fbpx
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

အိပ်ရေး မဝတဲ့ အခါမှာ အလှအပပေါ် ဘယ်လို အကျိုးသက်ရောက်မှု တွေ ဖြစ်လာနိုင်သလဲ?

1
VIEWS
Share on FacebookShare on Twitter
27/07/2018
in အလှအပနှင့်ကျန်းမာရေး
စာဖတ်ရန်ကြာချိန် 1 မိနစ်
A A
0 0

 

အသားအရေ စိုပြည်လှပအောင် ထိန်းသိမ်းဖို့အတွက် နေ့စဉ် လုံလောက်စွာ အိပ်စက်အနားယူဖို့ကလည်း လိုအပ်ပါတယ်။ နှစ်ခြိုက်စွာ အိပ်စက်အနားယူနေချိန်မှာ ခန္ဓာကိုယ်က ဇီဝဖြစ်စဉ်တွေဟာ အရေပြား ပျက်စီးမှုတွေကို ပြုပြင်ထိန်းသိမ်း ပေးပါတယ်။ ဒီလို ပြုပြင်ပေးတဲ့ အတွက် အရေပြားပျက်စီးမှုကို လျော့ကျစေပြီး အလှအပကို ထိန်းသိမ်းတဲ့ နေရာမှာ အကျိုးကျေးဇူးတွေ အများကြီး ရပါတယ်။

ဒီလို ပြုပြင်ပြောင်းလဲမှုတွေ ပုံမှန် ဖြစ်ဖို့ အတွက် တစ်နေ့တာ အိပ်စက်အနားယူချိန်ဟာ အနည်းဆုံး ၇ နာရီခန့် ရှိသင့်ပါတယ်။

ဒါကို စမ်းသပ်ကြည့်ဖို့ လုံလုံလောက်လောက် အိပ်စက်အနားယူကြည့်ပါ။ အဲဒီအခါမှာ ကိုယ့်ရဲ့ မျက်နှာ အသားအရောင် သိသိသာသာ ကောင်းမွန်လာတာကို နှစ်ပတ် သုံးပတ်လောက်အတွင်းမှာ တွေ့ရမှာပါ။

ကိုယ်ရဲ့ တစ်ညတာ အိပ်စက် အနားယူချိန်ဟာ ၆ နာရီ အောက် လျော့နည်းနေပြီ ဆိုရင်တော့ ကိုယ့်ရဲ့ အရေပြားကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။

နှစ်ခြိုက်စွာ အိပ်စက်အနားယူခြင်း ကို နုပျိုခြင်းရဲ့ ဆေးတစ်ခွက်လို့လည်း ဆိုကြပါတယ်။
ဒီနေ့တော့ အိပ်စက်အနားယူခြင်း ရဲ့ အကျိုးကျေးဇူးတစ်ချို့ ကို ပြောပြပေးသွားပါမယ်။

၁) အရေပြားမှာ အရေးအကြောင်းဖြစ်တာတွေကို လျော့ချပေးနိုင်ပါတယ်။

အသားအရေကို ထိန်းသိမ်းပေးဖို့ လိမ်းရတဲ့ skincare အချို့မှာ Collagen ဓာတ်ပါတယ်လို့ ကြေငြာတတ်တဲ့ အတွက် Collagen အကြောင်းကို သိကြမယ်လို့ ထင်ပါတယ်။ Collagen ဓာတ်ဟာ အသားအရေကို တင်းရင်းစေပြီး အရေးအကြောင်း ဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။

Collagen ဓာတ်ပါဝင်တဲ့ အသားအရေ ထိန်းသိမ်းတဲ့ ပစ္စည်းတွေကို အသတ်လတ်ပိုင်းတွေက စပြီးလိမ်းဖို့ အကြံပေးတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုရင် ငယ်ရွယ်ချိန်မှာ ခန္ဓာကိုယ်က သဘာဝ Collagen ထွက်တယ်။ ဒီ Collagen ဟာ အရေပြားကို ပြုပြင်ပေးနိုင်သေး လို့ပါပဲ။

ဒီဖြစ်စဉ်ဟာ ညဘက် အိပ်စက်အနားယူချိန်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အိပ်စက်အနားယူချိန် မလုံလောက်ဘူး ဆိုရင်တော့ အသက်ငယ်ငယ် ကတည်းက အရေးအကြောင်းတွေ ဖြစ်လာပါလိမ့်မယ်။

၂) မျက်နှာအရေပြားကို လှပ အသက်ဝင်စေတယ်။

ညဘက်အိပ်စက်အနားယူချိန်မှာ မျက်နှာအရေပြားအထိ ကောင်းကောင်း သွေးလည်ပတ်တဲ့ အတွက် နိုးလာတဲ့ အခါမှာ စိုပြည်တဲ့ မျက်နှာအသားအရေကို တွေ့ရမှာပဲ ဖြစ်ပါတယ်။ ကောင်းကောင်း မအိပ်ဖြစ်တဲ့ အခါမှာတော့ သွေးလည်ပတ်မှု မကောင်းမွန်တဲ့ အတွက် အသားအရေ ခြောက်သွေ့ကြမ်းတမ်းနေသလို ခံစားရမှာပါ။

၃) ပင်ပန်းနွမ်းနယ်မှု အရိပ်အရောင်ကို လျော့ချပေးနိုင်တယ်။

ကောင်းကောင်းမအိပ်ရတဲ့ သူတွေမှာ မျက်ကွင်းညိုတာနဲ့ မျက်လုံးအစ်တာတွေကို တွေ့ရတတ်ပါတယ်။ ဒီလိုတွေ ဖြစ်တဲ့ အခါမှာ လှပမှုဟာ ယိုယွင်းလာနိုင်ပါတယ်။ ဒီလိုတွေ မဖြစ်ချင်ဘူး ဆိုရင်တော့ ကောင်းကောင်းမွန်မွန် အိပ်စက်အနားယူသင့်ပါတယ်။

၄) ကျန်းမာ သန်စွမ်းတဲ့ ဆံနွယ်တွေကို ပိုင်ဆိုင်စေတယ်။

ဆံပင် ပြတ်တာ ကျွတ်တာ ပျက်စီးတာ ဆံပင်ပေါက်နှေးတာ အစရှိတဲ့ ပြဿနာ တွေဟာလည်း အိပ်ရေးပျက်တာတွေ များလာတဲ့ အခါမှာ ဖြစ်လာနိုင်ပါတယ်။ ဆံနွယ်တွေ ပုံမှန် ကြီးထွားဖို့ အတွက်လည်း ဦးရေပြားကို သွေးမှန်မှန်ရောက်ဖို့ လိုပါတယ်။ ဒီ့အတွက် ကောင်းကောင်း အိပ်စက်အနားယူဖို့ လိုအပ်ပါတယ်။

နောက်တစ်ခုကတော့ အိပ်ရေးပျက်တဲ့ အခါမှာ စိတ်ဖိစီးမှုတွေ များလာပြီး ခန္ဓာကိုယ်မှာ cortisol ဟာ်မုန်းတွေ ထွက်လာပါတယ်။ ဒီ ဟော်မုန်းတွေ ကလည်း ဆံပင်ကျွတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

၅) နောက်တစ်ရက်ဟာ ကျန်းမာပျော်ရွှင်တဲ့ နေ့ရက်တစ်ခု ဖြစ်လာမှာပါ။

ညဘက် အိပ်ရေးဝဝ အိပ်စက်အနားယူတဲ့ ဦးနှောက်မှာ တီထွင်ဖန်တီးနိုင်စွမ်းတွေ တိုးတက်နေတဲ့ အတွက် နောက်တစ်နေ့တာ အလုပ်လုပ်တဲ့အခါမှာ အဆင်ပြေစေမှာပါ။ လန်းဆန်းတက်ကြွတဲ့ သွင်ပြင်ရှိတဲ့ သင့်ပုံစံကို အလုပ်ခွင်မှာ မြင်ရတဲ့ အခါမှာ လုပ်ငန်းခွင်က အကြီးအကဲ လုပ်ဖော်ကိုင်ဖက်တွေပါ ကျေနပ်ကြမှာပါ။

ဒီလိုမဟုတ်ဘဲ အိပ်ရေး မဝတဲ့ သင့်ပုံစံကို တွေ့ရမယ်ဆိုရင်တော့ မြင်သူတိုင်းကို စိတ်ညစ်ညူးမှုတွေကိုသာ ဖြစ်စေမှာပါ။

Dr.မွှေး

Previous Post

ခေါင်းတစ်ခြမ်း ခဏခဏကိုက်ခြင်း (သို့ ) GCA

Next Post

မွေးရာပါ CP

1
VIEWS
Share on FacebookShare on Twitter

ဆက်စပ် ဆောင်းပါးများ

အရွယ်တင်နုပျိုခြင်းအတွက် အရေးပါသော ကော်လဂျင်ဓာတ်အကြောင်း

19 hours ago

အရေပြားကျန်းမာရေးအတွက် ရှားစောင်းလက်ပပ်၏ကောင်းကျိုးများ

19 hours ago

ဆယ်ကျော်သက်များပိုမိုအရပ်ရှည်လာနိုင်စေသည့် ထိရောက်သည့်နည်းလမ်းများ။

22 hours ago

ကလေးများ ပုံမှန်အတိုင်း ကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်သော အခြေခံအာဟာရဓာတ်များ။

23 hours ago

ခြောက်သွေ့တဲ့ အသားအရေအတွက် အသားအရေထိန်းသိမ်းနိုင်မယ့်နည်းလမ်းများ

2 days ago

ကလေးများ ဖွံ့ဖြိုးကြီးထွားမှုဆိုတာ

2 days ago

ကျန်းမာရေးအမျိုးအစားအလိုက် ခေါင်းစဉ်များ

  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • သွေးတိုးရောဂါရှင်များအတွက်ဆောင်ရန်/ရှောင်ရန် ( ၁၀ )ချက်

    0 shares
    Share 0 Tweet 0
  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ကြည်လင်ဝင်းပသော အသားအရေရရှိစေဖို့ လိုအပ်သောဗီတာမင်နှင့် သတ္တုဓာတ်များ။

    0 shares
    Share 0 Tweet 0
  • အရေပြားကျန်းမာရေးအတွက် ရှားစောင်းလက်ပပ်၏ကောင်းကျိုးများ

    0 shares
    Share 0 Tweet 0
  • ဆီးချိုဘာကြောင့်မကျတာလဲ

    0 shares
    Share 0 Tweet 0
  • ‌အရက်ကြောင့်ဖြစ်ရသော အသည်းရောဂါ။

    0 shares
    Share 0 Tweet 0
  • စအိုဖြင့် လိင်ဆက်ဆံခြင်းကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေးဆိုးကျိုးများ

    0 shares
    Share 0 Tweet 0
  • ခန္ဓာကိုယ်တွင် သံဓာတ်လွန်ကဲခြင်း အကြောင်းအရင်းများနှင့် ရောဂါလက္ခဏာများ

    0 shares
    Share 0 Tweet 0
  • အနာမြန်မြန်ကျက်စေမဲ့ ပျားရည်

    0 shares
    Share 0 Tweet 0
  • ကြို့ ထိုးတာ မြန်မြန်ပျောက်အောင်

    0 shares
    Share 0 Tweet 0
Next Post

မွေးရာပါ CP

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f
Youtube
Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms below to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Subscribe For Latest Updates

Sign up to best of business news, informed analysis and opinions on what matters to you.
Invalid email address
We promise not to spam you. You can unsubscribe at any time.
Thanks for subscribing!