fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

ခေါင်းတစ်ခြမ်း ခဏခဏကိုက်ခြင်း (သို့ ) GCA

269
VIEWS
Share on FacebookShare on TwitterShare on Linkedin
27/07/2018
in ရောဂါကြီးများ, အထွေထွေရောဂါများအကြောင်း
1 min read
A A

GCA ဆိုတာ Giant cell arteritis ရောဂါပါ မြန်မာလို ဘာသာပြန်ရင်တော့ သွေးကြောကြီးတွေယောင်ပြီးဖြစ်တတ်တဲ့ ရောဂါတစ်ခုပါ။

ဒီရောဂါက အဖြစ်နည်းပါတယ်။ ဖြစ်ရင်လည်း စိုးရိမ်ရပါတယ်။ အချိန်မှီဆေးမပေးမိတာနဲ့ ချက်ချင်းမျက်စိကွယ်စေနိုင်တဲ့ ရောဂါမျိုးပါ။
GCA က အသက်ကြီးပိုင်းတွေမှာပဲ အဓိကဖြစ်တာပါ အသက် ၅၅နှစ်ကျော်တဲ့ အမျိုးသား အမျိုးသမီးတွေမှာ ခေါင်းကိုက်ပြီဆို ဒါကို မဖြစ်မနေထည့်စဉ်းစားပါတယ်။

Giant cell arteritis ရောဂါရဲ့ အဓိကလက္ခဏာကတော့ ခေါင်းကိုက်တာပါပဲ။

  • ခေါင်းကိုက်တာက တစ်ခေါင်းလုံးထက်စာရင် တစ်ဖက်ပဲ ဖြစ်တတ်တယ် အကိုက်အခဲပျောက်ဆေးသောက်လည်း မသက်သာဘဲ ခေါင်းကိုက်ကြာနေတတ်တယ်။
  • ခေါင်းကိုက်တာအပြင် နားထင်မှာ သွေးကြောတင်းပြီး ထောင်နေတာမျိုးလည်း တွေ့နိုင်ပါတယ်။
  • ခေါင်းဖြီးတဲ့အခါမှာ ဦးရေပြားတွေ ပိုပြီးကျိန်းတတ်ပါတယ်။ ခေါင်းကိုက်ပိုဆိုးတတ်ပါတယ်။
  • မေးရိုးနဲ့ လျှာတွေမှာလည်း နာနေတတ်ပါတယ်။ အမြင်အာရုံလည်း တစ်ချက်တစ်ချက် ပျက်တတ်ပါတယ်။
  • အချိန်မှီဆေးမကုသလိုက်မိတာနဲ့ မျက်စိနှစ်ဖက်လုံး မမြင်ရတော့တဲ့အထိဖြစ်နိုင်ပါတယ်။
  • ရောဂါရဲ့ တစ်ခြားလက္ခဏာတွေအားဖြင့်တော့ နုန်းတတ်တယ်၊ မောတတ်တယ်၊ မနက်ပိုင်းတွေမှာ အဆစ်တွေတောင့်တတ်ပါတယ်။
  • သွေးကြောတွေမှာယောင်ပြီးမာနေတတ်တာကြောင့် သွေးခုန်နှုန်းစမ်းတဲ့ အခါ တစ်ခါတစ်လေ နှစ်ဖက်မညီဘဲ ဖြစ်တတ်တယ်။ ရတစ်ချက်မရတစ်ချက်ဖြစ်တတ်ပါတယ်။

    Giant cell arteritis ရောဂါ ကို အဓိက ရောဂါရာဇဝင်အရပဲ ဒီရောဂါလို့သတ်မှတ်ပါတယ်။ GCA လို့ထင်လိုက်တာနဲ့ တစ်ခါတည်း ဆေးစကုရပါတယ် မျက်စိကိုကာကွယ်ချင်လို့ပါ။ ဆေးစကုပြီးမှ ဒီရောဂါအတွက်လိုအပ်တာတွေစစ်ဆေးပါတယ်။ စစ်ဆေးတဲ့အခါမှာတော့ သွေးစစ်တာလည်းလုပ်ရပါတယ်။ ယောင်နေတဲ့ သွေးကြောကို အသားစယူစစ်တာလည်း လုပ်ရပါတယ်။ အသားစယူတိုင်းလည်း အဖြေတွေ့ချင်မှတွေ့မှာပါ ကြားဖောက်တွေ ဖြစ်နေတတ်တာကြောင့် အသားစအဖြေတွေ့တွေ မတွေ့တွေ ဒီရောဂါလို့သံသယရှိတာနဲ့ တစ်ပြိုင်နက် ဆေးကုခွင့်ပေးထားပါတယ်။

    ဆေးကုတယ်လို့ပြောကြတာမှာ STEROID ဆေးတွေကို Dose ပမာဏအများကြီး ပေးရတာပါ ထိုးဆေးလည်းလိုအပ်တာဖြစ်တတ်ပါတယ်။
    ဆေးကုရတဲ့ အချိန်ကလည်းနှစ်နဲ့ ချီကြာတတ်ပါတယ်။ ဆေးကုနေရင်းမှ လူနာရဲ့ ရောဂါလက္ခဏာ သက်သာလားပြန်ကြည့်ပါတယ်။ သွေးစစ်ပြီး ပြန်ကြည့်ပါတယ်။
    wa
    ဒီကြားထဲမှာ ရောဂါလက္ခဏာ ထပ်ပေါ်လာတယ်ဆိုရင် ဆေး ကို ထပ်ပြီး ပမာဏတိုးပြီး ကုဖို့လိုတတ်ပါတယ်။ Steroid တွေကို dose အများကြီး အကြာကြီးတောက်လျှောက်ပေးနေရတော့ လူနာမှာ Steroid ရဲ့ဘေးထွက်ဆိုးကျိုးတွေကိုခံစားရတာလည်း ဆက်ဖြစ်နိုင်ပါတယ်။ Steroid တွေ များလာတာနဲ့အမျှ အစာအိမ်အောင့်လာတတ်ပါတယ်။ အရိုးပွပြီးကျိုးလွယ်လာပါတယ် သွေးပေါင်တက်လာနိုင်တယ် ကိုယ်အလေးချိန်လည်းတိုးလာနိုင်ပါတယ်။

    ဒါကြောင့်လည်း Steroid စပေးစဉ်တည်းက အစာအိမ်အတွက် အရိုးအတွက် အထောက်အကူဖြစ်မယ့် ဆေးတွေကိုပါ တစ်ခါတည်း ထည့်ပေးဖို့လိုအပ်ပါတယ်။ GCA ရောဂါက ကြွက်သားရောဂါတစ်မျိုးဖြစ်တဲ့ Polymyalgia rheumatica PMR ရောဂါနဲ့ အတွဲများပါတယ် ဒါကြောင့် PMR ရောဂါဖြစ်တဲ့သူကို တွေ့တာနဲ့ GCA ပါတွဲဖြစ်နေလားဆိုတာကို စစ်ဆေးဖို့လိုတတ်ပါတယ်။ PMR ရောဂါကမစိုးရိမ်ရတဲ့ ရောဂါဆိုပေမယ့် သူနဲ့ တွဲနေတဲ့ GCA ရောဂါကို သတိမမူလိုက်မိရင် မျက်စိ အမြင် ထိခိုက်သွားမှာပါ။

    Giant cell arteritis က ဖြစ်တဲ့သူမများပါဘူး ဒါပေမယ့် ဖြစ်တဲ့သူတွေအတွက်တော့ အရေးကြီးတဲ့ ရောဂါတစ်ခုပါပဲ အသက်ကြီးကြီး ခေါင်းကိုက်ကြတယ် အပေါ်ကပြောတဲ့ လက္ခဏာတွေလည်း ရှိမယ်ဆိုရင် အချိန်မဆွဲဘဲ အာရုံကြောဆိုင်ရာသမားတော်နဲ့ အမြန်ဆုံးတိုင်ပင်ကုသဖို့လိုပါတယ်။

    Dr. CST

 

Previous Post

အသံတွေကြားနေရတယ်

Next Post

အိပ်ရေး မဝတဲ့ အခါမှာ အလှအပပေါ် ဘယ်လို အကျိုးသက်ရောက်မှု တွေ ဖြစ်လာနိုင်သလဲ?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
849
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
844
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အိပ်ရေး မဝတဲ့ အခါမှာ အလှအပပေါ် ဘယ်လို အကျိုးသက်ရောက်မှု တွေ ဖြစ်လာနိုင်သလဲ?

မွေးရာပါ CP

မအင်္ဂါကင်ဆာ သို့မဟုတ် မိန်းမကိုယ်ကင်ဆာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.