ားေလ႔ရွိပါတယ္။

ဆင္ေရယံုက အမ်ားအားျဖင္႔ရင္ဘတ္နဲ႔ခါးေနရာတ၀ိုက္မွာေပါက္ေလ႔ရွိျပီး အဖုၾကီးေတြကနီရဲေနကာ အလြန္အမင္းနာက်င္ကိုက္ခဲေနတတ္ပါတယ္။အလ်ားလိုက္ပံုစံနဲ႔စုေ၀းေပါက္ေလ႔ရွိပါတယ္။အဲ႔အဖုေတြကို မေတာ္တဆ ဖိမိ ပြတ္တိုက္မိလို႔ေပါက္သြားတဲ႔အခါက်အထဲက အရည္ၾကည္ေတြထြက္လာကာ ထိုအရည္ၾကည္နဲ႔ထိမိတဲ႔ တျခားေကာင္းတဲ႔အေရျပားေနရာေတြကိုပါ ထပ္မံကူးစက္နိုင္ပါတယ္။ေႏြရာသီမွာဆိုရင္ ပူလို႔ထြက္တဲ႔ေခြ်းေတြ၊ေရယုံဖုကေပါက္လို႔ထြက္တဲ႔အရည္ၾကည္ေတြနဲ႔အ၀တ္အစားေတြနဲ႔ကပ္ေနကာ ေတာ္ေတာ္ေလးကို ေနရထိုင္ရတာ မခ်ိမဆန္႔ျဖစ္တတ္ပါတယ္။

အမ်ိဳးသားေတြကအက်ီခြ်တ္ေနလို႔ရေပမယ္႔ အမ်ိဳးသမီးေတြကက် အက်ီအပြၾကီးေတြ၀တ္ထားရပါတယ္။ေရယုန္ခါးပတ္ေပါက္ရင္ ခါးတပတ္ျပည္႔ရင္ ေသတတ္တယ္လို႔ အရပ္ထဲမွာ ေျပာေလ႔ရွိတာၾကားဖူးမွာပါ။ဒါဟာအတိအက်ေတာ႔မမွန္ပါဘူး။ဆင္ေရယံုေခၚေရယုန္ခါးပတ္ေပါက္ရင္ အဖုေတြကနီရဲေရာင္ရမ္းကာပြားနႈန္းလည္းအရမ္းျမန္တဲ႔အတြက္ အခန္႔မသင္႔လို႔ထပ္ဆင္႔ပိုး၀င္ျပီး ေသြးဆိပ္သင္႔တာမ်ိဳးဆိုရင္ ခါးတပတ္ျပည္႔ျပည္႔ မျပည္႔ျပည္႔ေသတတ္ပါတယ္။ဒါ႔အျပင္ ဆင္ေရယံု ေခၚ ေရယံုခါးပတ္ျဖစ္ရင္ မ်က္နွာမွာရွိတဲ႔ အာရံုေၾကာနံပတ္ငါး နဲ႔ နံပတ္ခုနွစ္ တို႔ကိုပါ ဗိုင္းရပ္ပိုးက ေရာင္ရမ္းထိခိုက္ေစျပီး မ်က္ႏွာတျခမ္းနာက်င္တာ၊ဦးေနွာက္ေရာင္တာေတြျဖစ္ပြားနိုင္ပါတယ္။

အဆံုးသတ္အေနနဲ႔ေျပာခ်င္တာက ဆင္ေရယံုျဖစ္လာျပီဆိုရင္ အသက္အႏၱရာယ္စိုးရိမ္ရတဲ႔အတြက္ ေစာစီးစြာဆရာ၀န္နဲ႔ျပသျပီး ေဆးကုသမႈခံယူသင္႔ပါတယ္။ဒါမွသာ ျဖစ္တဲ႔သူအတြက္ေကာ၊သူ႔၀န္းက်င္က လူေတြအတြက္ေကာ စိတ္ခ်လံုျခံဳမွာပါ။မဟုတ္ရင္ ဆင္ေရယံုက ကူးစက္နႈန္းအရမ္းျမန္တဲ႔အတြက္ ေရာဂါျဖစ္တဲ႔သူနဲ႔နီးကပ္စြာေနတဲ႔သူေတြမွာဆိုရင္ ကူးစက္ခံရနိုင္ေျခမ်ားပါတယ္။

အရည္ၾကည္ဖုေတြကို သန႔္သန႔္ရွင္းရွင္းထားေပးပါ။ အေညွာ္ေရွာင္ပါ။လက္နဲ႔သြားျပီးမကိုင္ပါေစနဲ႔။ကိုယ္ခံအားေကာင္းေစတာေတြ စားေပးပါ။ေကာင္းေကာင္းအနားယူပါ။အိပ္ေရးဝေအာင္အိပ္ပါ။အရည္မ်ားမ်ားေသာက္ပါ။အျပင္ထြက္ရင္နွာေခါင္းစည္းတပ္ပါ။စိတ္မဖိစီးေစပါနဲ႔။ဗီတာမင္စီေသာက္ေပးပါ။ေရယုံေပါက္ရင္ေရခ်ိဳးလို႔လည္းရပါတယ္။အရည္ၾကည္ဖုေတြကိုAcyclovir Cream လိမ္းေပးနိုင္ပါတယ္။

လူထူထပ္တဲ႔ေနရာေတြကိုမသြားမိပါေစနဲ႔။

Dr 528

(Unicode)

ဆင်ရေယုံ (သို့မဟုတ်)ရေယုံခါးပတ်

ရေယုံရောဂါဟာ Herpes(ဟားပီးစ်) ဆိုတဲ့အုပ်စုဝင် ဗိုင်းရပ်စ်(Virus)ပိုးဝင်ရောက်ကူးစက်ရာကနေတဆင့်ဖြစ်ပွားပါတယ်။အသက်ရှူလမ်းကြောင်းကတဆင့်လည်းဝင်တာလည်းဖြစ်နိုင်တယ်။ရေယုံဖြစ်နေတဲ့သူရဲ့အနာ သို့မဟုတ် အနာမဟုတ်တဲ့နေရာနဲ့တိုက်ရိုက်ထိတွေ့ရာကလည်းကူးနိုင်ပါတယ်။ရေယုံဖြစ်တဲ့သူမှာ အရည်ကြည်ဖုကပေါက်တဲ့အခါကျ ထွက်လာတဲ့အရည်စွန်းပေတဲ့အရာတခုခုနဲ့မိမိအရေပြားနဲ့ထိမိရာက တဆင့်လည်းပိုးဝင်နိုင်ပါတယ်။

အသက်အရွယ်ကျားမ မရွေး ရောဂါပိုးဝင်ရောက်ကူးစက်နိုင်ခြေရှိပါတယ်။ဟားပီးစ်(Herpes)ဆိုတဲ့ အုပ်စုမှာ ပိုးအမျိုးအစားတွေအများကြီးရှိပါတယ်။ရေယုံရောဂါကို ရိုးရိုးရေယုံ(Herpes Simplex) နဲ့ ဆင်ရေယုံ သို့မဟုတ် ရေယုံခါးပတ်ဆိုပြီး နှစ်မျိုးခွဲထားပါတယ်။ရိုးရိုးရေယုံကိုဖြစ်စေတာကတော့ Herpes Simplex Virus(HSV) ဖြစ်ပြီး အကြမ်းအားဖြင့် HSV1နဲ့ HSV2ဆိုပြီး အမျိုးအစား(၂)မျိုး ရှိပါတယ်။အများအားဖြင့် HSV1က နှုတ်ခမ်းနားတစ်ဝိုက်မှာ ဖြစ်တဲ့ရေယုံနာကို ဖြစ်စေပြီး HSV2ကတော့ လိင်အဂါၤရေယုံနာကိုဖြစ်စေပါတယ်။သို့သော်ပုံသေမှတ်လို့မရပါဘူး။

HSV 1 ကလည်းလိင်အဂါၤရေယုံ ကိုဖြစ်စေနိုင်သလို HSV2 ကလည်း နှုတ်ခမ်းနားတဝိုက်မှာဖြစ်တဲ့ရေယုံနာဖြစ်စေနိုင်တာမျိူးလည်းရှိပါတယ်။ဆင်ရေယုံ သို့မဟုတ် ရေယုံခါးပတ်ကိုဖြစ်စေတာကတော့ Herpes Zooster ခေါ် Varicella Zooster Virus)အမျိုးအစားပါ။ရေကျောက်(Chicken Pox)ကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးနဲ့အတူတူပါပဲ။ရိုးရိုးရေယုံနာကတော့ ယားတာရှိပေမယ့် သိပ်မနာတတ်ပါဘူး။ အကြမ်းအားဖြင့် တပတ်လောက်ကြာရင်ပျောက်သွားလေ့ရှိပြီး နေပူထဲအသွားများတဲ့အခါ၊ခွဲစိတ်မှုတွေခံရမယ့်အခါ၊အမျိုးသမီးတွေဆိုရင်ရာသီပေါ်ခါနီးတဲ့အခါစတဲ့ စိတ်ဖိစီးစရာတွေများတဲ့အခါတွေမှာတော့ ပြန်ပြန်ဖြစ်တတ်လေ့ရှိပါတယ်။လူကိုသိပ်ဒုက္ခမပေးတတ်ပါဘူး။

ဆင်ရေယုံကတော့ ပေါက်တဲ့အခါမှာ ပေါက်တဲ့နေရာတွေက ပူစပ်ပြီးတင်းနေတတ်ပါတယ်။တအားလည်းနာကျင်နိုင်ပါတယ်။အရွယ်အစားကလည်း အရမ်းကြီးတဲ့အပြင် ပွားတဲ့နှုန်းကလည်းမြန်ပါတယ်။တခြားသူတွေကိုကူးစက်နိုင်ခြေကလည်းအရမ်းကိုမြင့်ပါတယ်။တချို့တွေမှာဆိုရင် အဖျားတက်နိုင်ပါတယ်။အဖျားက ၁၀၃၊၁၀၄ ဒီကရီဖာရင်ဟိုက်အထိကိုမြင့်နိုင်ပါတယ်။အသက်၆၀ကျော်တဲ့အရွယ်တွေ၊ဆေးတွေသောက်ရလို့သော်လည်းကောင်း အိတ်အိုင်ဗွီရောဂါကြောင့်သော်လည်းကောင်း ခုခံအားကျဆင်းနေတဲ့သူတွေ၊အရင်က ရေကျောက်ပေါက်ခဲ့ဖူးတဲ့သူတွေမှာ အဖြစ်များလေ့ရှိပါတယ်။

ဆင်ရေယုံက အများအားဖြင့်ရင်ဘတ်နဲ့ခါးနေရာတဝိုက်မှာပေါက်လေ့ရှိပြီး အဖုကြီးတွေကနီရဲနေကာ အလွန်အမင်းနာကျင်ကိုက်ခဲနေတတ်ပါတယ်။အလျားလိုက်ပုံစံနဲ့စုဝေးပေါက်လေ့ရှိပါတယ်။အဲ့အဖုတွေကို မတော်တဆ ဖိမိ ပွတ်တိုက်မိလို့ပေါက်သွားတဲ့အခါကျအထဲက အရည်ကြည်တွေထွက်လာကာ ထိုအရည်ကြည်နဲ့ထိမိတဲ့ တခြားကောင်းတဲ့အရေပြားနေရာတွေကိုပါ ထပ်မံကူးစက်နိုင်ပါတယ်။နွေရာသီမှာဆိုရင် ပူလို့ထွက်တဲ့ချွေးတွေ၊ရေယုံဖုကပေါက်လို့ထွက်တဲ့အရည်ကြည်တွေနဲ့အဝတ်အစားတွေနဲ့ကပ်နေကာ တော်တော်လေးကို နေရထိုင်ရတာ မချိမဆန့်ဖြစ်တတ်ပါတယ်။

အမျိုးသားတွေကအကျီချွတ်နေလို့ရပေမယ့် အမျိုးသမီးတွေကကျ အကျီအပွကြီးတွေဝတ်ထားရပါတယ်။ရေယုန်ခါးပတ်ပေါက်ရင် ခါးတပတ်ပြည့်ရင် သေတတ်တယ်လို့ အရပ်ထဲမှာ ပြောလေ့ရှိတာကြားဖူးမှာပါ။ဒါဟာအတိအကျတော့မမှန်ပါဘူး။ဆင်ရေယုံခေါ်ရေယုန်ခါးပတ်ပေါက်ရင် အဖုတွေကနီရဲရောင်ရမ်းကာပွားနှုန်းလည်းအရမ်းမြန်တဲ့အတွက် အခန့်မသင့်လို့ထပ်ဆင့်ပိုးဝင်ပြီး သွေးဆိပ်သင့်တာမျိုးဆိုရင် ခါးတပတ်ပြည့်ပြည့် မပြည့်ပြည့်သေတတ်ပါတယ်။ဒါ့အပြင် ဆင်ရေယုံ ခေါ် ရေယုံခါးပတ်ဖြစ်ရင် မျက်နှာမှာရှိတဲ့ အာရုံကြောနံပတ်ငါး နဲ့ နံပတ်ခုနှစ် တို့ကိုပါ ဗိုင်းရပ်ပိုးက ရောင်ရမ်းထိခိုက်စေပြီး မျက်နှာတခြမ်းနာကျင်တာ၊ဦးနှောက်ရောင်တာတွေဖြစ်ပွားနိုင်ပါတယ်။

အဆုံးသတ်အနေနဲ့ပြောချင်တာက ဆင်ရေယုံဖြစ်လာပြီဆိုရင် အသက်အန္တရာယ်စိုးရိမ်ရတဲ့အတွက် စောစီးစွာဆရာဝန်နဲ့ပြသပြီး ဆေးကုသမှုခံယူသင့်ပါတယ်။ဒါမှသာ ဖြစ်တဲ့သူအတွက်ကော၊သူ့ဝန်းကျင်က လူတွေအတွက်ကော စိတ်ချလုံခြုံမှာပါ။မဟုတ်ရင် ဆင်ရေယုံက ကူးစက်နှုန်းအရမ်းမြန်တဲ့အတွက် ရောဂါဖြစ်တဲ့သူနဲ့နီးကပ်စွာနေတဲ့သူတွေမှာဆိုရင် ကူးစက်ခံရနိုင်ခြေများပါတယ်။

အရည်ကြည်ဖုတွေကို သန့်သန့်ရှင်းရှင်းထားပေးပါ။ အညှော်ရှောင်ပါ။လက်နဲ့သွားပြီးမကိုင်ပါစေနဲ့။ကိုယ်ခံအားကောင်းစေတာတွေ စားပေးပါ။ကောင်းကောင်းအနားယူပါ။အိပ်ရေးဝအောင်အိပ်ပါ။အရည်များများသောက်ပါ။အပြင်ထွက်ရင်နှာခေါင်းစည်းတပ်ပါ။စိတ်မဖိစီးစေပါနဲ့။ဗီတာမင်စီသောက်ပေးပါ။ရေယုံပေါက်ရင်ရေချိုးလို့လည်းရပါတယ်။အရည်ကြည်ဖုတွေကိုAcyclovir Cream လိမ်းပေးနိုင်ပါတယ်။

လူထူထပ်တဲ့နေရာတွေကိုမသွားမိပါစေနဲ့။

Dr 528

Previous Post

ကလေးမွေးပြီးနောက် ကိုယ်ခန္ဓာပြန်လည်ထိန်းသိမ်းချင်သော မေမေများအတွက်လေ့ကျင့်ခန်းများ

Next Post

အသံတွေကြားနေရတယ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
849
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
844
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အသံတွေကြားနေရတယ်

ခေါင်းတစ်ခြမ်း ခဏခဏကိုက်ခြင်း (သို့ ) GCA

အိပ်ရေး မဝတဲ့ အခါမှာ အလှအပပေါ် ဘယ်လို အကျိုးသက်ရောက်မှု တွေ ဖြစ်လာနိုင်သလဲ?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.