fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ရာသီပေါ် တုတ်ကွေးရောဂါ

330
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/07/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ရာသီေပၚ တုတ္ေကြးေရာဂါ

ေႏြ နဲ႔ မိုးအကူး မိုးဦးရာသီ အစမွာ တုပ္ေကြးေတြ ျဖစ္တတ္ၾကပါတယ္ ။ ဒီေန႔ေတာ့ ဒီလိုျဖစ္တတ္တဲ့ တုပ္ေကြးေရာဂါ ေတြအေၾကာင္းကို နည္းနည္းေျပာျပေပးခ်င္ပါတယ္။

တုပ္ေကြးေရာဂါ ဟာ ေလထုထဲက တစ္ဆင့္ ကူးစက္တတ္တဲ့ ေရာဂါတစ္မ်ိဳး ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း တုပ္ေကြးေရာဂါ ဟာ ကူးစက္တာျမန္ျပီး မိသားစုဝင္ထဲက တစ္ေယာက္ေယာက္ တုပ္ေကြး စျဖစ္ျပီဆိုရင္ ဂရုမစိုက္မိရင္ တစ္မိသားစုလံုး လိုက္ျဖစ္ၾကတာ ျဖစ္ပါတယ္။

တုပ္ေကြးေရာဂါ အေၾကာင္း ေျပာမယ္ဆိုရင္ တုပ္ေကြးေရာဂါပိုး အေၾကာင္းေတာ့ နည္းနည္းသိဖို႔လိုပါမယ္။ တုပ္ေကြးေရာဂါပိုးဟာ virus ပိုးတစ္မ်ိဳးျဖစ္ပါတယ္။ ဒါေၾကာင့္ တုပ္ေကြးေရာဂါျဖစ္တဲ့ အခါမွာ Antibiotics လို႔ေခၚတဲ့ ပဋိဇီဝေဆးေတြကို ေသာက္သံုးလို႔ မေပ်ာက္ကင္းႏိုင္တာ ျဖစ္ပါတယ္။

 

ေနာက္တစ္ခုက တုပ္ေကြးေရာဂါပိုး ( flu virus ) ရဲ႔ တစ္ျခားေသာ ေရာဂါပိုးေတြနဲ႔ မတူညီတဲ့ အခ်က္ကေတာ့ သူဟာ ပါဝင္တဲ့ အစိတ္အပိုင္းေပၚ မူတည္ျပီး မ်ိဳးရုိးဗီဇ အၾကိမ္ၾကိမ္ ေျပာင္းလဲႏိုင္တာပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း တစ္ႏွစ္ နဲ႔ တစ္ႏွစ္ ျဖစ္တဲ့ တုပ္ေကြးေရာဂါပိုးေတြက မတူညီၾကတာ ျဖစ္သလို တုပ္ေကြးတစ္ခါျဖစ္ျပီးလို႔ ေနာက္ထပ္ တုပ္ေကြး ဘယ္ေတာ့မွ ထပ္မျဖစ္ေတာ့ဘူး လို႔ေျပာမရတာျဖစ္ပါတယ္။ မ်ိဳးရုိးဗီဇ ေျပာင္းလဲမႈေတြေၾကာင့္လည္း ငါးနွစ္တစ္ခါေလာက္မွာ ျပင္းထန္တုပ္ေကြးေတြျဖစ္တဲ့ H1N1 H5N1 လို တုပ္ေကြးေရာဂါပိုးေတြ ျဖစ္ၾကရတာလည္း ျဖစ္ပါတယ္။

တုပ္ေကြးေရာဂါ ျဖစ္ေလာက္တဲ့ ရာသီခ်ိန္ ေရာက္ျပီဆိုရင္ တုပ္ေကြးကာကြယ္ေဆး ေတြလည္း ထိုးတတ္ၾကပါတယ္။ ဒီ တုပ္ေကြးေရာဂါ ကာကြယ္ေဆးေတြဟာ ႏွစ္အလိုက္ ျဖစ္ပြားႏိုင္ေခ် အမ်ားဆံုးျဖစ္တဲ့ တုပ္ေကြးေရာဂါပိုးကို က်န္းမာေရးအဖြဲ႔အစည္းေတြက ခန္႔မွန္းတြက္ခ်က္ျပီး ထုတ္ထားတာ ျဖစ္တဲ့အတြက္ ကာကြယ္ေဆးထိုးတယ္ဆိုရင္ အျဖစ္မ်ားတဲ့ တုပ္ေကြးေရာဂါပိုး ကူးစက္တာကို ကာကြယ္ေပးႏိုင္ပါတယ္။

ကာကြယ္ေဆးထိုးျပီးေပမဲ့ တုပ္ေကြးျဖစ္ၾကတဲ့အခါ ကာကြယ္ေဆးမေကာင္းလို႔ မေအာင္လို့လို႔ ထင္တတ္ၾကပါတယ္။ ဒီဟာေတြကလည္း အေၾကာင္းတစ္ခုေတာ့ ျဖစ္ႏိုင္ေပမဲ့ တစ္ခါတစ္ေလေတာ့လည္း ကိုယ္ထိုးထားတဲ့ ကာကြယ္ေဆးထဲမွာ မပါတဲ့ တုပ္ေကြးေရာဂါပိုး ေနာက္တစ္မ်ိဳးေၾကာင့္  တုပ္ေကြး ျဖစ္ရတာမ်ိဳးလည္း ျဖစ္ႏိုင္ပါတယ္။

ကာကြယ္ေဆး ထိုးတဲ့နည္း သာမကဘဲ တုပ္ေကြးေရာဂါ မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္တဲ့ တစ္ျခားေသာ ေဆာင္ရန္ ေရွာင္ရန္ နည္းေတြလည္း ရွိပါေသးတယ္။

ဒါေတြကေတာ့

၁။ တုပ္ေကြးေရာဂါ မကူးစက္ခံရဖို႔ တုပ္ေကြးေရာဂါျဖစ္တဲ့သူနဲ႔ မထိေတြ႔မိဖို႔က အေရးၾကီးပါတယ္။ တကယ္လို႔ ကိုယ့္မွာ တုပ္ေကြးေရာဂါ ျဖစ္ေနျပီဆိုရင္လည္း တစ္ျခားသူ နဲ႔ သိပ္နီးနီးကပ္ကပ္ မေနသင့္ပါဘူး။ တစ္ျခားသူေတြဆီ မကူးစက္ဖို႔ အတြက္ ဖ်ားေနတယ္ဆိုရင္ ေက်ာင္းမသြား အလုပ္မသြားဘဲ ေနသင့္ပါတယ္။ အိမ္မွာေနမွာဆိုရင္ေတာ့ မျဖစ္ေသးတဲ့ တစ္ျခားမိသားစုဝင္ ေတြဆီ မကူးစက္ေအာင္ အခန္းခြဲဲျပီး ခဏေနသင့္ပါတယ္။

၂။ တစ္ရွဴး သို႔ ပါးစပ္နွာေခါင္းဖံုး  ကို သံုးသင့္ပါတယ္။

အျပင္ကို မျဖစ္မေနသြားရမယ့္အခါ ဒါမွမဟုတ္ လူေတြၾကားေနတဲ့အခါ တစ္ဦးနဲ႔ တစ္ဦး ေရာဂါမကူးစက္ဖို႔အတြက္ နွာေစးေခ်ာင္းဆိုးတဲ့ အခါ တစ္ရွဴး သို႔ ပါးစပ္နွာေခါင္္းဖံုးကို အသံုးျပဳသင့္ပါတယ္။

၃။ လက္ကို မၾကာခဏေဆးသင့္ပါတယ္။

လက္ဆိုတာဟာ ေရာဂါပိုးေတြ အမ်ားဆံုး ရွိေနတတ္တဲ့ အဂၤါအစိတ္အပိုင္း တစ္ခုပါပဲ။ ဒါေၾကာင့္ ေရာဂါပိုးေတြ ရွိေနတဲ့ လက္နဲ႔ မ်က္လံုး ႏွာေခါင္း ပါးစပ္ေတြကို ကိုင္မိရင္ ေရာဂါျဖစ္မွာပါပဲ။ ဒီလို ျဖစ္မွာေတြကို ၾကိဳတင္ကာကြယ္ဖို႔အတြက္ လက္ကို သန္႔သန္႔ရွင္းရွင္းထားဖို႔က အေရးၾကီးပါတယ္။

၄။ ေနထိုင္တဲ့ ပတ္ဝန္းက်င္ကိုလည္း သန္႔သန္႔ရွင္းရွင္းထားရပါမယ္။

တုပ္ေကြးေရာဂါ ျဖစ္တဲ့သူရဲ႔ အဝတ္အစား အသံုးအေဆာင္ ပစၥည္းေတြမွာ ပိုးေတြ တြယ္ျငိေနမွာ အမွန္ပါဘဲ။ ဒါေၾကာင့္ အဝတ္အစားေတြ ဆိုရင္လည္း ဝတ္ျပီးရင္ သန္႔စင္ေအာင္ ျပန္ျပီး ေလွ်ာ္သင့္သလို အသံုးျပဳတဲ့ တစ္ရွဴးေတြကိုလည္း စနစ္တက် စြန္႔ပစ္ရမွာ ျဖစ္ပါတယ္။

၅။ က်န္းမာေရးနဲ႔ ညီညြတ္တဲ့ အစားအေသာက္ အေနအထိုင္ ျဖင့္ေနပါ။

ေန႔စဥ္ အသံုးအေဆာင္ ပစၥည္းေတြကို အခ်ိန္ရရင္ ရသလို ပိုးသတ္ေဆးနဲ႔ သန္႔ရွင္းေရးလုပ္ေပးပါ။ အိပ္ေရးဝဝ အိပ္ပါ။ အရည္မ်ားမ်ားေသာက္ပါ။ အာဟာရ ျပည္႔ဝတဲ့ အစားအေသာက္ေတြ စားပါ။  ကိုယ္ခံအားတက္ေစဖို႔ အတြက္ ဗီတာမင္ ၾကြယ္ဝတဲ့ အစာေတြကို စားပါ။

ဒီေန႔ေတာ့ တုပ္ေကြးေရာဂါေတြ ဘယ္လိုျဖစ္တယ္ မျဖစ္ေအာင္ ဘယ္လိုေတြကာကြယ္လို႔ရတယ္ဆိုတာေတြကို ေျပာျပေပးသြားတာပဲ ျဖစ္ပါတယ္။ အားလံုးပဲ က်န္းမာႏိုင္ၾကပါေစ။

Dr. ေမႊး

(Unicode)

ရာသီပေါ် တုတ်ကွေးရောဂါ

နွေ နဲ့ မိုးအကူး မိုးဦးရာသီ အစမှာ တုပ်ကွေးတွေ ဖြစ်တတ်ကြပါတယ် ။ ဒီနေ့တော့ ဒီလိုဖြစ်တတ်တဲ့ တုပ်ကွေးရောဂါ တွေအကြောင်းကို နည်းနည်းပြောပြပေးချင်ပါတယ်။

တုပ်ကွေးရောဂါ ဟာ လေထုထဲက တစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဒါကြောင့်လည်း တုပ်ကွေးရောဂါ ဟာ ကူးစက်တာမြန်ပြီး မိသားစုဝင်ထဲက တစ်ယောက်ယောက် တုပ်ကွေး စဖြစ်ပြီဆိုရင် ဂရုမစိုက်မိရင် တစ်မိသားစုလုံး လိုက်ဖြစ်ကြတာ ဖြစ်ပါတယ်။

တုပ်ကွေးရောဂါ အကြောင်း ပြောမယ်ဆိုရင် တုပ်ကွေးရောဂါပိုး အကြောင်းတော့ နည်းနည်းသိဖို့လိုပါမယ်။ တုပ်ကွေးရောဂါပိုးဟာ virus ပိုးတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် တုပ်ကွေးရောဂါဖြစ်တဲ့ အခါမှာ Antibiotics လို့ခေါ်တဲ့ ပဋိဇီဝဆေးတွေကို သောက်သုံးလို့ မပျောက်ကင်းနိုင်တာ ဖြစ်ပါတယ်။

 

နောက်တစ်ခုက တုပ်ကွေးရောဂါပိုး ( flu virus ) ရဲ့ တစ်ခြားသော ရောဂါပိုးတွေနဲ့ မတူညီတဲ့ အချက်ကတော့ သူဟာ ပါဝင်တဲ့ အစိတ်အပိုင်းပေါ် မူတည်ပြီး မျိုးရိုးဗီဇ အကြိမ်ကြိမ် ပြောင်းလဲနိုင်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း တစ်နှစ် နဲ့ တစ်နှစ် ဖြစ်တဲ့ တုပ်ကွေးရောဂါပိုးတွေက မတူညီကြတာ ဖြစ်သလို တုပ်ကွေးတစ်ခါဖြစ်ပြီးလို့ နောက်ထပ် တုပ်ကွေး ဘယ်တော့မှ ထပ်မဖြစ်တော့ဘူး လို့ပြောမရတာဖြစ်ပါတယ်။ မျိုးရိုးဗီဇ ပြောင်းလဲမှုတွေကြောင့်လည်း ငါးနှစ်တစ်ခါလောက်မှာ ပြင်းထန်တုပ်ကွေးတွေဖြစ်တဲ့ H1N1 H5N1 လို တုပ်ကွေးရောဂါပိုးတွေ ဖြစ်ကြရတာလည်း ဖြစ်ပါတယ်။

တုပ်ကွေးရောဂါ ဖြစ်လောက်တဲ့ ရာသီချိန် ရောက်ပြီဆိုရင် တုပ်ကွေးကာကွယ်ဆေး တွေလည်း ထိုးတတ်ကြပါတယ်။ ဒီ တုပ်ကွေးရောဂါ ကာကွယ်ဆေးတွေဟာ နှစ်အလိုက် ဖြစ်ပွားနိုင်ချေ အများဆုံးဖြစ်တဲ့ တုပ်ကွေးရောဂါပိုးကို ကျန်းမာရေးအဖွဲ့အစည်းတွေက ခန့်မှန်းတွက်ချက်ပြီး ထုတ်ထားတာ ဖြစ်တဲ့အတွက် ကာကွယ်ဆေးထိုးတယ်ဆိုရင် အဖြစ်များတဲ့ တုပ်ကွေးရောဂါပိုး ကူးစက်တာကို ကာကွယ်ပေးနိုင်ပါတယ်။

ကာကွယ်ဆေးထိုးပြီးပေမဲ့ တုပ်ကွေးဖြစ်ကြတဲ့အခါ ကာကွယ်ဆေးမကောင်းလို့ မအောင်လို့လို့ ထင်တတ်ကြပါတယ်။ ဒီဟာတွေကလည်း အကြောင်းတစ်ခုတော့ ဖြစ်နိုင်ပေမဲ့ တစ်ခါတစ်လေတော့လည်း ကိုယ်ထိုးထားတဲ့ ကာကွယ်ဆေးထဲမှာ မပါတဲ့ တုပ်ကွေးရောဂါပိုး နောက်တစ်မျိုးကြောင့်  တုပ်ကွေး ဖြစ်ရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ကာကွယ်ဆေး ထိုးတဲ့နည်း သာမကဘဲ တုပ်ကွေးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ တစ်ခြားသော ဆောင်ရန် ရှောင်ရန် နည်းတွေလည်း ရှိပါသေးတယ်။

ဒါတွေကတော့

၁။ တုပ်ကွေးရောဂါ မကူးစက်ခံရဖို့ တုပ်ကွေးရောဂါဖြစ်တဲ့သူနဲ့ မထိတွေ့မိဖို့က အရေးကြီးပါတယ်။ တကယ်လို့ ကိုယ့်မှာ တုပ်ကွေးရောဂါ ဖြစ်နေပြီဆိုရင်လည်း တစ်ခြားသူ နဲ့ သိပ်နီးနီးကပ်ကပ် မနေသင့်ပါဘူး။ တစ်ခြားသူတွေဆီ မကူးစက်ဖို့ အတွက် ဖျားနေတယ်ဆိုရင် ကျောင်းမသွား အလုပ်မသွားဘဲ နေသင့်ပါတယ်။ အိမ်မှာနေမှာဆိုရင်တော့ မဖြစ်သေးတဲ့ တစ်ခြားမိသားစုဝင် တွေဆီ မကူးစက်အောင် အခန်းခွဲပြီး ခဏနေသင့်ပါတယ်။

၂။ တစ်ရှူး သို့ ပါးစပ်နှာခေါင်းဖုံး  ကို သုံးသင့်ပါတယ်။

အပြင်ကို မဖြစ်မနေသွားရမယ့်အခါ ဒါမှမဟုတ် လူတွေကြားနေတဲ့အခါ တစ်ဦးနဲ့ တစ်ဦး ရောဂါမကူးစက်ဖို့အတွက် နှာစေးချောင်းဆိုးတဲ့ အခါ တစ်ရှူး သို့ ပါးစပ်နှာခေါင်းဖုံးကို အသုံးပြုသင့်ပါတယ်။

၃။ လက်ကို မကြာခဏဆေးသင့်ပါတယ်။

လက်ဆိုတာဟာ ရောဂါပိုးတွေ အများဆုံး ရှိနေတတ်တဲ့ အင်္ဂါအစိတ်အပိုင်း တစ်ခုပါပဲ။ ဒါကြောင့် ရောဂါပိုးတွေ ရှိနေတဲ့ လက်နဲ့ မျက်လုံး နှာခေါင်း ပါးစပ်တွေကို ကိုင်မိရင် ရောဂါဖြစ်မှာပါပဲ။ ဒီလို ဖြစ်မှာတွေကို ကြိုတင်ကာကွယ်ဖို့အတွက် လက်ကို သန့်သန့်ရှင်းရှင်းထားဖို့က အရေးကြီးပါတယ်။

၄။ နေထိုင်တဲ့ ပတ်ဝန်းကျင်ကိုလည်း သန့်သန့်ရှင်းရှင်းထားရပါမယ်။

တုပ်ကွေးရောဂါ ဖြစ်တဲ့သူရဲ့ အဝတ်အစား အသုံးအဆောင် ပစ္စည်းတွေမှာ ပိုးတွေ တွယ်ငြိနေမှာ အမှန်ပါဘဲ။ ဒါကြောင့် အဝတ်အစားတွေ ဆိုရင်လည်း ဝတ်ပြီးရင် သန့်စင်အောင် ပြန်ပြီး လျှော်သင့်သလို အသုံးပြုတဲ့ တစ်ရှူးတွေကိုလည်း စနစ်တကျ စွန့်ပစ်ရမှာ ဖြစ်ပါတယ်။

၅။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် အနေအထိုင် ဖြင့်နေပါ။

နေ့စဉ် အသုံးအဆောင် ပစ္စည်းတွေကို အချိန်ရရင် ရသလို ပိုးသတ်ဆေးနဲ့ သန့်ရှင်းရေးလုပ်ပေးပါ။ အိပ်ရေးဝဝ အိပ်ပါ။ အရည်များများသောက်ပါ။ အာဟာရ ပြည့်ဝတဲ့ အစားအသောက်တွေ စားပါ။  ကိုယ်ခံအားတက်စေဖို့ အတွက် ဗီတာမင် ကြွယ်ဝတဲ့ အစာတွေကို စားပါ။

ဒီနေ့တော့ တုပ်ကွေးရောဂါတွေ ဘယ်လိုဖြစ်တယ် မဖြစ်အောင် ဘယ်လိုတွေကာကွယ်လို့ရတယ်ဆိုတာတွေကို ပြောပြပေးသွားတာပဲ ဖြစ်ပါတယ်။ အားလုံးပဲ ကျန်းမာနိုင်ကြပါစေ။

Dr. မွှေး

Previous Post

သင့်အမျိုးသားGymဆော့တိုင်း တမျိုးထင်မနေပါနဲ့

Next Post

လှချင်လျက်နှင့် ဝက်ခြံဖျက်နေသူများ အတွက် ဝက်ခြံအကြောင်း သိကောင်းစရာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
850
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
844
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လှချင်လျက်နှင့် ဝက်ခြံဖျက်နေသူများ အတွက် ဝက်ခြံအကြောင်း သိကောင်းစရာ

အမျိုးသမီးများနဲ့ ကြုံတွေ့ရသော စိတ်ကျရောဂါလက္ခဏာ များ...

ကိုယ်ဝန်ဆောင်ချိန်မှာ ဘာဆေးတွေ မသောက်ရဘူးလဲ    

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.