fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

နမိုးနီးယားအဆုတ်ရောင်ရောဂါအကြောင်း အပိုင်း(၁)

187
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/08/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

နမိုးနီးယား(Pneumonia)ဆိုတာဟာ ပိုးဝင်ပြီး အဆုတ်ရောင်တဲ့ ရောဂါအခြေအနေတခုပါ။

နမိုးနီးယားရောဂါဟာ လူ (၁၀၀၀) မှာ (၁၁) ယောက်ဝန်းကျင်ဖြစ်နိုင်ခြေရှိတဲ့အတွက် တော်တော်အဖြစ်များတဲ့ ရောဂါတမျိုးပါ။

အသက်အရွယ်မရွေး၊အချိန်ရာသီဥတုမရွေး၊ယောက်ျားမိန်းမမရွေး၊လူမျိုးဘာသာမရွေးဖြစ်ပွားနိုင်ပါတယ်။

အသက်၅နှစ်အောက် ကလေးငယ်တွေနဲ့ ကိုယ်ခံအားကျဆင်းတဲ့ရောဂါရှိသူတွေမှာပိုအဖြစ်များပါတယ်။

ပိုးဝင်တယ်လို့ဆိုရာမှာ ဘက်တီးရီးယားပိုး(Bacteria)ဝင်လို့လည်းဖြစ်နိုင်သလို ဗိုင်းရပ်စ်ပိုး(Virus)ဝင်လို့လည်းဖြစ်နိုင်ပါတယ်။အများအားဖြင့်ကတော့ ဘက်တီးရီးယားကြောင့်ဖြစ်လေ့ရှိပါတယ်။

ဒါ့အပြင်မှိုပိုး(Fungus)နဲ့ပရိုတိုဇိုးဝါး(Protozoa) အစရှိတဲ့ကပ်ပါးပိုးတွေဝင်ရောက်ကူးစက်ခံရရင်လည်းဖြစ်နိုင်ပါတယ်။

နှစ်လအောက်ကလေးတွေမှာဆိုရင် Group B Streptococcus,E coli,Staphylococcus aureus ဆိုတဲ့ပိုးတွေဟာ အများဆုံးဝင်ရောက်ကူးစက်တတ်ပြီး နမိုးနီးယားရောဂါကိုဖြစ်စေတတ်ပါတယ်။

နှစ်လကနေ၅နှစ်အတွင်းမှာတော့ Streptococcus pneumoniae, Haeminfluenzae influenza,Staphylococcus aureus ဆိုတဲ့ပိုးတွေဟာ အများဆုံးဝင်ရောက်ကူးစက်တတ်ပြီး နမိုးနီးယားရောဂါကိုဖြစ်စေတတ်ပါတယ်။

ရောဂါပိုးပါတဲ့အမှုန်အမွှား၊ဖုန်မှုန့်တွေရှုမိရာမှ ရောဂါပိုးဝင်ရောက်ကူးစက်ခံရပြီးဖြစ်တဲ့ နမိုးနီးယားအမျိုးအစားအပြင်

အစားအသောက်စားသောက်တဲ့အခါမှာမတော်တဆသီးသွားပြီး အစာနဲ့အရည်တွေဟာ အစာရေမျိုပြွန်ထဲရောက်ရမယ့်အစား အသက်ရှုပြွန်ကနေတဆင့်အဆုတ်ထဲဝင်လာလို့ဖြစ်တဲ့ Aspiration Pneumonia လို့ခေါ်တဲ့ နမိုးနီးယားအမျိုးအစားလည်းရှိပါတယ်။ဒီ နမိုးနီးယားအမျိုးအစားကတော့ လေဖြတ်တဲ့လူနာတွေ၊အစာရေမျိုပြွန်ကြွက်သားအားနည်းတဲ့ရောဂါရှိတဲ့သူတွေ၊အာရုံကြောအားနည်းတဲ့ရောဂါရှိတဲ့သူတွေ၊သတိမကြာခဏလစ်တတ်တဲ့သူတွေ၊သတိမကောင်းတဲ့သူတွေမှာအဖြစ်များပါတယ်။

နမိုးနီးယားမှာ အမျိုးအစားတွေအများကြီးရှိသလိုရောဂါပြင်းထန်မှုအဆင့်အနေနဲ့လည်း ရိုးရိုးနမိုးနီးယားအဆင့်(Pneumonia),ပြင်းထန်နမိုးနီးယားအဆင့်(Severe Pneumonia) နဲ့ အလွန်ပြင်းထန်နမိုးနီးယားအဆင့်ဆိုပြီး သုံးဆင့်ခွဲထားပါတယ်။

ရိုးရိုးနမိုးနီးယား(Pneumonia)အဆင့်ကတော့ ဖျားတာ၊နှာစေးတာနှာရည်ယိုတာ၊ချောင်းဆိုးတာနဲ့ အသက်ရှုမြန်တာ ဆိုတဲ့လက္ခဏာတွေပဲရှိတာပါ။ဖျားတာ၊နှာစေးတာနှာရည်ယိုတာ၊ချောင်းဆိုးတာတွေကတော့ အအေးမိတုပ်ကွေးဖြစ်ရင်လည်းဖြစ်တတ်ပါတယ်။သို့သော် အသက်ရှုမြန်တာကတော့ နမိုးနီးယားမှာပဲဖြစ်တတ်တဲ့လက္ခဏာပါ။

အသက်ရှုမြန်မမြန်ကတော့ သတ်မှတ်ချက်အနေနဲ့ကတော့

အသက်နှစ်လအောက်ကလေးတွေမှာဆိုရင် အသက်ရှုနှုန်းဟာ ၁မိနစ်ကို အကြိမ်၆၀နဲ့အထက်ရှိရင်

အသက်နှစ်လကနေ၁၁လအတွင်းကလေးတွေမှာဆိုရင် အသက်ရှုနှုန်းဟာ ၁မိနစ်ကို အကြိမ်၅၀နဲ့အထက်ရှိရင်

အသက်၁နှစ်ကနေ၅နှစ်အတွင်းကလေးတွေမှာဆိုရင် အသက်ရှုနှုန်းဟာ ၁မိနစ်ကို အကြိမ်၄၀နဲ့အထက်ရှိရင်

အသက်ရှုမြန်တယ်လို့သတ်မှတ်ပါတယ်။

မိမိဘာသာရေတွက်တာထက်ဆရာဝန်နဲ့ပြသပြီးရေတွက်တာက ပိုတိကျပါတယ်။

ပြင်းထန်နမိုးနီးယား(Severe Pneumonia)အဆင့်မှာတော့

ဖျားတာ၊နှာစေးတာနှာရည်ယိုတာ၊ချောင်းဆိုးတာ၊အသက်ရှုမြန်တာ ဆိုတဲ့လက္ခဏာတွေအပြင် အသက်ရှုတဲ့အခါမှာ နံကြားချိုင့်တာ(Lower Chest Wall Indrawing)၊နှာခေါင်းရှုံချည်ပွချည်ဖြစ်တာ(Nasal flaring)၊ညည်းတာ(Grunting) ဆိုတဲ့ လက္ခဏာသုံးချက်ထဲက အနည်းဆုံးတချက်ချက် ပါဖြစ်လာပါပြီ။

အလွန်ပြင်းထန်နမိုးနီးယားအဆင့်မှာတော့ (Very Severe Pneumonia)

ပြင်းထန်နမိုးနီးယား(Severe Pneumonia)မှာဖြစ်တဲ့လက္ခဏာတွေအပြင်

အစာကောင်းကောင်းမစားနိုင်တာ(ကလေးငယ်လေးတွေဆိုရင်နို့ကောင်းကောင်းမစို့နိုင်တာ)၊နုံးနေတာအီနေတာ၊ကောင်းကောင်းမအိမ်တာ၊တအားမှိန်းနေတာ၊နှုတ်ခမ်းတွေပြာလာတာ၊တက်တာ၊အသက်ရှုရတအားခက်လာတာ၊သတိလစ်တာ စတဲ့အန္တရာယ်ရှိသော လက္ခဏာတွေပါဖြစ်လာပါတယ်။

အလွန်ပြင်းထန်နမိုးနီးယားအဆင့်မှာ ဒီလိုအန္တရာယ်ရှိတဲ့လက္ခဏာတွေဖြစ်လာပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အတွက် ချက်ချင်းနီးစပ်ရာဆေးရုံကို ပြသဖို့လိုပါတယ်။

အလွန်ပြင်းထန်တဲ့နမိုးနီးယားအဆင့်(Very Severe Pneumonia)ဖြစ်ရင် ဆေးရုံမှာကုသမှုသေချာခံယူတာတောင်မှ အသက်မကယ်နိုင်တာမျိုးတွေရှိပါတယ်။

ဒါကြောင့် မိဘတွေအနေနဲ့ မိမိကလေးမှာ ဖျားတာ၊နှာစေးတာ၊နှာရည်ယိုတာ၊ချောင်းဆိုးတာစတဲ့အအေးမိတုပ်ကွေးလက္ခဏာတွေဖြစ်လာရင် ရိုးရိုးနမိုးနီးယားရဲ့လက္ခဏာဖြစ်တဲ့ အသက်ရှုမြန်မမြန်ကို သတိထားကြည့်ပေးပါ။အသက်ရှုမြန်တယ်လို့သံသယရှိရင် နီးစပ်ရာဆေးခန်းပြပြီး လိုအပ်တဲ့စမ်းသပ်စစ်ဆေးမှုတွေလုပ်ကာ ကုသမှုလုပ်ရပါမယ်။ဒီလိုစောစောကုသမှသာ ပိုဆိုးတဲ့အဆင့်တွေမရောက်မှာပါ။

ဘယ်လိုစမ်းသပ်စစ်ဆေးမှုတွေလုပ်ရမလဲ။နမိုးနီးယားရဲ့အဆင့်အလိုက်ဘယ်လိုကုသမှုတွေခံယူရမလဲ။ဖြစ်ပွားနိုင်ခြေနည်းအောင် ဘယ်လိုတွေကာကွယ်ရမလဲဆိုတာတွေကိုတော့ အပိုင်း၂မှာဆက်လက်တင်ပြပါမယ်။

Dr. 528

Previous Post

OC pill အကြောင်း တစေ့တစောင်း

Next Post

ရင်သားကင်ဆာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
866
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
848
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရင်သားကင်ဆာ

ကလေးငယ်များတွင်အဖြစ်များသော လေပြွန်လေးများရောင်ရမ်းပြီးပိတ်ခြင်း

ကျန်းမာပျော်ရွှင်တဲ့ ကိုယ်ဝန်ဆောင်ဘဝကို ပိုင်ဆိုင်ဖို့ လုပ်ဆောင်သင့်တဲ့ အချက်များ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.